< ထွက်မြောက်ရာ 4 >

1 မောရှေ ကလည်း ၊ ထိုသူတို့သည် အကျွန်ုပ် ကို မ ယုံ ၊ အကျွန်ုပ် စကား ကို နား မ ထောင်ဘဲနေ၍ ၊ ထာဝရဘုရား သည် သင့် အား ထင်ရှား တော်မ မူဟု ဆို ကြပါ လိမ့်မည်ဟု ပြန်လျှောက် လေ၏။
“But what if they don't believe me or listen to what I say?” Moses asked. “They could say, ‘The Lord didn't appear to you.’”
2 ထာဝရဘုရား ကလည်း ၊ သင် ၏လက် ၌ အဘယ် အရာရှိသနည်းဟုမေး တော်မူလျှင်၊ လှံတံ ရှိပါ၏ဟု လျှောက် ၏။
The Lord asked him, “What are you holding in your hand?” “A walking stick,” Moses replied.
3 မြေ ပေါ် မှာပစ်ချ လော့ဟု မိန့် တော်မူသည်အတိုင်း ပစ်ချ သဖြင့် ၊ လှံတံသည် မြွေ ဖြစ် ၍ ၊ မောရှေ သည် သူ့ ရှေ့ မှ ပြေး လေ၏။
“Throw it on the ground,” he told Moses. So Moses did. It turned into a snake and Moses ran away from it.
4 ထာဝရဘုရား ကလည်း ၊ သင့် လက် ကိုဆန့် ၍ သူ့ အမြီး ကို ကိုင် ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် လက် ကိုဆန့် ၍ ဘမ်း မိသဖြင့် ၊ သူ ၏လက် ၌ လှံတံ ဖြစ် ပြန်လေ၏။
“Reach out and grab hold of it by its tail,” the Lord told Moses. Moses did so and it turned back into a walking stick in his hand.
5 သို့ပြုလျှင် သူ တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည် သင့် အား ထင်ရှား တော်မူကြောင်း ကို ထိုသူတို့သည် ယုံ ကြလိမ့်မည်ဟု မိန့် တော်မူ၏။
“You are to do this so that they will believe that I the Lord did appear to you, the God of their fathers, the God of Abraham, Isaac, and Jacob.”
6 တဖန် ထာဝရဘုရား က၊ သင် ၏လက် ကိုသင် ၏ ရင်ခွင် သို့ သွင်း လော့ဟု မိန့် တော်မူသည်အတိုင်း ၊ လက် ကို ရင်ခွင် သို့ သွင်း ၍ ထုတ် ပြန်သောအခါ ၊ လက် သည် မိုဃ်းပွင့် အဆင်းကဲ့သို့ နူ လေ၏။
Then the Lord told him, “Put your hand inside your clothes close to your chest.” So Moses did as he was told. When he took his hand out, it was white like snow with a skin disease.
7 တဖန် သင် ၏လက် ကို သင့် ရင်ခွင် သို့ သွင်း ဦးလော့ဟု မိန့် တော်မူသည်အတိုင်း ၊ တဖန် လက် ကို ရင်ခွင် သို့ သွင်း၍ ထုတ် ပြန်သောအခါ ၊ ပကတိအသား ဖြစ် ပြန်လေ၏။
“Now put your hand back inside your clothes,” the Lord said. Moses did so. When he took it out again, his hand had returned to normal.
8 ထိုသူတို့သည် သင့် ကို မ ယုံ ၊ ပဌမ နိမိတ် သက်သေကို နား မ ထောင်လျှင် ၊ နောက် ဖြစ်သော နိမိတ် သက်သေကို ယုံ ကြလိမ့်မည်။
“If they don't believe you and they're not convinced by the first sign, they'll believe because of the second sign,” the Lord explained.
9 သို့မဟုတ် ထို နိမိတ် နှစ် ပါးကို မ ယုံ ၊ သင် ၏ စကား ကို နား မ ထောင်လျှင် ၊ သင်သည် မြစ် ရေ အချို့ကို ယူ ၍ ကုန်း ပေါ်မှာသွန်း လော့။ ထိုသို့ မြစ် ထဲက ယူ သော ရေ သည် ကုန်း ပေါ်မှာ အသွေး ဖြစ် လိမ့်မည်ဟု မိန့်တော်မူ ၏။
“But if they still don't believe you or listen to you because of these two signs, then you are to take some water from the Nile and pout it out on the ground. The Nile water will turn into blood on the ground.”
10 ၁၀ မောရှေ ကလည်း ၊ အို ဘုရား ရှင်၊ အကျွန်ုပ် သည် နှုတ် သတ္တိမ ရှိပါ။ အထက် ကလည်း မရှိပါ။ ကိုယ်တော် ကျွန် အား မိန့် တော်မူသောအခါ၌ပင် မရှိပါ။ နှုတ် လေး သောသူ၊ စကား နှေးနှေး ပြောတတ်သောသူဖြစ် ပါ၏ဟု ထာဝရဘုရား အား လျှောက် ဆို၏။
Then Moses said to the Lord, “Pleased excuse me, but I'm not someone who is good with words—not in the past, and not from the time you have been speaking with me, your servant. My speech is slow and I don't say things well.”
11 ၁၁ ထာဝရဘုရား ကလည်း၊ လူ ၏နှုတ် ကို အဘယ်သူ ဖန်ဆင်း သနည်း။ စကားအ သောသူ၊ နားပင်း သောသူ၊ မျက်စိမြင် သောသူ၊ မမြင် သောသူတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ငါ ထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
“Who gave people mouths?” the Lord asked him. “Who makes people deaf or dumb, able to see or blind? It's I, the Lord, who does that.
12 ၁၂ သို့ဖြစ်၍ ယခု သွားလော့။ သင် ၏ နှုတ် ၌ ငါ ရှိ ၍ ၊ သင် သည် အဘယ်သို့ ပြော ရမည်ကို သွန်သင် မည်ဟု မိန့် တော်မူ၏။
Now go, and I myself will be your mouth, and I will tell you what you are to say.”
13 ၁၃ မောရှေကလည်း၊ အို ဘုရား ရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေး လိုက်တော်မူပါဟု လျှောက် သော်၊
“Please, Lord, send someone else!” Moses responded.
14 ၁၄ ထာဝရဘုရား သည် မောရှေ အား အမျက် တော်ထွက်၍ ၊ လေဝိ လူ အာရုန် သည် သင် ၏အစ်ကို ဖြစ်သည် မဟုတ် လော။ သူ သည် ကောင်းမွန် စွာပြောတတ်သည်ကို ငါသိ ၏။ သူ သည်လည်း သင့် ကိုခရီးဦးကြို ပြုခြင်းငှါ ယခုလာ ၏။ တွေ့ မြင်သောအခါ ဝမ်းမြောက် လိမ့်မည်။
The Lord got angry with Moses, and told him, “There's your brother Aaron, the Levite. I know he speaks well. He's on his way to meet you, and he'll be very happy to see you.
15 ၁၅ သင်သည် သူ နှင့် စကားပြော ၍ ၊ သူ ပြောစရာစကား ကိုပေး ရမည်။ သင် ၏နှုတ် ၌ ၎င်း ၊ သူ ၏နှုတ် ၌ ၎င်း ငါ ရှိ ၍ ၊ သင် တို့သည် အဘယ်သို့ ပြု ရမည်ကို သွန်သင် မည်။
Speak to him and tell him what to say. I will be your mouth and his mouth, and I will tell you what you are to do.
16 ၁၆ သူ သည်လည်း လူ တို့ရှေ့မှာ သင် ၏ စကားပြန် လုပ်၍ ၊ သင် ၏ နှုတ် ကိုယ်စားဖြစ် လိမ့်မည်။ သင် သည် လည်း သူ ၏ဘုရား သခင်ကိုယ်စားဖြစ် လိမ့်မည်။
Aaron will speak on your behalf to the people, as if he was your mouth, and you will be in the place of God to him.
17 ၁၇ သင်သည် နိမိတ် သက်သေတို့ကို ပြ လတံ့သော ဤ လှံတံ ကိုလည်း၊ သင် ၏လက် ၌ ကိုင် ရမည်ဟု မိန့် တော်မူ ၏။
Make sure to take your walking stick with you so you can use it to do the signs.”
18 ၁၈ မောရှေ သည်လည်း ယောက္ခမ ယေသရော ထံသို့ ပြန် သွား၍ ၊ အဲဂုတ္တု ပြည်၌ ရှိသောကျွန်ုပ် အမျိုးသား ချင်းတို့သည် အသက်ရှင် သေးသလောဟုကြည့်ရှု ခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွား ရသောအခွင့်ကိုပေး ပါလော့ဟု ဆို သော်၊ ယေသရော က၊ ငြိမ်ဝပ် စွာ သွား လော့ဟု ပြန်ဆို လေ၏။
Then Moses returned to Jethro his father-in-law and told him, “Please allow me to go back to my own people in Egypt so I can see if any of them are still alive.” “Go with my blessing,” Jethro replied.
19 ၁၉ ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်သို့ ပြန် သွားလော့။ သင် ၏အသက် ကို ရှာ သောသူ အပေါင်း တို့သည် သေ ကြပြီဟု မိဒျန် ပြည်၌ မောရှေ အား မိန့် တော်မူ၏။
While Moses was in Midian, the Lord told him, “Go back to Egypt because all those who wanted to kill you have died.”
20 ၂၀ ထိုအခါ ၊ မောရှေ သည် မယား နှင့် သား နှစ်ယောက်တို့ကို ယူ ၍ မြည်း ကိုစီး စေသဖြင့် ၊ ဘုရား သခင်၏ လှံတံ တော်ကိုလက် စွဲ လျက် ၊ အဲဂုတ္တု ပြည် သို့ ပြန် လေ၏။
Moses put his wife and sons on a donkey and went back to Egypt, carrying the walking stick that God had used to perform miracles.
21 ၂၁ ထာဝရဘုရား ကလည်း ၊ သင် သည် အဲဂုတ္တု ပြည်သို့ သွား ၍ ရောက် လျှင် ၊ သင် ၌ ငါအပ် သော အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ဖါရော ဘုရင်ရှေ့ မှာ ပြ လော့။ ထိုသို့ပြသော်လည်းသူ ၏နှလုံး ကို ငါ ခိုင်မာ စေ၍၊ သူသည် ဣသရေလလူ တို့ကို မ လွှတ် ဘဲ နေလိမ့်မည်။
The Lord told Moses, “When you get back to Egypt, make sure to go to Pharaoh and carry out the miracles I've given you to do. I will make him stubborn and he will not let the people go.
22 ၂၂ ဖါရော ဘုရင်ကို လည်း ထာဝရဘုရား က ဣသရေလ သည် ငါ့ သား ဖြစ်၏။ ငါ့ သားဦး ဖြစ်၏။
This is what you are to tell Pharaoh, ‘This is what the Lord says. Israel is my firstborn son.
23 ၂၃ ငါ့ သား သည် ငါ့ အားဝတ်ပြု သောအခွင့် ရှိစေခြင်းငှါ လွှတ် လော့။ မလွှတ်ဘူးဟု ငြင်း လျှင်၊ သင် ၏သား ၊ သင် ၏သားဦး ကိုပင် ငါ ကွပ်မျက် မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မောရှေ အား မှာ ထားတော်မူ၏။
I ordered you to let my son go so he can worship me. But you refused to release him, so I will now kill your firstborn son.”
24 ၂၄ ခရီး သွား စဉ်တွင် ၊ စားခန်း စရပ်၌ ထာဝရဘုရား သည် မောရှေ ကိုတွေ့ ၍ ကွပ်မျက် ခြင်းငှါရှာကြံ တော်မူ ၏။
But while they were on their way the Lord came to the place where they were staying, wanting to kill Moses.
25 ၂၅ ထိုအခါ ၊ ဇိပေါရ သည် ထား ကိုယူ ၍ သား ၏ အရေဖျား ကို လှီးဖြတ် ပြီးမှ ၊ လင် ၏ခြေ ရင်း၌ ပြပ်ဝပ်လျက် ၊ အကယ် စင်စစ်သင် သည် အကျွန်ုပ် ၌ အသွေး နှင့်ယှဉ်သော လင် ဖြစ်သည်ဟု ဆို ၏။
However, Zipporah used a flint knife to cut off her son's foreskin. She touched his feet with it, and said to him, “You are a blood-husband to me.”
26 ၂၆ ထိုအခါ မောရှေ ကို လွှတ် တော်မူ၏။ မယားကလည်း ၊ အရေဖျား လှီးမင်္ဂလာကြောင့် ၊ သင်သည် အကျွန်ုပ်၌ အသွေး နှင့်ယှဉ်သောလင် ဖြစ်၏ဟု ဆို သတည်း။
(Calling him a blood-husband referred to circumcision.) After this the Lord left Moses alone.
27 ၂၇ ထာဝရဘုရား ကလည်း ၊ မောရှေ ကို ခရီးဦးကြိုပြု ခြင်းငှါ တော သို့သွား လော့ဟု အာရုန် အား မိန့် တော်မူသည် အတိုင်း ၊ အာရုန်သည်သွား လျှင် ၊ ဘုရား သခင်၏ တောင် ပေါ်၌ မောရှေ ကို တွေ့ ၍ နမ်း ခြင်းကို ပြု၏။
The Lord had told Aaron, “Go and meet Moses in the desert.” So Aaron went and met Moses at the mountain of God and greeted him with a kiss.
28 ၂၈ မောရှေ သည်လည်း ၊ မိမိ ကိုစေလွှတ် တော်မူသော ထာဝရဘုရား ၏စကား တော်အလုံးစုံ တို့ကို၎င်း ၊ မှာ ထားတော်မူသမျှသော နိမိတ် သက်သေတို့ကို၎င်း၊ အာရုန် အား ကြားပြော လေ၏။
Then Moses explained to Aaron everything the Lord had sent him to say and all the miracles he had ordered him to do.
29 ၂၉ ထို သူညီနောင်နှစ်ပါးတို့သည် သွား ၍ ဣသရေလ အမျိုးသား အသက်ကြီး သူတို့ကို စုဝေး စေပြီးလျင် ၊
Moses and Aaron traveled to Egypt. There they had all the Israelite elders gather together.
30 ၃၀ အာရုန် သည် မောရှေ အား ထာဝရဘုရား မိန့် တော်မူသော စကား တော်အလုံးစုံ တို့ကို ပြန်ပြော ၍ ၊ လူ တို့ရှေ့ မှာ နိမိတ် သက်သေတို့ကိုပြ လေ၏။
Aaron shared with them everything the Lord had told Moses, and Moses carried out the miracles so they could see them.
31 ၃၁ ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
The Israelites were convinced. When they heard that the Lord had come to them, and that he had been touched by their suffering, they bowed their heads and worshiped.

< ထွက်မြောက်ရာ 4 >