< ထွက်မြောက်ရာ 25 >

1 ထာဝရဘုရား ကလည်း ၊ ဣသရေလအမျိုးသားတို့သည်
And Jehovah spoke to Moses, saying,
2 ငါ့ အား လက်ဆောင် ပဏ္ဏာကိုဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့ အားလှူ သမျှ သော သူတို့၌ သင်သည် အလှူ ကိုခံရ မည်။
Speak unto the children of Israel, that they bring me a heave-offering: of every one whose heart prompteth him, ye shall take my heave-offering.
3 ခံ ရသော အလှူ ဟူမူကား ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊
And this is the heave-offering that ye shall take of them: gold, and silver, and copper,
4 ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး။
and blue, and purple, and scarlet, and byssus, and goats' [hair],
5 အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ၊ အကာရှ သစ်သား။
and rams' skins dyed red, and badgers' skins; and acacia-wood;
6 လိမ်း ရန်ဆီ ဘော်ဘို့ ၊ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ရာ၊ နံ့သာ မျိုး၊ မီးထွန်း စရာ ဆီ ၊
oil for the light; spices for the anointing oil, and for the incense of fragrant drugs;
7 ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီစရာ ကျောက် မြတ် တည်းဟူသောအလှူကို ခံရမည်။
onyx stones, and stones to be set in the ephod, and in the breastplate.
8 ငါသည် သင် တို့တွင် ကျိန်းဝပ် ရာဘို့ သန့်ရှင်း ရာဌာနကို လုပ် ကြစေ။
And they shall make me a sanctuary, that I may dwell among them.
9 ငါ ပြ သမျှ သော တဲ တော်ပုံ ၊ တဲ တော်တန်ဆာ ပုံ နှင့် အညီ လုပ် ရမည်။
According to all that I shall shew thee, the pattern of the tabernacle, and the pattern of all the utensils thereof, even so shall ye make [it].
10 ၁၀ အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာ၊ စောက် တ တောင်ထွာရှိသော သေတ္တာ ကို၊ အကာရှ သား နှင့်လုပ် ၍ ၊ သေတ္တာအတွင်း အပြင် ကို ရွှေ စင် နှင့် မွမ်းမံရမည်။
And they shall make an ark of acacia-wood; two cubits and a half the length thereof, and a cubit and a half the breadth thereof, and a cubit and a half the height thereof.
11 ၁၁ သေတ္တာ အပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကိုလည်း လုပ် ရမည်။
And thou shalt overlay it with pure gold: inside and outside shalt thou overlay it; and shalt make upon it a border of gold round about.
12 ၁၂ ရွှေ လေး ကွင်း ကို သွန်း ၍ ၊ သေတ္တာ လေး ထောင့်၌ တ မျက်နှာ နှစ် ကွင်း စီ တပ် ရမည်။
And cast four rings of gold for it, and put [them] at the four corners thereof, that two rings may be upon the one side thereof and two rings upon the other side thereof.
13 ၁၃ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ပြီးမှ၊
And make staves of acacia-wood and overlay them with gold.
14 ၁၄ သေတ္တာ ထမ်း စရာဘို့ တဘက် တချက် ရွှေကွင်း ထဲသို့ လျှို ထားရမည်။
And put the staves into the rings upon the sides of the ark, that the ark may be borne with them.
15 ၁၅ ထိုထမ်းဘိုး ကိုလည်း သေတ္တာ ရွှေကွင်း ထဲ က မ နှုတ် အစဉ် ရှိ စေရမည်။
The staves shall be in the rings of the ark: they shall not come out from it.
16 ၁၆ ငါပေး သော သက်သေခံချက် ကို၊ ထိုသေတ္တာ ထဲမှာ ထား ရမည်။
And thou shalt put into the ark the testimony that I shall give thee.
17 ၁၇ အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေ နှင့်လုပ် ရမည်။
And thou shalt make a mercy-seat of pure gold: two cubits and a half the length thereof, and a cubit and a half the breadth thereof.
18 ၁၈ ရွှေ ခေရုဗိမ် နှစ်ပါး ကိုလည်း သေတ္တာအဖုံး တွင် အလျားတဘက် တချက်၌ ထု လုပ် ရမည်။
And thou shalt make two cherubim of gold; [of] beaten work shalt thou make them, at the two ends of the mercy-seat.
19 ၁၉ ထို ခေရုဗိမ် နှစ်ပါး ကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက် တပါး စီ လုပ် ပြီးလျှင်၊
And make one cherub at the end of the one side, and one cherub at the end of the other side; out of the mercy-seat shall ye make the cherubim at the two ends thereof.
20 ၂၀ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်းဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး ရမည်။
And the cherubim shall stretch out [their] wings over it, covering over with their wings the mercy-seat, and their faces opposite to one another: toward the mercy-seat shall the faces of the cherubim be [turned].
21 ၂၁ သေတ္တာအဖုံး ကို သေတ္တာ ပေါ် မှာ တင် ရမည်။ ငါပေး သော သက်သေခံချက် ကိုလည်း သေတ္တာ ထဲမှာ ထား ရမည်။
And thou shalt put the mercy-seat above on the ark, and shalt put in the ark the testimony that I shall give thee.
22 ၂၂ ထို အရပ်၌ ငါသည် သင် နှင့် တွေ့ ၍ ၊ သက်သေခံ ချက်ထားသော သေတ္တာ ဖုံး အပေါ် ၊ ခေရုဗိမ် နှစ်ပါး စပ်ကြား မှာ သင် နှင့် နှုတ်ဆက် သဖြင့်၊ ဣသရေလ အမျိုးသား တို့၌ ဆင့်ဆို ရာသမျှ တို့ကို စီရင်မည်။
And there will I meet with thee, and will speak with thee from above the mercy-seat, from between the two cherubim which are upon the ark of the testimony, everything that I will give thee in commandment unto the children of Israel.
23 ၂၃ အလျား နှစ်တောင် ၊ အနံ တတောင် ၊ အမြင့် တ တောင်ထွာရှိသော စားပွဲ ကိုလည်း အကာရှ သား နှင့် လုပ် ၍ ၊
And thou shalt make a table of acacia-wood, two cubits the length thereof, and a cubit the breadth thereof, and a cubit and a half the height thereof.
24 ၂၄ ရွှေ စင် နှင့် မွမ်းမံ ရမည်။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကို၎င်း၊
And thou shalt overlay it with pure gold, and make upon it a border of gold round about.
25 ၂၅ အနံ လက် တဝါးရှိသောခါးပန်း ကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာ ကို၎င်း လုပ် ရမည်။
And thou shalt make for it a margin of a handbreadth round about, and shalt make a border of gold for the margin thereof round about.
26 ၂၆ ရွှေ လေး ကွင်း ကိုလည်း လုပ် ၍ ၊ ခြေထောက် လေး ခု အထက်စားပွဲလေး ထောင့် ၌ တပ် ရမည်။
And thou shalt make for it four rings of gold, and put the rings at the four corners that are on the four feet thereof.
27 ၂၇ ထိုရွှေကွင်း တို့သည် ခါးပန်း ပေါ်မှာရှိ၍၊ စားပွဲ ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။
Close to the margin shall the rings be, as receptacles of the staves to carry the table.
28 ၂၈ စားပွဲ ထမ်း စရာ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။
And thou shalt make the staves of acacia-wood, and overlay them with gold; and the table shall be carried upon them.
29 ၂၉ စားပွဲနှင့်ဆိုင်သော လင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်း စရာဖလား များကိုလည်း ရွှေ စင် နှင့် လုပ် ရမည်။
And thou shalt make the dishes thereof, and cups thereof, and goblets thereof, and bowls thereof, with which to pour out: of pure gold shalt thou make them.
30 ၃၀ ငါ့ ရှေ့ ၊ စားပွဲ ပေါ် မှာ ရှေ့ တော်မုန့် ကို အစဉ် တင် ရမည်။
And thou shalt set upon the table shewbread before me continually.
31 ၃၁ မီးခုံ ကိုလည်း ရွှေ စင် နှင့်လုပ်၍၊ မီးခုံ တိုင် အစရှိသော အလက် များ၊ ခွက် များ၊ ဘူးသီး များ၊ ကြာပွင့် များတို့ကို တစပ်တည်းထု ရမည်။
And thou shalt make a lamp-stand of pure gold; [of] beaten work shall the lamp-stand be made: its base and its shaft, its cups, its knobs, and its flowers shall be of the same.
32 ၃၂ မီးခုံတိုင် တဘက် တချက်သုံး လက် စီထွက် ၍၊ အလက် ခြောက် လက်ရှိရမည်။
And six branches shall come out of the sides thereof — three branches of the lamp-stand out of one side thereof, and three branches of the lamp-stand out of the other side thereof;
33 ၃၃ မီးခုံ တိုင်ထဲက ထွက်သော အလက် သုံး လက်တွင်၊ တလက် တလက်၌ ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့် ပုံတူသော ခွက် သုံး ခွက် ရှိရမည်။
three cups shaped like almonds in the one branch, a knob and a flower: and three cups shaped like almonds in the other branch, a knob and a flower: so in the six branches that come out of the lamp-stand.
34 ၃၄ မီးခုံ တိုင်၌ လည်း ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့်ပုံတူသော ခွက် လေး ခွက် ရှိရမည်။
And in the lamp-stand four cups shaped like almonds, its knobs and its flowers;
35 ၃၅ မီးခုံ တိုင်ထဲက ထွက် သော အလက် ခြောက် လက်ရှိသည်အတိုင်း ၊ အလက် နှစ်ဘက် အောက် ၌လည်း ဘူး သီးတလုံးစီ ရှိရမည်။
and a knob under two branches of it, and [again] a knob under two branches of it, and [again] a knob under two branches of it, for the six branches that proceed out of the lamp-stand.
36 ၃၆ ဘူး များ၊ အလက် များတို့ကို တကိုယ် တစပ်တည်းဖြစ်စေ ၍၊ မီးခုံတကိုယ်လုံးကို ရွှေ စင် နှင့် ထုလုပ် ရမည်။
Their knobs and their branches shall be of itself — all of one beaten work of pure gold.
37 ၃၇ မီးခွက် ခုနစ် လုံးကိုလည်း လုပ် ရမည်။ စားပွဲ ကို လင်း စေခြင်းငှာ ထိုမီးခွက် ကို ထွန်း ရမည်။
And thou shalt make the seven lamps thereof, and they shall light the lamps thereof, that they may shine out before it;
38 ၃၈ မီးညှပ် နှင့် မီးညှပ်ခံစရာခွက် တို့သည်လည်း ရွှေ စင် ဖြစ်ရမည်။
and the snuffers thereof, and the snuff-trays thereof, of pure gold.
39 ၃၉ မီးခုံ နှင့် မီးခုံ တန်ဆာ ရှိသမျှ တို့ကို၊ ရွှေ စင် အခွက် တဆယ်နှင့် လုပ် ရမည်။
Of a talent of pure gold shall they make it, with all these utensils.
40 ၄၀ တောင် ပေါ်မှာ သင့် အား ပြ ခဲ့ပြီးသော ပုံ နှင့် ညီလျော် စွာ လုပ် ခြင်းငှာ သတိပြု ရမည်။
And see that thou make [them] according to their pattern, which hath been shewn to thee in the mountain.

< ထွက်မြောက်ရာ 25 >