< ထွက်မြောက်ရာ 33 >

1 တဖန် ထာဝရဘုရား က၊ သင် မှစ၍ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော လူ တို့၊ ဤ အရပ်မှ ထွက် ၍ သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် ၌ ငါကျိန်ဆို သော ပြည် သို့ သွား ကြလော့။
Then the LORD said to Moses, “Leave this place, you and the people you brought up out of the land of Egypt, and go to the land that I promised to Abraham, Isaac, and Jacob when I said, ‘I will give it to your descendants.’
2 ကောင်းကင်တမန် ကိုလည်း သင် တို့ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူသည်ခါနနိ လူ၊ အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို နှင်ထုတ်၍၊
And I will send an angel before you, and I will drive out the Canaanites, Amorites, Hittites, Perizzites, Hivites, and Jebusites.
3 နို့ နှင့် ပျားရည် စီး သော ပြည် သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင် မ သွား။ သင် တို့သည် လည်ပင်း ခိုင်မာ သောလူမျိုး ဖြစ်သောကြောင့် ၊ လမ်း ၌ သွားစဉ် သင် တို့ကို ငါဖျက်ဆီး မည် စိုးရိမ် စရာရှိသည်ဟု မောရှေ အား မိန့် တော်မူ၏။
Go up to a land flowing with milk and honey. But I will not go with you, because you are a stiff-necked people; otherwise, I might destroy you on the way.”
4 ထို မကောင်း သော သိတင်း ကို လူ များတို့သည်ကြား သောအခါ ၊ ငိုကြွေး မြည်တမ်းလျက် ၊ အဘယ်သူမျှ တန်ဆာ မ ဆင် ဘဲနေကြ၏။
When the people heard these bad tidings, they went into mourning, and no one put on any of his jewelry.
5 အကြောင်း မူကား၊ ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား ကို ဆင့်ဆို ရမည်မှာ၊ သင် တို့သည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်ကြ၏။ သင်တို့အလယ် ၌ ချက်ချင်း ငါပေါ်လာ ၍ ဖျက်ဆီး မည်။ ထို့ကြောင့်သင် တို့၌ အဘယ်သို့ ငါပြု ရမည်ကို ငါသိ ခြင်းငှါ၊ သင် တို့တန်ဆာ များကို ချွတ် ကြလော့ဟု မောရှေ အား မိန့် တော်မူနှင့်သတည်း။
For the LORD had said to Moses, “Tell the Israelites, ‘You are a stiff-necked people. If I should go with you for a single moment, I would destroy you. Now take off your jewelry, and I will decide what to do with you.’”
6 ဣသရေလ အမျိုးသား တို့သည် ဟောရပ် တောင် ခြေရင်း၌ မိမိ တို့တန်ဆာ များကိုချွတ် ကြ၏။
So the Israelites stripped themselves of their jewelry from Mount Horeb onward.
7 မောရှေ သည် တဲ တော်ကို ယူ ၍ တပ် ပြင် ၌ ခပ်ဝေး ဝေးဆောက် ပြီးလျှင် ၊ ပရိသတ် စည်းဝေး ရာတဲ ဟူ၍ ခေါ် ဝေါ်၏။ ထာဝရဘုရား ကို ရှာ သောသူ အပေါင်း တို့သည် တပ် ပြင် ၌ ရှိသော ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြ၏။
Now Moses used to take the tent and pitch it at a distance outside the camp. He called it the Tent of Meeting, and anyone inquiring of the LORD would go to the Tent of Meeting outside the camp.
8 မောရှေ သည် တဲ တော်သို့ ထွက်သွား သောအခါ ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါး ဝ၌ ရပ် လျက် တဲ တော်အထဲ သို့ မောရှေ ဝင် သည် တိုင်အောင် ကြည့် ရှုလျက်နေကြ၏။
Then, whenever Moses went out to the tent, all the people would stand at the entrances to their own tents and watch Moses until he entered the tent.
9 မောရှေ သည်တဲ တော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ် တိုင် ဆင်းသက် ၍ တဲ တော်တံခါးဝ ၌ ရပ် သဖြင့် ၊ ထာဝရဘုရားသည် မောရှေ နှင့် နှုတ်ဆက် တော်မူ၏။
As Moses entered the tent, the pillar of cloud would come down and remain at the entrance, and the LORD would speak with Moses.
10 ၁၀ တဲ တော်တံခါးဝ ၌ မိုဃ်းတိမ် တိုင် ရပ် နေသည်ကို မြင် လျှင် ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါးဝ ၌ ကိုးကွယ် ကြ၏။
When all the people saw the pillar of cloud standing at the entrance to the tent, they would stand up and worship, each one at the entrance to his own tent.
11 ၁၁ ထာဝရဘုရား သည် အဆွေ ခင်ပွန်းချင်းကို နှုတ်ဆက် တတ်သည် နည်းတူ ၊ မောရှေနှင့် မျက်နှာ ချင်းဆိုင် ၍ နှုတ်ဆက် တော်မူ၏။ မောရှေ သည် တပ် ထဲသို့ ပြန်ဝင် သောအခါ သူ ၏လက်ထောက် နုန် ၏သား ယောရှု မည်သော လုလင် သည်၊ တဲ တော်မှ မ ထွက် ဘဲ နေ၏။
Thus the LORD would speak to Moses face to face, as a man speaks to his friend. Then Moses would return to the camp, but his young assistant Joshua son of Nun would not leave the tent.
12 ၁၂ မောရှေ ကလည်း ၊ ဤ လူ တို့ကို ပို့ဆောင် လော့ဟု ကိုယ်တော် မိန့် တော်မူသည်တွင်၊ အကျွန်ုပ် နှင့်အတူ အဘယ်သူ ကို စေလွှတ် တော်မူသည်ကို အကျွန်ုပ် မ သိ ရ။ သို့သော် လည်းကိုယ်တော် က သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီဟု အကျွန်ုပ်အား မိန့် တော်မူပြီ။
Then Moses said to the LORD, “Look, You have been telling me, ‘Lead this people up,’ but You have not let me know whom You will send with me. Yet You have said, ‘I know you by name, and you have found favor in My sight.’
13 ၁၃ သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ မျက်နှာ ရကြောင်းကို အကျွန်ုပ်သိ ပါမည် အကြောင်း ၊ ကိုယ်တော် ၏လမ်း ကိုပြ တော်မူပါ။ ဤ လူမျိုး သည် ကိုယ်တော် ၏လူ ဖြစ်ကြောင်း ကို ဆင်ခြင် တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆို ၏။
Now if indeed I have found favor in Your sight, please let me know Your ways, that I may know You and find favor in Your sight. Remember that this nation is Your people.”
14 ၁၄ ငါကိုယ်တိုင်သွား ၍ ငြိမ်ဝပ် ခြင်းချမ်းသာကို ပေးမည်ဟု မိန့် တော်မူ၏။
And the LORD answered, “My Presence will go with you, and I will give you rest.”
15 ၁၅ တဖန် မောရှေ က၊ ကိုယ်တော် တိုင် မ သွား လျှင် အကျွန်ုပ် တို့ကို ဤ အရပ်မှ ပို့ တော်မ မူပါနှင့်။
“If Your Presence does not go with us,” Moses replied, “do not lead us up from here.
16 ၁၆ အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် ရှေ့ တော်၌ မျက်နှာ ရသောအကြောင်း သည် အဘယ် သို့ထင်ရှား ပါမည်နည်း။ အကျွန်ုပ် တို့နှင့် ကြွ သွားတော်မူသောအားဖြင့် သာ ထင်ရှားပါမည် မဟုတ် လော။ ထိုသို့ အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် မြေကြီး ပေါ် မှာ ရှိသမျှ သော လူ တို့နှင့် ခြားနား ရပါမည်ဟု လျှောက်ဆိုလျှင်၊
For how then can it be known that Your people and I have found favor in Your sight, unless You go with us? How else will we be distinguished from all the other people on the face of the earth?”
17 ၁၇ ထာဝရဘုရား က၊ သင်လျှောက် သည်အတိုင်း ငါပြု မည်။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီ။ သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏ဟု မောရှေ အား မိန့် တော်မူ၏။
So the LORD said to Moses, “I will do this very thing you have asked, for you have found favor in My sight, and I know you by name.”
18 ၁၈ တဖန် တုံ၊ ကိုယ်တော် ၏ ဘုန်း ကိုအကျွန်ုပ် အား ပြ တော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက် လျှင် ၊
Then Moses said, “Please show me Your glory.”
19 ၁၉ ထာဝရဘုရားက ငါ ၏ကောင်းမွန် ခြင်းရှိသမျှ ကို သင့် ရှေ့ ၌ ငါ ရှောက် သွားစေမည်။ ထာဝရဘုရား ၏နာမ တော်ကိုလည်း၊ သင့် ရှေ့ ၌ ငါကြွေးကြော် မည်။ ငါသည် ကျေးဇူး ပြုလိုသောသူ ကို ကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်။
“I will cause all My goodness to pass before you,” the LORD replied, “and I will proclaim My name—the LORD—in your presence. I will have mercy on whom I have mercy, and I will have compassion on whom I have compassion.”
20 ၂၀ သို့ရာတွင်သင်သည် ငါ့ မျက်နှာ ကို မ မြင် နိုင် ရာ။ ငါ့မျက်နှာကို မြင် လျှင် အသက်ရှင် ရသောလူ တစုံ တယောက်မျှမရှိ ဟူ၍၎င်း၊
But He added, “You cannot see My face, for no one can see Me and live.”
21 ၂၁ ငါ့ အနား မှာ နေရာ တခုရှိ၏။ သင်သည်ကျောက် ပေါ် မှာ ရပ် ရမည်။
The LORD continued, “There is a place near Me where you are to stand upon a rock,
22 ၂၂ ငါ့ ဘုန်း ရှောက် သွားသောအခါ ၊ သင့် ကို ကျောက် ကြား ၌ ငါသွင်း ထား၍ ငါ ကြွ သွားသည်အခိုက်၊ သင့် ကို ငါ့ လက် နှင့် ဖုံးအုပ် မည်။
and when My glory passes by, I will put you in a cleft of the rock and cover you with My hand until I have passed by.
23 ၂၃ ငါ လက် ကို သိမ်း ရုပ်သောအခါ ၊ ငါ့ ကျော ကိုသာ မြင် ရမည်၊ ငါ့ မျက်နှာ ကိုမ မြင် ရဟူ၍၎င်း မိန့် တော်မူ ၏။
Then I will take My hand away, and you will see My back; but My face must not be seen.”

< ထွက်မြောက်ရာ 33 >