< ထွက်မြောက်ရာ 35 >
1 ၁ မောရှေ သည်၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို စည်းဝေး စေ၍ ၊ ထာဝရဘုရား မိန့် တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊
Therefore, when all the multitude of the sons of Israel had gathered together, he said to them: “These are the things that the Lord has ordered to be done:
2 ၂ ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် သင် တို့၌ သန့်ရှင်း သောနေ့၊ ထာဝရဘုရား အဘို့ ငြိမ်ဝပ် စွာ နေရသော ဥပုသ် နေ့ဖြစ် ၏။ ထိုနေ့ ၌ အလုပ် လုပ် သော သူ မည်သည်ကား အသေ ခံရမည်။
For six days you shall do work; the seventh day, the Sabbath and the rest of the Lord, will be holy to you; whoever will have done any work in it shall be killed.
3 ၃ သင် တို့နေရာ အရပ်၌ ဥပုသ် နေ့ မှာ မီး ကို မ မွေး ရဟု ဆင့်ဆို ၏။
You shall not kindle a fire in any of your dwelling places throughout the day of the Sabbath.”
4 ၄ တဖန် မောရှေ သည်၊ ဣသရေလ အမျိုးသား ပရိသတ် အလယ်၌ ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို သည်ကား၊
And Moses said to the entire crowd of the sons of Israel: “This is the word which the Lord has instructed, saying:
5 ၅ သင် တို့တွင် ထာဝရဘုရား အား လှူသော အလှူ ကို ပြင်ဆင် ကြလော့။ ကြည်ညို သော စေတနာစိတ် ရှိသမျှ သောသူတို့ သည်၊ ရွှေ ၊ ငွေ ၊ ကြေးဝါ၊
Separate from among you the first-fruits to the Lord. Let all who are willing and have a ready soul offer these to the Lord: gold, and silver, and brass,
6 ၆ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး၊
hyacinth, and purple, and twice-dyed scarlet, and fine linen, the hair of goats,
7 ၇ အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ၊ အကာရှ သစ် သား၊
and the skins of rams, dyed red, and violet skins, setim wood,
8 ၈ လိမ်း ရန် ဆီ ဘော်ဘို့ ၊ မီးရှို့ရာနံ့သာ ပေါင်း မွှေး ဘော်ဘို့ ရာနံ့သာ မျိုး၊ မီး ထွန်းစရာဆီ ၊
and oil to prepare lights and to produce ointment, and most sweet incense,
9 ၉ ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် မြတ်တည်းဟူသောထာဝရဘုရား အား လှူ သောအလှူကို ဆောင် ခဲ့ကြလော့။
onyx stones and gems, to adorn the ephod and the breastplate.
10 ၁၀ သင် တို့တွင် လိမ္မာ သောသူ ရှိသမျှ တို့သည်လာ ၍ ၊
And whoever among you is wise, let him come and make what the Lord has commanded:
11 ၁၁ တဲ တော်နှင့် အပေါ်တဲ ၊ အပေါ်တဲအဖုံး ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် တို့ကို၎င်း၊
the tabernacle, certainly, and its roof, and also the covering, the rings, and the panels with the bars, the tent pegs and the bases,
12 ၁၂ သေတ္တာ နှင့် သူ ၏ထမ်းဘိုး ၊ သေတ္တာအဖုံး ၊ ကာ ရသော ကုလားကာ ကို၎င်း၊
the ark and its bars, the propitiatory, and the veil that is drawn before it,
13 ၁၃ စားပွဲ နှင့် သူ ၏ထမ်းဘိုး ၊ သူ ၏တန်ဆာ ရှိသမျှ နှင့် ရှေ့ တော်မုန့် ကို၎င်း၊
the table with its bars and vessels, and the bread of the presence,
14 ၁၄ မီး ထွန်းစရာဘို့ မီးခုံ နှင့် သူ ၏တန်ဆာ ၊ မီးခွက် များ၊ မီး ထွန်းစရာဆီ ကို၎င်း ၊
the lampstand to hold up the lights, its vessels and lamps, and the oil to the nourish the fire,
15 ၁၅ နံ့သာ ပေါင်းရှို့သော ပလ္လင် နှင့် သူ ၏ထမ်းဘိုး ၊ လိမ်း ရန်ဆီ ၊ မွှေး သော နံ့သာ ပေါင်း၊ တဲ တော်တံခါး ဝ ကာရန် ကုလားကာ ကို၎င်း၊
the altar of incense and its bars, and the oil of unction, and the incense of aromatics, the tent at the door of the tabernacle,
16 ၁၆ မီးရှို့ ရာယဇ်ပူဇော်သော ပလ္လင် နှင့် ကြေးဝါ ဆန်ခါ ၊ ထမ်းဘိုး ၊ တန်ဆာ ရှိသမျှ ၊ အင်တုံ နှင့် ခြေထောက် ကို၎င်း၊
the altar of holocaust and its grate of brass, with the bars and vessels, the washtub and its base,
17 ၁၇ တဲတော်ဝင်း ကုလားကာ ၊ တိုင် ၊ ခြေစွပ် ၊ ဝင်း တံခါးဝ ကာစရာ ကုလားကာ ကို၎င်း၊
the curtains of the atrium, with the columns and the bases, the hanging at the doors of the vestibule,
18 ၁၈ တဲ တော်တံသင် ၊ ဝင်း တံသင် ကြိုး များကို၎င်း၊
the tent pegs of the tabernacle and the atrium, with their little cords,
19 ၁၉ သန့်ရှင်း ရာဌာန၌ အမှုတော်ကို ထမ်း စရာအဝတ် ၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား ဝတ်၍ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း လုပ် ရကြမည်ဟု ဆင့်ဆို ၏။
the vestments, which are to be used in the ministry of the Sanctuary, the vestments of Aaron, the high priest, as well as those of his sons, in order to exercise the priesthood to me.”
20 ၂၀ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ မောရှေ ထံ မှ ထွက်သွား ကြ၍ ၊
And all the multitude of the sons of Israel, departing from the sight of Moses,
21 ၂၁ မိမိ စိတ်နှလုံး နှိုးဆော် သော သူ ၊ ကြည်ညိုသောစေတနာစိတ် သဘောရှိသော သူ အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်လုပ် ဘို့ ၎င်း ၊ အမှု တော်ထမ်းစရာဘို့ ၎င်း၊ သန့်ရှင်း သောအဝတ် ကို၎င်း၊ ထာဝရဘုရား အား လှူသောအလှူ ကို ဆောင် လျက် လာကြ၏။
offered the first-fruits to the Lord with a most ready and devout mind, to accomplish the work of the tabernacle of the testimony. Whatever was needed for worship and for the holy vestments,
22 ၂၂ ကြည်ညိုသော စေတနာ စိတ် ရှိသောယောက်ျား မိန်းမ တို့သည်၊ လက်ကောက် ၊ နားတောင်း ၊ လက်စွပ် ၊ နှာခေါင်းဘူး၊ ရွှေ တန်ဆာ ရှိသမျှ ကို ဆောင် ခဲ့သဖြင့် ၊ လှူ သောသူ အသီးအသီး တို့သည်၊ ထာဝရဘုရား အား ရွှေ ကို လှူကြ၏။
men along with women provided: arm bands and earrings, rings and bracelets. And every vessel of gold was separated, to be donated to the Lord.
23 ၂၃ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး၊ အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ရှိ သော သူ တိုင်း ဆောင် ခဲ့၏။
If anyone had hyacinth, and purple, and twice-dyed scarlet, fine linen and the hair of goats, the skins of rams, dyed red, and violet skins,
24 ၂၄ ငွေ နှင့် ကြေးဝါ ကို လှူ သောသူတိုင်း ထာဝရဘုရား အား လှူ လေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ် လုပ်စရာဘို့ အကာရှ သစ် သားရှိ သော သူတိုင်း လည်း ဆောင် ခဲ့လေ၏။
metal of silver and brass, they offered it to the Lord, along with setim wood for various uses.
25 ၂၅ ရက်ကန်းတတ် သော မိန်းမ အပေါင်း တို့လည်း ၊ ကိုယ် လက် နှင့် ရက် ၍ ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ရက် သမျှကို ဆောင် ခဲ့ကြ၏။
But the skillful women also gave whatever they had spun: hyacinth, purple, and vermillion, as well as fine linen,
26 ၂၆ မိမိ ဉာဏ် နှိုးဆော် သော မိန်းမ အပေါင်း တို့သည် ဆိတ် မွေးကို ရက် ကြ၏။
and the hair of goats, donating everything of their own accord.
27 ၂၇ သူကြီး တို့သည်လည်း ၊ ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် ကို၎င်း၊
Yet truly, the leaders offered onyx stones and gems, for the ephod and the breastplate,
28 ၂၈ မီး ထွန်းစရာဘို့ လိမ်း ရန် ဆီ ဘော်ဘို့ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ ရာနံ့သာ မျိုးနှင့် ဆီ ကို၎င်း ဆောင်ခဲ့ကြ၏။
and aromatics and oil, to maintain the lights, and to prepare ointment, and also to produce incense with a most sweet odor.
29 ၂၉ ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသော အလုပ် အမျိုးမျိုး ရှိသမျှအဘို့ ၊ ဣသရေလ အမျိုးသား တို့တွင် ကြည်ညိုသော စေတနာစိတ် နှိုးဆော် သော ယောက်ျား မိန်းမ အပေါင်း တို့သည်၊ ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူ ကြ၏။
All the men and women offered donations with a devout mind, so that the works might be done which the Lord had ordered by the hand of Moses. All the sons of Israel dedicated voluntary offerings to the Lord.
30 ၃၀ တဖန် မောရှေ က၊ နားထောင် ကြလော့။ ထာဝရဘုရား သည် ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ ကို အမည် ဖြင့် ခန့် ထားတော်မူပြီ။
And Moses said to the sons of Israel: “Behold, the Lord has called by name Bezalel, the son of Uri, the son of Hur, from the tribe of Judah,
31 ၃၁ သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့်အမျိုးမျိုး သောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာ နှင့်တကွသိပ္ပံ အတတ်အမျိုးမျိုး ကိုပေး၍၊ ဘုရားသခင် ၏ဝိညာဉ် တော်နှင့်ပြည့်စုံ စေတော်မူပြီ။
and he has filled him with the Spirit of God, with wisdom, and understanding, and knowledge, and all teaching,
to design and to fashion, with gold and silver and brass,
and with engraving stones, and with the skill of a carpenter. Whatever can be skillfully invented,
34 ၃၄ သူ နှင့် ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ သည်၊ သူတပါးအား အတတ်သင် ပေးနိုင် မည်အကြောင်း ၊ ဉာဏ် ကိုပေး တော်မူပြီ။
he has given to his heart. It is likewise with Oholiab, the son of Ahisamach from the tribe of Dan.
35 ၃၅ ထိုသူ တို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ ၏အလုပ်၊ ရက် တတ်သောသူ၏အလုပ်၊ အနည်းနည်းလုပ်တတ်သောသူ၏အလုပ် ၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှ တို့ကို လုပ် တတ်မည် အကြောင်း ၊ ဉာဏ် ပညာနှင့် ပြည့်စုံ တော်မူပြီ။
He has taught both of them wisdom, in order to do the work of carpentry, tapestry, and embroidery, from hyacinth, and purple, and twice-dyed scarlet, and fine linen, and every textile, and to discover whatever may be new.”