< ထွက်မြောက်ရာ 25 >

1 ထာဝရဘုရား ကလည်း ၊ ဣသရေလအမျိုးသားတို့သည်
Ubangiji ya ce wa Musa,
2 ငါ့ အား လက်ဆောင် ပဏ္ဏာကိုဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့ အားလှူ သမျှ သော သူတို့၌ သင်သည် အလှူ ကိုခံရ မည်။
“Ka faɗa wa Isra’ilawa su kawo mini hadaya. Za ka karɓi hadaya daga hannun kowane mutum wanda zuciyarsa ta yarda yă bayar.
3 ခံ ရသော အလှူ ဟူမူကား ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊
“Ga iri jerin kayan da za ka karɓo daga hannunsu, “zinariya, da azurfa, tagulla,
4 ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး။
shuɗi, shunayya da jan zare, lallausan lilin, da gashin akuya,
5 အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ၊ အကာရှ သစ်သား။
fatun ragunan da aka wanke, fatun awaki masu kyau, itacen akashiya,
6 လိမ်း ရန်ဆီ ဘော်ဘို့ ၊ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ရာ၊ နံ့သာ မျိုး၊ မီးထွန်း စရာ ဆီ ၊
mai domin fitila, kayan yaji domin man keɓewa da kuma turare mai ƙanshi,
7 ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီစရာ ကျောက် မြတ် တည်းဟူသောအလှူကို ခံရမည်။
da duwatsun Onis, da duwatsun da za a mammanne a efod da ƙyallen maƙalawa a ƙirji.
8 ငါသည် သင် တို့တွင် ကျိန်းဝပ် ရာဘို့ သန့်ရှင်း ရာဌာနကို လုပ် ကြစေ။
“Sa’an nan ka sa su yi mini wuri mai tsarki, domin in zauna a cikinsu.
9 ငါ ပြ သမျှ သော တဲ တော်ပုံ ၊ တဲ တော်တန်ဆာ ပုံ နှင့် အညီ လုပ် ရမည်။
Ka ƙera wannan tabanakul da duk kayan da suke ciki da waje, daidai yadda zan nuna maka.
10 ၁၀ အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာ၊ စောက် တ တောင်ထွာရှိသော သေတ္တာ ကို၊ အကာရှ သား နှင့်လုပ် ၍ ၊ သေတ္တာအတွင်း အပြင် ကို ရွှေ စင် နှင့် မွမ်းမံရမည်။
“Ka sa a yi akwatin alkawarin da itacen ƙirya, tsawonsa kamu biyu da rabi, fāɗinsa kamu ɗaya da rabi, tsayinsa kuma kamu ɗaya da rabi.
11 ၁၁ သေတ္တာ အပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကိုလည်း လုပ် ရမည်။
Ka dalaye shi da zinariya zalla ciki da waje, za ka yi wa gefe-gefensa ado da gurun zinariya.
12 ၁၂ ရွှေ လေး ကွင်း ကို သွန်း ၍ ၊ သေတ္တာ လေး ထောင့်၌ တ မျက်နှာ နှစ် ကွင်း စီ တပ် ရမည်။
Ka kewaye akwatin da zoban zinariya huɗu ka kuma haɗa su da ƙafafunsa huɗu, zobai biyu a kowane gefe.
13 ၁၃ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ပြီးမှ၊
Sa’an nan ka yi sanduna da itacen ƙirya, ka dalaye su da zinariya.
14 ၁၄ သေတ္တာ ထမ်း စရာဘို့ တဘက် တချက် ရွှေကွင်း ထဲသို့ လျှို ထားရမည်။
Ka sa sandunan a cikin zoban, a gefen akwatin domin ɗaukansa.
15 ၁၅ ထိုထမ်းဘိုး ကိုလည်း သေတ္တာ ရွှေကွင်း ထဲ က မ နှုတ် အစဉ် ရှိ စေရမည်။
Sanduna za su kasance a cikin waɗannan zoban akwatin alkawarin; ba za a cire su ba.
16 ၁၆ ငါပေး သော သက်သေခံချက် ကို၊ ထိုသေတ္တာ ထဲမှာ ထား ရမည်။
Sa’an nan ka sa Shaidar da zan ba ka, a cikin akwatin.
17 ၁၇ အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေ နှင့်လုပ် ရမည်။
“Ka yi murfin kafara da zinariya zalla, tsawonsa kamu biyu da rabi, fāɗinsa kuma kamu ɗaya da rabi.
18 ၁၈ ရွှေ ခေရုဗိမ် နှစ်ပါး ကိုလည်း သေတ္တာအဖုံး တွင် အလျားတဘက် တချက်၌ ထု လုပ် ရမည်။
Ka kuma yi kerubobi biyu da zinariyar da aka ƙera, ka sa a gefen nan biyu na murfin.
19 ၁၉ ထို ခေရုဗိမ် နှစ်ပါး ကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက် တပါး စီ လုပ် ပြီးလျှင်၊
Ka yi kerubobi biyu, ɗaya a wannan gefe, ɗaya kuma a ɗayan gefen; za ka manne su a kan murfin, su zama abu ɗaya.
20 ၂၀ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်းဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး ရမည်။
Kerubobin su kasance da fikafikansu a buɗe, domin su inuwantar da murfin, za su fuskanci juna, suna duba murfin.
21 ၂၁ သေတ္တာအဖုံး ကို သေတ္တာ ပေါ် မှာ တင် ရမည်။ ငါပေး သော သက်သေခံချက် ကိုလည်း သေတ္တာ ထဲမှာ ထား ရမည်။
Ka sa murfin a bisa akwatin ka kuma sa allunan dokokin alkawarin da zan ba ka a ciki.
22 ၂၂ ထို အရပ်၌ ငါသည် သင် နှင့် တွေ့ ၍ ၊ သက်သေခံ ချက်ထားသော သေတ္တာ ဖုံး အပေါ် ၊ ခေရုဗိမ် နှစ်ပါး စပ်ကြား မှာ သင် နှင့် နှုတ်ဆက် သဖြင့်၊ ဣသရေလ အမျိုးသား တို့၌ ဆင့်ဆို ရာသမျှ တို့ကို စီရင်မည်။
Can, a bisa murfin da yake tsakanin kerubobi biyu da suke bisa akwatin alkawari na Shaida, zan sadu da kai, in kuma ba ka dukan umarnai domin Isra’ilawa.
23 ၂၃ အလျား နှစ်တောင် ၊ အနံ တတောင် ၊ အမြင့် တ တောင်ထွာရှိသော စားပွဲ ကိုလည်း အကာရှ သား နှင့် လုပ် ၍ ၊
“Ka yi tebur da itacen ƙirya, tsawonsa kamu biyu, fāɗinsa kamu ɗaya, tsayinsa kuma kamu ɗaya da rabi.
24 ၂၄ ရွှေ စင် နှင့် မွမ်းမံ ရမည်။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကို၎င်း၊
Ka dalaye shi da zinariya zalla ka kuma yi masa ado kewaye da gurun zinariya.
25 ၂၅ အနံ လက် တဝါးရှိသောခါးပန်း ကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာ ကို၎င်း လုပ် ရမည်။
Ka yi dajiya mai fāɗin tafin hannu, ka kuma yi wa dajiyar ado da gurun zinariya.
26 ၂၆ ရွှေ လေး ကွင်း ကိုလည်း လုပ် ၍ ၊ ခြေထောက် လေး ခု အထက်စားပွဲလေး ထောင့် ၌ တပ် ရမည်။
Ka yi zoban zinariya huɗu domin teburin, ka daure su a kusurwoyi huɗu, inda ƙafafu huɗun suke.
27 ၂၇ ထိုရွှေကွင်း တို့သည် ခါးပန်း ပေါ်မှာရှိ၍၊ စားပွဲ ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။
Zoban za su kasance kusa da dajiyar don riƙe sandunan da za a yi amfani don ɗaukar teburin.
28 ၂၈ စားပွဲ ထမ်း စရာ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။
Ka yi sandunan da itacen ƙirya, ka dalaye su da zinariya, da sandunan ne za ku riƙa ɗaukan teburin.
29 ၂၉ စားပွဲနှင့်ဆိုင်သော လင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်း စရာဖလား များကိုလည်း ရွှေ စင် နှင့် လုပ် ရမည်။
Da zinariya zalla kuma za ka yi farantansa, da kwanoninsa na tuya, da butocinsa, da kwanoninsa domin zuban hadayu.
30 ၃၀ ငါ့ ရှေ့ ၊ စားပွဲ ပေါ် မှာ ရှေ့ တော်မုန့် ကို အစဉ် တင် ရမည်။
Ka sa burodin Kasancewa a kan wannan tebur, yă kasance a gabana kullum.
31 ၃၁ မီးခုံ ကိုလည်း ရွှေ စင် နှင့်လုပ်၍၊ မီးခုံ တိုင် အစရှိသော အလက် များ၊ ခွက် များ၊ ဘူးသီး များ၊ ကြာပွင့် များတို့ကို တစပ်တည်းထု ရမည်။
“Ka yi wurin ajiye fitilar da zinariya zalla, ka kuma yi gindinsa tare da gorar jikinsa da ƙerarriyar zinariya; kwafunansa da suka yi kamar furanni, tohonsa da furanninsa su yi yadda za su zama ɗaya da shi.
32 ၃၂ မီးခုံတိုင် တဘက် တချက်သုံး လက် စီထွက် ၍၊ အလက် ခြောက် လက်ရှိရမည်။
Wurin ajiye fitilar yă kasance da rassa shida, rassan nan za su miƙe daga kowane gefe na wurin ajiye fitilan, uku a gefe guda, uku kuma a ɗaya gefen.
33 ၃၃ မီးခုံ တိုင်ထဲက ထွက်သော အလက် သုံး လက်တွင်၊ တလက် တလက်၌ ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့် ပုံတူသော ခွက် သုံး ခွက် ရှိရမည်။
Kwafuna uku masu siffar furanni almon, da toho, da kuma furannin za su kasance a rashe guda, uku a kan rashe na biye, haka kuma a kan saura rassan shida da suka miƙe daga wurin ajiye fitilan.
34 ၃၄ မီးခုံ တိုင်၌ လည်း ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့်ပုံတူသော ခွက် လေး ခွက် ရှိရမည်။
A bisa wurin ajiye fitilan kuwa za a kasance da kwafuna huɗu masu siffar furannin almon, da toho, da furanni.
35 ၃၅ မီးခုံ တိုင်ထဲက ထွက် သော အလက် ခြောက် လက်ရှိသည်အတိုင်း ၊ အလက် နှစ်ဘက် အောက် ၌လည်း ဘူး သီးတလုံးစီ ရှိရမည်။
Toho ɗaya zai kasance a ƙarƙashin rassa biyu na farkon da suka miƙe daga wurin ajiye fitilan, toho na biyu a ƙarƙashin rassa biyu na biye, toho na uku a ƙarƙashin rassa na uku, rassa shida ke nan duka.
36 ၃၆ ဘူး များ၊ အလက် များတို့ကို တကိုယ် တစပ်တည်းဖြစ်စေ ၍၊ မီးခုံတကိုယ်လုံးကို ရွှေ စင် နှင့် ထုလုပ် ရမည်။
Tohon da kuma rassan za su kasance ɗaya da wurin ajiye fitilan da aka yi da ƙerarriyar zinariya.
37 ၃၇ မီးခွက် ခုနစ် လုံးကိုလည်း လုပ် ရမည်။ စားပွဲ ကို လင်း စေခြင်းငှာ ထိုမီးခွက် ကို ထွန်း ရမည်။
“Sa’an nan ka yi fitilu bakwai, ka sa su a bisa wurin ajiye fitilan ta yadda za su haskaka wajen da suka fuskanta.
38 ၃၈ မီးညှပ် နှင့် မီးညှပ်ခံစရာခွက် တို့သည်လည်း ရွှေ စင် ဖြစ်ရမည်။
Za a yi lagwaninsa da manyan farantansa da ƙerarriyar zinariya.
39 ၃၉ မီးခုံ နှင့် မီးခုံ တန်ဆာ ရှိသမျှ တို့ကို၊ ရွှေ စင် အခွက် တဆယ်နှင့် လုပ် ရမည်။
Da zinariya zalla na talenti ɗaya za ka yi wurin ajiye fitilan da waɗannan abubuwa duka.
40 ၄၀ တောင် ပေါ်မှာ သင့် အား ပြ ခဲ့ပြီးသော ပုံ နှင့် ညီလျော် စွာ လုပ် ခြင်းငှာ သတိပြု ရမည်။
Sai ka lura ka yi su daidai bisa ga fasalin da aka nuna maka a kan dutse.

< ထွက်မြောက်ရာ 25 >