< ထွက်မြောက်ရာ 30 >

1 တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့ စရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့် လုပ် ရမည်။
"You shall make an altar to burn incense on. You shall make it of acacia wood.
2 ထိုပလ္လင်သည် အလျား တတောင် ၊ အနံ တတောင် ၊ စတုရန်း လေးထောင့်ဖြစ်၍ ၊ အမြင့် နှစ်တောင် ရှိ ရမည်။ ဦးချို တို့ကိုလည်း အကာရှသား ဖြင့် ပြီး စေရမည်။
Its length shall be a twenty-one inches, and its breadth twenty-one inches. It shall be square, and its height shall be three feet five inches.
3 ပလ္လင်ထိပ် ၊ နံရံ ၊ ဦးချို တို့ကို ရွှေ စင် နှင့် မွမ်းမံ ၍ ၊ အပေါ်နားပတ်လည် ၌ ကွပ်သော ရွှေ တန်ဆာ ကိုလည်း လုပ် ရမည်။
You shall overlay it with pure gold, its top, its sides around it, and its horns; and you shall make a gold molding around it.
4 ရွှေတန်ဆာ အောက်၊ ပလ္လင် တဘက် တချက်ထောင့်၌ ရွှေ ကွင်း နှစ် ကွင်းကို လုပ် ၍၊ ပလ္လင် ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။
You shall make two golden rings for it under its molding; on its two ribs, on its two sides you shall make them; and they shall be for places for poles with which to bear it.
5 ထမ်းဘိုး တို့ကို အကာရှ သား နှင့် လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။
You shall make the poles of acacia wood, and overlay them with gold.
6 ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ သက်သေခံ ချက် ထားသောသေတ္တာ ကို၊ ကာသော ကုလားကာ ရှေ့ ၌ ထိုပလ္လင် ကို ထား ရမည်။
You shall put it before the veil that is by the ark of the testimony, before the mercy seat that is over the testimony, where I will meet with you.
7 အာရုန် သည် နံနက် တိုင်း မီးခွက် တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေး သော နံ့သာ ပေါင်းကို ရှို့ ရမည်။
Aaron shall burn incense of sweet spices on it every morning. When he tends the lamps, he shall burn it.
8 ညဦး ယံ၌ လည်း မီးခွက် တို့ကို ထွန်း သောအခါ ၊ ထိုပလ္လင်ပေါ်မှာ နံ့သာ ပေါင်းကို ရှို့ ရမည်။ ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ ပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။
When Aaron lights the lamps at evening, he shall burn it, a perpetual incense before Jehovah throughout your generations.
9 ထိုပလ္လင် ပေါ် မှာ ထူးခြား သော နံ့သာ ပေါင်းကို မရှို့ရ။ မီးရှို့ သော ယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သက္ကာ ကိုလည်း မပြုရ။ သွန်းလောင်း ရာ ပူဇော်သက္ကာကိုလည်း မ ပြု ရ။
You shall offer no strange incense on it, nor burnt offering, nor meal offering; and you shall pour no drink offering on it.
10 ၁၀ အာရုန် သည် တနှစ် တခါ အပြစ် ဖြေ ရာယဇ် ကောင်အသွေး ကိုယူ၍၊ ထိုပလ္လင် ၏ ဦးချို တို့၌ အပြစ် ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင် တို့သား စဉ်မြေးဆက်တို့သည် တနှစ် တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရား အား အလွန်သန့်ရှင်း သော ယဇ်ပလ္လင်ဖြစ်သည်။
Aaron shall make atonement on its horns once in the year; with the blood of the sin offering of atonement once in the year he shall make atonement for it throughout your generations. It is most holy to Jehovah."
11 ၁၁ တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
Jehovah spoke to Moses, saying,
12 ၁၂ ဣသရေလ အမျိုးသား တို့ကို ရေတွက် ၍ စာရင်းယူသောအခါ ၊ ဘေး လွတ် မည်အကြောင်းရှိသမျှတို့ သည် အသီးအသီးမိမိ အသက် ရွေးရန် အဘိုး ကို ထာဝရဘုရား အား ဆက်ကပ် ရမည်။
"When you take a census of the children of Israel, according to those who are numbered among them, then each man shall give a ransom for his soul to Jehovah, when you number them; that there be no plague among them when you number them.
13 ၁၃ ရေတွက် ၍ စာရင်းဝင် သော သူအပေါင်း တို့သည် အကျပ် တော်အလိုက် ၊ ငွေအကျပ် တဝက် စီ ထာဝရဘုရား အား ဆက်ကပ် ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။
They shall give this, everyone who passes over to those who are numbered, half a shekel after the shekel of the sanctuary; (the shekel is twenty gerahs; ) half a shekel for an offering to Jehovah.
14 ၁၄ အသက် နှစ်ဆယ် မှစ၍ ၊ ပိုလွန် သောသူ အပေါင်း တို့သည် စာရင်း ဝင်၍၊ ထိုသို့သော ပူဇော် သက္ကာကို ထာဝရဘုရား အားပြု ရမည်။
Everyone who passes over to those who are numbered, from twenty years old and upward, shall give the offering to Jehovah.
15 ၁၅ ကိုယ် အသက် ကို ရွေး ခြင်းငှါ ၊ ထာဝရဘုရား အား ပူဇော် သက္ကာကို ပြု သောအခါ၊ ငွေ ရတတ်သောသူတို့ သည် မ ပို ၊ ဆင်းရဲ သောသူတို့ သည် မ လျှော့ ဘဲ၊ လူတိုင်း အကျပ် တဝက် စီ ပေးရမည်။
The rich shall not give more, and the poor shall not give less, than the half shekel, when they give the offering of Jehovah, to make atonement for your souls.
16 ၁၆ ဣသရေလ အမျိုးသား တို့၏ အရွေး ငွေ ကို ယူ ၍ သူ တို့အသက် ကို ရွေး ခြင်းငှာ ၊ ထာဝရဘုရား ရှေ့ တော်၌ ဣသရေလ အမျိုးသား တို့၏ သက်သေ ဖြစ် ရမည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်စရိတ် အဘို့ အလိုငှာ ထား ရမည်ဟု မိန့် တော်မူ၏။
You shall take the atonement money from the children of Israel, and shall appoint it for the service of the Tent of Meeting; that it may be a memorial for the children of Israel before Jehovah, to make atonement for your souls."
17 ၁၇ တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
Jehovah spoke to Moses, saying,
18 ၁၈ အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေး စရာဘို့ ကြေးဝါ ခြေထောက် ပါသောကြေးဝါ အင်တုံ ကို လုပ် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် ယဇ်ပလ္လင် စပ်ကြား ၌ ထား ရမည်။
"You shall also make a basin of bronze, and its base of bronze, in which to wash. You shall put it between the Tent of Meeting and the altar, and you shall put water in it.
19 ၁၉ သူ တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဝင် သော် ၎င်း၊
Aaron and his sons shall wash their hands and their feet in it.
20 ၂၀ အမှုတော် ကို ထမ်း၍ ထာဝရဘုရား အား မီးရှို့ သောယဇ်ကို ပူဇော် ခြင်းငှာ ၊ ယဇ်ပလ္လင် အနားသို့ ချဉ်းကပ် သော် ၎င်း၊
When they go into the Tent of Meeting, they shall wash with water, that they not die; or when they come near to the altar to minister, to burn an offering made by fire to Jehovah.
21 ၂၁ သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ မိမိတို့လက်ခြေကို ဆေး ရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်းဟု မိန့် တော်မူ၏။
So they shall wash their hands and their feet, that they not die: and it shall be a statute forever to them, even to him and to his descendants throughout their generations."
22 ၂၂ တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊
Moreover Jehovah spoke to Moses, saying,
23 ၂၃ သင် သည် မြတ်သောနံ့သာ မျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ် သော မုရန် စေး အကျပ်ငါးရာ ၊ မွှေး သော သစ်ကြံပိုး နှစ်ရာ ငါးဆယ် ၊ မွှေး သောကြံ နှစ်ရာ ငါးဆယ် ၊
"Also take fine spices: of liquid myrrh, five hundred shekels; and of fragrant cinnamon half as much, even two hundred and fifty; and of fragrant cane, two hundred and fifty;
24 ၂၄ သစ်ကြံပိုး တမျိုးငါးရာ ၊ သံလွင် ဆီ တဟိန် ကို ယူ၍၊
and of cassia five hundred, after the shekel of the sanctuary; and a hin of olive oil.
25 ၂၅ ဆေးသမားအတတ် နှင့် ဖယောင်း ဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်း ရန်ဆီ တည်းဟူသောသန့်ရှင်း သော နံ့သာ ဆီကို ဘော် ပြီးမှ ၊
You shall make it a holy anointing oil, a perfume compounded after the art of the perfumer: it shall be a holy anointing oil.
26 ၂၆ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် သက်သေခံ ချက်သေတ္တာ ကို၎င်း၊
You shall use it to anoint the Tent of Meeting, the ark of the testimony,
27 ၂၇ စားပွဲ နှင့် စားပွဲတန်ဆာ ရှိသမျှ ကို၎င်း၊ မီးခုံ နှင့် မီးခုံတန်ဆာ ကို၎င်း ၊ နံ့သာ ပေါင်းရှို့သောပလ္လင် ၊
the table and all its articles, the lampstand and its accessories, the altar of incense,
28 ၂၈ မီးရှို့ ရာ ယဇ်ပူဇော်သောပလ္လင် နှင့် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် အင်တုံခြေထောက် ကို၎င်း၊ ထိုနံ့သာ ဆီနှင့် လိမ်း သဖြင့် ၊
the altar of burnt offering with all its utensils, and the basin with its base.
29 ၂၉ ထို အရာတို့ကို အလွန်သန့်ရှင်း စေ ခြင်းငှာ ၊ ထိုသို့ သန့်ရှင်း စေရမည်။ ထို အရာတို့နှင့် တွေ့ သမျှသော အရာသည် သန့်ရှင်း သောအရာဖြစ်ရမည်။
You shall sanctify them, that they may be most holy. Whatever touches them shall be holy.
30 ၃၀ အာရုန် နှင့် သူ ၏သား တို့ကို လိမ်း ၍ ၊ သူ တို့သည် ငါ့ ရှေ့ ၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှာ ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရမည်။
You shall anoint Aaron and his sons, and sanctify them, that they may minister to me in the priest's office.
31 ၃၁ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သား စဉ်မြေးဆက်အပေါင်းတို့၌ ဤဆီ သည်၊ ငါ့ အဘို့ သန့်ရှင်း သော လိမ်း ရန်ဆီ ဖြစ် ရမည်။
You shall speak to the children of Israel, saying, 'This shall be a holy anointing oil to me throughout your generations.
32 ၃၂ လူ ၏ကိုယ် ပေါ် မှာ မ လောင်း ရ။ ထိုဆီကို ဘော်သည်နည်းတူ ၊ အခြားသောဆီကို မ ဘော် ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။
It shall not be poured on man's flesh, neither shall you make any like it, according to its composition: it is holy. It shall be holy to you.
33 ၃၃ ထိုဆီနှင့်တူ အောင် ဘော် သော သူ ၊ မ ဆိုင်သောလူ၌ လိမ်း သောသူ မည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။
Whoever compounds any like it, or whoever puts any of it on a stranger, he shall be cut off from his people.'"
34 ၃၄ တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသောနတပ်စေး ၊ မွှေး သော ငါးခွံ ၊ ဂါလဗန် စေး၊ စင် သော လောဗန် စေးတို့ကို အညီအမျှ ချိန် ယူ၍ ၊
Jehovah said to Moses, "Take to yourself sweet spices, gum resin, and onycha, and galbanum; sweet spices with pure frankincense: of each shall there be an equal weight;
35 ၃၅ ဆေးသမားအတတ် နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူရောနှော၍၊ သန့်ရှင်း စင်ကြယ် သော နံ့သာ ပေါင်းကို ဘော် ရမည်။
and you shall make incense of it, a perfume after the art of the perfumer, seasoned with salt, pure and holy:
36 ၃၆ အချို့ ကိုလည်း ညက်ညက်ထောင်း ပြီးမှ ၊ ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ ပရိသတ်စည်းဝေး ရာတဲ တော်၌ သက်သေခံ ချက်ရှေ့ မှာ ထား ရမည်။ သင် တို့တွင် အလွန်သန့်ရှင်း ရမည်။
and you shall beat some of it very small, and put some of it before the testimony in the Tent of Meeting, where I will meet with you. It shall be to you most holy.
37 ၃၇ ထိုသို့ သောနံ့သာ ပေါင်းကို ဘော် သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ် သုံးဘို့ မ ဘော် ရ။ သင် တို့တွင် ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
The incense which you shall make, according to its composition you shall not make for yourselves: it shall be to you holy for Jehovah.
38 ၃၈ အကြင် သူ သည် မိမိရှူ စရာဘို့ ထိုနံ့သာပေါင်း နှင့် တူ အောင်ဘော် ၏။ ထိုသူသည် မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။
Whoever shall make any like that, to smell of it, he shall be cut off from his people."

< ထွက်မြောက်ရာ 30 >