< ထွက်မြောက်ရာ 26 >
1 ၁ တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ် လှယ်သော၊ ပိတ် ချောကုလားကာ ဆယ် ထည်ဖြင့် တဲ တော်ကို လုပ် ရမည်။
၁``ငါစံတော်မူရာတဲတော်ကို ချည်ချော၊ သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်တို့နှင့်ရက် သောကန့်လန့်ကာဆယ်ခုဖြင့်ပြုလုပ်လော့။ ထို ကန့်လန့်ကာများတွင် ခေရုဗိမ်ရုပ်များပန်း ပေါက်ဖော်ထားရမည်။-
2 ၂ ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင်၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံ တူ ရမည်။
၂ကန့်လန့်ကာများသည်အလျားတစ်ဆယ့် လေးကိုက်၊ အနံနှစ်ကိုက်စီရှိစေရမည်။-
3 ၃ ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် ရမည်။
၃ကန့်လန့်ကာငါးထည်ကိုစပ်၍ချုပ်ရမည်။ အခြားငါးထည်ကိုလည်းထိုအတိုင်းချုပ် ရမည်။-
4 ၄ ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ရမည်။ အခြား သော ကုလားကာပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ လည်း ထိုအတူ လုပ် ရမည်။
၄ကန့်လန့်ကာတစ်စုံစီ၏အပြင်ဘက်နားများ တွင် တပ်ရန်ပိတ်အပြာကွင်းများကိုပြုလုပ် ရမည်။-
5 ၅ ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြား သောကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို ၎င်း၊ ကွင်း ချင်း ဆိုင် မိအောင် လုပ် ရမည်။
၅ငါးထည်စပ်ပထမကန့်လန့်ကာရှိရှေ့ဆုံး အထည်တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယငါးထည်စပ်ကန့်လန့်ကာရှိနောက် ဆုံးအထည်တွင် ကွင်းငါးဆယ်ကိုလည်း ကောင်းကွင်းဆိုင်မီအောင်တပ်ထားရမည်။-
6 ၆ ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် ၊ တဲ တော် တဆောင် တည်း ဖြစ် ရမည်။
၆ကန့်လန့်ကာနှစ်စုံကိုတစ်ခုတည်းဖြစ်စေရန် ဆက်ရမည့်ရွှေချိတ်ငါးဆယ်ကိုပြုလုပ်လော့။
7 ၇ တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် ရမည်။
၇``တဲတော်အမိုးအတွက်အထည်တစ်ဆယ့် တစ်ထည်ကို ဆိတ်မွေးနှင့်ရက်လုပ်လော့။-
8 ၈ ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ဆယ် တ ထည်တို့သည် အလျား အနံချင်း တူ ရမည်။
၈တစ်ထည်လျှင်အလျားတစ်ဆယ့်ငါးကိုက်၊ အနံနှစ်ကိုက်စီရှိစေရမည်။-
9 ၉ ကုလားကာ ငါး ထည် တစပ် ၊ ခြောက် ထည် တစပ် တည်း ချုပ် ၍ ၊ ဆဌမ ကုလားကာ ကို တဲ တော်ဦး ၌ ခေါက် ထားရမည်။
၉အထည်ငါးထည်ကိုတစ်စပ်၊ အခြားခြောက် ထည်ကိုတစ်စပ်ချုပ်ရမည်။ ဆဋ္ဌမအထည် ကိုတဲတော်ဦး၌ခေါက်တင်ထားရမည်။-
10 ၁၀ ကုလားကာများ ဆက် မှီရာ ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည် အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်း၊ ဆက် မှီသော အခြား ကုလားကာ အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်းလုပ် ရမည်။
၁၀ပထမအစပ်၏နောက်ဆုံးအထည်နားတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏အနားတွင်ကွင်းငါးဆယ်ကိုလည်းကောင်း တပ်ထားရမည်။-
11 ၁၁ ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ကွင်း တို့၌ လျှို ပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲ သဖြင့် ၊ တဲ တဆောင် တည်း ဖြစ် ရမည်။
၁၁ထိုအထည်နှစ်စပ်ကိုပေါင်း၍တဲတော်၏ အမိုးဖြစ်စေရန် ကြေးဝါချိတ်ငါးဆယ်ကို ပြုလုပ်ပြီးလျှင်ကွင်းများတွင်ချိတ်ဆက် ပေးလော့။-
12 ၁၂ ထိုအပေါ်တဲ ၌ ပို သော ကုလားကာ တဝက် ကိုကား၊ တဲ တော်နောက်ဖေး မှာ တွဲလွဲ ဆွဲ ထားရမည်။
၁၂ပိုနေသည့်အထည်တစ်ဝက်ကိုတဲတော်နောက် မှာတွဲကျစေရမည်။-
13 ၁၃ အပေါ်တဲ၌ ပို သော ကုလားကာ အလျား နှစ်တောင်တွင်၊ တဲ တော်ဖုံးအုပ် ဘို့ တဘက်တချက် တတောင် စီ တွဲလွဲဆွဲ ထားရမည်။
၁၃အထည်အလျားတစ်ဘက်တစ်ချက်တွင်ပို ထွက်နေသည့်ကိုက်တစ်ဝက်ကို တဲတော်၏ ဘေးဘက်၌တွဲကျစေရမည်။
14 ၁၄ အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသောသိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် ရမည်။
၁၄``အမိုးနှစ်ထပ်ထပ်မံ၍ပြုလုပ်ရမည်။ တစ် ထပ်ကိုအနီရောင်ဆိုးသောသိုးထီးသားရေ ဖြင့်ပြုလုပ်ရမည်။ အပေါ်ဆုံးအထပ်ကို သားရေချောဖြင့်ပြုလုပ်ရမည်။
15 ၁၅ တဲ တော်ကာရန် ထောင် ထားရသောအကာရှ ပျဉ်ပြားတို့ကိုလည်း လုပ် ရမည်။
၁၅``တဲတော်အတွင်းဘောင်ခွေများကို အကာရှ သစ်သားဖြင့်ပြုလုပ်ရမည်။-
16 ၁၆ ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိရမည်။
၁၆ဘောင်ခွေများသည်အလျားတစ်ဆယ့်ငါးပေ၊ အနံနှစ်ဆယ့်ခုနစ်လက်မစီရှိ၍၊-
17 ၁၇ ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက် နှစ် ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် ရမည်။
၁၇ဘောင်ခွေချင်းဆက်စပ်ထားရန်စရွေးဖော်ထား ရမည်။ တဲတော်အတွက်ဘောင်ခွေအားလုံးတွင် စရွေးဖော်ထားရမည်။-
18 ၁၈ တဲ တော်တောင် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ကို လုပ် ရမည်။
၁၈တဲတော်တောင်ဘက်အတွက်ဘောင်ခွေနှစ်ဆယ် ကိုပြုလုပ်ရမည်။-
19 ၁၉ ထိုပျဉ်ပြား နှစ်ဆယ် တွင် ၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် ရမည်။
၁၉ဘောင်ခွေတစ်ခုစီအောက်ရှိခြေထောက်နှစ်ခု စီအတွက် ငွေဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ် လေးဆယ်ကိုပြုလုပ်ရမည်။-
20 ၂၀ ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ရှိရမည်။
၂၀တဲတော်မြောက်ဘက်အတွက်ဘောင်ခွေနှစ် ဆယ်နှင့်၊-
21 ၂၁ ထိုပျဉ်ပြား ၌ လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြားနှစ် ခုစီ ရှိရမည်။
၂၁ဘောင်ခွေတစ်ခုစီအောက်တွင်ငွေဖိနပ်နှစ်ခု ကျဖြင့် ငွေဖိနပ်လေးဆယ်ကိုပြုလုပ်ရမည်။-
22 ၂၂ တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊
၂၂တဲတော်၏အနောက်ဘက်အတွက်ဘောင်ခွေ ခြောက်ခုပြုလုပ်ရမည်။-
23 ၂၃ ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် ရမည်။
၂၃တဲတော်အနောက်ဘက်ထောင့်များအတွက် ဘောင်ခွေနှစ်ခုပြုလုပ်ရမည်။-
24 ၂၄ အထက် ၌ ၎င်း ၊ အောက် ၌၎င်း၊ ကွင်း ကိုတပ်၍ စေ့စပ်လျက် ထောင့် နှစ်ခုကို ပြီး စေရမည်။
၂၄ဤထောင့်ဘောင်ခွေတို့ကိုအောက်ခြေမှအထက် အထိကွင်းဖြင့်ထိန်းချုပ်ထားရမည်။ ထောင့်နှစ် ထောင့်အတွက်ဘောင်ခွေနှစ်ခုကိုထိုနည်း အတိုင်းပြုလုပ်ရမည်။-
25 ၂၅ ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြားနှစ် ခုစီ ရှိ ရမည်။
၂၅သို့ဖြစ်၍ဘောင်ခွေရှစ်ခုနှင့်တစ်ခုစီအတွက် ငွေ ဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ်တစ်ဆယ့်ခြောက်ခု ရှိရမည်။
26 ၂၆ တဲတော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို တဘက် ငါး ချောင်းစီ လုပ် ရမည်။
၂၆``တဲတော်အတွက်ကန့်လန့်ကျင် စုစုပေါင်းတစ် ဆယ့်ငါးခုကိုအကာရှသစ်သားဖြင့်ပြုလုပ် လော့။ တဲတော်တောင်ဘက်ရှိဘောင်ခွေများ အတွက်ကန့်လန့်ကျင်ငါးခု၊-
27 ၂၇ တဲ တော်နောက် ဖေး၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်ရမည်။
၂၇မြောက်ဘက်ရှိဘောင်ခွေများအတွက်ငါးခုနှင့် အနောက်ဘက်ရှိဘောင်များအတွက်ငါးခုပြု လုပ်ရမည်။-
28 ၂၈ အလယ် ကန့်လန့်ကျင် ကို၊ ထောင့်တဘက် တချက်၌ ဆုံး စေရမည်။
၂၈ဘောင်ခွေများ၏အလယ်ကိုဖြတ်သည့်ကန့်လန့် ကျင်တို့သည် တဲတော်အစွန်းတစ်ဘက်တစ်ချက် တွင်အဆုံးသတ်ရမည်။-
29 ၂၉ ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။ ကန့်လန့်ကျင် လျှို ဘို့ ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ၊ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။
၂၉ဘောင်ခွေများကိုရွှေချရမည်။ ကန့်လန့်ကျင်များ ကိုလည်းရွှေချရမည်။ ကန့်လန့်ကျင်များကို လျှိုရန်ရွှေကွင်းများတပ်ထားရမည်။-
30 ၃၀ တောင် ပေါ် မှာ သင့်အားပြ သော ပုံ နှင့်အညီ ၊ တဲ တော်ကို တည်ဆောက် ရမည်။
၃၀သင့်အားတောင်ပေါ်မှာပြသောပုံစံအတိုင်း တဲတော်ကိုတည်ဆောက်ရမည်။
31 ၃၁ တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ တထည်ကို ချုပ် ရမည်။
၃၁``အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး နှင့်ချည်ချောဖြင့် ရက်သောကန့်လန့်ကာကိုပြု လုပ်လော့။ ကန့်လန့်ကာတွင်ခေရုဗိမ်ရုပ်များ ကိုပန်းဖော်ထားရမည်။-
32 ၃၂ ရွှေ ချ သော အကာရှ သား တိုင် လေး တိုင်အပေါ် မှာ၊ ထိုကုလားကာ ကို ဆွဲ ထားရမည်။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့်၎င်း၊ ငွေ ခြေစွပ် လေး ခုနှင့်၎င်း ပြည့်စုံရမည်။
၃၂ကန့်လန့်ကာကိုရွှေချိတ်များတပ်ထားသော အကာရှသစ်သားတိုင်လေးတိုင်အပေါ်တွင် ချိတ်ဆွဲထားရမည်။ တိုင်များကိုရွှေချ၍ ငွေဖိနပ်လေးခုတွင်စွပ်ထားရမည်။-
33 ၃၃ သက်သေခံ ချက်ထားသော သေတ္တာ ကို၊ ကုလားကာ အတွင်း သို့ သွင်း စရာဘို့ ထိုကုလားကာ ကို ရွှေချောင်း ဖြင့် ဆွဲကာ ၍ ၊ ဟဂျာ အရပ်၊ ဟဂျာဟဂျုံ အရပ် နှစ်ပါးစပ်ကြား ၌ အပိုင်း အခြား ဖြစ်ရမည်။
၃၃ကန့်လန့်ကာကိုချိတ်ပြီးနောက်ကန့်လန့်ကာ နောက်တွင် ကျောက်ပြားနှစ်ပြားပါရှိသည့် ပဋိညာဉ်သေတ္တာကိုထားလော့။ ကန့်လန့်ကာ သည်သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံး ဌာနတော်တို့ကိုပိုင်းခြားထားမည်။-
34 ၃၄ ဟဂျာဟဂျုံ အရပ်၌ သက်သေခံ ချက်သေတ္တာ အပေါ် မှာ၊ သေတ္တာအဖုံး ကို တင် ထားရမည်။
၃၄ပဋိညာဉ်သေတ္တာတွင်အဖုံးတပ်ထားရမည်။-
35 ၃၅ ကုလားကာ ပြင် မှာ စားပွဲ ကို ထားရမည်။ တဲ တော်တောင် ဘက်နား မှာ မီးခုံ ကို၎င်း ၊ မြောက် ဘက်နား မှာ စားပွဲ ကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထား ရမည်။
၃၅စားပွဲနှင့်ဆီမီးခုံကိုကန့်လန့်ကာအပြင်ဘက် တွင်ထားရှိရမည်။ စားပွဲကိုမြောက်ဘက်တွင် လည်းကောင်း၊ ဆီမီးခုံကိုတောင်ဘက်တွင်လည်း ကောင်းတစ်ဘက်တစ်ချက်၌ထားရှိရမည်။
36 ၃၆ တဲ တော်တံခါးဝ ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ချယ်လှယ် သော ကုလားကာ တထည်ကို လုပ် ရမည်။
၃၆``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
37 ၃၇ ထိုကုလားကာ ဘို့ ရွှေ တံစို့ နှင့်ပြည့်စုံသော အကာရှ တိုင် ငါး တိုင်ကို လုပ် ၍ ရွှေနှင့်မွမ်းမံ ရမည်။ ကြေးဝါ ခြေစွပ် ငါး ခုကိုလည်း သွန်း ရမည်။
၃၇ဤကန့်လန့်ကာချိတ်ဆွဲရန်အတွက်အကာရှ သစ်သားတိုင်ငါးတိုင်ပြုလုပ်၍၊ ရွှေချိတ်များ တပ်ထားရမည်။ တိုင်များကိုရွှေချ၍တိုင် ဖိနပ်ငါးခုကိုကြေးဝါဖြင့်ပြုလုပ်ရမည်။