< ထွက်မြောက်ရာ 34 >

1 တဖန် ထာဝရဘုရား က၊ အရင် ကျောက်ပြားနှစ်ပြားနှင့်တူ အောင် ကျောက် ပြားနှစ် ပြားကို ခုတ် လော့။ သင်ချိုးဖဲ့ သော အရင် ကျောက် ပြား၌ စကား ပါ သည်အတိုင်း နောက်ကျောက် ပြားပေါ် မှာ ငါရေး ထားမည်။
And the Lord saide vnto Moses, Hewe thee two Tables of stone, like vnto the first, and I will write vpon the Tables the wordes that were in the first Tables, which thou brakest in pieces.
2 နက်ဖြန်နံနက် သင်သည် အသင့် နေလျက်၊ သိနာ တောင် ပေါ် သို့ တက် ၍ တောင် ထိပ် ၌ ငါ့ ရှေ့ မှာကိုယ်ကို ပြ လော့။
And be ready in ye morning, that thou mayest come vp earely vnto the mount of Sinai, and waite there for me in the top of the mount.
3 သင် နှင့်အတူ အဘယ်သူမျှမ တက် ရ။ တောင် တပြင်လုံး ၌ လူ ကို မ ထင်ရှား စေနှင့်။ တောင် ခြေရင်း ၌ သိုး နွား တို့ကို ကျက်စား ရာမ ပြုစေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။
But let no man come vp with thee, neither let any man be seene throughout all the mount, neyther let the sheepe nor cattell feede before this mount.
4 ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ အရင် ကျောက် ပြားနှင့်တူ အောင် ကျောက်ပြားနှစ် ပြားကို ခုတ် ပြီးမှ ၊ မောရှေ သည် နံနက် စောစောထ ၍ ထိုကျောက် ပြားနှစ် ပြားကို ကိုင် လျက် ၊ သိနာ တောင် ပေါ် သို့ တက် လေ၏။
Then Moses hewed two Tables of stone like vnto the first, and rose vp earely in the morning, and went vp vnto the mount of Sinai, as the Lord had commanded him, and tooke in his hande two Tables of stone.
5 ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ ၊ ထို အရပ်၌ မောရှေ အနား မှာရပ် လျက်၊ ထာဝရဘုရား ၏နာမ တော်ကို ကြွေးကြော် တော်မူ၏။
And the Lord descended in the cloude, and stoode with him there, and proclaimed the name of the Lord.
6 ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
So the Lord passed before his face, and cried, The Lord, the Lord, strong, mercifull, and gracious, slowe to anger, and abundant in goodnesse and trueth,
7 အထောင် အသောင်းများသောသူတို့အား သနားခြင်းကျေးဇူး တရားကို စောင့် တော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူး ခြင်း၊ ပြစ်မှားခြင်းအပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘ တို့၏ အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသောဘုရား သခင်ဟု ကြွေးကြော် တော်မူ၏။
Reseruing mercy for thousands, forgiuing iniquitie, and transgression and sinne, and not making the wicked innocent, visiting the iniquitie of the fathers vpon ye children, and vpon childrens children, vnto the third and fourth generation.
8 မောရှေ သည် အလျင်အမြန် ဦး ညွှတ်ချ၍ ကိုးကွယ် လျက် ၊
Then Moses made haste and bowed him selfe to the earth, and worshipped,
9 အိုဘုရားရှင် ၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ အကျွန်ုပ်အရှင် သည် အကျွန်ုပ် တို့နှင့်အတူ ကြွ တော်မူပါစေသော၊ အကျွန်ုပ်တောင်းပန် ပါ၏။ ဤ လူမျိုးသည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်သော်လည်း ၊ အကျွန်ုပ် တို့ပြစ်မှားမိသော ဒုစရိုက် အပြစ် များကို လွှတ် ၍ အကျွန်ုပ် တို့ကို ကိုယ်တော်အမွေ ဥစ္စာဘို့ သိမ်းယူတော်မူပါဟုလျှောက် လျှင် ၊
And sayde, O Lord, I pray thee, If I haue founde grace in thy sight, that the Lord woulde nowe goe with vs (for it is a stiffe necked people) and pardon our iniquitie and our sinne, and take vs for thine inheritance.
10 ၁၀ ထာဝရဘုရားက၊ ကြည့်ရှု လော့။ ငါ ပဋိညာဉ် ပြု ၏။ မြေကြီး ပေါ်မှာ လူမျိုး ၌ မ ပြု စဖူးသော အံ့ဘွယ် သောအမှုတို့ကို သင် ၏လူမျိုး ရှေ့ မှာ ငါပြု မည်။ သင် တို့အဘို့ ငါ ထာဝရဘုရား ပြု ရသော အမှုသည် ကြောက်မက် ဘွယ်သောအမှု ဖြစ်ကြောင်း ကို သင် ပေါင်းဘော် သော လူ အပေါင်း တို့သည် မြင် ရကြလိမ့်မည်။
And he answered, Behold, I will make a couenant before all thy people, and will do marueiles, such as haue not bene done in all the worlde, neyther in all nations: and all the people among whom thou art, shall see the worke of the Lord: for it is a terrible thing that I will do with thee.
11 ၁၁ ယနေ့ ငါ မှာ ထားသော စကားကို မှတ် လော့။ သင့် ရှေ့ မှာ အာမောရိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို ငါ နှင်ထုတ် မည်။
Keepe diligently that which I commande thee this day: Beholde, I will cast out before thee the Amorites, and the Canaanites, and the Hittites, and the Perizzites, and the Hiuites, and the Iebusites.
12 ၁၂ သင် သည် ယခုသွားသော ပြည်သူ ပြည်သားတို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သင့် အလယ်၌ တိုက်မိ၍ လဲစရာ အကြောင်းမ ဖြစ် စေခြင်းငှာ ၊ ကိုယ်ကိုကိုယ်သတိ ပြုလော့။
Take heede to thy selfe, that thou make no compact with ye inhabitantes of the land whither thou goest, least they be the cause of ruine among you:
13 ၁၃ သူ တို့ယဇ်ပလ္လင် များကို ဖျက်ဆီး ရမည်။ သူ တို့ရုပ်တု ဆင်းတုများကို ချိုးဖဲ့ ရမည်။ သူ တို့ အာရှရ ပင် များကို ခုတ် လှဲရမည်။
But yee shall ouerthrowe their altars, and breake their images in pieces, and cut downe their groues,
14 ၁၄ အခြား သောဘုရား ကို သင်သည် မ ကိုးကွယ် ရ။ အပြစ် ရှိယုံလွယ်အမည် ရှိသောထာဝရဘုရား သည် အပြစ်ရှိသည်ဟု ယုံ လွယ်သော ဘုရား သခင်ဖြစ်တော်မူ၏။
(For thou shalt bow downe to none other god, because the Lord, whose Name is Ielous, is a ielous God)
15 ၁၅ သင်သည် ထိုပြည်သူ ပြည်သားတို့နှင့် မိဿ ဟာယဖွဲ့ သဖြင့်၊ သူတို့သည် မိမိ တို့ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ ၊ ထိုဘုရား တို့အား ယဇ် ပူဇော်သောအခါ၊ သင့် ကို ခေါ် ၍ သင်သည် ထိုယဇ် ကောင်ကို စား မည်ဟူ၍၎င်း၊
Lest thou make a compact with the inhabitantes of the lande, and when they goe a whoring after their gods, and doe sacrifice vnto their gods, some man call thee, and thou eate of his sacrifice:
16 ၁၆ သင်သည် သူ တို့ သမီး များကိုယူ ၍၊ ကိုယ် သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီး တို့သည် မိမိ တို့ ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ သင် ၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်း စေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။
And least thou take of their daughters vnto thy sonnes, and their daughters goe a whoring after their gods, and make thy sonnes goe a whoring after their gods.
17 ၁၇ သင်သည် ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။
Thou shalt make thee no gods of metall.
18 ၁၈ သင်သည် အဗိဗ လ ၌ အဲဂုတ္တု ပြည်မှ ထွက် သောကြောင့် ၊ ငါပညတ် သည်အတိုင်း ၊ အဗိဗ လ တွင် ခုနစ် ရက် ပတ်လုံးတဆေး မဲ့မုန့်ကို စား ၍ အဇုမ ပွဲကို ခံ ရမည်။
The feast of vnleauened bread shalt thou keepe: seuen dayes shalt thou eate vnleauened bread, as I commanded thee, in ye time of the moneth of Abib: for in the moneth of Abib thou camest out of Egypt.
19 ၁၉ သားဦး အပေါင်း တို့သည် ငါ့ ဥစ္စာဖြစ်ကြ၏။ သင် ၏တိရစ္ဆာန် တို့တွင်လည်း ၊ နွား ဖြစ်စေ ၊ သိုး ဖြစ်စေ၊ သားဦး အပေါင်း တို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင် ၊ မြည်း သားဦး ကို သိုး သငယ်နှင့် ရွေး ယူရမည်။
Euery male, that first openeth the wombe, shalbe mine: also all the first borne of thy flocke shalbe rekoned mine, both of beeues and sheepe.
20 ၂၀ မ ရွေး လိုလျှင် ၊ မြည်း သငယ်၏လည်ပင်းကို ချိုး ရမည်။ သင် ၏သားဦး အပေါင်း တို့ကို ရွေး ရမည်။ ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။
But ye first of ye asse thou shalt bie out with a lambe: and if thou redeeme him not, then thou shalt breake his necke: all the first borne of thy sonnes shalt thou redeeme, and none shall appeare before me emptie.
21 ၂၁ ခြောက် ရက် ပတ်လုံးအလုပ်လုပ် ရမည်။ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာ နေရမည်။ လယ် လုပ်ရာ ကာလ၊ အသီးအနှံ သိမ်းရာကာလဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ် စွာ နေရမည်။
Six dayes shalt thou worke, and in the seuenth day thou shalt rest: both in earing time, and in the haruest thou shalt rest.
22 ၂၂ ဂျုံ စပါးကို သိမ်း စရှိသည်ကာလခုနစ်သိတင်း ပွဲ ကို၎င်း၊ နှစ် လဲ သောအခါ သိုထား ပွဲ ကို၎င်း ခံ ရမည်။
Thou shalt also obserue the feast of weekes in the time of ye first fruits of wheate haruest, and the feast of gathering fruites in the ende of the yere.
23 ၂၃ သင် တို့အမျိုးသား ယောက်ျားအပေါင်း တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသောထာဝရ အရှင်ဘုရား သခင့် ရှေ့ တော်၌ တနှစ် လျှင် သုံး ကြိမ် မျက်နှာပြ ရကြမည်။
Thrise in a yere shall all your men children appeare before the Lord Iehouah God of Israel.
24 ၂၄ တပါးအမျိုးသား များကို သင် တို့ရှေ့ က ငါနှင်ထုတ် ၍ ၊ သင် တို့နေရာနယ် ကို ငါ ကျယ် စေမည်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ တနှစ် တွင် သုံး ကြိမ် မျက်နှာပြ သွား သောအခါ ၊ သင် ၏မြေ ကို အဘယ်သူ မျှမ တပ်မက် ရ။
For I wil cast out the nations before thee, and enlarge thy coasts, so that no man shall desire thy land, whe thou shalt come vp to appeare before the Lord thy God thrise in the yeere.
25 ၂၅ ငါ့ ယဇ်ကောင် အသွေး ကို တဆေး နှင့် ရော၍ မ ပူဇော် ရ။ ပသခါ ပွဲ ယဇ်ကောင် ကို၊ နံနက် တိုင်အောင် မ ကြွင်း စေရ။
Thou shalt not offer the blood of my sacrifice with leauen, neither shall ought of the sacrifice of the feast of Passeouer be left vnto the morning.
26 ၂၆ သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်းဆုံး ကို သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။
The first ripe fruites of thy land thou shalt bring vnto the house of the Lord thy God: yet shalt thou not seethe a kid in his mothers milke.
27 ၂၇ ဤ စကား များကို ရေး ထားလော့။ ဤ စကား များလာသည် အတိုင်း သင် မှစ၍ ဣသရေလ အမျိုးနှင့် ငါပဋိညာဉ် ပြု သည်ဟု မောရှေ အား မိန့် တော်မူ၏။
And the Lord said vnto Moses, Write thou these words: for after the tenour of these words I haue made a couenant with thee and with Israel.
28 ၂၈ ထို အရပ်မှာ မောရှေသည် အစာ ကို မ စား ၊ ရေ ကို မ သောက် ဘဲ ၊ အရက် လေးဆယ် ပတ်လုံးထာဝရဘုရား အထံတော်၌ နေ လေ၏။ ကျောက် ပြားပေါ် မှာ ပဋိညာဉ် စကား ၊ ပညတ် တော်ဆယ် ပါးကို ရေး ထားတော်မူ ၏။
So hee was there with the Lord fourtie dayes and fourtie nights, and did neither eat bread nor drinke water: and hee wrote in the Tables the wordes of the couenant, euen the tenne commandements.
29 ၂၉ မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် လျက်၊ သိနာ တောင် ပေါ်မှ ဆင်းသက် သောအခါ ၊ မိမိ နှင့် ဘုရား သခင်နှုတ်ဆက် တော်မူသောကြောင့် ၊ မိမိ မျက်နှာ အရေ ထွန်းပ ကြောင်း ကို မိမိမ သိ။
So when Moses came downe from mount Sinai, the two Tables of the Testimonie were in Moses hande, as hee descended from the mount: (nowe Moses wist not that the skinne of his face shone bright, after that God had talked with him.
30 ၃၀ အာရုန် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မောရှေ ကို မြင် သောအခါ ၊ သူ ၏မျက်နှာ အရေ ထွန်းပ သောကြောင့် ၊ သူတို့သည် မချဉ်း မ ကပ်ဝံ့ကြ။
And Aaron and all the children of Israel looked vpon Moses, and beholde, the skin of his face shone bright, and they were afraid to come neere him)
31 ၃၁ မောရှေ သည် သူ တို့ကို ခေါ် ၍ ၊ အာရုန် နှင့် ပရိသတ် သူကြီး တို့သည် ချဉ်းကပ် ကြလျှင် ၊ မောရှေ သည် နှုတ်ဆက် လေ၏။
But Moses called them: and Aaron and all the chiefe of the congregation returned vnto him: and Moses talked with them.
32 ၃၂ ထိုနောက် ဣသရေလ အမျိုးသား အပေါင်း တို့သည် ချဉ်းကပ် ကြလျှင် ၊ သိနာ တောင် ပေါ် မှာ ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို သူ တို့အား ဆင့်ဆို လေ၏။
And afterwarde all the children of Israel came neere, and he charged them with al that the Lord had said vnto him in mount Sinai.
33 ၃၃ မောရှေ သည် သူ တို့အား ဟောပြော ၍ မပြီး မှီ မိမိ မျက်နှာ ကို ဖုံးအုပ်လေ၏။
So Moses made an end of comuning with them, and had put a couering vpon his face.
34 ၃၄ ထာဝရဘုရား ရှေ့ တော်သို့ ဝင် ၍လျှောက်သောအခါ ၊ မ ထွက် မှီတိုင်အောင်မျက်နှာဖုံး ကို ချွတ် ထား၏။ တဖန် ထွက် ၍ အမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ၏။
But, when Moses came before the Lord to speake with him, he tooke off the couering vntill he came out: then he came out, and spake vnto the children of Israel that which he was commanded.
35 ၃၅ သူ ၏မျက်နှာ အရေ ထွန်းပ ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် မြင် ကြလျှင် ၊ တဖန် အထဲသို့ ဝင်၍ မ လျှောက် မှီတိုင်အောင်မိမိ မျက်နှာ ကို ဖုံးအုပ် ပြန်၏။
And the children of Israel sawe the face of Moses, howe the skin of Moses face shone bright: therefore Moses put the couering vpon his face, vntill he went to speake with God.

< ထွက်မြောက်ရာ 34 >