< ထွက်မြောက်ရာ 36 >
1 ၁ ထိုသို့ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း ရာဌာန၌ အမှု တော်ဆောင် စရာဘို့ ၊ အမျိုးမျိုး သောအလုပ်ကို လုပ်တတ်သော ဉာဏ် ပညာကို ထာဝရဘုရား ပေး သွင်းတော်မူသောပညာရှိ အပေါင်း တို့နှင့်တကွ ၊ ဗေဇလေလ ၊ အဟောလျဘ တို့သည် အလုပ်လုပ် ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
« Betsalel et Oholiab travailleront avec tout homme au cœur sage, dans lequel Yahvé a mis de la sagesse et de l'intelligence pour savoir comment faire tout le travail pour le service du sanctuaire, selon tout ce que Yahvé a ordonné. »
2 ၂ တဖန် မောရှေ သည်၊ ဗေဇလေလ ၊ အဟောလျဘ ကို၎င်း ၊ ထာဝရဘုရား ပေး တော်မူသော ဉာဏ် သဘောကို ရ၍၊ အလုပ် လုပ် ချင်သော စေတနာစိတ် ရှိသော ပညာရှိ အပေါင်း တို့ကို ၎င်းခေါ် ပြီးလျှင်၊
Moïse appela Betsaleel et Oholiab, et tout homme doué de sagesse, dans le cœur duquel l'Éternel avait mis de la sagesse, tout homme dont le cœur l'incitait à venir à l'ouvrage pour le faire.
3 ၃ သန့်ရှင်း ရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင် စေခြင်းငှာ ၊ ဣသရေလ အမျိုးသား တို့ ဆောင် ခဲ့သော အလှူ ရှိသမျှ ကို ထိုသူတို့သည် မောရှေ လက်မှ ခံ ကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူ ကို နံနက် တိုင်း ထပ်၍ဆောင် ခဲ့ကြသေး၏။
Ils reçurent de Moïse toute l'offrande que les enfants d'Israël avaient apportée pour l'œuvre du service du sanctuaire, afin de l'accomplir. Ils continuaient à lui apporter chaque matin des offrandes volontaires.
4 ၄ ထိုအခါ သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သော ပညာရှိ အပေါင်း တို့သည်၊ အသီးအသီး မိမိ လုပ် ရာမှ ၊
Tous les sages, qui accomplissaient tous les travaux du sanctuaire, venaient chacun de l'ouvrage qu'il faisait.
5 ၅ မောရှေ ထံသို့ လာ၍ ထာဝရဘုရား မှာ ထားတော်မူသော အလုပ် ပြီးလောက်ရုံမျှမက ၊ ပို ၍ ဆောင် ခဲ့ကြ ပါပြီဟု ကြား ပြောလျှင်၊
Ils parlèrent à Moïse et dirent: « Le peuple a apporté beaucoup plus qu'il n'en faut pour le service de l'ouvrage que l'Éternel a ordonné de faire. »
6 ၆ မောရှေ က၊ သန့်ရှင်း ရာဌာနတော်အဘို့ လှူ ခြင်းငှာ အဘယ်ယောက်ျား မိန်းမ မျှ ထပ်မံ ၍ မ လုပ် စေနှင့် ဟု စီရင်၍၊ တတပ် လုံး၌ ကြော်ငြာ စေသဖြင့် ၊ လူ များအလှူဆောင် ခြင်းအမှုကို ဆီးတား ၏။
Moïse donna un commandement, et on le fit proclamer dans tout le camp: « Que ni homme ni femme ne fasse autre chose pour l'offrande destinée au sanctuaire. » Le peuple s'abstint donc d'apporter.
7 ၇ ရခဲ့သောဥစ္စာ သည် လုပ် ရှိသမျှ ကို ပြီးစီးလောက် ရုံမျှမက ပို လျက်ရှိ သတည်း။
Car ce qu'ils avaient était suffisant pour faire tout le travail, et même trop.
8 ၈ သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သောသူတို့ တွင် ၊ ပညာရှိ သောသူသည် ပိတ်ချော၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ပိတ်ချော ကုလားကာ ဆယ် ထည်ကို လုပ် လေ၏။
Tous les hommes sages, parmi ceux qui travaillaient, firent le tabernacle avec dix rideaux de fin lin retors, bleu, pourpre et cramoisi. Ils les firent avec des chérubins, ouvrage d'un habile ouvrier.
9 ၉ ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံတူ ၏။
La longueur de chaque rideau était de vingt-huit coudées, et la largeur de chaque rideau était de quatre coudées. Tous les tapis avaient la même mesure.
10 ၁၀ ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် လေ၏။
Il attacha cinq tapis l'un à l'autre, et il attacha les cinq autres tapis l'un à l'autre.
11 ၁၁ ကုလားကာတထည် ပြင် ဘက်ကုလားကာ နား ချင်းဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ၍၊ အခြား သော ကုလားကာပြင် ဘက် ကုလားကာ နား ချင်းဆက်မှီရာ၌ လည်း ထိုအတူ လုပ် လေ၏။
Il fit des boucles bleues sur le bord de l'un des tapis, à partir du bord de l'assemblage. Il fit de même sur le bord du rideau le plus extérieur, dans le second assemblage.
12 ၁၂ ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြားသော ကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို၎င်း လုပ် သဖြင့်၊ ကွင်း ချင်း ဆိုင် မိကြ၏။
Il fit cinquante boucles dans le premier rideau, et il fit cinquante boucles dans le bord du rideau qui était dans le second assemblage. Les boucles étaient opposées l'une à l'autre.
13 ၁၃ ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် တဲ တော် တ ဆောင်တည်းဖြစ် လေ၏။
Il fit cinquante agrafes d'or, et il attacha les tapis l'un à l'autre avec les agrafes; ainsi le tabernacle formait une unité.
14 ၁၄ တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် လေ၏။
Il fit des tapis de poils de chèvre pour couvrir le tabernacle. Il leur fit onze rideaux.
15 ၁၅ ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍ ကုလားကာ ဆယ် တထည် တို့သည် အလျား အနံချင်း တူ ၏။
La longueur de chaque rideau était de trente coudées, et la largeur de chaque rideau était de quatre coudées. Les onze tapis avaient une seule mesure.
16 ၁၆ ကုလားကာ ငါး ထည်တစပ်၊ ခြောက် ထည်တစပ်တည်း ချုပ် လေ၏။
Il joignit cinq rideaux à part, et six rideaux à part.
17 ၁၇ ကုလားကာများဆက်မှီ ရာ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည်အနား မှာ ကွင်း ငါးဆယ် ကို၎င်း၊ ဆက်မှီ သော အခြား ကုလားကာ အနား မှာ ကွင်း ငါးဆယ် ကို၎င်းလုပ် လေ၏။
Il fit cinquante boucles au bord du rideau le plus extérieur dans l'assemblage, et il fit cinquante boucles au bord du rideau le plus extérieur dans le second assemblage.
18 ၁၈ ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ အပေါ်တဲ တပိုင်းနှင့် တပိုင်းကို ပူးတွဲ သဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။
Il fit cinquante agrafes d'airain pour assembler le tabernacle et en faire une unité.
19 ၁၉ အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသော သိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် လေ၏။
Il fit pour le tabernacle une couverture de peaux de béliers teintes en rouge, et, par-dessus, une couverture de peaux de vaches de mer.
20 ၂၀ တဲ တော်ကာရန်ထောင် ထားသော အကာရှ ပျဉ်ပြား တို့ကိုလည်း လုပ် လေ၏။
Il fit les planches du tabernacle en bois d'acacia, debout.
21 ၂၁ ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိ၏။
La longueur d'une planche était de dix coudées, et la largeur de chaque planche était d'une coudée et demie.
22 ၂၂ ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက်နှစ်ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် လေ၏။
Chaque planche avait deux tenons, reliés l'un à l'autre. Il fit toutes les planches du tabernacle de cette manière.
23 ၂၃ တဲ တော်တောင် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊
Il fit les planches pour le tabernacle, vingt planches pour le côté sud, vers le sud.
24 ၂၄ ထိုပျဉ်ပြား နှစ်ဆယ် တွင်၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် လေ၏။
Il fit quarante socles d'argent sous les vingt planches: deux socles sous une planche pour ses deux tenons, et deux socles sous une autre planche pour ses deux tenons.
25 ၂၅ ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊
Pour le second côté du tabernacle, du côté du nord, il fit vingt planches
26 ၂၆ ထိုပျဉ်ပြား ၌လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြား နှစ် ခုစီ လုပ်လေ၏။
et leurs quarante socles d'argent: deux socles sous une planche, et deux socles sous une autre planche.
27 ၂၇ တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊
Pour l'extrémité du tabernacle, à l'ouest, il fit six planches.
28 ၂၈ ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် လေ၏။
Il fit deux planches pour les angles du tabernacle, dans la partie la plus éloignée.
29 ၂၉ အထက် ၌ ၎င်း၊ အောက် ၌၎င်း ၊ ကွင်း ကိုတပ် ၍ စေ့စပ်လျက် ထောင့် နှစ် ခုပြီး လေ၏။
Elles étaient doubles en dessous, et de la même manière elles étaient jusqu'à son sommet à un seul anneau. Il fit cela pour les deux coins.
30 ၃၀ ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြား နှစ် ခုစီ ရှိ လေ၏။
Il y avait huit planches et leurs socles d'argent, seize socles, et deux socles sous chaque planche.
31 ၃၁ တဲ တော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို၊ တဘက် ငါး ချောင်းစီ လုပ် လေ၏။
Il fit des barres de bois d'acacia: cinq pour les planches de l'un des côtés du tabernacle,
32 ၃၂ တဲ တော်နောက်ဖေး ၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ၊ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်လေ၏။
cinq pour les planches de l'autre côté du tabernacle, et cinq pour les planches du tabernacle de l'arrière vers l'ouest.
33 ၃၃ အလယ် ကန့်လန့်ကျင် ကို ထောင့်တဘက်တချက် ၌ ဆုံး စေ၏။
Il fit passer la barre du milieu au milieu des planches, d'un bout à l'autre.
34 ၃၄ ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။ ကန့်လန့်ကျင် လျှို ဘို့ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။
Il couvrit d'or les planches, et il fit leurs anneaux d'or pour y placer les barres, et il couvrit d'or les barres.
35 ၃၅ တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့်၊ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊
Il fit le voile de lin bleu, pourpre et cramoisi, et de fin lin retors, avec des chérubins. Il en fit l'ouvrage d'un habile ouvrier.
36 ၃၆ ထိုကုလားကာဘို့ ရွှေ ချ သော အကာရှ သားတိုင် လေး တိုင်ကို၎င်းလုပ် လေ၏။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့် ပြည့်စုံ၍၊ ငွေ ခြေစွပ် လေး ခုကိုလည်း သွန်း လေ၏။
Il lui fit quatre colonnes d'acacia, et les couvrit d'or. Leurs crochets étaient d'or. Il fondit pour eux quatre socles d'argent.
37 ၃၇ တဲ တော်တံခါး ဝ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သော အထည်၊ နီ သော အထည် ပိတ်ချော ဖြင့် ပြီး ၍ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊
Il fit pour l`entrée de la tente un rideau bleu, pourpre et cramoisi, et un fin lin retors, ouvrage de broderie,
38 ၃၈ ထိုကုလားကာ ဘို့ တံစို့ နှင့် ပြည့်စုံသော တိုင် ငါး တိုင်ကို၎င်းလုပ်၍၊ တိုင် ထိပ် နှင့်တိုင် တန်း တို့ကို ရွှေ နှင့် မွမ်းမံ လေ၏။ ကြေးဝါ ခြေစွပ် ငါးခု လည်း ရှိ၏။
et ses cinq colonnes avec leurs crochets. Il recouvrit d'or leurs chapiteaux et leurs filets, et leurs cinq socles étaient d'airain.