< ထွက်မြောက်ရာ 32 >
1 ၁ မောရှေ သည် တောင် ပေါ်မှာ ကြာမြင့် စွာ ရှိနေကြောင်းကို လူ များတို့သည် သိမြင် သောအခါ ၊ အာရုန် ထံသို့စည်းဝေး ကြ၍ ၊ ထ ပါ။ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု ပြော ဆိုကြ၏။
When the people saw that Moses delayed in coming down the mountain, they gathered around Aaron and said to him, “Come, make us an idol that will go before us. As for this Moses, the man who brought us up out of the land of Egypt, we do not know what has happened to him.”
2 ၂ အာရုန် ကလည်း ၊ သင် တို့မယား သား သမီး များ၏ နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ ငါ့ ထံသို့ ဆောင် ခဲ့ကြဟုဆို လျှင်၊
So Aaron said to them, “Take off the golden rings that are on your wives' ears, and the ears of your sons and daughters, and bring them to me.”
3 ၃ လူ အပေါင်း တို့သည် မိမိ တို့နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ အာရုန် ထံသို့ ဆောင် ခဲ့ကြ၏။
All the people took off the golden rings that were on their ears and brought them to Aaron.
4 ၄ အာရုန်သည်လည်း လက်ခံ ၍ ၊ နွား သငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ် နှင့် ရေးသား ပြီးလျှင် သွန်း လေ၏။ လူများတို့ကလည်း အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့်ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောသင် ၏ ဘုရား ဖြစ်တော်မူသည်ဟု ဆို ကြ၏။
He received the gold from them, fashioned it in a mold, and made it into a molded calf. Then the people said, “Israel, this is your god who brought you up out of the land of Egypt.”
5 ၅ အာရုန် သည် ထိုအမှုကို သိမြင် လျှင် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပလ္လင် ကို တည် ၍ ၊ နက်ဖြန် နေ့သည် ထာဝရဘုရား အဘို့ ပွဲခံ ရသောနေ့ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာ စေ၏။
When Aaron saw this, he built an altar before the calf and made a proclamation; he said, “Tomorrow will be a festival in Yahweh's honor.”
6 ၆ နက်ဖြန် နံနက်စောစော လူ တို့သည် ထ၍ ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ပြီးမှ ၊ စား သောက် လျက် ထိုင် နေကြ၏။ နောက်တဖန် ကခုန် မြူးထူးခြင်းငှါ ထ ကြ၏။
The people arose early the next day and offered burnt offerings and brought fellowship offerings. Then they sat down to eat and to drink, and then got up to carouse in wild celebration.
7 ၇ ထာဝရဘုရား က၊ သင်သည် ဆင်း သွား လော့။ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော သင် ၏ လူ တို့သည် ဖေါက်ပြန် ကြပြီ။
Then Yahweh spoke to Moses, “Go quickly, for your people, whom you brought up out of the land of Egypt, have corrupted themselves.
8 ၈ ငါမှာ ထားသော လမ်း မှ အလျင်အမြန် လွှဲ သွား၍၊ နွားသငယ် ရုပ် ကို သွန်း ပြီးလျှင် ၊ အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပူဇော် ကိုးကွယ် ကြပြီဟူ၍၎င်း၊
They have quickly left the way that I commanded them. They have molded for themselves a calf and have worshiped it and sacrificed to it. They have said, 'Israel, this is your god who brought you up out of the land of Egypt.'”
9 ၉ ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သောအမျိုး ဖြစ်၏။
Then Yahweh said to Moses, “I have seen this people. Look, they are a stiff-necked people.
10 ၁၀ သို့ဖြစ်၍ ငါ့ ကို ရှိ စေတော့။ ငါသည် အမျက် ပြင်းစွာထွက်၍ သူ တို့ကို ဖျက်ဆီး မည်။ သင့် ကိုကား ကြီး သော အမျိုး ဖြစ် စေမည်ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
Now then, do not try to stop me. My anger will burn hot against them, so I will destroy them. Then I will make a great nation from you.”
11 ၁၁ မောရှေ ကလည်း ၊ အို ထာဝရဘုရား ၊ ကိုယ်တော်သည် မဟာ တန်ခိုး အားကြီး သော လက် နှင့် အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ကိုယ်တော် ၏ လူ တို့ကို ၊ အဘယ် ကြောင့်အမျက် ပြင်းစွာထွက်တော်မူသနည်း။
But Moses tried to calm down Yahweh his God. He said, “Yahweh, why does your anger burn against your people, whom you have brought out of the land of Egypt with great power and with a mighty hand?
12 ၁၂ အဲဂုတ္တု လူတို့ကလည်း၊ ဘုရားသခင် သည် မကောင်း သော အကြံရှိသဖြင့်၊ သူ တို့ကို တောတောင် များ၌ သတ် ၍ မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းခြင်း အလိုငှါ သာ၊ နှုတ် ဆောင်လေသည်ဟု အဘယ်ကြောင့် ဆို ဘွယ်အကြောင်းရှိရပါမည်နည်း။ ပြင်းစွာ သော အမျက် တော်ကို ပယ် တော်မူပါ။ ကိုယ်တော် ၏ လူ တို့၌ ဤသို့အပြစ် ပေးမည်အကြံကို နောင်တရ တော်မူပါ။
Why should the Egyptians say, 'He led them out with evil intent, to kill them in the mountains and to destroy them from the face of the earth?' Turn from your burning anger and relent from this punishment on your people.
13 ၁၃ ကိုယ်တော်က သင် တို့အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ ငါများပြား စေမည်။ ငါပြော ခဲ့သော ဤ မြေ ရှိသမျှ ကို သင် တို့အမျိုးအနွယ် အား ငါပေး သဖြင့် ၊ သူတို့သည် အစဉ်အမြဲ အမွေခံ ရကြလိမ့်မည်ဟု ကိုယ် ကို ကိုယ်တိုင်တည် ၍ ကျိန်ဆို တော်မူသောစကားကိုခံ ခဲ့ပြီးသော ကိုယ်တော် ၏ ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့ကို အောက်မေ့ တော်မူပါဟု မိမိ ဘုရား သခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် လေ၏။
Call to mind Abraham and Isaac and Israel, your servants, to whom you swore by your own self and said to them, 'I will make your descendants as many as the stars in the heavens, and I will give to your descendants all this land of which I have spoken. They will inherit it forever.'”
14 ၁၄ ထာဝရဘုရား သည် မိမိ လူ တို့အား အပြစ် ပေးမည်အကြံကို နောင်တရ တော်မူ၏။
Then Yahweh relented from the punishment that he had said he would inflict on his people.
15 ၁၅ မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် ယူလျက်၊ လှည့် ၍ တောင် ပေါ်က ဆင်း သွားလေ၏။ ထို ကျောက်ပြားနှစ် မျက်နှာ ၌ အက္ခရာတင် လျက် ရှိ၏။
Then Moses turned around and went down the mountain, carrying the two tablets of the covenant decrees in his hand. The tablets were written on both their sides, on both the front and the back.
16 ၁၆ ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်း တော်မူသောကျောက် ပြား၊ စာ သည်လည်း ဘုရား သခင်အက္ခရာ တင်တော်မူသောစာဖြစ်သတည်း။
The tablets were God's own work, and the writing was God's own writing, engraved on the tablets.
17 ၁၇ လူ များ ကြွေးကြော် သံ ကို ယောရှု သည်ကြား လျှင် ၊ တပ် ၌ စစ်တိုက် သံ ကို ကြားပါသည်ဟု မောရှေ အား ဆို ၏။
When Joshua heard the noise of the people as they shouted, he said to Moses, “There is the noise of combat in the camp.”
18 ၁၈ မောရှေကလည်း၊ ငါ ကြား သော အသံသည် အောင် ၍ ကြွေးကြော် သံ မဟုတ် ၊ ရှုံး ၍ ငိုကြွေး သံ လည်း မဟုတ် ၊ သီချင်းဆို သံ ဖြစ်သတည်းဟု ပြန်ပြော ၏။
But Moses said, “It is not the sound of a victor, and not the sound of defeated people, but the sound of singing that I hear.”
19 ၁၉ တပ် အနီးသို့ ရောက် သောအခါ ၊ နွား သငယ်ကို၎င်း ၊ ကခုန် ခြင်းကို၎င်းမြင် လျှင် ၊ မောရှေ သည် အမျက် ထွက် သဖြင့် ကျောက် ပြားတို့ကို ချ ၍ တောင် ခြေရင်း ၌ ချိုးဖဲ့ ၏။
When Moses approached the camp, he saw the calf and the people dancing. He became very angry. He threw the tablets out of his hands and broke them at the bottom of the mountain.
20 ၂၀ သူတို့လုပ် သော နွား သငယ်ကိုလည်း ယူ ၍ အရည်ကျို ၏။ ညက်ညက်ခြေ ပြီးမှ ရေ ပေါ် မှာ ဖြူး ၍ ဣသရေလ အမျိုးသား တို့ကို သောက် စေ၏။
He took the calf that the people had made, burned it, ground it to powder, and poured it into the water. Then he made the people of Israel drink it.
21 ၂၁ အာရုန် ကို လည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက်ကြီး သော အပြစ် ကို ရောက် စေခြင်းငှါ သူ တို့သည် သင် ၌ အဘယ်သို့ ပြု သနည်းဟုမေး လျှင်၊
Then Moses said to Aaron, “What did this people do to you, that you have brought such a great sin on them?”
22 ၂၂ အာရုန် က၊ သခင် ၊ အမျက် မ ထွက် ပါနှင့်။ ဤလူ တို့သည် မကောင်း သော အကြံရှိကြောင်းကို ကိုယ်တော်သိ ပါ၏။
Aaron said, “Do not let your anger burn hot, my master. You know these people, how they are set on doing evil.
23 ၂၃ သူတို့ကလည်း ၊ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သောသူ ၊ ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု အကျွန်ုပ် အား ပြော ဆိုကြလျှင်၊
They said to me, 'Make us a god who will go before us. As for this Moses, the man who brought us up out of the land of Egypt, we do not know what has happened to him.'
24 ၂၄ အကျွန်ုပ်က၊ ရွှေ ရှိသောသူ သည် ချွတ် စေဟုဆို သည်နှင့် အညီ၊ သူတို့ပေးသော ရွှေ ကို အကျွန်ုပ်သည် မီး ထဲ၌ ထည့် လျှင် ၊ ဤ နွား သငယ်ထွက် လာပါသည်ဟု ပြန်ပြော ၏။
So I said to them, 'Whoever has any gold, let him take it off.' They gave me the gold and I threw it into the fire, and out came this calf.”
25 ၂၅ ထိုသို့ အာရုန် သည် လူ များကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ် စေသည်ဖြစ်၍ ၊ အဝတ်တန်ဆာအချည်းစည်း ရှိကြကြောင်း ကို မောရှေ မြင် သောအခါ၊
Moses saw that the people were running wild (for Aaron had let them get out of control, causing their enemies to mock them).
26 ၂၆ တပ် တံခါးဝ မှာ ရပ် လျက် ၊ ထာဝရဘုရား ဘက် ၌ အဘယ်သူ နေသနည်း။ ငါ့ ထံသို့ လာစေဟုဆို လျှင် ၊ လေဝိ အမျိုးသား အပေါင်း တို့သည် သူ့ ထံ ၌ စည်းဝေး ကြ၏။
Then Moses stood at the entrance to the camp and said, “Whoever is on Yahweh's side, come to me.” All the Levites gathered around him.
27 ၂၇ မောရှေကလည်း၊ လူတိုင်း ထား လွယ် လျက် တပ် တမျက်နှာတံခါးမှ တမျက်နှာတံခါးတိုင်အောင်ထုတ်ချင်းခပ်သွား ၍ ၊ အသီးအသီး မိမိ ညီအစ်ကို ၊ မိမိ အပေါင်း အဘော်၊ မိမိ အိမ်နီးချင်း ကိုသတ် စေဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် ရှိတော်မူသည်ဟု၊
He said to them, “Yahweh, the God of Israel, says this: 'Let each man fasten his sword on his side and go back and forth from entrance to entrance throughout the camp, and kill his brother, his companion, and his neighbor.'”
28 ၂၈ မောရှေ စီရင် သည်အတိုင်း ၊ လေဝိ အမျိုးသား တို့သည် ပြု ၍ ၊ ထိုနေ့ ၌ လူ သုံး ထောင် လောက် သေ ကြ၏။
The Levites did what Moses ordered. That day about three thousand of the people died.
29 ၂၉ တဖန် မောရှေ က၊ ထာဝရဘုရား သည် ယနေ့ ကောင်းကြီး ပေး တော်မူစေခြင်းငှါ ၊ သင်တို့သည် အသီးအသီး ကိုယ်သား ၊ ကိုယ် ညီအစ်ကို ကို ထိခိုက်သောအားဖြင့်၊ သင်တို့ သည် ယနေ့ ကိုယ်ကို ချီးမြှောက် ကြ ပြီးဟု ဆို လေ၏။
Moses said to the Levites, “You have been placed into Yahweh's service today, for each of you has taken action against his son and his brother, so Yahweh might give you a blessing today.”
30 ၃၀ နက်ဖြန် နေ့၌ လည်း ၊ သင် တို့ပြစ်မှား သော အပြစ် ကြီး လှ၏။ ယခု မှာ ထာဝရဘုရား အထံ တော်သို့ ငါတက် သွား၍၊ သင်တို့ အပြစ် ဖြေ နိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေ သည် လူ များတို့အား ဆို ပြီးမှ၊
The next day Moses said to the people, “You have committed a very great sin. Now I will go up to Yahweh. Perhaps I can make atonement for your sin.”
31 ၃၁ ထာဝရဘုရား အထံ တော်သို့ ပြန် သွား၍ ၊ အို ဘုရားသခင်၊ ဤ လူ တို့သည် ပြစ်မှား သော အပြစ် ကြီး လှပါ၏။ မိမိ တို့အဘို့ ရွှေ ဘုရား ကို လုပ် ပါပြီ။
Moses returned to Yahweh and said, “Oh, these people have committed a great sin and made themselves an idol of gold.
32 ၃၂ သို့ သော်လည်းသူ တို့အပြစ် ကို လွှတ်ခြင်းငှါအလို တော်ရှိလျှင် လွှတ် တော်မူပါ။ သို့မဟုတ် ၊ ကိုယ်တော် စီရင် တော်မူသော စာရင်း ၌ အကျွန်ုပ် နာမကို ချေ တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
But now, please forgive their sin; but if you do not, blot me out of the book that you have written.”
33 ၃၃ ထာဝရဘုရား က၊ အကြင်သူ သည် ငါ့ ကို ပြစ်မှား ၏၊ ထိုသူ ၏ နာမကို ငါ့ စာရင်း ၌ ငါချေ မည်။
Yahweh said to Moses, “Whoever has sinned against me, that person I will blot out of my book.
34 ၃၄ သို့ဖြစ်၍ငါမှာ ထားသောအရပ် သို့ သူ တို့ကို ယခု သွား ၍ ပို့ဆောင် လော့။ ငါ့ တမန် သည် သင့် ရှေ့ မှာ သွား လိမ့်မည်။ သို့ သော်လည်းငါ သည် အကြည့် အရှုကြွလာသောအခါ ၊ သူ တို့၌ အပြစ် ပေးလျက် ကြွလာမည်ကို မိန့် တော်မူ၏။
So now go, lead the people to the place of which I have spoken to you. See, my angel will go before you. But on the day that I punish them, I will punish them for their sin.”
35 ၃၅ အာရုန် နှင့် လူများ တို့သည် နွားသငယ် ကို လုပ် ကြသောကြောင့် သူ တို့ကို ဒဏ်ခတ်တော်မူ ၏။
Yahweh sent a plague on the people because they had made the calf, the one that Aaron made.