< ထွက်မြောက်ရာ 27 >
1 ၁ တနည်းကား၊ အလျား ငါး တောင် ၊ အနံ ငါး တောင် ရှိ၍ စတုရန်း လေးထောင့်ဖြစ်သော ယဇ် ပလ္လင်ကို၊ အကာရှ သား နှင့်လုပ် ရမည်။ အမြင့် လည်း သုံး တောင် ရှိ ရမည်။
၁``အကာရှသစ်သားဖြင့်ယဇ်ပလ္လင်ကိုပြုလုပ် လော့။ ထိုပလ္လင်သည်အလျားခုနစ်ပေခွဲ၊ အနံ ခုနစ်ပေခွဲနှင့်အမြင့်လေးပေခွဲရှိစေရမည်။-
2 ၂ ယဇ်ပလ္လင် လေး ထောင့် အပေါ် မှာ၊ ဦးချို လေးချောင်းကို အကာရှသားနှင့်လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ရမည်။
၂ပလ္လင်လေးထောင့်တွင်ဦးချိုသဏ္ဌာန်အတက် လေးခုရှိစေရမည်။ ထိုဦးချိုတို့သည်ပလ္လင် နှင့်တစ်သားတည်းရှိ၍ တစ်ခုလုံးကိုကြေး ဝါပြားဖြင့်ဖုံးထားရမည်။-
3 ၃ ခံ စရာအိုး နှင့်တကွ တူးရွင်း ပြား၊ အင်တုံ ၊ အမဲသား ချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာ ရှိသမျှ တို့ကို ကြေးဝါ နှင့် လုပ်ရမည်။
၃ပြာနှင့်အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီး ကျီးခံအိုးအစရှိသောယဇ်ပလ္လင်နှင့်ဆိုင်ရာ တန်ဆာရှိသမျှတို့ကိုကြေးဝါဖြင့်ပြုလုပ် ရမည်။-
4 ၄ ကြေးဝါ ဆန်ခါ ကို၎င်း ၊ ဆန်ခါ လေး ထောင့် အပေါ် မှာ ကြေးဝါ လေး ကွင်း ကို၎င်းလုပ် ပြီးလျှင် ၊ 5ယဇ်ပလ္လင် ခါးပန်း အောက် ၊ အလယ် ၌ ထား ရမည်။
၄ပလ္လင်အတွက်ကြေးဝါဆန်ခါကိုလည်းပြုလုပ် ရမည်။ ထိုဆန်ခါထောင့်လေးထောင့်တွင်ကြေးဝါ ကွင်းလေးကွင်းတပ်ဆင်ရမည်။-
5 ၅ ယဇ်ပလ္လင် ထမ်း စရာ အကာရှ သား ထမ်းဘိုး တို့ကို လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ပြီးမှ ၊
၅ပလ္လင်အမြင့်ထက်ဝက်နေရာ၌ဆန်ခါကိုတပ် ဆင်ရမည်။-
6 ၆ ယဇ် ပလ္လင်ကို ထမ်း စရာဘို့ တဘက် တချက် ကွင်း များ၌ လျှို ထားရမည်။
၆ပလ္လင်ကိုထမ်းရန်အကာရှသစ်သားဖြင့်ထမ်း ပိုးများပြုလုပ်၍၊ ထိုထမ်းပိုးများကိုကြေး ဝါပြားဖြင့်ဖုံးထားရမည်။-
7 ၇ တောင် ပေါ် မှာ သင့် အား ပြ သည်အတိုင်း ၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်း ဖြစ်စေခြင်းငှာ၊ ပျဉ်ပြား နှင့် လုပ် ရမည်။
၇ယဇ်ပလ္လင်ကိုသယ်ဆောင်ရန်ထမ်းပိုးများကို တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
8 ၈ တဲ တော်ဝင်း ကာရန်မူကား၊ အလျားအတောင် တရာ ရှိသော ပိတ်ချော နှင့် တောင် ဘက် ၌ ကုလားကာ ကို လုပ် ရမည်။
၈တောင်ပေါ်တွင်ငါပြသောပုံစံအတိုင်းယဇ်ပလ္လင် ကို ဟင်းလင်းပေါက်ဖြစ်စေရန်ပျဉ်ပြားဖြင့်ပြု လုပ်ရမည်။
9 ၉ ထိုကုလားကာဘို့ တိုင် နှစ်ဆယ် ၊ တိုင်ခြေစွပ် နှစ်ဆယ် ကို ကြေးဝါ နှင့်လုပ်၍ တိုင် တံစို့ ၊ တိုင်တန်း တို့ကို ငွေ ဖြင့် ပြီးစေရမည်။
၉``ငါစံတော်မူရာတဲတော်ကို ပိတ်ချောကန့်လန့် ကာတို့ဖြင့်ကာရံထားရမည်။ တောင်ဘက်ကိုက် ငါးဆယ်ရှည်သောကန့်လန့်ကာဖြင့်ကာရမည်။-
10 ၁၀ ထိုနည်းတူ ၊ မြောက် ဘက် ၌ ကာရန် အလျား အတောင်တရာ ရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေ တန်း ပါသောကြေးဝါတိုင် နှစ်ဆယ်၊ ကြေးဝါ ခြေစွပ် နှစ်ဆယ် ရှိရမည်။
၁၀ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
11 ၁၁ ဝင်း အနောက် ဘက် အနံ၌ ကာရန်၊ အလျားအတောင် ငါးဆယ် ရှိသောကုလားကာနှင့်တကွတိုင်တဆယ် ၊ ခြေစွပ် တဆယ် ရှိရမည်။
၁၁မြောက်ဘက်တွင်လည်းထိုနည်းအတိုင်းကန့်လန့် ကာချိတ်ဆွဲရန်စီမံလော့။-
12 ၁၂ ဝင်း အရှေ့ ဘက်၌ လည်း အနံ အတောင် ငါးဆယ် ရှိရမည်။
၁၂တဲတော်ဝင်းအနောက်ဘက်တွင်နှစ်ဆယ့်ငါးကိုက် ရှည်သောကန့်လန့်ကာကိုချိတ်ဆွဲရန်၊ တိုင်ဆယ် တိုင်နှင့်ဖိနပ်ဆယ်ခုရှိစေရမည်။-
13 ၁၃ တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ် ငါး တောင် ရှိသောကုလားကာ နှင့်တကွ တိုင် သုံး တိုင်၊
၁၃တဲတော်တံခါးဝတည်ရှိရာအရှေ့ဘက်တွင် လည်း၊ နှစ်ဆယ့်ငါးကိုက်ရှည်သောအကာအရံ ရှိစေရမည်။-
14 ၁၄ ခြေစွပ် သုံး ခုရှိရမည်။
၁၄အဝင်ဝတစ်ဘက်တစ်ချက်တွင်ခုနစ်ကိုက်ခွဲ ရှည်သောကန့်လန့်ကာနှင့်တိုင်သုံးတိုင်၊ ဖိနပ် သုံးခုရှိစေရမည်။-
15 ၁၅ ဝင်း တံခါးဝ ၌ ကာရန် ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ချယ်လှယ် သော ကုလားကာ အတောင် နှစ်ဆယ် နှင့်တကွတိုင် လေး တိုင် ခြေစွပ် လေး ခုရှိရမည်။
၁၅
16 ၁၆ ဝင်း ပတ်လည် ၌ တိုင် ရှိသမျှ တို့သည် ငွေ တံစို့ ၊ ငွေ တန်း၊ ကြေးဝါ ခြေစွပ် နှင့် ပြည့်စုံ ရမည်။
၁၆တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။-
17 ၁၇ ဝင်း သည် အလျား အတောင် တရာ ၊ အနံ ငါးဆယ် ၊ အမြင့် ငါး တောင် ရှိ၍၊ ပိတ်ချော နှင့်ကြေးဝါ ခြေစွပ် ဖြင့် ပြီး ရမည်။
၁၇တဲတော်ပတ်လည်ရှိတိုင်အားလုံးကိုငွေတန်းများ ဖြင့်ဆက်ထား၍၊ ချိတ်များကိုငွေဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါဖြင့်လည်းကောင်းပြုလုပ် ရမည်။-
18 ၁၈ အမှု တော်ထမ်းဘို့ တဲ တော်အသုံးအဆောင် ရှိသမျှ ကို၎င်း၊ တဲ တော်တံသင် ၊ ဝင်း နှင့်ဆိုင်သော တံသင် ရှိသမျှ ကို၎င်း ကြေးဝါ နှင့်လုပ်ရမည်။
၁၈တဲတော်ဝင်းအကာအရံသည်အလျားပေတစ် ရာ့ငါးဆယ်၊ အနံခုနစ်ဆယ့်ငါးပေနှင့်အမြင့် ခုနစ်ပေခွဲရှိရမည်။ ကန့်လန့်ကာများကိုပိတ် ချောဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါ ဖြင့်လည်းကောင်းပြုလုပ်ရမည်။-
19 ၁၉ ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ် မပြတ်မီး ထွန်း စရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ယူသော သံလွင် ဆီ စစ် ကို၊ ဣသရေလ အမျိုးသား တို့သည် ဆောင် ခဲ့ရကြမည်အကြောင်း ဆင့်ဆို လော့။
၁၉တဲတော်အတွက်အသုံးအဆောင်ပစ္စည်းအား လုံးကိုလည်းကောင်း၊ တဲတော်နှင့်တဲတော်အကာ အရံအတွက်ကြက်ဆူးရှိသမျှကိုလည်းကောင်း၊ ကြေးဝါဖြင့်ပြုလုပ်ရမည်။
20 ၂၀ အာရုန် နှင့် သူ ၏သား တို့သည်၊ ညဦး မှသည် နံနက် တိုင်အောင် ၊ ထာဝရဘုရား ရှေ့ တော်၌ ထိုအမှု ကို စီရင် ရမည်။ ဣသရေလ အမျိုး တို့သည်၊ သား အစဉ် အဆက်စောင့်ရသောပညတ် တော် ဖြစ်သတည်း။
၂၀``ဆီမီးတိုင်ကိုညနေတိုင်းထွန်းညှိနိုင်ရန် အ ကောင်းဆုံးသံလွင်ဆီကိုယူဆောင်ခဲ့ကြလော့ ဟု ဣသရေလအမျိုးသားတို့အားဆင့်ဆို လော့။-
21 ၂၁ သင် ၏ အစ်ကို အာရုန် သည်၊ ငါ့ ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရမည်အကြောင်း ၊ သူ နှင့် သူ ၏ သား တည်းဟူသောနာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တို့ကို၊ ဣသရေလ အမျိုးသား တို့အထဲ က ရွေးချယ်၍ သင့် အောက်၌ ခန့် ထားလော့။
၂၁အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။