< ထွက်မြောက်ရာ 29 >
1 ၁ သူ တို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း ၊ အဘယ်သို့သန့်ရှင်း စေရမည် နည်းဟူမူကား၊ အပြစ်မပါသော နွား သငယ် အထီးနှင့် သိုး နှစ် ကောင်တို့ကို၎င်း၊
၁``ယဇ်ပုရောဟိတ်များအဖြစ်ငါ၏အမှုတော် ကိုထမ်းဆောင်ရန်အာရုန်နှင့်သူ၏သားတို့အား ဤသို့ဆက်ကပ်ရမည်။ အပြစ်အနာကင်းသော နွားပေါက်တစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူခဲ့လော့။-
2 ၂ တဆေး မပါသော ဂျုံမုန့် ၊ တဆေး မပါဘဲ ဆီ နှင့် လုပ် သော ဂျုံမုန့်ပြား ၊ တဆေး မပါဘဲ ဆီ နှင့် လူး သော ဂျုံမုန့်ကြွပ် တို့ကို၎င်းယူ ရမည်။
၂ဆီပါသောမုန့်၊ ဆီလူးသောမုန့်ချပ်တို့ကို လည်းယူလော့။ ထိုမုန့်များကိုတဆေးမပါ သောအကောင်းဆုံးဂျုံမုန့်ညက်ဖြင့်ပြုလုပ် ရမည်။-
3 ၃ ထိုမုန့် များကို တောင်း တလုံးထဲ ၌ထည့် ပြီးမှ ၊ နွား တကောင်၊ သိုး နှစ် ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။
၃ထိုမုန့်များကိုတောင်းတစ်လုံးတွင်ထည့် လော့။ နွားနှင့်သိုးနှစ်ကောင်ကိုယဇ်ပူဇော် သောအခါ၊ မုန့်များကိုပါငါ့အားပူဇော် လော့။
4 ၄ အာရုန် နှင့် သူ ၏သား တို့ကို၊ ပရိသတ် စည်းဝေး ရာ တံခါး နားသို့ ခေါ် ခဲ့၍ ရေချိုး ရမည်။
၄``အာရုန်နှင့်သူ၏သားများကို ငါစံရာတဲ တော်တံခါးဝသို့ခေါ်ဆောင်ခဲ့ပြီးလျှင် သူ တို့အားရေချိုးစေရမည်။-
5 ၅ အဝတ်တန်ဆာ များကိုယူ ၍၊ အင်္ကျီ ၊ ဝတ်လုံ ၊ သင်တိုင်း ၊ ရင်ဖုံး နှင့် အာရုန် ကို ဝတ် စေ၍၊ ထူးဆန်းသောသင်တိုင်း ရင်စည်း နှင့် စည်း ရမည်။
၅ထိုနောက်ယဇ်ပုရောဟိတ်အဝတ်တန်ဆာ များဖြစ်သောအင်္ကျီ၊ ဝတ်ရုံ၊ သင်တိုင်းနှင့် ရင်ဖုံးတို့ကိုအာရုန်အားဝတ်ဆင်ပေး၍ ရင်စည်းကိုပေးရမည်။-
6 ၆ သူ ၏ ခေါင်း ပေါ် မှာ ဗေါင်း ကိုတင် ၍ ၊ ဗေါင်း ၌ သန့်ရှင်း သော သင်းကျစ် ကို တပ် ရမည်။
၆ဦးခေါင်းပေါ်တွင်ခေါင်းပေါင်းကိုတင်၍ `ထာဝရ ဘုရားအား ဆက်ကပ်ထားသည်' ဟုကမ္ပည်းထွင်း ထားသောရွှေပြားကိုခေါင်းပေါင်းပေါ်တွင် ချည်ရမည်။-
7 ၇ ထိုအခါ လိမ်း စရာ ဆီ ကိုယူ ၍ သူ ၏ ခေါင်း ပေါ် ၌ လောင်း သဖြင့် သူ့ ကိုလိမ်း ရမည်။
၇ထိုနောက်သူ၏ဦးခေါင်းပေါ်မှာဘိသိက်ဆီ လောင်းလျက်ဘိသိက်ပေးရမည်။
8 ၈ သူ ၏သား တို့ကိုလည်း ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေရမည်။
၈``သူ၏သားများကိုလည်းခေါ်ပြီးလျှင် အင်္ကျီများကိုဝတ်ပေးလော့။-
9 ၉ ခါးပန်း ကိုလည်း စည်း ၍ ၊ ဦးထုပ် ကိုလည်း ဆောင်း စေပြီးလျှင်။ သူ တို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင် ရမည်။ ထိုသို့ အာရုန် နှင့် သူ ၏သား တို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့် ထားရမည်။
၉ခါးပန်းကိုစည်းပေးလော့။ ဦးထုပ်ရှည်များ ကိုဆောင်းပေးလော့။ သင်သည်ဤသို့လျှင် အာရုန်နှင့်သူ၏သားများတို့ကိုဘိသိက် ပေးရမည်။ သူတို့နှင့်သူတို့၏အဆက် အနွယ်တို့သည် ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ငါ၏အမှုတော်ကိုအစဉ်ထာဝရ ဆောင်ရွက်ရမည်။
10 ၁၀ ထိုနောက်၊ နွားထီး တကောင်ကို ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏ သား တို့သည်၊ မိမိ တို့ လက် ကို နွား ခေါင်း ပေါ် မှာ တင်ရကြမည်။
၁၀``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။-
11 ၁၁ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ရမည်။
၁၁ငါစံရာတဲတော်တံခါးဝ၊ ငါ၏ရှေ့တော်တွင် နွားကိုသတ်ရမည်။-
12 ၁၂ အသွေး ကို ယူ ၍ ယဇ်ပလ္လင် ဦးချို တို့၌ လက်ညှိုး နှင့် ထည့် ပြီးမှ ၊ ကြွင်း သောအသွေး ကို ယဇ်ပလ္လင် ခြေရင်း နား၌ သွန် ရမည်။
၁၂ဦးချိုသဏ္ဌာန်ရှိသောပလ္လင်၏အချွန်အတက် များတွင် နွားသွေးအနည်းငယ်ကို၊ သင်၏ လက်ချောင်းဖြင့်သုတ်ရမည်။ ကျန်ရှိနေသော နွားသွေးအားလုံးကို၊ ပလ္လင်၏ခြေရင်းတွင် လောင်းရမည်။-
13 ၁၃ အအူ ကို ဖုံး သောဆီဥ ရှိသမျှ ၊ အသည်း ပေါ် ၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ၍ ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။
၁၃ထိုနောက်နွားဝမ်းတွင်းသားမှအဆီရှိသမျှ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်တကွ အဆီတို့ကို၊ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။-
14 ၁၄ နွား ၏အသား ၊ အရေ ၊ ချေးနု ကိုကား ၊ တပ် ပြင် မှာ မီးရှို့ ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်၏
၁၄နွား၏အသား၊ သားရေနှင့်ဝမ်းတွင်းသားတို့ ကိုမူကား၊ စခန်းအပြင်၌မီးရှို့ရမည်။ ထို ယဇ်ပူဇော်ခြင်းသည်ယဇ်ပုရောဟိတ်များ၏ အပြစ်ဖြေရာယဇ်ဖြစ်၏။
15 ၁၅ သိုးထီး တကောင်ကိုလည်း ယူ ၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ရမည်။
၁၅``အာရုန်နှင့်သူ၏သားတို့သည် သိုးထီးတစ် ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရမည်။-
16 ၁၆ ထိုသိုး ကိုသတ် ပြီးလျှင် အသွေး ကိုယူ ၍ ယဇ်ပလ္လင် အပေါ် နား ပတ်လည် ၌ ဖြန်း ရမည်။
၁၆ထိုနောက်သိုးကိုသတ်၍အသွေးကို ယဇ်ပလ္လင် ၏လေးဘက်လေးတန်အပေါ်သို့ပက်ဖျန်း ရမည်။-
17 ၁၇ သိုး ကိုလည်း အပိုင်းပိုင်း ဖြတ် ၍ ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ပြီးလျှင် ၊ ခေါင်း နှင့် သားတစ်များကို စု ထား၍ ၊
၁၇သိုးကိုအပိုင်းပိုင်းဖြတ်ရမည်။ သိုး၏ဝမ်းတွင်း သားနှင့်နောက်ခြေထောက်တို့ကိုဆေးကြော၍၊ ဦးခေါင်းနှင့်အခြားအသားပိုင်းများပေါ် တွင်တင်ပြီးလျှင်၊-
18 ၁၈ သိုး တကောင်လုံး ကို ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။ ထာဝရဘုရား အား မီးရှို့ သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာဖြစ်၏။
၁၈သိုးတစ်ကောင်လုံးကိုယဇ်ပလ္လင်ထက်တွင်မီးရှို့ ပူဇော်ရမည်။ ဤသို့ပူဇော်ခြင်းသည်ထာဝရ ဘုရားအား ဆက်သသောမီးရှို့ပူဇော်သကာ ဖြစ်၏။ ထာဝရဘုရားသည်ထိုယဇ်မှရနံ့ ကိုနှစ်သက်တော်မူ၏။
19 ၁၉ အခြား သော သိုး ကိုလည်း ယူ ၍ ၊ အာရုန် နှင့် သူ ၏သား တို့သည် မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ရမည်။
၁၉``ထိုနောက်အာရုန်နှင့်သူ၏သားတို့အား ဒုတိယသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်စေရမည်။ ထိုသိုးသည်ယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ပူဇော်သောသိုးဖြစ်၏။-
20 ၂၀ ထိုသိုး ကိုသတ် ပြီးလျင် အသွေး ကိုယူ ၍ အာရုန် ၏ လက်ျာနားပျဉ်း ၌ ၎င်း၊ သူ ၏သား တို့၏ လက်ျာ နားပျဉ်း ၌ ၎င်း။ သူ တို့၏ လက်ျာ လက်မ ၌ ၎င်း၊ လက်ျာ ခြေမ ၌ ၎င်း ထည့် ၍ ၊ ယဇ်ပလ္လင် အပေါ် ပတ်လည် ၌ ဖြန်း ရမည်။
၂၀သိုးကိုသတ်၍သွေးအနည်းငယ်ကိုအာရုန် နှင့်သူ၏သားများ၏ယာဘက်နားပျဉ်း၊ ယာ ဘက်လက်မနှင့်ယာဘက်ခြေမတို့ကိုသုတ် ရမည်။ ကျန်ရှိနေသောသွေးကိုယဇ်ပလ္လင်၏ လေးဘက်လေးတန်အပေါ်သို့ပက်ဖျန်းရ မည်။-
21 ၂၁ ယဇ်ပလ္လင် ပေါ် မှာရှိသော အသွေး နှင့် လိမ်း စရာဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း ၊ သူ ၏ သား တို့နှင့် သူ တို့ အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့် ၊ အာရုန် မှစ၍ သား များ၊ အဝတ် များတို့သည် သန့်ရှင်း ကြလိမ့်မည်။
၂၁ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်းငယ်နှင့် ဘိသိက်ဆီအနည်းငယ်ကိုယူ၍၊ အာရုန်နှင့် သူ၏အဝတ်အင်္ကျီတို့အပေါ်၌လည်းကောင်း၊ သူ၏သားများနှင့်သူတို့၏အဝတ်အင်္ကျီတို့ အပေါ်၌လည်းကောင်းဖျန်းရမည်။ ဤနည်း အားဖြင့်အာရုန်နှင့်သူ၏အဝတ်အင်္ကျီတို့ ကိုလည်းကောင်း၊ သူ၏သားများနှင့်သူတို့ ၏အဝတ်အင်္ကျီများကိုလည်းကောင်းငါ့ အားဆက်ကပ်ရမည်။
22 ၂၂ ထိုသိုးသည် အရာ၌ ခန့်ထားရာသိုး ဖြစ်သောကြောင့်၊ ဆီဥ ၊ အမြီး ၊ အအူ ကို ဖုံး သောဆီဥ ၊ အသည်း ပေါ်၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ်ခု နှင့် ကျောက်ကပ်ကိုဖုံးသော ဆီဥ ၊ လက်ျာ ပခုံး ၊
၂၂``သိုး၏အဆီ၊ အဆီရှိသောအမြီး၊ ဝမ်းတွင်း ဆီ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်ယင်း တို့ကိုဖုံးသောအဆီနှင့်ယာဘက်ပေါင်တို့ ကိုဖြတ်ယူရမည်။-
23 ၂၃ ထာဝရဘုရား ရှေ့ တော၌ထား သော တဆေး မဲ့ မုန့်တောင်း ထဲက မုန် တလုံး၊ ဆီ နှင့် လုပ်သော မုန့် ပြားတပြား၊ မုန့် ကြွပ်တချပ်ကို ယူ၍၊
၂၃ငါ့အားဆက်သထားသောမုန့်ခြင်းတောင်း ထဲမှ တဆေးမပါသောမုန့်တစ်လုံး၊ ဆီနှင့် လုပ်သောမုန့်တစ်လုံး၊ မုန့်ပြားတစ်ချပ်ကို ယူလော့။
24 ၂၄ အာရုန် လက် ၊ သူ ၏ သား တို့လက် ၌ ထိုအရာတို့ကို ထား ပြီးလျှင် ၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ ၍၊ ချီလွှဲသော ပူဇော် သက္ကာ ပြုရမည်။
၂၄``ထိုပူဇော်သကာအားလုံးတို့ကိုအာရုန်နှင့် သူ၏သားများလက်ထဲသို့ထည့်၍ သူတို့က အထူးပူဇော်သကာအဖြစ်ငါ့အားဆက် သစေရမည်။-
25 ၂၅ ထို အရာတို့ကို သူ တို့လက် မှ ခံယူ ၍ ၊ ထာဝရဘုရား ရှေ့တော်တွင် မွှေးကြိုင် သောအနံ့ ဖြစ်စေခြင်းငှါ ၊ ယဇ်ပလ္လင် ၌ မီးရှို့ ရာ ယဇ်အပေါ် မှာ ရှို့ ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာ ဖြစ်၏။
၂၅ထိုနောက်သူတို့၏လက်ထဲမှပူဇော်သကာ တို့ကိုယူ၍ ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်အပေါ် တွင်တင်လျက်မီးရှို့ပူဇော်ရမည်။ ငါသည်ထို ယဇ်မှရနံ့ကိုနှစ်သက်တော်မူ၏။
26 ၂၆ အာရုန် ၏အရာ ၌ ခန့်ထားရာ သိုး ၏ရင်ပတ် ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော် သက္ကာပြုပြီးမှ ၊ သိုး၏ ရင်ပတ်သည် သင် ၏ အဘို့ ဖြစ် ရမည်။
၂၆``ထိုသိုး၏ရင်ပုံသားကိုယူ၍ အထူးပူ ဇော်သကာအဖြစ်ငါ့အားဆက်သရမည်။ ဤရင်ပုံသားသည်သင့်အတွက်ဖြစ်သည်။
27 ၂၇ ထိုသို့ အာရုန် နှင့် သား တို့၏ အရာ ၌ ခန့်ထားသော သိုး ထဲက ၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲ သော ရင်ပတ် ကို၎င်း၊ ချီ မြှောက်သော ပူဇော်သက္ကာပြု၍ ၊ ချီမြှောက်သော ပခုံး ကို၎င်းသန့်ရှင်း စေ ပြီးမှ ၊
၂၇``ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ပူဇော် သောသိုး၏ရင်ပုံသားနှင့်ပေါင်ကိုအထူး ပူဇော်သကာအဖြစ် ငါ့အားဆက်သသော အခါထိုအသားပိုင်းတို့သည် ယဇ်ပုရော ဟိတ်များ၏ဝေစုဖြစ်စေရမည်။-
28 ၂၈ ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရ ပညတ်တော်အတိုင်း၊ ဣသရေလ အမျိုးသား လှူ သော အာရုန် ၏ အဘို့၊ သူ့ သား တို့၏အဘို့ ဖြစ် ရမည်။ ဣသရေလ အမျိုးသား ပြုသောမိဿဟာယ ယဇ်ထဲက ၊ ထာဝရဘုရား ရှေ့တော်၌ ချီးမြှောက် ၍၊ ချီးမြှောက်ရာ ပူဇော် သက္ကာ ဖြစ် ၏။
၂၈ငါ၏လူမျိုးတော်သည်မိတ်သဟာယယဇ် ကိုပူဇော်သောအခါ၊ ယဇ်ကောင်၏ရင်ပုံသား နှင့်ပေါင်ကိုယဇ်ပုရောဟိတ်အားဝေပုံစု အဖြစ်ပေးရမည်ဟူသောပညတ်ကိုအမြဲ စောင့်ရှောက်လော့။ ဤကား၊ လူတို့ကငါထာဝရ ဘုရားအားဆက်သသောပူဇော်သကာဖြစ်၏။
29 ၂၉ အာရုန် ၏ သန့်ရှင်း သော အဝတ် တန်ဆာကို၊ သူ ၏သား တို့သည် အမွေခံ သဖြင့်၊ ဆီလိမ်း ခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသောအခါ၊
၂၉``အာရုန်အနိစ္စရောက်သောအခါ၊ သူ၏သား တို့သည် ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ဝတ်ဆင်နိုင်စေရန်၊ သူ၏ယဇ်ပုရောဟိတ် ဝတ်စုံကိုဆက်ခံစေရမည်။-
30 ၃၀ အာရုန် ကိုယ်စား ယဇ် ပုရောဟိတ်လုပ်သော သား သည်၊ သန့်ရှင်း ရာဌာန၌ အမှုတော် ကို ဆောင်ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဝင် သောအခါ ခုနစ် ရက် ပတ်လုံးဝတ်ဆင် ရမည်။
၃၀ယဇ်ပုရောဟိတ်အဖြစ်အာရုန်ကိုဆက်ခံ၍ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင်ရန်၊ ငါစံရာတဲတော်ထဲသို့ဝင်သောသားသည် အာရုန်၏ဝတ်စုံကိုခုနစ်ရက်ပတ်လုံးဝတ် ဆင်ရမည်။
31 ၃၁ အရာ ၌ခန့်ထားရာ သိုး ၏အသား ကို ယူ ၍ ၊ သန့်ရှင်း ရာဌာန ၌ ပြုတ် ပြီးမှ ၊
၃၁``အာရုန်နှင့်သူ၏သားများယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ ပူဇော်သောသိုး၏အသား ကို၊ သီးသန့်ရာဌာနတွင်ပြုတ်ရမည်။-
32 ၃၂ အာရုန် နှင့် သူ ၏သား တို့သည် ထိုအသား ကို၎င်း ၊ တောင်း ထဲ၌ ရှိသော မုန့် ကို၎င်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ စားရကြမည်။
၃၂ငါစံရာတဲတော်တံခါးဝတွင်အာရုန်နှင့်သူ ၏သားတို့သည်၊ ထိုအသားနှင့်တောင်းထဲတွင် ကျန်သောမုန့်ကိုစားရကြမည်။-
33 ၃၃ သူတို့ကို သန့်ရှင်းစေ၍၊ အရာ၌ ခန့်ထား စေခြင်းငှါ ၊ အပြစ် ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သော အရာတို့ကို၊ သူတို့သည် စား ရကြမည်။ ထို အရာတို့သည် သန့်ရှင်း သောကြောင့် ၊ မဆိုင် သောသူ မ စား ရ။
၃၃သူတို့သည်ယဇ်ပုရောဟိတ်အရာခံယူရာ၌ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်သောအစား အစာများကိုစားရမည်။ ထိုအစားအစာ တို့သည်သန့်ရှင်းသောကြောင့်ယဇ်ပုရောဟိတ် များကသာစားရကြမည်။-
34 ၃၄ အရာ ၌ ခန့်ထားရာနှင့် ဆိုင်သောအမဲသား ဖြစ်စေ ၊ မုန့် ဖြစ်စေ၊ နံနက် တိုင်အောင် ကျန် ကြွင်းလျှင် ၊ ထိုအကြွင်း ကို မီးရှို့ ရမည်။ သန့်ရှင်း သောကြောင့် ၊ အဘယ်သူမျှမ စား ရ။
၃၄ထိုအသားနှင့်မုန့်တို့သည်နံနက်သို့တိုင်အောင် ကျန်ကြွင်းနေသေးလျှင်မီးရှို့ပစ်ရမည်။ ထို အစားအစာတို့သည်သန့်ရှင်းသောကြောင့် မည်သူမျှမစားရ။
35 ၃၅ ထိုသို့ ငါပညတ် သမျှ အတိုင်း အာရုန် နှင့် သူ ၏ သား တို့ အား ပြု ၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ခြင်း မင်္ဂလာကို၊ ခုနစ် ရက် ပတ်လုံးဆောင် ရမည်။
၃၅``ငါမိန့်မှာသည့်အတိုင်းအာရုန်နှင့်သူ၏ သားတို့အား ယဇ်ပုရောဟိတ်အရာခံယူ စေသည့်မင်္ဂလာကိုခုနစ်ရက်ပတ်လုံးကျင်းပ ရမည်။-
36 ၃၆ ထိုမှတပါး၊ အပြစ် ဖြေခြင်းအလိုငှါ ၊ နေ့ တိုင်း နွားထီး တကောင်ကို ပူဇော် ၍၊ အပြစ် ဖြေရာယဇ် ပြုရမည်။ ထိုသို့ ယဇ်ပလ္လင်ဘို့ အပြစ် ဖြေခြင်းကို ပြုပြီးမှ ၊ ပလ္လင် ကို စင်ကြယ် စေရမည်။ ထို့နောက် သန့်ရှင်း စေခြင်းငှါ ဆီ နှင့် လိမ်းရမည်။
၃၆အပြစ်ပြေစေရန်နွားထီးတစ်ကောင်ကိုနေ့ တိုင်းယဇ်ပူဇော်ရမည်။ ဤသို့အားဖြင့်ယဇ် ပလ္လင်ကိုသန့်ရှင်းစေမည်။ ထိုနောက်ယဇ်ပလ္လင် ကိုသံလွင်ဆီလောင်း၍ဆက်ကပ်ရမည်။-
37 ၃၇ ခုနစ် ရက် ပတ်လုံးယဇ်ပလ္လင် ဘို့ အပြစ် ဖြေခြင်းကို ပြု၍ သန့်ရှင်း စေပြီးမှ ၊ အလွန်သန့်ရှင်း သော ယဇ်ပလ္လင် ဖြစ် ၍၊ ထိုပလ္လင် နှင့် တွေ့ သမျှ သောအရာတို့သည် သန့်ရှင်း သောအရာ ဖြစ်ရမည်။
၃၇ခုနစ်ရက်တိုင်အောင်နေ့စဉ်ဤသို့ပြုလုပ်ရ မည်။ ထိုအခါယဇ်ပလ္လင်သည်အလွန်သန့်ရှင်း သဖြင့်၊ ပလ္လင်နှင့်ထိမိသောအရာနှင့်လူမှန် သမျှတို့သည်ဘေးသင့်လိမ့်မည်။
38 ၃၈ ယဇ်ပလ္လင် ပေါ် မှာ ပူဇော် ရသော အရာ ဟူမူကား ၊ အခါ မလည်သော သိုးသငယ် နှစ် ကောင်ကို ယူ၍၊
၃၈``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။-
39 ၃၉ နေ့ တိုင်း အစဉ်မပြတ် နံနက် ယံ၌ တ ကောင်၊ ညဦး ယံ၌ တ ကောင်ကို ပူဇော် ရမည်။
၃၉နံနက်တွင်တစ်ကောင်၊ ညနေတွင်တစ်ကောင် ပူဇော်ရမည်။-
40 ၄၀ သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း ၍၊ ရသောသံလွင်ဆီ သုံးလောဃ နှင့် ရော သော မုန့်ညက် တဩမဲကို၎င်း၊ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃ ကို ၎င်း၊ သိုးသငယ် နှင့် အတူ ပူဇော်ရမည်။
၄၀ပထမသိုးနှင့်အတူဂျုံမုန့်ညက်နှစ်ပေါင်နှင့် သံလွင်ဆီတစ်ကွတ်ရောသောပူဇော်သကာ ကိုလည်းပူဇော်ရမည်။ စပျစ်ရည်တစ်ကွတ် ကိုလည်းပူဇော်သကာအဖြစ်လောင်းချ ရမည်။-
41 ၄၁ အခြား သော သိုးသငယ် ကို ညဦး ယံ၌ ပူဇော် သောအခါ၊ နံနက်ယံ ၌ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာပြုရမည်။
၄၁ညနေတွင်ဒုတိယသိုးကိုပူဇော်လော့။ နံ နက်တွင်ပူဇော်သောမုန့်ညက်၊ သံလွင်ဆီ၊ စပျစ် ရည်အခြင်အတွယ်အတိုင်း၊ ညနေ၌လည်း ပူဇော်လော့။ ဤသည်ကားငါထာဝရဘုရား နှစ်သက်တော်မူသောမွှေးကြိုင်သည့်ပူဇော် သကာဖြစ်၏။-
42 ၄၂ ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် သင် နှင့် ငါတွေ့ ၍ နှုတ်ဆက်ရာအရပ် ၊ ထာဝရဘုရား ရှေ့ တော် ၌၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ အစဉ်မပြတ် မီးရှို့ သောယဇ်ကို ပူဇော်ရကြမည်။
၄၂ငါစံရာတဲတော်တံခါးဝ၌ဤမီးရှို့ရာ ယဇ်ကို၊ ငါ၏ရှေ့တော်တွင်သားစဉ်မြေးဆက် ပူဇော်ရမည်။ ထိုနေရာတွင်ငါသည်ငါ၏ လူမျိုးတော်နှင့်တွေ့ဆုံစကားပြောမည်။-
43 ၄၃ ထို အရပ်၌ ဣသရေလ အမျိုးသား တို့နှင့် ငါတွေ့ ၍ ၊ ငါ့ ဘုန်း တော်အားဖြင့် သူတို့ကို သန့်ရှင်း စေမည်။
၄၃ထိုနေရာတွင်ငါသည်ဣသရေလအမျိုး သားတို့နှင့်တွေ့ဆုံ၍၊ ငါ၏တောက်ပသော ဘုန်းအသရေတော်ဖြင့် ထိုအရပ်ကိုသန့်ရှင်း ရာအရပ်ဖြစ်စေမည်။-
44 ၄၄ ငါ့ ရှေ့ ၌ ယဇ် ပုရောဟိတ်အမှုကို ဆောင်စေ ခြင်းငှါ ၊ အာရုန် နှင့် သူ ၏သား တို့ကို၎င်း၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို၎င်း ၊ ယဇ်ပလ္လင် ကို၎င်း ၊ ငါသန့်ရှင်း စေမည်။
၄၄ငါသည်ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်တို့ကို သန့်ရှင်းစေ၍၊ ယဇ်ပုရောဟိတ်များအဖြစ် ငါ ၏အမှုတော်ကိုဆောင်ရန်အာရုန်နှင့်သူ၏ သားတို့ကိုသီးသန့်ရွေးချယ်ခန့်ထားမည်။-
45 ၄၅ ဣသရေလ အမျိုးသား တို့တွင် ငါနေ ၍ ၊ သူ တို့၏ ဘုရား ဖြစ် မည်။
၄၅ငါသည်ဣသရေလအမျိုးသားတို့နှင့် အတူနေ၍၊ သူတို့၏ဘုရားဖြစ်တော်မူမည်။-
46 ၄၆ ငါ သည် သူတို့တွင် နေ ခြင်းငှါ ၊ သူ တို့ကို အဲဂုတ္တု ပြည် ထဲက ကယ်နှုတ် ဆောင်ယူခဲ့သော သူ တို့ ၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ သိ ကြလိမ့်မည်။ ငါ သည် သူ တို့ ဘုရား သခင်ထာဝရဘုရား ဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။
၄၆ငါသည်သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင် သောသူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိကြမည်ဖြစ်၍၊ ငါ သည်သူတို့နှင့်နေမည်။ ငါသည်သူတို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။