< ထွက်မြောက်ရာ 3 >

1 မောရှေ သည်၊ မိမိ ယောက္ခမ မိဒျန် ယဇ်ပုရောဟိတ် ယေသရော ၏သိုး ဆိတ်များကို ထိန်း စဉ် ၊ တော နောက်ဘက်သို့ ဆောင်သွား ၍ ၊ ဟောရပ် အမည်ရှိသောဘုရား သခင်၏တောင် သို့ ရောက် လေ၏။
A Mojsije pasijaše stado Jotoru tastu svojemu, svešteniku Madijamskomu, i odvede stado preko pustinje, i doðe na goru Božiju Horiv.
2 ထိုအခါ ဘုရား သခင်၏ ကောင်းကင်တမန် သည် ချုံ ထဲ က ထွက်သော မီးလျှံ ၌ ထင်ရှား ၏။ မောရှေသည် ကြည့် သောအခါ ၊ မီး လောင် ၍ ချုံ မ ကျွမ်း ဘဲ ရှိသည်ကို မြင် လျှင်၊
I javi mu se anðeo Gospodnji u plamenu ognjenom iz kupine. I pogleda, a to kupina ognjem gori a ne sagorijeva.
3 အဘယ်ကြောင့် ချုံ မ ကျွမ်း ဘဲရှိသနည်း။ ဤ ထူးဆန်း သောရူပါရုံ ကို ငါသွား ၍ ကြည့်ရှု မည်ဟုဆို ၏။
I Mojsije reèe: idem da vidim tu utvaru veliku, zašto ne sagorijeva kupina.
4 မောရှေသွား ၍ ကြည့်ရှု ကြောင်း ကို ထာဝရဘုရား မြင် တော်မူလျှင် ၊ မောရှေ ၊ မောရှေ ဟု ချုံ ထဲ က ခေါ် တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လေ၏။
A Gospod kad ga vidje gdje ide da vidi, viknu ga Bog iz kupine, i reèe: Mojsije! Mojsije! A on odgovori: evo me.
5 ဘုရားသခင်ကလည်း၊ မ ချဉ်း နှင့်။ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သော အရပ် ကား သန့်ရှင်း သော မြေ ဖြစ်သည်ဟူ၍၎င်း၊
A Bog reèe: ne idi ovamo. Izuj obuæu svoju s nogu svojih, jer je mjesto gdje stojiš sveta zemlja.
6 ငါ သည်သင့် အဘ ၏ဘုရား ၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ်သည်ဟူ၍၎င်း မိန့် တော်မူ၏။ မောရှေ သည် ဘုရား သခင်ကို မ ကြည့် ဝံ့၊ မိမိ မျက်နှာ ကို ဖုံး လျက်နေ၏။
Još reèe: ja sam Bog oca tvojega, Bog Avramov, Bog Isakov i Bog Jakovljev. A Mojsije zakloni lice svoje, jer ga strah bijaše gledati u Boga.
7 ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသောငါ ၏လူ တို့ခံရသောညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ကို စေခိုင်း သော သခင်တို့ကြောင့် သူ တို့မြည်တမ်း သောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့နာကြည်း ခြင်း ဝေဒနာကို ငါသိ ၏။
I reèe Gospod: dobro vidjeh nevolju naroda svojega u Misiru, i èuh viku njegovu od zla koje mu èine nastojnici, jer poznah muku njegovu.
8 သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
I siðoh da ga izbavim iz ruku Misirskih, i da ga izvedem iz one zemlje u zemlju dobru i prostranu, u zemlju gdje mlijeko i med teèe, na mjesto gdje su Hananeji i Heteji i Amoreji i Ferezeji i Jeveji i Jevuseji.
9 ယခု တွင်လည်း ဣသရေလ အမျိုးသား တို့ ငိုကြွေးသောအသံ သည် ငါ့ ထံ သို့တက်ရောက် ၍ ၊ သူ တို့ကို အဲဂုတ္တု လူတို့သည် ညှဉ်းဆဲ ခြင်းအမှုကိုလည်း ငါမြင် ရပြီ။
I sada evo vika sinova Izrailjevijeh doðe preda me, i vidjeh muku, kojom ih muèe Misirci.
10 ၁၀ ထိုကြောင့် ယခု သွား လော့။ သင်သည် ငါ ၏လူ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင် မည်အကြောင်း ၊ သင့် ကိုဖါရော ဘုရင်ထံ သို့ငါစေလွှတ် မည်ဟု မိန့် တော်မူ၏။
Sada hajde da te pošljem k Faraonu, da izvedeš narod moj, sinove Izrailjeve, iz Misira.
11 ၁၁ မောရှေ ကလည်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူဖြစ်၍၊ ဖါရော ဘုရင်ထံ သို့ဝင် သဖြင့် ၊ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်ရပါမည်နည်းဟု ဘုရား သခင်အား လျှောက် လျှင်၊
A Mojsije reèe Bogu: ko sam ja da idem k Faraonu i da izvedem sinove Izrailjeve iz Misira?
12 ၁၂ ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့် ဘက် ၌ရှိ လိမ့်မည်။ ငါ သည် သင့် ကိုစေလွှတ် ခြင်း လက္ခဏာ သက်သေဟူမူကား၊ သင် သည်ထို လူ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်ပြီးလျှင်၊ ဤ တောင် ပေါ် မှာ ဘုရား သခင်အား ဝတ်ပြု ရကြလိမ့်မည်ဟု မိန့် တော်မူ၏။
A Bog mu reèe: ja æu biti s tobom, i ovo neka ti bude znak da sam te ja poslao: kad izvedeš narod iz Misira, služiæete Bogu na ovoj gori.
13 ၁၃ မောရှေ ကလည်း ၊ အကျွန်ုပ် သည် ဣသရေလ အမျိုးသား တို့ ရှိရာသို့ ရောက် ၍ ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်သည် ငါ့ ကိုသင် တို့ ရှိရာသို့ စေလွှတ် တော်မူပြီဟု အကျွန်ုပ်ဆို လျှင်၊ သူတို့က၊ ထိုဘုရား သခင်၏ နာမ တော်ကား အဘယ်သို့ နည်းဟု အကျွန်ုပ် ကို ပြန်၍ မေး သောအခါ ၊ အဘယ်သို့ ပြန်ပြော ရပါမည်နည်းဟု ဘုရား သခင်အား မေး လျှောက်လေ၏။
A Mojsije reèe Bogu: evo, kad otidem k sinovima Izrailjevijem, pa im reèem: Bog otaca vaših posla me k vama, ako mi reku: kako mu je ime? šta æu im kazati?
14 ၁၄ ဘုရား သခင်ကလည်း ၊ ငါဖြစ် သည်အတိုင်း ငါဖြစ် ၏ဟူ၍၎င်း ၊ ငါဖြစ် သည်ဟု အမည်ရှိသောသူသည်၊ ငါ့ ကိုသင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြော လော့ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
A Gospod reèe Mojsiju: ja sam onaj što jest. I reèe: tako æeš kazati sinovima Izrailjevijem: koji jest, on me posla k vama.
15 ၁၅ တဖန် ဘုရား သခင်က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည်၊ ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြော ရမည်။ ထို အမည်သည် အစဉ် ငါ့ အမည် ဖြစ်၏။ လူမျိုး အစဉ်အဆက် မပြတ် ငါ့ ဘွဲ့ နာမ ဖြစ်၏။
I opet reèe Bog Mojsiju: ovako kaži sinovima Izrailjevijem: Gospod Bog otaca vaših, Bog Avramov, Bog Isakov i Bog Jakovljev posla me k vama; to je ime moje dovijeka, i to je spomen moj od koljena na koljeno.
16 ၁၆ သွား ၍ ဣသရေလ အမျိုးအသက်ကြီး သူတို့ကို စုဝေး စေပြီးလျှင် ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားတည်းဟူသောထာဝရဘုရား သည် ငါ့ အား ထင်ရှား တော်မူလျက်၊ အကယ်စင်စစ်သင် တို့ကို ငါအကြည့်အရှု လာ၍၊ အဲဂုတ္တု ပြည်၌ သင် တို့အား ပြု သောအမှုကိုငါမြင်ပြီ။
Idi, i skupi starješine Izrailjske, pa im reci: Gospod Bog otaca vaših javi mi se, Bog Avramov, Isakov i Jakovljev, govoreæi: doista obidoh vas, i vidjeh kako vam je u Misiru.
17 ၁၇ အဲဂုတ္တု ပြည်၌ ခံရသောဒုက္ခ ထဲက သင် တို့ကို ငါနှုတ်၍၊ ခါနနိ လူ၊ ဟိတ္တ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် မည် ငါဂတိ ရှိသည်ဟု မိန့် တော်မူပြီဟု သူ တို့အား ပြော လော့။
Pa rekoh: izvešæu vas iz nevolje Misirske u zemlju Hananejsku i Hetejsku i Amorejsku i Ferezejsku i Jevejsku i Jevusejsku, u zemlju gdje teèe mlijeko i med.
18 ၁၈ သူတို့သည် သင် ၏စကား ကို နားထောင် ၍ ၊ သင် သည် ဣသရေလ အမျိုးသားအသက်ကြီး သူများပါလျက်၊ အဲဂုတ္တု ရှင်ဘုရင် ထံ သို့ဝင် သဖြင့် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့် တွေ့ တော်မူပြီ။ အကျွန်ုပ် တို့၏ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ခြင်းငှါတော သို့ သုံး ရက် ခရီး သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ရမည်။
I oni æe poslušati glas tvoj; pa æeš ti i starješine Izrailjske otiæi k caru Misirskom, i reæi æete mu: Gospod Bog Jevrejski srete nas, pa ti se molimo da izidemo tri dana hoda u pustinju da prinesemo žrtvu Gospodu Bogu svojemu.
19 ၁၉ အဲဂုတ္တု ရှင်ဘုရင် သည် ကြီးစွာ သောတန်ခိုး ကို မ တွေ့မမြင်လျှင် ၊ သွား ရသောအခွင့်ကို သင် တို့အား မ ပေး ကြောင်းကို ငါ သိ ၏။
A ja znam da vam neæe dopustiti car Misirski da izidete bez ruke krjepke.
20 ၂၀ ငါ သည်လည်း လက် ကိုဆန့် ၍ ၊ အဲဂုတ္တု ပြည်ထဲ ၌ ငါပြု လတံ့သော ငါ ၏အံ့ဘွယ် သောအမှုရှိသမျှ တို့နှင့် ထို ပြည်ကို ဒဏ်ခတ် မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင် တို့ကို လွှတ် လိမ့်မည်။
Ali æu pružiti ruku svoju, i udariæu Misir svijem èudesima svojim, koja æu uèiniti u njemu: i poslije æe vas pustiti.
21 ၂၁ ထို လူမျိုး သည် အဲဂုတ္တု လူတို့ထံ၌ မျက်နှာရ သော အခွင့်ကို ငါပေး ၍ ၊ သင်တို့သည် ထွက် သွားသောအခါ လက်ချည်း မ သွား ရကြ။
I uèiniæu da narod naðe ljubav u Misiraca, pa kad poðete, neæete poæi prazni;
22 ၂၂ အကြောင်းမူကား၊ မိန်းမ တိုင်းမိမိ အိမ်နီးချင်း ၊ မိမိ အိမ် မှာ တည်း သောသူ၌ ငွေ တန်ဆာ ၊ ရွှေ တန်ဆာ နှင့် အဝတ် တန်ဆာများကို တောင်း ၍ ၊ သင် တို့သား သမီး များကို တန်ဆာဆင် စေသဖြင့် ၊ အဲဂုတ္တု လူတို့၏ဥစ္စာကို လုယူ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
Nego æe svaka žena zaiskati u susjede svoje i u domaæice svoje nakita srebrnoga i nakita zlatnoga i haljina; i metnuæete na sinove svoje i na kæeri svoje, i oplijeniæete Misir.

< ထွက်မြောက်ရာ 3 >