< ထွက်မြောက်ရာ 34 >
1 ၁ တဖန် ထာဝရဘုရား က၊ အရင် ကျောက်ပြားနှစ်ပြားနှင့်တူ အောင် ကျောက် ပြားနှစ် ပြားကို ခုတ် လော့။ သင်ချိုးဖဲ့ သော အရင် ကျောက် ပြား၌ စကား ပါ သည်အတိုင်း နောက်ကျောက် ပြားပေါ် မှာ ငါရေး ထားမည်။
BAWIPA ni Mosi koevah, lungphen kahni touh a hmaloe e patetlah sak nateh hote lungphen dawkvah ahmaloe e patetlah bout ka thut han.
2 ၂ နက်ဖြန်နံနက် သင်သည် အသင့် နေလျက်၊ သိနာ တောင် ပေါ် သို့ တက် ၍ တောင် ထိပ် ၌ ငါ့ ရှေ့ မှာကိုယ်ကို ပြ လော့။
Tangtho vah coungkacoe lah awmh, amom Sinai mon dawk luen nateh, monsom ka hmalah kangdout.
3 ၃ သင် နှင့်အတူ အဘယ်သူမျှမ တက် ရ။ တောင် တပြင်လုံး ၌ လူ ကို မ ထင်ရှား စေနှင့်။ တောင် ခြေရင်း ၌ သိုး နွား တို့ကို ကျက်စား ရာမ ပြုစေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။
Nang koe apihai tho awh hanh naseh. Mon vah apihai kamnuek awh nahanh seh. Tuhu hoi maitohu naw hai mon teng vah pâ awh nahanh seh ati.
4 ၄ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ အရင် ကျောက် ပြားနှင့်တူ အောင် ကျောက်ပြားနှစ် ပြားကို ခုတ် ပြီးမှ ၊ မောရှေ သည် နံနက် စောစောထ ၍ ထိုကျောက် ပြားနှစ် ပြားကို ကိုင် လျက် ၊ သိနာ တောင် ပေါ် သို့ တက် လေ၏။
Hottelah lungphen kahni touh hmaloe e patetlah a sak. Hahoi Mosi teh amom vah a thaw teh BAWIPA ni kâ a poe e patetlah lungphen kahni touh hah a sin teh, Sinai mon dawk a luen.
5 ၅ ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ ၊ ထို အရပ်၌ မောရှေ အနား မှာရပ် လျက်၊ ထာဝရဘုရား ၏နာမ တော်ကို ကြွေးကြော် တော်မူ၏။
BAWIPA teh tâmai hoi a kum teh, a teng vah a kangdue teh BAWIPA e min hah a pathang.
6 ၆ ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
BAWIPA ni a ceihlawi teh Jehovah, Jehovah, lungmanae hoi kakawi e Cathut, pahrennae, lungsawnae lungmanae hoi lawkkatang hoi akawi.
7 ၇ အထောင် အသောင်းများသောသူတို့အား သနားခြင်းကျေးဇူး တရားကို စောင့် တော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူး ခြင်း၊ ပြစ်မှားခြင်းအပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘ တို့၏ အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသောဘုရား သခင်ဟု ကြွေးကြော် တော်မူ၏။
Tami a thongsang koe pahrennae kamnueksakkung, payonnae hoi lawkeknae hoi, hawihoehnae kangaithoumkung, yonpennae ka tâcawtkhai boihoeh e, napanaw payonnae dawk canaw catoun totouh, se thum se pali totouh karekkung doeh telah a pâpho.
8 ၈ မောရှေ သည် အလျင်အမြန် ဦး ညွှတ်ချ၍ ကိုးကွယ် လျက် ၊
Mosi ni karanglah talai dawk a tabo teh a bawk.
9 ၉ အိုဘုရားရှင် ၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ အကျွန်ုပ်အရှင် သည် အကျွန်ုပ် တို့နှင့်အတူ ကြွ တော်မူပါစေသော၊ အကျွန်ုပ်တောင်းပန် ပါ၏။ ဤ လူမျိုးသည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်သော်လည်း ၊ အကျွန်ုပ် တို့ပြစ်မှားမိသော ဒုစရိုက် အပြစ် များကို လွှတ် ၍ အကျွန်ုပ် တို့ကို ကိုယ်တော်အမွေ ဥစ္စာဘို့ သိမ်းယူတော်မူပါဟုလျှောက် လျှင် ၊
Ahni ni, Atuvah BAWIPA na mit dawk minhmai kahawi ka hmawt pawiteh, kai koevah kaie BAWIPA heh cet van naseh telah ka kâhei. A lung ka patak e miphun lah ka o awh nakunghai ka payonnae hoi ka yonnae hah na ngaithoum nateh, na râw lah na tawn lawih telah ati.
10 ၁၀ ထာဝရဘုရားက၊ ကြည့်ရှု လော့။ ငါ ပဋိညာဉ် ပြု ၏။ မြေကြီး ပေါ်မှာ လူမျိုး ၌ မ ပြု စဖူးသော အံ့ဘွယ် သောအမှုတို့ကို သင် ၏လူမျိုး ရှေ့ မှာ ငါပြု မည်။ သင် တို့အဘို့ ငါ ထာဝရဘုရား ပြု ရသော အမှုသည် ကြောက်မက် ဘွယ်သောအမှု ဖြစ်ကြောင်း ကို သင် ပေါင်းဘော် သော လူ အပေါင်း တို့သည် မြင် ရကြလိမ့်မည်။
Ahni ni, khenhaw! lawkkamnae ka sak. Talai pueng hoi miphun pueng dawk sak boihoeh e kângairu hno hah na taminaw pueng hmalah ka sak vaiteh, nangmouh kaawm e na taminaw pueng ni BAWIPA ni sak e hah a hmu awh han. Bangkongtetpawiteh, nangmouh koe ka sak hane heh takikathopounge lah ao han.
11 ၁၁ ယနေ့ ငါ မှာ ထားသော စကားကို မှတ် လော့။ သင့် ရှေ့ မှာ အာမောရိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို ငါ နှင်ထုတ် မည်။
Sahnin vah kâ na poe e naw heh pouk. Khenhaw! Amornaw, Kanaannaw, Hitnaw, Hivnaw, Periznaw hoi Jebusitnaw hah na hmalah hoi ka pâlei han.
12 ၁၂ သင် သည် ယခုသွားသော ပြည်သူ ပြည်သားတို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သင့် အလယ်၌ တိုက်မိ၍ လဲစရာ အကြောင်းမ ဖြစ် စေခြင်းငှာ ၊ ကိုယ်ကိုကိုယ်သတိ ပြုလော့။
Kâhruetcuet, hoehpawiteh na cei nahane ram dawk kaawmnaw hoi lawkkamnae na sak awh vaiteh, nangmouh hanlah karap lah awm payon vaih.
13 ၁၃ သူ တို့ယဇ်ပလ္လင် များကို ဖျက်ဆီး ရမည်။ သူ တို့ရုပ်တု ဆင်းတုများကို ချိုးဖဲ့ ရမည်။ သူ တို့ အာရှရ ပင် များကို ခုတ် လှဲရမည်။
Hateiteh ahnimae khoungroe hah, koung na raphoe pouh han. Talung a ung awh e hai rekrek dei awh nateh, thing meikaphawk hah koung tâtueng pouh awh.
14 ၁၄ အခြား သောဘုရား ကို သင်သည် မ ကိုးကွယ် ရ။ အပြစ် ရှိယုံလွယ်အမည် ရှိသောထာဝရဘုရား သည် အပြစ်ရှိသည်ဟု ယုံ လွယ်သော ဘုရား သခင်ဖြစ်တော်မူ၏။
A min patenghai dipma Jehovah lah ao, Cathut teh a dipma thai dawkvah Cathut alouke roeroe na bawk awh mahoeh.
15 ၁၅ သင်သည် ထိုပြည်သူ ပြည်သားတို့နှင့် မိဿ ဟာယဖွဲ့ သဖြင့်၊ သူတို့သည် မိမိ တို့ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ ၊ ထိုဘုရား တို့အား ယဇ် ပူဇော်သောအခါ၊ သင့် ကို ခေါ် ၍ သင်သည် ထိုယဇ် ကောင်ကို စား မည်ဟူ၍၎င်း၊
Hoehpawiteh hote ram dawk e taminaw hoi lawk na kam awh vaiteh, ahnimae cathut koe kâyo laihoi ahnimae cathut koe thueng laihoi buetbuet touh coun vaiteh, thuengnae moi hah ca hoi,
16 ၁၆ သင်သည် သူ တို့ သမီး များကိုယူ ၍၊ ကိုယ် သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီး တို့သည် မိမိ တို့ ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ သင် ၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်း စေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။
na capanaw hanelah ahnimae canunaw hah na paluen vaiteh, a canunaw ni a cathutnaw koe a kâyo awhnae koe, na capanaw hai kâyawt payon awh langvaih.
17 ၁၇ သင်သည် ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။
Thuk e meikaphawk cathut hah na sak awh mahoeh.
18 ၁၈ သင်သည် အဗိဗ လ ၌ အဲဂုတ္တု ပြည်မှ ထွက် သောကြောင့် ၊ ငါပညတ် သည်အတိုင်း ၊ အဗိဗ လ တွင် ခုနစ် ရက် ပတ်လုံးတဆေး မဲ့မုန့်ကို စား ၍ အဇုမ ပွဲကို ခံ ရမည်။
Tonphuenhoehe vaiyei pawi na sak han. Kâ na poe awh e patetlah, hnin sari touh thung tonphuenhoehe hah Abib thapa dawk khoe e tueng nah na ca han. Bangkongtetpawiteh, Abib thapa dawkvah Izip ram hoi na tâco awh.
19 ၁၉ သားဦး အပေါင်း တို့သည် ငါ့ ဥစ္စာဖြစ်ကြ၏။ သင် ၏တိရစ္ဆာန် တို့တွင်လည်း ၊ နွား ဖြစ်စေ ၊ သိုး ဖြစ်စေ၊ သားဦး အပေါင်း တို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင် ၊ မြည်း သားဦး ကို သိုး သငယ်နှင့် ရွေး ယူရမည်။
Camoim ka paawng e pueng kaie doeh. Na saring pueng maito hoi tu camin teh kaie doeh.
20 ၂၀ မ ရွေး လိုလျှင် ၊ မြည်း သငယ်၏လည်ပင်းကို ချိုး ရမည်။ သင် ၏သားဦး အပေါင်း တို့ကို ရွေး ရမည်။ ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။
Hatei la camin teh tuca hoi na ratang han. Na ratang ngaihoeh pawiteh, a lahuen na kapai pouh han. Na capa camin teh na ratang han. Ka hmaitung vah apihai kuthrawng hoi na tâcawt awh mahoeh.
21 ၂၁ ခြောက် ရက် ပတ်လုံးအလုပ်လုပ် ရမည်။ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာ နေရမည်။ လယ် လုပ်ရာ ကာလ၊ အသီးအနှံ သိမ်းရာကာလဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ် စွာ နေရမည်။
Hnin taruk touh thung thaw na tawk han. Asari hnin dawk na kâhat han. Laikawk na tawk tue nah hoi canga tue nahai na kâhat han.
22 ၂၂ ဂျုံ စပါးကို သိမ်း စရှိသည်ကာလခုနစ်သိတင်း ပွဲ ကို၎င်း၊ နှစ် လဲ သောအခါ သိုထား ပွဲ ကို၎င်း ခံ ရမည်။
Yat pawi, takhawk pawi, cavanca pawi na to han.
23 ၂၃ သင် တို့အမျိုးသား ယောက်ျားအပေါင်း တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသောထာဝရ အရှင်ဘုရား သခင့် ရှေ့ တော်၌ တနှစ် လျှင် သုံး ကြိမ် မျက်နှာပြ ရကြမည်။
Tongpa pueng kum touh dawk vai thum touh Bawipa Jehovah Isarel Cathut hmalah a tâco awh han.
24 ၂၄ တပါးအမျိုးသား များကို သင် တို့ရှေ့ က ငါနှင်ထုတ် ၍ ၊ သင် တို့နေရာနယ် ကို ငါ ကျယ် စေမည်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ တနှစ် တွင် သုံး ကြိမ် မျက်နှာပြ သွား သောအခါ ၊ သင် ၏မြေ ကို အဘယ်သူ မျှမ တပ်မက် ရ။
Bangkongtetpawiteh, na hmalah miphunnaw ka pâlei vaiteh na ramri hah ka kaw sak han, kum touh dawk vai thum touh BAWIPA na Cathut hmalah na tâco awh nahanlah na cei toteh apinihai na ram hah noe awh mahoeh.
25 ၂၅ ငါ့ ယဇ်ကောင် အသွေး ကို တဆေး နှင့် ရော၍ မ ပူဇော် ရ။ ပသခါ ပွဲ ယဇ်ကောင် ကို၊ နံနက် တိုင်အောင် မ ကြွင်း စေရ။
Kai hanelah thuengnae thipaling teh ton phuen e vaiyei hoi na poe mahoeh. Ceitakhai pawi thuengnae haiyah atangtho totouh na awm sak mahoeh.
26 ၂၆ သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်းဆုံး ကို သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။
Na law dawk e aluepaw teh BAWIPA im dawk na thokhai han. Hmaeca e moi hah a manu e sanutui hoi mek na thawng mahoeh.
27 ၂၇ ဤ စကား များကို ရေး ထားလော့။ ဤ စကား များလာသည် အတိုင်း သင် မှစ၍ ဣသရေလ အမျိုးနှင့် ငါပဋိညာဉ် ပြု သည်ဟု မောရှေ အား မိန့် တော်မူ၏။
BAWIPA ni Mosi koe, hete lawknaw heh thun haw, bangkongtetpawiteh, hete lawknaw tarawi lahoi nang koehoi Isarel koevah lawkkamnae ka sak, telah ati.
28 ၂၈ ထို အရပ်မှာ မောရှေသည် အစာ ကို မ စား ၊ ရေ ကို မ သောက် ဘဲ ၊ အရက် လေးဆယ် ပတ်လုံးထာဝရဘုရား အထံတော်၌ နေ လေ၏။ ကျောက် ပြားပေါ် မှာ ပဋိညာဉ် စကား ၊ ပညတ် တော်ဆယ် ပါးကို ရေး ထားတော်မူ ၏။
Hawvah BAWIPA koe hnin 40 rum 40 touh ao teh, rawca cat laipalah ao teh, tui hai net hoeh. Hahoi lungphen dawk lawkkam kâpoelawknaw hra touh a thut.
29 ၂၉ မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် လျက်၊ သိနာ တောင် ပေါ်မှ ဆင်းသက် သောအခါ ၊ မိမိ နှင့် ဘုရား သခင်နှုတ်ဆက် တော်မူသောကြောင့် ၊ မိမိ မျက်နှာ အရေ ထွန်းပ ကြောင်း ကို မိမိမ သိ။
Hahoi, Mosi teh lawkpanuesaknae lungphen kahni touh hah a kut hoi a sin teh Sinai mon hoi a kum navah, Mosi ni hottelah a kâpato dawkvah, ka minhmai vuen a ang tie hah panuek hoeh.
30 ၃၀ အာရုန် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မောရှေ ကို မြင် သောအခါ ၊ သူ ၏မျက်နှာ အရေ ထွန်းပ သောကြောင့် ၊ သူတို့သည် မချဉ်း မ ကပ်ဝံ့ကြ။
Aron hoi Isarelnaw pueng ni Mosi a hmu awh toteh, khenhaw! minhmai vuen a ang teh hnai ngam awh hoeh.
31 ၃၁ မောရှေ သည် သူ တို့ကို ခေါ် ၍ ၊ အာရုန် နှင့် ပရိသတ် သူကြီး တို့သည် ချဉ်းကပ် ကြလျှင် ၊ မောရှေ သည် နှုတ်ဆက် လေ၏။
Mosi ni ahnimouh teh a kaw teh, Aron hoi kamkhueng e lawkcengkungnaw pueng hah ahni koe a ban awh teh Mosi ni ahnimouh teh a pato.
32 ၃၂ ထိုနောက် ဣသရေလ အမျိုးသား အပေါင်း တို့သည် ချဉ်းကပ် ကြလျှင် ၊ သိနာ တောင် ပေါ် မှာ ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို သူ တို့အား ဆင့်ဆို လေ၏။
Isarelnaw pueng ni a hnai awh hnukkhu Sinai mon vah BAWIPA hoi lawk a kâpato roi e naw pueng patetlah ahnimanaw hah kâ a poe.
33 ၃၃ မောရှေ သည် သူ တို့အား ဟောပြော ၍ မပြီး မှီ မိမိ မျက်နှာ ကို ဖုံးအုပ်လေ၏။
Mosi ni lawk be a dei toteh, a minhmai teh minhmai ramuknae hoi a ramuk.
34 ၃၄ ထာဝရဘုရား ရှေ့ တော်သို့ ဝင် ၍လျှောက်သောအခါ ၊ မ ထွက် မှီတိုင်အောင်မျက်နှာဖုံး ကို ချွတ် ထား၏။ တဖန် ထွက် ၍ အမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ၏။
Hatei ahni hoi lawk kâpato hanelah BAWIPA hmalah Mosi a luen nah tangkuem vah, bout a pato hoehroukrak a minhmai ramuknae hah ouk a hawng. Hahoi a pato teh kâ a poe e naw hah Isarelnaw koe ouk a dei pouh.
35 ၃၅ သူ ၏မျက်နှာ အရေ ထွန်းပ ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် မြင် ကြလျှင် ၊ တဖန် အထဲသို့ ဝင်၍ မ လျှောက် မှီတိုင်အောင်မိမိ မျက်နှာ ကို ဖုံးအုပ် ပြန်၏။
Isarelnaw ni Mosi minhmai a khet awh nah tangkuem vah, Mosi minhmai vuen teh a ang. Hahoi Mosi teh Cathut hoi kâpato hanelah a kâen hoehroukrak a minhmai ramuknae hoi a minhmai teh ouk a ramuk.