< ထွက်မြောက်ရာ 38 >
1 ၁ တနည်းကား၊ အလျား ငါး တောင် ၊ အနံ ငါး တောင် ရှိ၍ စတုရန်း လေးထောင့်ဖြစ်သော မီးရှို့ ရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့်လုပ် လေ၏။ အမြင့် လည်း သုံး တောင် ရှိ၏။
E hizo el altar del holocausto de madera de cedro: su longitud de cinco codos, y su anchura de otros cinco codos, cuadrado, y de tres codos de altura.
2 ၂ ယဇ်ပလ္လင် လေး ထောင့် အပေါ် မှာ ဦးချို လေးချောင်းကို အကာရှ သားနှင့်လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ လေ၏။
E hizo sus cuernos a sus cuatro esquinas, los cuales eran de la misma pieza, y lo cubrió de bronce.
3 ၃ အိုး နှင့်တကွ တူးရွင်း ပြား၊ အင်တုံ ၊ အမဲသား ချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင် နှင့် ဆိုင်သောတန်ဆာ ရှိသမျှ တို့ကို ကြေးဝါ နှင့်လုပ် လေ၏။
Hizo asimismo todos los vasos del altar: calderos, y tenazas, y tazones, y garfios, y palas; todos sus vasos hizo de bronce.
4 ၄ ကြေးဝါ ဆန်ခါ ကို လုပ် ၍ ယဇ်ပလ္လင် ခါးပန်း အောက် အလယ် ၌ထား၍၊
E hizo para el altar el enrejado de bronce, de hechura de red, que puso en su cerco por debajo hasta el medio del altar.
5 ၅ ထမ်းဘိုး ထား ရာ ဆန်ခါ လေး ထောင့် ၌ တပ်ရသောကြေးဝါ လေး ကွင်း ကို သွန်း
Hizo también cuatro anillos de fundición a los cuatro extremos del enrejado de bronce, para meter las varas.
6 ၆ အကာရှ သား ထမ်းဘိုး တို့ကို လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ပြီးမှ၊
E hizo las varas de madera de cedro, y las cubrió de bronce.
7 ၇ ယဇ်ပလ္လင် ကို ထမ်း စရာဘို့ တဘက် တချက်ကွင်း များ၌ လျှိုထား လေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်း ဖြစ်စေခြင်းငှာ၊ ပျဉ်ပြား နှင့် လုပ် လေ၏။
Y metió las varas por los anillos a los lados del altar, para llevarlo con ellas; el altar lo hizo hueco, de tablas.
8 ၈ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး တတ်သော မိန်းမ တို့၏ ကြေးဝါ မှန် များကို ယူ၍ ကြေးဝါ အင်တုံ နှင့် ကြေးဝါ ခြေထောက် ကို လုပ် လေ၏။
También hizo la fuente de bronce, con su basa de bronce, de los espejos de las mujeres que velaban a la puerta del tabernáculo del testimonio.
9 ၉ တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင် တရာ ရှိသော ပိတ်ချော နှင့် တောင် ဘက်၌ ကုလားကာ ကို လုပ် လေ၏။
Hizo asimismo el atrio; del lado austral del mediodía las cortinas del atrio eran de cien codos, de lino torcido;
10 ၁၀ ထိုကုလားကာ ဘို့ တိုင် နှစ်ဆယ် ၊ တိုင် ခြေစွပ် နှစ်ဆယ် ကို ကြေးဝါ နှင့်လုပ်၍ တိုင် တံစို့ ၊ တိုင်တန်း တို့ကို ငွေ ဖြင့်ပြီး စေ၏။
sus columnas veinte, con sus veinte basas de bronce; los capiteles de las columnas y sus molduras, de plata.
11 ၁၁ ထိုနည်းတူမြောက် ဘက် ၌ ကာရန်အလျားအတောင် တရာ ရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေ တန်း ပါသောကြေးဝါ တိုင် နှစ်ဆယ် ၊ ကြေးဝါ ခြေစွပ် နှစ်ဆယ် ရှိ၏။
Y del lado del aquilón cortinas de cien codos; sus columnas veinte, con sus veinte basas de bronce; los capiteles de las columnas y sus molduras, de plata.
12 ၁၂ အနောက် ဘက် ၌ ကာရန် အလျားအတောင် ငါးဆယ် ရှိသောကုလားကာ နှင့်တကွ တိုင် တဆယ် ၊ ခြေစွပ် တဆယ် ရှိ၏။
Al lado del occidente cortinas de cincuenta codos; sus columnas diez, y sus diez basas; los capiteles de las columnas y sus molduras, de plata.
13 ၁၃ အရှေ့ ဘက် ၌လည်း အတောင် ငါးဆယ် ရှိ၏။
Y al lado oriental, al oriente, cortinas de cincuenta codos.
14 ၁၄ တံခါး ဝ တဘက် တချက်၌ ကာရန် အလျားဆယ် ငါး တောင် ရှိသောကုလားကာ နှင့်တကွ တိုင် သုံး တိုင်၊ ခြေစွပ် သုံး ခုရှိ၏။
A un lado cortinas de quince codos, sus tres columnas, y sus tres basas;
al otro lado, de una parte y de la otra de la puerta del atrio, cortinas de a quince codos, sus tres columnas, y sus tres basas.
16 ၁၆ ဝင်း ပတ်လည် ၌ကာသော ကုလားကာ ရှိသမျှ တို့သည် ပိတ်ချော ဖြင့်ပြီး ၏။
Todas las cortinas del atrio alrededor eran de lino torcido.
17 ၁၇ တိုင် တို့သည် ကြေးဝါ ခြေစွပ် ၊ ငွေတံစို့ ၊ ငွေ တန်း နှင့်ပြည့်စုံ၍ တိုင် ထိပ် များကိုလည်း ငွေ နှင့် မွမ်းမံ လေ၏။ ဝင်း တိုင် တန်း ရှိသမျှ တို့သည် ငွေ တန်းဖြစ်၏။
Y las basas de las columnas eran de bronce; los capiteles de las columnas y sus molduras, de plata; y las cubiertas de las cabezas de ellas, de plata; asimismo todas las columnas del atrio tenían molduras de plata.
18 ၁၈ ဝင်း တံခါး ဝ၌ ကာရန် ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍ ချယ်လှယ် သော ကုလားကာ ၊ အလျား အတောင် နှစ်ဆယ် ၊ အမြင့် ငါး တောင် ရှိ၍၊ ဝင်း ကာသော ကုလားကာ နှင့် တညီတည်း ဖြစ်၏။
La cortina de la puerta del atrio fue de obra de recamado, de cárdeno, y púrpura, y carmesí, y lino torcido; la longitud de veinte codos, y la altura en el ancho de cinco codos, conforme a las cortinas del atrio.
19 ၁၉ ဝင်း တံခါးဝတိုင် လေး ခုရှိ၍၊ ကြေးဝါ ခြေစွပ် လေး ခု၊ ငွေ တံစို့ ၊ ငွေ တန်း များ၊ ငွေနှင့်မွမ်းမံ သော ထိပ် များနှင့် ပြည့်စုံကြ၏။
Y sus columnas fueron cuatro con sus cuatro basas de bronce; y sus capiteles de plata; y las cubiertas de los capiteles de ellas y sus molduras, de plata.
20 ၂၀ တဲ တော်တံသင်ဝင်း ပတ်လည် ၌ စိုက်သော တံသင် ရှိသမျှ တို့သည် ကြေးဝါ တံသင်ဖြစ်ကြ၏။
Y todas las estacas del tabernáculo y del atrio alrededor fueron de bronce.
21 ၂၁ ဤ ရွေ့ကား၊ မောရှေ စီရင် သည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဣသမာ သည်၊ လေဝိ လူများ အမှု တော်ဆောင်စရာ တဲ တော်ကို ရေတွက်မှတ်သား သော သက်သေခံ ချက် တဲ တော်စာရင်း ပေတည်း။
Estas son las cuentas del tabernáculo, del Tabernáculo del Testimonio, lo que fue contado de orden de Moisés por mano de Itamar, hijo de Aarón sacerdote, para el ministerio de los levitas.
22 ၂၂ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသမျှတို့ ကို ၊ ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော၊ ဥရိ ၏ သား ဗေဇလေလ သည် လုပ် လေ၏။
Y Bezaleel, hijo de Uri, hijo de Hur, de la tribu de Judá, hizo todas las cosas que el SEÑOR mandó a Moisés.
23 ၂၃ ထိုမှတပါး ၊ ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြား သော လက်သမား အလုပ်၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ၏ အလုပ်ကို လုပ်တတ်သော ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ လည်းရှိ ၏။
Y con él estaba Aholiab, hijo de Ahisamac, de la tribu de Dan, maestro, e ingeniero, y recamador en cárdeno, y púrpura, y carmesí, y lino fino.
24 ၂၄ သန့်ရှင်း ရာ ဌာနတော်ပြီး အောင် လှူ ၍ လုပ်သော ရွှေ ချိန်ပေါင်း ကား အကျပ်တော်အတိုင်း အခွက် နှစ်ရာ ကိုးဆယ် ခုနစ် ပိဿာ သုံးဆယ် ဖြစ် သတည်း။
Todo el oro empleado en la obra, en toda la obra del santuario, el cual fue oro de ofrenda, fue veintinueve talentos, y setecientos treinta siclos, según el siclo del santuario.
25 ၂၅ စာရင်း ဝင်သော ပရိသတ် များပေးသော ငွေ ချိန်ပေါင်းကား၊ အကျပ် တော်အတိုင်း အခွက် တထောင် နှင့် တဆယ် ခုနစ် ပိဿာခုနစ်ဆယ် ငါး ကျပ် ဖြစ်သတည်း။
Y la plata de los contados de la congregación fue cien talentos, y mil setecientos setenta y cinco siclos, según el siclo del santuario:
26 ၂၆ အသက် နှစ်ဆယ် မှစ၍ ပိုလွန် သမျှသောသူ စာရင်း ဝင်သည်အတိုင်း၊ လူခြောက် သိန်းသုံး ထောင် ငါး ရာ ငါးဆယ် တို့သည်၊ အကျပ် တော်အလိုက် ငွေချိန်အကျပ် တဝက် စီ ပေးရကြ၏။
Medio por cabeza, medio siclo, según el siclo del santuario, a todos los que pasaron por cuenta de edad de veinte años arriba, que fueron seiscientos tres mil quinientos cincuenta.
27 ၂၇ ခြေစွပ် တခု၌ ငွေအခွက် တဆယ် စီဝင်သည်ဖြစ်၍၊ ငွေ အခွက် တထောင် နှင့် တဲ တော် ခြေစွပ် ၊ အတွင်းကုလားကာ ခြေစွပ် တည်းဟူသောခြေစွပ် တရာ ကို သွန်း လေ၏။
Y los cien talentos de plata fueron para hacer de fundición las basas del santuario y las basas del velo; en cien basas cien talentos, a talento por basa.
28 ၂၈ ကျန်သောငွေအခွက်တဆယ် ခုနစ် ပိဿာခုနစ်ဆယ် ငါး ကျပ်နှင့် တိုင် တံစို့ နှင့် တိုင်တန်းတို့ကို လုပ် ၍ တိုင် ထိပ် များကို မွမ်းမံ လေ၏။
Y de los mil setecientos setenta y cinco siclos hizo los capiteles de las columnas, y cubrió los capiteles de ellas, y las ciñó.
29 ၂၉ လှူ သော ကြေးဝါ ပေါင်းကား အခွက် ခုနစ်ရာ နှစ်ဆယ် နှင့် လေး ပိဿာ ဖြစ်သတည်း။
Y el bronce de la ofrenda fue setenta talentos, y dos mil cuatrocientos siclos;
30 ၃၀ ထိုကြေးဝါ နှင့် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ဝခြေစွပ် ၊ ကြေးဝါ ယဇ် ပလ္လင်၊ ကြေးဝါ ဆန်ခါ ၊ ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း၊
del cual hizo las basas de la puerta del tabernáculo del testimonio, y el altar de bronce, y su enrejado de bronce, y todos los vasos del altar.
31 ၃၁ ကာသောဝင်း ခြေစွပ် ၊ ဝင်း တံခါး ဝခြေစွပ် ၊ တဲ တော်တံသင် ၊ ဝင်း ပတ်လည် ၌ စိုက်သော တံသင် ရှိသမျှ ကို ၎င်းလုပ် လေ၏။
Y las basas del atrio alrededor, y las basas de la puerta del atrio, y todas las estacas del tabernáculo, y todas las estacas del atrio alrededor.