< ထွက်မြောက်ရာ 4 >
1 ၁ မောရှေ ကလည်း ၊ ထိုသူတို့သည် အကျွန်ုပ် ကို မ ယုံ ၊ အကျွန်ုပ် စကား ကို နား မ ထောင်ဘဲနေ၍ ၊ ထာဝရဘုရား သည် သင့် အား ထင်ရှား တော်မ မူဟု ဆို ကြပါ လိမ့်မည်ဟု ပြန်လျှောက် လေ၏။
respondens Moses ait non credent mihi neque audient vocem meam sed dicent non apparuit tibi Dominus
2 ၂ ထာဝရဘုရား ကလည်း ၊ သင် ၏လက် ၌ အဘယ် အရာရှိသနည်းဟုမေး တော်မူလျှင်၊ လှံတံ ရှိပါ၏ဟု လျှောက် ၏။
dixit ergo ad eum quid est hoc quod tenes in manu tua respondit virga
3 ၃ မြေ ပေါ် မှာပစ်ချ လော့ဟု မိန့် တော်မူသည်အတိုင်း ပစ်ချ သဖြင့် ၊ လှံတံသည် မြွေ ဖြစ် ၍ ၊ မောရှေ သည် သူ့ ရှေ့ မှ ပြေး လေ၏။
ait proice eam in terram proiecit et versa est in colubrum ita ut fugeret Moses
4 ၄ ထာဝရဘုရား ကလည်း ၊ သင့် လက် ကိုဆန့် ၍ သူ့ အမြီး ကို ကိုင် ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် လက် ကိုဆန့် ၍ ဘမ်း မိသဖြင့် ၊ သူ ၏လက် ၌ လှံတံ ဖြစ် ပြန်လေ၏။
dixitque Dominus extende manum tuam et adprehende caudam eius extendit et tenuit versaque est in virgam
5 ၅ သို့ပြုလျှင် သူ တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည် သင့် အား ထင်ရှား တော်မူကြောင်း ကို ထိုသူတို့သည် ယုံ ကြလိမ့်မည်ဟု မိန့် တော်မူ၏။
ut credant inquit quod apparuerit tibi Dominus Deus patrum tuorum Deus Abraham Deus Isaac Deus Iacob
6 ၆ တဖန် ထာဝရဘုရား က၊ သင် ၏လက် ကိုသင် ၏ ရင်ခွင် သို့ သွင်း လော့ဟု မိန့် တော်မူသည်အတိုင်း ၊ လက် ကို ရင်ခွင် သို့ သွင်း ၍ ထုတ် ပြန်သောအခါ ၊ လက် သည် မိုဃ်းပွင့် အဆင်းကဲ့သို့ နူ လေ၏။
dixitque Dominus rursum mitte manum in sinum tuum quam cum misisset in sinum protulit leprosam instar nivis
7 ၇ တဖန် သင် ၏လက် ကို သင့် ရင်ခွင် သို့ သွင်း ဦးလော့ဟု မိန့် တော်မူသည်အတိုင်း ၊ တဖန် လက် ကို ရင်ခွင် သို့ သွင်း၍ ထုတ် ပြန်သောအခါ ၊ ပကတိအသား ဖြစ် ပြန်လေ၏။
retrahe ait manum in sinum tuum retraxit et protulit iterum et erat similis carni reliquae
8 ၈ ထိုသူတို့သည် သင့် ကို မ ယုံ ၊ ပဌမ နိမိတ် သက်သေကို နား မ ထောင်လျှင် ၊ နောက် ဖြစ်သော နိမိတ် သက်သေကို ယုံ ကြလိမ့်မည်။
si non crediderint inquit tibi neque audierint sermonem signi prioris credent verbo signi sequentis
9 ၉ သို့မဟုတ် ထို နိမိတ် နှစ် ပါးကို မ ယုံ ၊ သင် ၏ စကား ကို နား မ ထောင်လျှင် ၊ သင်သည် မြစ် ရေ အချို့ကို ယူ ၍ ကုန်း ပေါ်မှာသွန်း လော့။ ထိုသို့ မြစ် ထဲက ယူ သော ရေ သည် ကုန်း ပေါ်မှာ အသွေး ဖြစ် လိမ့်မည်ဟု မိန့်တော်မူ ၏။
quod si nec duobus quidem his signis crediderint neque audierint vocem tuam sume aquam fluminis et effunde eam super aridam et quicquid hauseris de fluvio vertetur in sanguinem
10 ၁၀ မောရှေ ကလည်း ၊ အို ဘုရား ရှင်၊ အကျွန်ုပ် သည် နှုတ် သတ္တိမ ရှိပါ။ အထက် ကလည်း မရှိပါ။ ကိုယ်တော် ကျွန် အား မိန့် တော်မူသောအခါ၌ပင် မရှိပါ။ နှုတ် လေး သောသူ၊ စကား နှေးနှေး ပြောတတ်သောသူဖြစ် ပါ၏ဟု ထာဝရဘုရား အား လျှောက် ဆို၏။
ait Moses obsecro Domine non sum eloquens ab heri et nudius tertius et ex quo locutus es ad servum tuum inpeditioris et tardioris linguae sum
11 ၁၁ ထာဝရဘုရား ကလည်း၊ လူ ၏နှုတ် ကို အဘယ်သူ ဖန်ဆင်း သနည်း။ စကားအ သောသူ၊ နားပင်း သောသူ၊ မျက်စိမြင် သောသူ၊ မမြင် သောသူတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ငါ ထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
dixit Dominus ad eum quis fecit os hominis aut quis fabricatus est mutum et surdum videntem et caecum nonne ego
12 ၁၂ သို့ဖြစ်၍ ယခု သွားလော့။ သင် ၏ နှုတ် ၌ ငါ ရှိ ၍ ၊ သင် သည် အဘယ်သို့ ပြော ရမည်ကို သွန်သင် မည်ဟု မိန့် တော်မူ၏။
perge igitur et ego ero in ore tuo doceboque te quid loquaris
13 ၁၃ မောရှေကလည်း၊ အို ဘုရား ရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေး လိုက်တော်မူပါဟု လျှောက် သော်၊
at ille obsecro inquit Domine mitte quem missurus es
14 ၁၄ ထာဝရဘုရား သည် မောရှေ အား အမျက် တော်ထွက်၍ ၊ လေဝိ လူ အာရုန် သည် သင် ၏အစ်ကို ဖြစ်သည် မဟုတ် လော။ သူ သည် ကောင်းမွန် စွာပြောတတ်သည်ကို ငါသိ ၏။ သူ သည်လည်း သင့် ကိုခရီးဦးကြို ပြုခြင်းငှါ ယခုလာ ၏။ တွေ့ မြင်သောအခါ ဝမ်းမြောက် လိမ့်မည်။
iratus Dominus in Mosen ait Aaron frater tuus Levites scio quod eloquens sit ecce ipse egreditur in occursum tuum vidensque te laetabitur corde
15 ၁၅ သင်သည် သူ နှင့် စကားပြော ၍ ၊ သူ ပြောစရာစကား ကိုပေး ရမည်။ သင် ၏နှုတ် ၌ ၎င်း ၊ သူ ၏နှုတ် ၌ ၎င်း ငါ ရှိ ၍ ၊ သင် တို့သည် အဘယ်သို့ ပြု ရမည်ကို သွန်သင် မည်။
loquere ad eum et pone verba mea in ore eius ego ero in ore tuo et in ore illius et ostendam vobis quid agere debeatis
16 ၁၆ သူ သည်လည်း လူ တို့ရှေ့မှာ သင် ၏ စကားပြန် လုပ်၍ ၊ သင် ၏ နှုတ် ကိုယ်စားဖြစ် လိမ့်မည်။ သင် သည် လည်း သူ ၏ဘုရား သခင်ကိုယ်စားဖြစ် လိမ့်မည်။
ipse loquetur pro te ad populum et erit os tuum tu autem eris ei in his quae ad Deum pertinent
17 ၁၇ သင်သည် နိမိတ် သက်သေတို့ကို ပြ လတံ့သော ဤ လှံတံ ကိုလည်း၊ သင် ၏လက် ၌ ကိုင် ရမည်ဟု မိန့် တော်မူ ၏။
virgam quoque hanc sume in manu tua in qua facturus es signa
18 ၁၈ မောရှေ သည်လည်း ယောက္ခမ ယေသရော ထံသို့ ပြန် သွား၍ ၊ အဲဂုတ္တု ပြည်၌ ရှိသောကျွန်ုပ် အမျိုးသား ချင်းတို့သည် အသက်ရှင် သေးသလောဟုကြည့်ရှု ခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွား ရသောအခွင့်ကိုပေး ပါလော့ဟု ဆို သော်၊ ယေသရော က၊ ငြိမ်ဝပ် စွာ သွား လော့ဟု ပြန်ဆို လေ၏။
abiit Moses et reversus est ad Iethro cognatum suum dixitque ei vadam et revertar ad fratres meos in Aegyptum ut videam si adhuc vivunt cui ait Iethro vade in pace
19 ၁၉ ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်သို့ ပြန် သွားလော့။ သင် ၏အသက် ကို ရှာ သောသူ အပေါင်း တို့သည် သေ ကြပြီဟု မိဒျန် ပြည်၌ မောရှေ အား မိန့် တော်မူ၏။
dixit ergo Dominus ad Mosen in Madian vade revertere in Aegyptum mortui sunt omnes qui quaerebant animam tuam
20 ၂၀ ထိုအခါ ၊ မောရှေ သည် မယား နှင့် သား နှစ်ယောက်တို့ကို ယူ ၍ မြည်း ကိုစီး စေသဖြင့် ၊ ဘုရား သခင်၏ လှံတံ တော်ကိုလက် စွဲ လျက် ၊ အဲဂုတ္တု ပြည် သို့ ပြန် လေ၏။
tulit Moses uxorem et filios suos et inposuit eos super asinum reversusque est in Aegyptum portans virgam Dei in manu sua
21 ၂၁ ထာဝရဘုရား ကလည်း ၊ သင် သည် အဲဂုတ္တု ပြည်သို့ သွား ၍ ရောက် လျှင် ၊ သင် ၌ ငါအပ် သော အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ဖါရော ဘုရင်ရှေ့ မှာ ပြ လော့။ ထိုသို့ပြသော်လည်းသူ ၏နှလုံး ကို ငါ ခိုင်မာ စေ၍၊ သူသည် ဣသရေလလူ တို့ကို မ လွှတ် ဘဲ နေလိမ့်မည်။
dixitque ei Dominus revertenti in Aegyptum vide ut omnia ostenta quae posui in manu tua facias coram Pharaone ego indurabo cor eius et non dimittet populum
22 ၂၂ ဖါရော ဘုရင်ကို လည်း ထာဝရဘုရား က ဣသရေလ သည် ငါ့ သား ဖြစ်၏။ ငါ့ သားဦး ဖြစ်၏။
dicesque ad eum haec dicit Dominus filius meus primogenitus meus Israhel
23 ၂၃ ငါ့ သား သည် ငါ့ အားဝတ်ပြု သောအခွင့် ရှိစေခြင်းငှါ လွှတ် လော့။ မလွှတ်ဘူးဟု ငြင်း လျှင်၊ သင် ၏သား ၊ သင် ၏သားဦး ကိုပင် ငါ ကွပ်မျက် မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မောရှေ အား မှာ ထားတော်မူ၏။
dixi tibi dimitte filium meum ut serviat mihi et noluisti dimittere eum ecce ego interficiam filium tuum primogenitum
24 ၂၄ ခရီး သွား စဉ်တွင် ၊ စားခန်း စရပ်၌ ထာဝရဘုရား သည် မောရှေ ကိုတွေ့ ၍ ကွပ်မျက် ခြင်းငှါရှာကြံ တော်မူ ၏။
cumque esset in itinere in diversorio occurrit ei Dominus et volebat occidere eum
25 ၂၅ ထိုအခါ ၊ ဇိပေါရ သည် ထား ကိုယူ ၍ သား ၏ အရေဖျား ကို လှီးဖြတ် ပြီးမှ ၊ လင် ၏ခြေ ရင်း၌ ပြပ်ဝပ်လျက် ၊ အကယ် စင်စစ်သင် သည် အကျွန်ုပ် ၌ အသွေး နှင့်ယှဉ်သော လင် ဖြစ်သည်ဟု ဆို ၏။
tulit ilico Seffora acutissimam petram et circumcidit praeputium filii sui tetigitque pedes eius et ait sponsus sanguinum tu mihi es
26 ၂၆ ထိုအခါ မောရှေ ကို လွှတ် တော်မူ၏။ မယားကလည်း ၊ အရေဖျား လှီးမင်္ဂလာကြောင့် ၊ သင်သည် အကျွန်ုပ်၌ အသွေး နှင့်ယှဉ်သောလင် ဖြစ်၏ဟု ဆို သတည်း။
et dimisit eum postquam dixerat sponsus sanguinum ob circumcisionem
27 ၂၇ ထာဝရဘုရား ကလည်း ၊ မောရှေ ကို ခရီးဦးကြိုပြု ခြင်းငှါ တော သို့သွား လော့ဟု အာရုန် အား မိန့် တော်မူသည် အတိုင်း ၊ အာရုန်သည်သွား လျှင် ၊ ဘုရား သခင်၏ တောင် ပေါ်၌ မောရှေ ကို တွေ့ ၍ နမ်း ခြင်းကို ပြု၏။
dixit autem Dominus ad Aaron vade in occursum Mosi in deserto qui perrexit ei obviam in montem Dei et osculatus est eum
28 ၂၈ မောရှေ သည်လည်း ၊ မိမိ ကိုစေလွှတ် တော်မူသော ထာဝရဘုရား ၏စကား တော်အလုံးစုံ တို့ကို၎င်း ၊ မှာ ထားတော်မူသမျှသော နိမိတ် သက်သေတို့ကို၎င်း၊ အာရုန် အား ကြားပြော လေ၏။
narravitque Moses Aaron omnia verba Domini quibus miserat eum et signa quae mandaverat
29 ၂၉ ထို သူညီနောင်နှစ်ပါးတို့သည် သွား ၍ ဣသရေလ အမျိုးသား အသက်ကြီး သူတို့ကို စုဝေး စေပြီးလျင် ၊
veneruntque simul et congregaverunt cunctos seniores filiorum Israhel
30 ၃၀ အာရုန် သည် မောရှေ အား ထာဝရဘုရား မိန့် တော်မူသော စကား တော်အလုံးစုံ တို့ကို ပြန်ပြော ၍ ၊ လူ တို့ရှေ့ မှာ နိမိတ် သက်သေတို့ကိုပြ လေ၏။
locutusque est Aaron omnia verba quae dixerat Dominus ad Mosen et fecit signa coram populo
31 ၃၁ ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
et credidit populus audieruntque quod visitasset Dominus filios Israhel et quod respexisset adflictionem eorum et proni adoraverunt