< ထွက်မြောက်ရာ 40 >

1 တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
And the Lord said to Moses,
2 သင်သည် ပဌမ လ ၊ ပဌမ နေ့ ၌ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ဆောက် ရမည်။
On the first day of the first month you are to put up the House of the Tent of meeting.
3 တဲတော်အထဲ၌၊ သက်သေခံ ချက် သေတ္တာ ကို သွင်း ထား၍ ၊ အတွင်းကုလားကာ ဖြင့် ကွယ်ကာ ရမည်။
And inside it put the ark of the law, hanging the veil before it.
4 စားပွဲ ကိုလည်း သွင်း ၍ ၊ စားပွဲ ပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင် ရမည်။ မီးခုံ ကိုလည်း သွင်း ၍၊ မီးခွက် တို့ကို ထွန်း ရမည်။
And put the table inside, placing all the things on it in order; and put in the support for the lights, and let its lights be burning.
5 နံ့သာ ပေါင်းရှို့ရာ ရွှေ ပလ္လင် ကို သက်သေခံ ချက် သေတ္တာ ရှေ့ ၌ တည် ထား၍ ၊ တဲ တော်တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
And put the gold altar for burning perfumes in front of the ark of the law, hanging the curtain over the doorway of the House.
6 ယဇ်ကောင်ရှို့ ရာ ပလ္လင် ကိုလည်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၌ တည် ထားရမည်။
And put the altar of burned offerings before the doorway of the House of the Tent of meeting.
7 အင်တုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်နှင့် ယဇ် ပလ္လင်စပ်ကြား မှာ တည် ထား၍ ၊ အင်တုံ၌ ရေ ကို ထည့် ရမည်။
And let the washing-vessel, with water in it, be put between the Tent of meeting and the altar.
8 တဲတော်ပတ်လည် ဝင်း ကို ထူ၍၊ ဝင်း တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
And put up the hangings forming the open space all round it, with the curtain over its doorway.
9 လိမ်း ရန် ဆီ ကို ယူ ၍ ၊ တဲ တော်နှင့် တဲတော်၌ ရှိသမျှ တို့ကို လိမ်း သဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှ တို့ကို သန့်ရှင်း စေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်း ရ လိမ့်မည်။
And take the holy oil and put it on the House and everything in it, and make it and everything in it holy:
10 ၁၀ ယဇ်ကောင်ရှို့ ရာပလ္လင် နှင့် တန်ဆာ ရှိသမျှ တို့ကို လိမ်း ၍ သန့်ရှင်း စေသဖြင့်၊ ထိုပလ္လင် သည် အလွန် သန့်ရှင်း သော ပလ္လင် ဖြစ် ရမည်။
And put oil on the altar of burned offering, and make it and all its vessels holy; this altar is to be most holy.
11 ၁၁ အင်တုံ နှင့် ခြေထောက် ကိုလည်း လိမ်း ၍ သန့်ရှင်း စေရမည်။
And put oil on the washing-vessel and its base, and make them holy.
12 ၁၂ အာရုန် နှင့် သူ ၏သား တို့ကို၊ ပရိသတ်စည်းဝေး ရာ တံခါး နားသို့ ခေါ် ခဲ့၍ ရေချိုး ရမည်။
Then let Aaron and his sons come to the door of the Tent of meeting; and after washing them with water,
13 ၁၃ အာရုန် သည် ငါ့ ရှေ့၌၊ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သန့်ရှင်း သောအဝတ် နှင့် ဝတ် စေ၍ ဆီလိမ်း သဖြင့် သန့်ရှင်း စေရမည်။
You are to put on Aaron the holy robes; and you are to put oil on him, and make him holy, so that he may be my priest.
14 ၁၄ သူ ၏သား တို့သည်လည်း ငါ့ ရှေ့၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူ တို့ကို ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေလျက် ၊ သူတို့အဘ ကို ဆီလိမ်း သကဲ့သို့ ၊ သူ တို့ကို ဆီ လိမ်းရမည်။
And take his sons with him and put coats on them;
15 ၁၅ အကယ်စင်စစ်သူ တို့ ဆီလိမ်းခြင်း ဘိသိက် သည် သား စဉ်မြေးဆက်ပတ်လုံး၊ ထာဝရ ယဇ် ပုရောဟိတ်အရာဖြစ်သတည်းဟု၊
And put oil on them as you did on their father, so that they may be my priests: the putting on of oil will make them priests for ever, from generation to generation.
16 ၁၆ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း မောရှေ ပြု လေ၏။
And Moses did this; as the Lord gave him orders, so he did.
17 ၁၇ သက္ကရာဇ် နှစ်ခု ၊ ပဌမ လ ၊ ပဌမ နေ့၌ မောရှေသည် တဲ တော်ကို ဆောက် လေ၏။
So on the first day of the first month in the second year the House was put up.
18 ၁၈ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ခြေစွပ် များကို နေရာချ ၍၊ ပျဉ်ပြား များကို ထောင် ပြီးလျှင် ၊ ကန့်လန့်ကျင် များကို လျှို ၍ ၊ တိုင် တို့ကို ထူ လေ၏။
Moses put up the House; placing its bases in position and lifting up its uprights, putting in the rods and planting the pillars in their places;
19 ၁၉ တဲ တော်အပေါ် မှာ တဲ ကို ဖြန့် မိုး၍ ထိုတဲအပေါ် မှာ လည်း အထပ်ထပ်မိုး ပြန်လေ၏။
Stretching the outer tent over it, and covering it, as the Lord had given him orders.
20 ၂၀ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာ ကွင်းတို့၌ ထမ်းဘိုးကို လျှို၍၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ၊
And he took the law and put it inside the ark, and put the rods at its side and the cover over it;
21 ၂၁ သေတ္တာကို တဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။
And he took the ark into the House, hanging up the veil before it as the Lord had given him orders.
22 ၂၂ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား ၍၊
And he put the table in the Tent of meeting, on the north side outside the veil.
23 ၂၃ စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကို ပြင်ဆင်လေ၏။
And he put the bread on it in order before the Lord, as the Lord had said.
24 ၂၄ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ တောင်ဘက်နား စားပွဲ ဆိုင်ရာတွင် ထား ၍ ၊
The support for the lights he put in the Tent of meeting, opposite the table, on the south side:
25 ၂၅ ထာဝရဘုရား ရှေ့ တော်၌ မီးခွက် များကို ထွန်း လေ၏။
Lighting the lights before the Lord, as the Lord had given him orders.
26 ၂၆ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ရွှေ ပလ္လင် ကိုလည်း ပရိသတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ကုလားကာ ပြင် မှာ ထား ၍ ၊
And he put the gold altar in the Tent of meeting, in front of the veil:
27 ၂၇ ထိုပလ္လင် ပေါ် ၌ မွှေး သော နံ့သာ ပေါင်းကို မီးရှို့ လေ၏။
Burning sweet perfumes on it, as the Lord had given him orders.
28 ၂၈ တဲ တော်တံခါး ဝ၌လည်း၊ ကုလားကာ ကို ဆွဲကာ လေ၏။
And he put up the curtain at the doorway of the House.
29 ၂၉ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာထား ၍ ၊ ထိုပလ္လင်ပေါ်၌ မီးရှို့ ရာ ယဇ်ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ကို၎င်း ပူဇော် လေ၏။
And at the door of the House of the Tent of meeting, he put the altar of burned offerings, offering on it the burned offering and the meal offering, as the Lord had given him orders.
30 ၃၀ အင်တုံ ကိုလည်း ပရိသတ်စည်းဝေး ရာတဲ နှင့် ယဇ် ပလ္လင်စပ်ကြား မှာထား ၍ ၊ ဆေး စရာ ရေ ကို အင်တုံ၌ ထည့် လေ၏။
And between the altar and the Tent of meeting he put the vessel with water in it for washing.
31 ၃၁ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် မှစ၍ သူ ၏သား တို့သည် ပရိသတ် စည်းဝေး ရာ တဲ တော်အထဲသို့ ဝင် သော် ၎င်း ၊
In it the hands and feet of Moses and Aaron and his sons were washed,
32 ၃၂ ယဇ် ပလ္လင်အနီးသို့ ချဉ်းကပ် သော် ၎င်း၊ လက် ခြေ တို့ကို ဆေး ရကြ၏။
Whenever they went into the Tent of meeting, and when they came near the altar, as the Lord had given orders to Moses.
33 ၃၃ တဲ တော်နှင့် ယဇ် ပလ္လင်ပတ်လည် ဝင်း ကိုထူ ၍ ၊ ဝင်း တံခါးဝ ၌ ကာသော ကုလားကာ ကို ဆွဲ လေ၏။ ထိုသို့ မောရှေ သည် အလုပ် ကို ပြီးစီး စေသတည်း။
And he put up the hangings forming the open space round the House and the altar, and put the curtain over the doorway. So Moses made the work complete.
34 ၃၄ ထိုအခါ မိုဃ်းတိမ် သည် ပရိသတ်စည်းဝေး ရာ တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လေ၏။
Then the cloud came down covering the Tent of meeting, and the House was full of the glory of the Lord;
35 ၃၅ ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲ တော်အပေါ် ၌ နေ သောကြောင့် ၊ မောရှေ သည် အထဲသို့ မ ဝင် ရ။ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လျက်နေ၏။
So that Moses was not able to go into the Tent of meeting, because the cloud was resting on it, and the House was full of the glory of the Lord.
36 ၃၆ ဣသရေလ အမျိုးသား တို့သည် ခရီး သွားလေရာရာ တွင် ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ခရီးသွား ကြ၏။
And whenever the cloud was taken up from the House, the children of Israel went forward on their journey:
37 ၃၇ မိုဃ်းတိမ် မ ကွာ မမြောက်လျှင် ၊ မကွာ မ မြောက်မှီနေ့ တိုင်အောင်၊ ခရီးမ သွား ဘဲ နေကြ၏။
But while the cloud was there, they made no move till it was taken up.
38 ၃၈ ခရီး သွားလေရာရာ တွင် ဣသရေလ အမျိုးသား အပေါင်း တို့ရှေ့မှောက် ၌ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် နေ့အခါ တဲ တော်အပေါ် မှာ တည်နေ၏။ ညဉ့် အခါ မီးလျှံ ဖြစ် လျက် တည်နေလေသတည်း။
For the cloud of the Lord was resting on the House by day, and at night there was fire in the cloud, before the eyes of all the people of Israel, and so it was through all their journeys.

< ထွက်မြောက်ရာ 40 >