< ထွက်မြောက်ရာ 38 >

1 တနည်းကား၊ အလျား ငါး တောင် ၊ အနံ ငါး တောင် ရှိ၍ စတုရန်း လေးထောင့်ဖြစ်သော မီးရှို့ ရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့်လုပ် လေ၏။ အမြင့် လည်း သုံး တောင် ရှိ၏။
He made the altar of burnt offering of acacia wood. It was square. Its length was five cubits, its width was five cubits, and its height was three cubits.
2 ယဇ်ပလ္လင် လေး ထောင့် အပေါ် မှာ ဦးချို လေးချောင်းကို အကာရှ သားနှင့်လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ လေ၏။
He made its horns on its four corners. Its horns were of one piece with it, and he overlaid it with bronze.
3 အိုး နှင့်တကွ တူးရွင်း ပြား၊ အင်တုံ ၊ အမဲသား ချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင် နှင့် ဆိုင်သောတန်ဆာ ရှိသမျှ တို့ကို ကြေးဝါ နှင့်လုပ် လေ၏။
He made all the vessels of the altar: the pots, the shovels, the basins, the forks, and the fire pans. He made all its vessels of bronze.
4 ကြေးဝါ ဆန်ခါ ကို လုပ် ၍ ယဇ်ပလ္လင် ခါးပန်း အောက် အလယ် ၌ထား၍၊
He made for the altar a grating of a network of bronze, under the ledge around it beneath, reaching halfway up.
5 ထမ်းဘိုး ထား ရာ ဆန်ခါ လေး ထောင့် ၌ တပ်ရသောကြေးဝါ လေး ကွင်း ကို သွန်း
He cast four rings for the four corners of bronze grating, to be places for the poles.
6 အကာရှ သား ထမ်းဘိုး တို့ကို လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ပြီးမှ၊
He made the poles of acacia wood, and overlaid them with bronze.
7 ယဇ်ပလ္လင် ကို ထမ်း စရာဘို့ တဘက် တချက်ကွင်း များ၌ လျှိုထား လေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်း ဖြစ်စေခြင်းငှာ၊ ပျဉ်ပြား နှင့် လုပ် လေ၏။
He put the poles into the rings on the sides of the altar, with which to carry it. He made it hollow with planks.
8 ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး တတ်သော မိန်းမ တို့၏ ကြေးဝါ မှန် များကို ယူ၍ ကြေးဝါ အင်တုံ နှင့် ကြေးဝါ ခြေထောက် ကို လုပ် လေ၏။
He made the basin of bronze, and its base of bronze, out of the mirrors of the ministering women who ministered at the door of the Tent of Meeting.
9 တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင် တရာ ရှိသော ပိတ်ချော နှင့် တောင် ဘက်၌ ကုလားကာ ကို လုပ် လေ၏။
He made the court: for the south side southward the hangings of the court were of fine twined linen, one hundred cubits;
10 ၁၀ ထိုကုလားကာ ဘို့ တိုင် နှစ်ဆယ် ၊ တိုင် ခြေစွပ် နှစ်ဆယ် ကို ကြေးဝါ နှင့်လုပ်၍ တိုင် တံစို့ ၊ တိုင်တန်း တို့ကို ငွေ ဖြင့်ပြီး စေ၏။
their pillars were twenty, and their sockets twenty, of bronze; the hooks of the pillars and their fillets were of silver.
11 ၁၁ ထိုနည်းတူမြောက် ဘက် ၌ ကာရန်အလျားအတောင် တရာ ရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေ တန်း ပါသောကြေးဝါ တိုင် နှစ်ဆယ် ၊ ကြေးဝါ ခြေစွပ် နှစ်ဆယ် ရှိ၏။
For the north side one hundred cubits, their pillars twenty, and their sockets twenty, of bronze; the hooks of the pillars, and their fillets, of silver.
12 ၁၂ အနောက် ဘက် ၌ ကာရန် အလျားအတောင် ငါးဆယ် ရှိသောကုလားကာ နှင့်တကွ တိုင် တဆယ် ၊ ခြေစွပ် တဆယ် ရှိ၏။
For the west side were hangings of fifty cubits, their pillars ten, and their sockets ten; the hooks of the pillars, and their fillets, of silver.
13 ၁၃ အရှေ့ ဘက် ၌လည်း အတောင် ငါးဆယ် ရှိ၏။
For the east side eastward fifty cubits,
14 ၁၄ တံခါး ဝ တဘက် တချက်၌ ကာရန် အလျားဆယ် ငါး တောင် ရှိသောကုလားကာ နှင့်တကွ တိုင် သုံး တိုင်၊ ခြေစွပ် သုံး ခုရှိ၏။
the hangings for the one side were fifteen cubits; their pillars three, and their sockets three;
15 ၁၅
and so for the other side: on this hand and that hand by the gate of the court were hangings of fifteen cubits; their pillars three, and their sockets three.
16 ၁၆ ဝင်း ပတ်လည် ၌ကာသော ကုလားကာ ရှိသမျှ တို့သည် ပိတ်ချော ဖြင့်ပြီး ၏။
All the hangings around the court were of fine twined linen.
17 ၁၇ တိုင် တို့သည် ကြေးဝါ ခြေစွပ် ၊ ငွေတံစို့ ၊ ငွေ တန်း နှင့်ပြည့်စုံ၍ တိုင် ထိပ် များကိုလည်း ငွေ နှင့် မွမ်းမံ လေ၏။ ဝင်း တိုင် တန်း ရှိသမျှ တို့သည် ငွေ တန်းဖြစ်၏။
The sockets for the pillars were of bronze. The hooks of the pillars and their fillets were of silver. Their capitals were overlaid with silver. All the pillars of the court had silver bands.
18 ၁၈ ဝင်း တံခါး ဝ၌ ကာရန် ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍ ချယ်လှယ် သော ကုလားကာ ၊ အလျား အတောင် နှစ်ဆယ် ၊ အမြင့် ငါး တောင် ရှိ၍၊ ဝင်း ကာသော ကုလားကာ နှင့် တညီတည်း ဖြစ်၏။
The screen for the gate of the court was the work of the embroiderer, of blue, purple, scarlet, and fine twined linen. Twenty cubits was the length, and the height along the width was five cubits, like the hangings of the court.
19 ၁၉ ဝင်း တံခါးဝတိုင် လေး ခုရှိ၍၊ ကြေးဝါ ခြေစွပ် လေး ခု၊ ငွေ တံစို့ ၊ ငွေ တန်း များ၊ ငွေနှင့်မွမ်းမံ သော ထိပ် များနှင့် ပြည့်စုံကြ၏။
Their pillars were four, and their sockets four, of bronze; their hooks of silver, and the overlaying of their capitals, and their fillets, of silver.
20 ၂၀ တဲ တော်တံသင်ဝင်း ပတ်လည် ၌ စိုက်သော တံသင် ရှိသမျှ တို့သည် ကြေးဝါ တံသင်ဖြစ်ကြ၏။
All the pins of the tabernacle, and around the court, were of bronze.
21 ၂၁ ဤ ရွေ့ကား၊ မောရှေ စီရင် သည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဣသမာ သည်၊ လေဝိ လူများ အမှု တော်ဆောင်စရာ တဲ တော်ကို ရေတွက်မှတ်သား သော သက်သေခံ ချက် တဲ တော်စာရင်း ပေတည်း။
These are the amounts of materials used for the tabernacle, even the Tabernacle of the Testimony, as they were counted, according to the commandment of Moses, for the service of the Levites, by the hand of Ithamar, the son of Aaron the priest.
22 ၂၂ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသမျှတို့ ကို ၊ ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော၊ ဥရိ ၏ သား ဗေဇလေလ သည် လုပ် လေ၏။
Bezalel the son of Uri, the son of Hur, of the tribe of Judah, made all that the LORD commanded Moses.
23 ၂၃ ထိုမှတပါး ၊ ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြား သော လက်သမား အလုပ်၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ၏ အလုပ်ကို လုပ်တတ်သော ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ လည်းရှိ ၏။
With him was Oholiab, the son of Ahisamach, of the tribe of Dan, an engraver, and a skillful workman, and an embroiderer in blue, in purple, in scarlet, and in fine linen.
24 ၂၄ သန့်ရှင်း ရာ ဌာနတော်ပြီး အောင် လှူ ၍ လုပ်သော ရွှေ ချိန်ပေါင်း ကား အကျပ်တော်အတိုင်း အခွက် နှစ်ရာ ကိုးဆယ် ခုနစ် ပိဿာ သုံးဆယ် ဖြစ် သတည်း။
All the gold that was used for the work in all the work of the sanctuary, even the gold of the offering, was twenty-nine talents and seven hundred thirty shekels, according to the shekel of the sanctuary.
25 ၂၅ စာရင်း ဝင်သော ပရိသတ် များပေးသော ငွေ ချိန်ပေါင်းကား၊ အကျပ် တော်အတိုင်း အခွက် တထောင် နှင့် တဆယ် ခုနစ် ပိဿာခုနစ်ဆယ် ငါး ကျပ် ဖြစ်သတည်း။
The silver of those who were counted of the congregation was one hundred talents and one thousand seven hundred seventy-five shekels, according to the shekel of the sanctuary:
26 ၂၆ အသက် နှစ်ဆယ် မှစ၍ ပိုလွန် သမျှသောသူ စာရင်း ဝင်သည်အတိုင်း၊ လူခြောက် သိန်းသုံး ထောင် ငါး ရာ ငါးဆယ် တို့သည်၊ အကျပ် တော်အလိုက် ငွေချိန်အကျပ် တဝက် စီ ပေးရကြ၏။
a beka a head, that is, half a shekel, according to the shekel of the sanctuary, for everyone who passed over to those who were counted, from twenty years old and upward, for six hundred three thousand five hundred fifty men.
27 ၂၇ ခြေစွပ် တခု၌ ငွေအခွက် တဆယ် စီဝင်သည်ဖြစ်၍၊ ငွေ အခွက် တထောင် နှင့် တဲ တော် ခြေစွပ် ၊ အတွင်းကုလားကာ ခြေစွပ် တည်းဟူသောခြေစွပ် တရာ ကို သွန်း လေ၏။
The one hundred talents of silver were for casting the sockets of the sanctuary and the sockets of the veil: one hundred sockets for the one hundred talents, one talent per socket.
28 ၂၈ ကျန်သောငွေအခွက်တဆယ် ခုနစ် ပိဿာခုနစ်ဆယ် ငါး ကျပ်နှင့် တိုင် တံစို့ နှင့် တိုင်တန်းတို့ကို လုပ် ၍ တိုင် ထိပ် များကို မွမ်းမံ လေ၏။
From the one thousand seven hundred seventy-five shekels he made hooks for the pillars, overlaid their capitals, and made fillets for them.
29 ၂၉ လှူ သော ကြေးဝါ ပေါင်းကား အခွက် ခုနစ်ရာ နှစ်ဆယ် နှင့် လေး ပိဿာ ဖြစ်သတည်း။
The bronze of the offering was seventy talents and two thousand four hundred shekels.
30 ၃၀ ထိုကြေးဝါ နှင့် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ဝခြေစွပ် ၊ ကြေးဝါ ယဇ် ပလ္လင်၊ ကြေးဝါ ဆန်ခါ ၊ ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း၊
With this he made the sockets to the door of the Tent of Meeting, the bronze altar, the bronze grating for it, all the vessels of the altar,
31 ၃၁ ကာသောဝင်း ခြေစွပ် ၊ ဝင်း တံခါး ဝခြေစွပ် ၊ တဲ တော်တံသင် ၊ ဝင်း ပတ်လည် ၌ စိုက်သော တံသင် ရှိသမျှ ကို ၎င်းလုပ် လေ၏။
the sockets around the court, the sockets of the gate of the court, all the pins of the tabernacle, and all the pins around the court.

< ထွက်မြောက်ရာ 38 >