< ထွက်မြောက်ရာ 3 >
1 ၁ မောရှေ သည်၊ မိမိ ယောက္ခမ မိဒျန် ယဇ်ပုရောဟိတ် ယေသရော ၏သိုး ဆိတ်များကို ထိန်း စဉ် ၊ တော နောက်ဘက်သို့ ဆောင်သွား ၍ ၊ ဟောရပ် အမည်ရှိသောဘုရား သခင်၏တောင် သို့ ရောက် လေ၏။
When Moses kept the sheepe of Iethro his father in lawe, Priest of Midian, and droue the flocke to the backe side of the desert, and came to the Mountaine of God, Horeb,
2 ၂ ထိုအခါ ဘုရား သခင်၏ ကောင်းကင်တမန် သည် ချုံ ထဲ က ထွက်သော မီးလျှံ ၌ ထင်ရှား ၏။ မောရှေသည် ကြည့် သောအခါ ၊ မီး လောင် ၍ ချုံ မ ကျွမ်း ဘဲ ရှိသည်ကို မြင် လျှင်၊
Then the Angel of the Lord appeared vnto him in a flame of fire, out of the middes of a bush: and he looked, and behold, the bush burned with fire, and the bush was not consumed.
3 ၃ အဘယ်ကြောင့် ချုံ မ ကျွမ်း ဘဲရှိသနည်း။ ဤ ထူးဆန်း သောရူပါရုံ ကို ငါသွား ၍ ကြည့်ရှု မည်ဟုဆို ၏။
Therefore Moses saide, I will turne aside nowe, and see this great sight, why the bush burneth not.
4 ၄ မောရှေသွား ၍ ကြည့်ရှု ကြောင်း ကို ထာဝရဘုရား မြင် တော်မူလျှင် ၊ မောရှေ ၊ မောရှေ ဟု ချုံ ထဲ က ခေါ် တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လေ၏။
And when the Lord sawe that he turned aside to see, God called vnto him out of the middes of the bush, and said, Moses, Moses. And he answered, I am here.
5 ၅ ဘုရားသခင်ကလည်း၊ မ ချဉ်း နှင့်။ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သော အရပ် ကား သန့်ရှင်း သော မြေ ဖြစ်သည်ဟူ၍၎င်း၊
Then he saide, Come not hither, put thy shooes off thy feete: for the place whereon thou standest is holy ground.
6 ၆ ငါ သည်သင့် အဘ ၏ဘုရား ၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ်သည်ဟူ၍၎င်း မိန့် တော်မူ၏။ မောရှေ သည် ဘုရား သခင်ကို မ ကြည့် ဝံ့၊ မိမိ မျက်နှာ ကို ဖုံး လျက်နေ၏။
Moreouer he saide, I am the God of thy father, the God of Abraham, the God of Izhak, and the God of Iaakob. Then Moses hid his face: for he was afraid to looke vpon God.
7 ၇ ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသောငါ ၏လူ တို့ခံရသောညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ကို စေခိုင်း သော သခင်တို့ကြောင့် သူ တို့မြည်တမ်း သောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့နာကြည်း ခြင်း ဝေဒနာကို ငါသိ ၏။
Then the Lord said, I haue surely seene the trouble of my people, which are in Egypt, and haue heard their crie, because of their taskemasters: for I knowe their sorowes.
8 ၈ သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
Therefore I am come downe to deliuer them out of the hande of the Egyptians, and to bring them out of that lande into a good lande and a large, into a lande that floweth with milke and honie, euen into the place of the Canaanites, and the Hittites, and the Amorites, and the Perizzites, and the Hiuites, and the Iebusites.
9 ၉ ယခု တွင်လည်း ဣသရေလ အမျိုးသား တို့ ငိုကြွေးသောအသံ သည် ငါ့ ထံ သို့တက်ရောက် ၍ ၊ သူ တို့ကို အဲဂုတ္တု လူတို့သည် ညှဉ်းဆဲ ခြင်းအမှုကိုလည်း ငါမြင် ရပြီ။
And now lo, the crie of the children of Israel is come vnto me, and I haue also seene ye oppression, wherewith the Egyptians oppresse them.
10 ၁၀ ထိုကြောင့် ယခု သွား လော့။ သင်သည် ငါ ၏လူ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင် မည်အကြောင်း ၊ သင့် ကိုဖါရော ဘုရင်ထံ သို့ငါစေလွှတ် မည်ဟု မိန့် တော်မူ၏။
Come now therefore, and I will send thee vnto Pharaoh, that thou maiest bring my people the children of Israel out of Egypt.
11 ၁၁ မောရှေ ကလည်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူဖြစ်၍၊ ဖါရော ဘုရင်ထံ သို့ဝင် သဖြင့် ၊ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်ရပါမည်နည်းဟု ဘုရား သခင်အား လျှောက် လျှင်၊
But Moses said vnto God, Who am I, that I should go vnto Pharaoh, and that I should bring the children of Israel out of Egypt?
12 ၁၂ ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့် ဘက် ၌ရှိ လိမ့်မည်။ ငါ သည် သင့် ကိုစေလွှတ် ခြင်း လက္ခဏာ သက်သေဟူမူကား၊ သင် သည်ထို လူ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်ပြီးလျှင်၊ ဤ တောင် ပေါ် မှာ ဘုရား သခင်အား ဝတ်ပြု ရကြလိမ့်မည်ဟု မိန့် တော်မူ၏။
And he answered, Certainely I will be with thee: and this shall be a token vnto thee, that I haue sent thee, After that thou hast brought the people out of Egypt, ye shall serue God vpon this Mountaine.
13 ၁၃ မောရှေ ကလည်း ၊ အကျွန်ုပ် သည် ဣသရေလ အမျိုးသား တို့ ရှိရာသို့ ရောက် ၍ ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်သည် ငါ့ ကိုသင် တို့ ရှိရာသို့ စေလွှတ် တော်မူပြီဟု အကျွန်ုပ်ဆို လျှင်၊ သူတို့က၊ ထိုဘုရား သခင်၏ နာမ တော်ကား အဘယ်သို့ နည်းဟု အကျွန်ုပ် ကို ပြန်၍ မေး သောအခါ ၊ အဘယ်သို့ ပြန်ပြော ရပါမည်နည်းဟု ဘုရား သခင်အား မေး လျှောက်လေ၏။
Then Moses said vnto God, Behold, when I shall come vnto the children of Israel, and shall say vnto them, The God of your fathers hath sent me vnto you: if they say vnto me, What is his Name? what shall I say vnto them?
14 ၁၄ ဘုရား သခင်ကလည်း ၊ ငါဖြစ် သည်အတိုင်း ငါဖြစ် ၏ဟူ၍၎င်း ၊ ငါဖြစ် သည်ဟု အမည်ရှိသောသူသည်၊ ငါ့ ကိုသင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြော လော့ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
And God answered Moses, I Am That I Am. Also he said, Thus shalt thou say vnto the children of Israel, I Am hath sent me vnto you.
15 ၁၅ တဖန် ဘုရား သခင်က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည်၊ ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြော ရမည်။ ထို အမည်သည် အစဉ် ငါ့ အမည် ဖြစ်၏။ လူမျိုး အစဉ်အဆက် မပြတ် ငါ့ ဘွဲ့ နာမ ဖြစ်၏။
And God spake further vnto Moses, Thus shalt thou say vnto the children of Israel, The Lord God of your fathers, the God of Abraham, the God of Izhak, and the God of Iaakob hath sent me vnto you: this is my Name for euer, and this is my memoriall vnto all ages.
16 ၁၆ သွား ၍ ဣသရေလ အမျိုးအသက်ကြီး သူတို့ကို စုဝေး စေပြီးလျှင် ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားတည်းဟူသောထာဝရဘုရား သည် ငါ့ အား ထင်ရှား တော်မူလျက်၊ အကယ်စင်စစ်သင် တို့ကို ငါအကြည့်အရှု လာ၍၊ အဲဂုတ္တု ပြည်၌ သင် တို့အား ပြု သောအမှုကိုငါမြင်ပြီ။
Go and gather the Elders of Israel together, and thou shalt say vnto the, The Lord God of your fathers, the God of Abraham, Izhak, and Iaakob appeared vnto me, and said, I haue surely remembred you, and that which is done to you in Egypt.
17 ၁၇ အဲဂုတ္တု ပြည်၌ ခံရသောဒုက္ခ ထဲက သင် တို့ကို ငါနှုတ်၍၊ ခါနနိ လူ၊ ဟိတ္တ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် မည် ငါဂတိ ရှိသည်ဟု မိန့် တော်မူပြီဟု သူ တို့အား ပြော လော့။
Therefore I did say, I wil bring you out of the affliction of Egypt vnto the land of the Canaanites, and the Hittites, and the Amorites, and the Perizzites, and the Hiuites, and the Iebusites, vnto a lande that floweth with milke and honie.
18 ၁၈ သူတို့သည် သင် ၏စကား ကို နားထောင် ၍ ၊ သင် သည် ဣသရေလ အမျိုးသားအသက်ကြီး သူများပါလျက်၊ အဲဂုတ္တု ရှင်ဘုရင် ထံ သို့ဝင် သဖြင့် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့် တွေ့ တော်မူပြီ။ အကျွန်ုပ် တို့၏ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ခြင်းငှါတော သို့ သုံး ရက် ခရီး သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ရမည်။
Then shall they obey thy voyce, and thou and the Elders of Israel shall go vnto the King of Egypt, and say vnto him, The Lord God of the Ebrewes hath met with vs: we pray thee nowe therefore, let vs goe three dayes iourney in the wildernesse, that we may sacrifice vnto the Lord our God.
19 ၁၉ အဲဂုတ္တု ရှင်ဘုရင် သည် ကြီးစွာ သောတန်ခိုး ကို မ တွေ့မမြင်လျှင် ၊ သွား ရသောအခွင့်ကို သင် တို့အား မ ပေး ကြောင်းကို ငါ သိ ၏။
But I know, that the King of Egypt wil not let you goe, but by strong hande.
20 ၂၀ ငါ သည်လည်း လက် ကိုဆန့် ၍ ၊ အဲဂုတ္တု ပြည်ထဲ ၌ ငါပြု လတံ့သော ငါ ၏အံ့ဘွယ် သောအမှုရှိသမျှ တို့နှင့် ထို ပြည်ကို ဒဏ်ခတ် မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင် တို့ကို လွှတ် လိမ့်မည်။
Therefore will I stretch out mine hande and smite Egypt with all my wonders, which I will doe in the middes thereof: and after that shall he let you goe.
21 ၂၁ ထို လူမျိုး သည် အဲဂုတ္တု လူတို့ထံ၌ မျက်နှာရ သော အခွင့်ကို ငါပေး ၍ ၊ သင်တို့သည် ထွက် သွားသောအခါ လက်ချည်း မ သွား ရကြ။
And I will make this people to be fauoured of the Egyptians: so that when ye go, ye shall not goe emptie.
22 ၂၂ အကြောင်းမူကား၊ မိန်းမ တိုင်းမိမိ အိမ်နီးချင်း ၊ မိမိ အိမ် မှာ တည်း သောသူ၌ ငွေ တန်ဆာ ၊ ရွှေ တန်ဆာ နှင့် အဝတ် တန်ဆာများကို တောင်း ၍ ၊ သင် တို့သား သမီး များကို တန်ဆာဆင် စေသဖြင့် ၊ အဲဂုတ္တု လူတို့၏ဥစ္စာကို လုယူ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
For euery woman shall aske of her neighbour, and of her that soiourneth in her house, iewels of siluer and iewels of gold and raiment, and ye shall put them on your sonnes, and on your daughters, and shall spoyle the Egyptians.