< ထွက်မြောက်ရာ 39 >

1 သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ၊ ဝတ် ရသောအဝတ် ကို၎င်း၊ အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်နှင့် လုပ် လေ၏။
A HANA lakou i lole hana, he uliuli, he poni, he ulaula, i mea hana maloko o kahi kapu, a hana no hoi lakou i na kahiko laa no Aarona, e like me ka Iehova i kauoha mai ai ia Mose.
2 ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့် ယဇ်ပုရောဟိတ်သင်တိုင်း ကို လုပ်ရာတွင်၊
A hana iho la oia i ka epoda, he gula, he uliuli, he poni, he ulaula, a me ke olona i hiloia.
3 ရွှေ ကို အပြား ခတ် ၍ ရွှေ ကြိုးကို လှီး ပြီးမှ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့ကို ထူးဆန်း စွာ အပြောက်ထိုးလေ၏။
A kui lakou i ke gula a lahilahi, a okioki iho la i kaula, i mea hana pu me ka uliuli, a me ka poni, a me ka ulaula, a me ke olona i hiloia, he hana na ka mea akamai.
4 သိုင်းကြိုး နှစ်ပင်ကို လုပ် ၍ သင်တိုင်းအပေါ်နားချင်းတွဲမိ စေခြင်းငှာ ၊ တဘက် တချက်ကို ဆွဲချုပ် လေ၏။
Hana no hoi lakou i mau apana poohiwi no ka epoda, i mea e uhiia oia a paa. Ua huiia ma na kihi a elua.
5 ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ သင်တိုင်း အပေါ် နား၌ ထူးဆန်းသော ရင်စည်း ကိုလည်း သင်တိုင်း ကိုယ်ကဲ့သို့ ရွှေ နှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့နှင့်၎င်း လုပ် လေ၏။
A o ke kaei o kona epoda, ka mea maluna ona, o ia ano hookahi no, e like me ia i hanaia, he gula, he uliuli, he poni, he ulaula, a me ke olona i hiloia, me ka Iehova i kauoha mai ai ia Mose.
6 ရှဟံ ကျောက် နှစ်လုံးကို သွေး ၍ တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့ဣသရေလ အမျိုး ၏ နာမ တို့ကို အက္ခရာတင် ပြီးမှ၊ ရွှေ ကျောက်အိုး ၌ ထည့် လေ၏။
A hana iho la lakou i pohaku onika, i hoopaaia a puni iloko o na kawaha gula, i kahakahaia e like me ke kahakaha ana o na hoailona me na inoa o na keiki a Iseraela.
7 ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို အောက်မေ့ ဘို့ရာ ၊ ထိုကျောက် နှစ်လုံးကို သင်တိုင်း သိုင်းကြိုး အပေါ် မှာ တပ် လေ၏။
A kau aku la oia ia mau mea maluna o na poohiwi o ka epoda, i pohaku paipai manao no na mamo a Iseraela, me ka Iehova i kauoha mai ai ia Mose.
8 ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့်၎င်း၊ သင်တိုင်း ကို လုပ် သည်နည်းတူ ၊ ရင်ဖုံး ကို ထူးဆန်း စွာ လုပ် လေ၏။
A hana iho la oia i ka paleumauma, he hana na ka mea akamai, e like me ka hana ana i ka epoda, he gula, he uliuli, he poni, he ulaula, a me ke olona i hiloia.
9 ရင်ဖုံး နှစ်ထပ်ခေါက် လျက်၊ အလျား တထွာ ၊ အနံ တထွာ ၊ စတုရန်း လေးထောင့်ဖြစ်၏။
He ahalike ia; a hana lakou i ka paleumauma a papalua: hookahi kikoo kona loa, a hookahi kikoo kona laula, a ua papalua.
10 ၁၀ ထိုရင်ဖုံး ၌ ကျောက် မြတ်ကို လေး တန်း စီ လေ၏။ ပဌမ အတန်း ကား ကျောက်နီ ၊ ဥဿဖရား ၊ ပတ္တမြား။
A kau lakou iloko olaila i eha lalani pohaku; he saredio, he topazo, he paea, oia ka lalani mua.
11 ၁၁ ဒုတိယ အတန်း ကား မြ ၊ နီလာ ၊ စိန်။
A o ka lalani lua, he omaomao he sapeiro, he daimana.
12 ၁၂ တတိယ အတန်း ကား ဝှါကိန္တု ၊ မဟူရာ ၊ ဂေါမိတ်။
A o ka lalani kolu, he lesema, he ula, he ametuseto.
13 ၁၃ စတုတ္ထ အတန်း ကား မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ဖြစ်၍၊ အသီးအသီး တို့ကို ရွှေ အိုး ၌ စီ လေ၏။
A o ka lalani aha, he berulo, he onika, he iasepi. Ua hoopaaia ia mau mea iloko o na kawaha gula, oia ko lakou mea i paa ai.
14 ၁၄ ဣသရေလ အမျိုး တဆယ် နှစ် မျိုးရှိသည်အတိုင်း တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့၊ ထိုကျောက် တို့၌ ထိုတဆယ် နှစ်ပါး သော နာမည် အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီ ပါ၏။
A ua like na pohaku me na keiki a Iseraela, he umikumamalua, ma ko lakou inoa, e like me ke kahakaha ana o ka hoailona, o kela mea keia mea ma kona inoa, ma na ohana he umikumamalua.
15 ၁၅ ရင်ဖုံး အပေါ်ထောင့် နှစ် ခု၌ ၊ ရွှေနှစ် ကွင်း ကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်းကျစ် သော ရွှေ ကြိုး နှစ် ပင်ကို၎င်းလုပ် ပြီးမှ ၊ ထိုရွှေ ကွင်း ၌ တပ် ၍ သင်တိုင်း သိုင်းကြိုး အပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲ လေ၏။
A hana no hoi lakou ma ka paleumauma i mau kaula ma na welau, he gula maikai i hiloia.
16 ၁၆
A hana lakou i elua kawaha gula, a elua hoi apo gula, a hookomo ae la i na apo elua iloko o na welau o ka paleumauma.
17 ၁၇
A hookomo lakou i na kaula gula elua i hiloia a i loko o na apo elua ma na welau o ka paleumauma.
18 ၁၈
A hoopaa lakou i na piko o na kaula kilo elua a i na kawaha elua, a kau aku la ia laua maluna o na apana poohiwi o ka epoda, a ma kona alo.
19 ၁၉ တဖန် ရွှေ နှစ် ကွင်း ကို လုပ် ၍ သင်တိုင်း အောက်နား မှာ ရှိသော ရင်ဖုံး အောက်ထောင့် နှစ် ခု၌ တပ် လေ၏။
A hana iho la lakou i elua apo gula, a kau aku la ma na welau elua o ka paleumauma, ma kona kae, ma ka aoao maloko o ka epoda.
20 ၂၀ အခြားသောရွှေ နှစ် ကွင်း ကိုလည်း လုပ် ၍ သင်တိုင်း အရှေ့ ဘက်အောက် နား နှင့် ထူးဆန်းသော ရင်စည်း အပေါ် နားဆက်မှီ ရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ် လေ၏။
A hana no hoi lakou i elua apo gula, a kau aku la ia laua ma na aoao elua o ka epoda malalo iho, ma kona alo, e ku pono ana i ka huina, maluna o ke kaei o ka epoda.
21 ၂၁ ရင်ဖုံး ရွှေနှစ်ကွင်း ကို၊ သင်တိုင်း ရွှေနှစ်ကွင်း နှင့် တွဲ၍၊ ပြာ သောကြိုး ဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ရင်ဖုံး သည် ထူးဆန်းသော ရင်စည်း အပေါ်မှာ ဆွဲ ၍ သင်တိုင်း နှင့် မ ကွာ ဘဲ
A nakinaki lakou i ka paleumauma ma na apo ona, a paa i na apo o ka epoda me ke kaula uliuli, i kau ia maluna o ke kaei o ka epoda, i ole ai e weheia ka paleumauma mai ka epoda aku, me ka Iehova i kauoha mai ai ia Mose.
22 ၂၂ ထိုမှတပါး ၊ ပြာ သောအထည်ကို ရက် ပြီးမှ၊ သင်တိုင်း နှင့်ဆိုင်သော ဝတ်လုံ ကို ထိုအထည်နှင့်သာ လုပ် လေ၏။
A hana iho la oia i ka holoku o ka epoda, he hana na ka mea ulana, he uliuli wale no.
23 ၂၃ ဝတ်လုံ ၌ လည်စွပ်ပါ၍ လည်စွပ် ကို မ စုတ် စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။
A he puka no mawaena konu o ka holoku, e like me ka puka o ka puliki koa, ua pelupeluia a puni ka puka, i ole ia e nahae.
24 ၂၄ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချောနှင့်လုပ် သော သလဲ သီးများကို၎င်း၊
A hana lakou i mau pomegerane ma na lepa o ka holoku, he uliuli, he poni, he ulaula, a me ke olona i hiloia.
25 ၂၅ ရွှေ စင် ဆည်းလည်း များကို၎င်း၊ ဝတ်လုံ အောက်စွန်းနားပတ်လည် ၌ ၊
A hana no hoi lakou i mau bele he gula maikai, a kau aku la i na bele mawaena o na pomegerane, ma ka lepa o ka holoku a puni na pomegerane mawaena.
26 ၂၆ သလဲ သီးတလုံး၊ ဆည်းလည်း တလုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ အမှုတော်ကို ဆောင် ရသောဝတ်လုံ ကို လုပ် ၍ပြီးလေ၏။
He bele a me ka pomegerane, he bele a me ka pomegerane, a puni ka lepa o ka holoku hana, me ka Iehova i kauoha mai ai ia Mose.
27 ၂၇ တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ရက် သော ပိတ်ချော အင်္ကျီ များကို၎င်း၊
A hana no hoi lakou i mau palule, he olona i hiloia, o ka hana a ka mea ulana, no Aarona, a no kana mau keikikane,
28 ၂၈ ပိတ်ချော ဗေါင်း ကို၎င်း၊ တင့်တယ်သောပိတ်ချော ဦးထုပ် များကို၎င်း ၊ ပိတ်ချော ပေါင်းဘီ များကို၎င်း ၊
A me ka papale hainaka, he olona keokeo, a me na papale migebo, he olona keokeo, a me na wawae, he olona i hiloia,
29 ၂၉ ချယ်လှယ် သော ပိတ်ချော၊ အထည်ပြာ ၊ အထည်မောင်း ၊ အထည်နီ ဖြင့်ပြီး သော ခါးပန်း ကို၎င်းလုပ် လေ၏။
A me ke kaei he olona i hiloia, he uliuli, he poni, a me ka ulaula, he mea i humuhumuia: me ka Iehova i kauoha mai ai ia Mose.
30 ၃၀ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း သော သင်းကျစ် ပြားကိုလည်း ရွှေ စင် နှင့်လုပ်၍ တံဆိပ် ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု အက္ခရာတင် ၍၊
A hana no hoi lakou i ka papa o ka papale laa, he gula maikai, a palapala iho la i ka palapala e like me ke kahakaha ana o ka hoailona, UA LAA NO IEHOVA.
31 ၃၁ ပြာ သောကြိုး နှင့် ဗေါင်း အပေါ် နား၌ ချည် ထားလေ၏။
A nakinaki lakou ia me ke kaula uliuli, i mea e paa ai ia maluna, ma ka papale; me ka Iehova i kauoha mai ai ia Mose.
32 ၃၂ ထိုသို့ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အလုပ် ရှိသမျှ ကို ပြီးစီး ကြ၏။
A paa iho la ka hana a pau o ka halelewa, ka halelole hoi o ke anaina kanaka. A hana iho la na mamo a Iseraela, e like me na mea a pau a Iehova i kauoha mai ai ia Mose, pela lakou i hana'i.
33 ၃၃ ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲ တော်နှင့် အပေါ်တဲ မှစ၍ ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် တည်းဟူသောတဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
A lawe mai lakou i ka halelewa ia Mose, i ka halelole, a me kona oihana a pau, i kona mau lou, i kona mau papa, i kona mau auka e paa ai, i kona mau pou, i kona mau kumu;
34 ၃၄ အနီ ဆိုးသော သိုး ရေ အမိုး ၊ တဟာရှ သားရေ အမိုး ၊ ကွယ်ကာ ရာအတွင်းကုလားကာ ကို၎င်း၊
A me ka uhi ili hipakane i hooluu ulaula ia, a me ka uhi ili tehasa, a me ka paku e uhi ai;
35 ၃၅ သက်သေခံ ချက်သေတ္တာ နှင့် သူ ၏ထမ်းဘိုး ၊ သူ၏အဖုံး ကို၎င်း၊
I ka pahu kanawai, a me kona mau auamo, a me ka noho aloha;
36 ၃၆ စားပွဲ မှစ၍စားပွဲတန်ဆာ နှင့် ရှေ့ တော်မုန့် ကို၎င်း၊
I ka papaaina, a me kona oihana, a me ka berena hoike;
37 ၃၇ စင်ကြယ် သော မီးခုံ မှစ၍၊ ပြင်ဆင်ရသောမီးခွက် များ၊ မီးခုံ တန်ဆာ ရှိသမျှ နှင့် မီးထွန်း စရာ ဆီ ကို၎င်း၊
I ka ipukukui manamana maikai, a me kona mau ipu aila, e ku pololei ana, a me kona oihana a pau, a me ka aila no ka malamalama;
38 ၃၈ ရွှေ ယဇ်ပလ္လင် ၊ လိမ်း ရန်ဆီ ၊ မီးရှို့ရာနံ့သာ ပေါင်းမွှေး ၊ တဲ တော်တံခါး ဝ ကာစရာ ကုလားကာ ကို၎င်း၊
I ke kuahu gula, a me ka aila poni a me ka mea ala maikai, a me ka pale no ka puka o ka halelewa;
39 ၃၉ ကြေးဝါ ယဇ် ပလ္လင်၊ ကြေးဝါ ဆန်ခါ ၊ ပလ္လင် ထမ်းဘိုး အစရှိ သော တန်ဆာ ရှိသမျှ ကို၎င်း၊ အင်တုံ နှင့် သူ ၏ခြေထောက် ကို၎င်း၊
I ke kahua keleawe, a me kona pa keleawo manamana pukapuka, a me kona mau auamo, a me kona oihana a pau, i ka ipu auau a me kona kumu;
40 ၄၀ ဝင်း ကုလားကာ ၊ ဝင်း တိုင် ၊ ခြေစွပ် ၊ ဝင်း တံခါး ဝကာစရာ ကုလားကာ ကြိုး များ၊ တံသင် များကို၎င်း၊ တဲ တော်အတွင်း၌ အမှုတော်ကို ဆောင် စရာတန်ဆာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
I na pale o ke kahua, a me kona mau pou, a me kona mau kumu, a me ka pale no ka puka o ke kahua, a me kona mau kaula, a me kona mau makia, a me na mea hana a pau no ka halelewa, no ka halelole o ke anaina kanaka;
41 ၄၁ သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ဝတ် ရသောအဝတ် ၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ၊ သူ ၏သား ဝတ်ရသောအဝတ် ကို၎င်း၊
I ka lole hana e hana'i iloko o kahi laa, a mo na kahiko laa no Aarona ke kahuna, a me na kahiko o kana mau keiki, e lawelawe ai ma ka oihana kahuna.
42 ၄၂ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ် ပြီးမှမောရှေထံသို့ ဆောင်ခဲ့ကြ၏။
E like me ka Iehova i kauoha mai ai ia Mose, pela i hana'i na mamo a Iseraela i ka hana a pau.
43 ၄၃ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အလုပ် ရှိသမျှ ကို ပြီးစီးစေခြင်းငှါ၊ လုပ် ကြောင်းကို မောရှေ သိမြင် သောအခါ ၊ သူ တို့ကို ကောင်းကြီး ပေးလေ၏။
A makaikai ae la o Mose i ka hana a pau, aia hoi, ua hana lakou ia e like me ka Iehova i kauoha mai ai, pela no lakou i hana'i. A hoomaikai ae la o Mose ia lakou.

< ထွက်မြောက်ရာ 39 >