< ထွက်မြောက်ရာ 31 >

1 တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊
OLELO mai o Iehova ia Mose, i mai la,
2 နားထောင် လော့၊ ငါသည် ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ ကို အမည် ဖြင့် ခန့် ထား၏။
E nana hoi, ua kahea aku au ma ka inoa, ia Bezalela, i ke keiki a Uri, i ka keiki a Hura, no ka ohana a Iuda.
3 သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့် အမျိုးမျိုး သောအလုပ် ကို ထူးဆန်းစွာလုပ် တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုး တို့ကို ငါပေး၍ ဘုရားသခင် ၏ဝိညာဉ် တော်နှင့် ပြည့်စုံ စေ၏။
A ua hoopiha au ia ia i ka uhane o ke Akua, ma ke akamai, ma ka naauao, ma ka ike, a ma ka hana ana i na mea a pau,
4
E imi i na mea akamai, e hana hoi ma ke gala, a ma ke kala, a ma ke keleawe,
5
A i ke okioki pohaku, i mea kapili: a i ke kalai ana i ka laau e hana hoi i na hana a pau.
6 သူနှင့်အတူ ဒန် အမျိုးသား အဟိသမက် ၏သား ၊ အဟောလျဘ ကိုလည်း ငါခန့် ထား၏။ ငါသည် သင့် အား မှာ ထားသမျှ တို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ် တတ်မည်အကြောင်း ၊ သူတို့နှလုံး ထဲသို့ ဉာဏ် ပညာကို ငါသွင်း ထားပြီ။
A owau, aia hoi, ua haawi no wau ia Aholiaba nona, i ke keiki a Ahisamaka, no ka ohana a Dana; a ua haawi no wau i ke akamai maloko o ka naau o ka poe a pau i naauao, i hana lakou i na mea a pau a'u i kauoha aku at ia oe:
7 ထိုသူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်၊ သက်သေခံ ချက်သေတ္တာ ၊ သေတ္တာ အပေါ် မှာ တင်သော သေတ္တာအဖုံး ၊ တဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
I ka halelewa o ke anaina kanaka, a me ka pahu kanawai, a me ka noho aloha maluna iho, a me ka oihana a pau o ka halelewa,
8 စားပွဲ နှင့် စားပွဲတန်ဆာ ကို၎င်း ၊ စင်ကြယ် သော မီးခုံ နှင့် မီးခုံတန်ဆာ ရှိသမျှ ကို၎င်း၊ နံ့သာ ပေါင်း ရှို့သော ပလ္လင် ၊
A me ka papaaina, a me kona oihana, a me ka ipukukui, me kona oihana a pau, a me ke kuahu no ka mea ala,
9 မီးရှို့ ရာယဇ်ပူဇော်သော ပလ္လင် တန်ဆာ ရှိသမျှ ကို၎င်း၊
A me ke kuahu no ka mohaikuni a me kona oihana a pau, a me ka ipu auau, a me kona kumu,
10 ၁၀ အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား ဝတ် ဘို့ သန့်ရှင်း သောအဝတ် ကို၎င်း၊
A me na lole hana, a me na kahiko laa no Aarona ke kahuna, a me na kahiko no kana mau keikikane e lawelawe ai ma ka oihana kahuna,
11 ၁၁ လိမ်း စရာဆီ နှင့် သန့်ရှင်း ရာဌာန၌ သုံးဘို့ နံ့သာ ပေါင်းမွှေး ကို၎င်း၊ ငါမှာ ထားသမျှ အတိုင်း လုပ် ရကြမည် ဟု မိန့် တော်မူ၏။
A me ka aila poni, a mo ka mea ala maikai no kahi laa; e like me na mea a pau a'u i kauoha aku ai ia oe, pela laua e hana'i.
12 ၁၂ တဖန် ထာဝရဘုရား က၊ သင် သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
Olelo mai la o Iehova ia Mose, i mai la,
13 ၁၃ ငါ သည် သင် တို့ကို သန့်ရှင်း စေသော ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှါ ၊ ငါနှင့်သင် တို့၏ သား စဉ်မြေးဆက် စပ်ကြား ၌ လက္ခဏာ သက်သေဖြစ်ဘို့ ရာ၊ ငါ့ ဥပုသ် နေ့ကို စင်စစ် စောင့် ရကြမည်။
E olelo aku oe i na mamo a Iseraela, e i aku, E malama io oukou i ko'u mau sabati, no ka mea, he hoailona ia mawaena o'u a me oukou, i ko oukou mau hanauna; i ike hoi oukou, owau no Iehova, ka mea hoolaa ia oukou.
14 ၁၄ ဥပုသ် နေ့သည် သင် တို့အား သန့်ရှင်း သောကြောင့် ထိုနေ့ကို စောင့် ရကြမည်။ ဥပုသ် နေ့ကို ဖျက် သောသူတိုင်း အသေခံ ရမည်။ ထိုနေ့ ၌ အလုပ်လုပ် သော သူမည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်။
Nolaila oukou e malama'i i ka sabati; no ka mea, ua hoanoia ia no oukou, O kela mea keia mea hoohaumia ia la, e oiaio no e pepehiia oia: no ka mea, o ka mea hana i ka hana ia la, e okiia kela kanaka, mai kona poe kanaka aku.
15 ၁၅ ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ သည် ထာဝရဘုရား အား သန့်ရှင်း ၍ ငြိမ် ရသောဥပုသ် နေ့ဖြစ်၏။ ဥပုသ် နေ့ ၌ အလုပ် လုပ် သောသူမည်သည်ကား၊ ဧကန်အမှန် အသေ ခံရမည်။
Eono la e hanain'i ka hana, aka o ka hiku, he sabati ia e hoomaha'i, he mea laa no Iehova, o ka mea hana i kekahi hana i ka sabati, e oiaio no e pepehiia oia.
16 ၁၆ သို့ဖြစ်၍ ဣသရေလ အမျိုးသား အစဉ် အဆက်တို့သည်၊ ထာဝရ ပဋိညာဉ် ဖြစ်စေခြင်းငှါ ၊ ဥပုသ် နေ့ရက်အစဉ်အတိုင်းဥပုသ် စောင့် ရကြမည်။
A e malama na mamo a Iseraela i ka sabati e hooponopono i ka sabati, i ko lakou hanauna, i berita mau loa.
17 ၁၇ ထိုသို့ စောင့်လျှင်၊ ငါ နှင့် ဣသရေလ အမျိုးသား စပ်ကြား ၌ ထာဝရ လက္ခဏာ သက်သေဖြစ်လိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် နှင့် မြေကြီး ကို၊ ခြောက် ရက် တွင် ဖန်ဆင်း ၍ ၊ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
He hoailona mau loa ia mawaena o'u a me na mamo a Iseraela; no ka mea, i na la eono i hana'i o Iehova i ka lani, a me ka honua, a i ka hiku o ka la, hoomaha oia, a oluolu iho la,
18 ၁၈ ထိုသို့ ဘုရားသခင် သည် သိနာ တောင် ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး ၌၊ လက်ညှိုး တော်နှင့် အက္ခရာတင် သော သက်သေခံ ချက်၊ ကျောက် ပြား နှစ် ပြားကိုပေး တော်မူ၏။
A i kona hoopau ana i ke kamailio me Mose, maluna o ka mauna o Sinai, haawi mai la oia ia ia i elua papa kanawai he mau papa pohaku, ua kahakahaia e ka lima o ke Akua.

< ထွက်မြောက်ရာ 31 >