< ထွက်မြောက်ရာ 24 >

1 တဖန် ထာဝရဘုရားက၊ သင်သည် အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် နှင့်တကွ၊ ထာဝရဘုရား ထံ တော်သို့ တက် ၍ ၊ သူတို့သည် ဝေးဝေး ကိုးကွယ် ကြစေ။
Kisha Mungu akamwambia Mose, “Njooni huku juu kwa Bwana, wewe na Aroni, Nadabu na Abihu, pamoja na wazee sabini wa Israeli. Mniabudu kwa mbali,
2 သင်တ ယောက်တည်းသာ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ရမည်။ အခြားသောသူ မချဉ်း မ ကပ်ရ။ လူ များတို့သည် သင် နှင့်အတူ မ တက် ရကြဟု မောရှေ အား မိန့် တော်မူ၏။
lakini Mose peke yake ndiye atakayemkaribia Bwana; wengine wasije karibu. Nao watu wasije wakapanda pamoja naye.”
3 မောရှေ သည်လည်း လူ များတို့ရှိရာသို့ လာ ၍ ၊ ထာဝရဘုရား ၏ စကား တော်အလုံးစုံ ကို၎င်း၊ စီရင် တော်မူချက်အလုံးစုံ ကို၎င်း ပြန်ကြား ၍၊ လူ များအပေါင်း ကလည်း ၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ ပြု ပါမည်ဟု တ သံ တည်းပြန် ပြောကြ၏။
Mose alipokwenda na kuwaambia watu maneno yote na sheria zote za Bwana, wakaitikia kwa sauti moja, “Kila kitu alichosema Bwana tutakifanya.”
4 မောရှေ သည်ထာဝရဘုရား ၏ စကား တော်အလုံးစုံ တို့ကို ရေးထား ပြီးမှ ၊ နံနက် စောစောထ ၍ ၊ တောင် ခြေရင်း ၌ ယဇ် ပလ္လင်ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးနှင့်အမျှ ကျောက် တိုင်တဆယ် နှစ် တိုင်ကို၎င်း တည် လေ၏။
Ndipo Mose akaandika kila kitu Bwana alichokuwa amesema. Akaamka kesho yake asubuhi na mapema na kujenga madhabahu chini ya mlima na kusimamisha nguzo kumi na mbili za mawe kuwakilisha makabila kumi na mawili ya Israeli.
5 ဣသရေလ အမျိုးသား လူပျို တို့ကို စေခိုင်း သည်အတိုင်း ၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့ မှာ မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် ကို ပူဇော် ကြ၏။
Kisha akawatuma vijana wanaume wa Kiisraeli, nao wakatoa sadaka za kuteketezwa na dhabihu za mafahali wachanga kuwa sadaka za amani kwa Bwana.
6 မောရှေ သည်လည်း ၊ အသွေး တဝက် ကို အင်တုံ ၌ ထည့် ၍ ၊ တဝက် ကို ယဇ်ပလ္လင် ပေါ် မှာ ဖြန်း လေ၏။
Mose akachukua nusu ya damu ya wale wanyama na kuiweka kwenye mabakuli na nusu nyingine akainyunyiza juu ya madhabahu.
7 ပဋိညာဉ် စာ ကိုလည်း ယူ ၍ ၊ ပရိသတ် များရှေ့ မှာ ဘတ် ပြီးလျှင် ၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ပြု ပါမည်၊ နားထောင် ပါမည်ဟု ပြောဆို ကြ၏။
Kisha akachukua kile Kitabu cha Agano na kuwasomea watu. Nao wakajibu, “Tutafanya kila kitu alichosema Bwana, nasi tutatii.”
8 မောရှေ သည်လည်း ၊ အသွေး ကို ယူ ၍ လူ များအပေါ် မှာ ဖြန်း လျက် ၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင် တို့၌ ထာဝရဘုရား ဝန်ခံ တော်မူသော ပဋိညာဉ် ၏အသွေး ဖြစ်သည်ဟု ပြောဆို ၏။
Ndipo Mose akachukua ile damu, akawanyunyizia wale watu, akasema, “Hii ni damu ya agano ambalo Bwana amelifanya nanyi kufuatana na maneno haya yote.”
9 ထိုအခါ မောရှေ ၊ အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် တို့ သည် တက် ၍ ၊
Mose na Aroni, Nadabu na Abihu, pamoja na wazee sabini wa Israeli wakapanda mlimani,
10 ၁၀ ဣသရေလ အမျိုး၏ ဘုရား သခင်ကို မြင် ကြ၏။ ခြေ တော်အောက် ၌ နီလာ ကျောက် ဖြင့်ပြီးသောကျောက် ခင်းကဲ့သို့ ၎င်း၊ ကြည်လင် သော ကောင်းကင် မျက်နှာကဲ့သို့ ၎င်း ထင်လေ၏။
nao wakamwona Mungu wa Israeli. Chini ya miguu yake kulikuwa na kitu kama sakafu ya mawe ya yakuti samawi, iliyo safi kama anga angavu.
11 ၁၁ ဣသရေလ အမျိုးသား မှူးမတ် တို့ကို အပြစ် ပေးတော်မ မူ။ သူတို့သည် ဘုရား သခင်ကို မြင် ရသော်လည်း ၊ စား သောက် လျက် နေကြ၏။
Lakini Mungu hakuinua mkono wake dhidi ya hawa viongozi wa Waisraeli; walimwona Mungu, nao wakala na kunywa.
12 ၁၂ ထာဝရဘုရား ကလည်း ၊ ငါ ရှိရာတောင် ပေါ် သို့ တက် ၍ နေ လော့။ လူ များတို့အား သွန်သင် ဘို့ရာ ကျောက် ပြား ပေါ်မှာ ငါရေး ထားသော ပညတ် တရား များကို သင် ၌ ငါအပ် ပေးမည်ဟု မောရှေ အား မိန့် တော်မူလျှင်၊
Bwana akamwambia Mose, “Panda uje kwangu huku mlimani na ukae hapa, nami nitakupa vibao vya mawe, vyenye sheria na amri ambazo nimeziandika ziwe mwongozo wao.”
13 ၁၃ မောရှေ သည် မိမိ လက်ထောက် ယောရှု နှင့်အတူ ထ ၍ ဘုရား သခင်၏ တောင် တော်ပေါ် သို့ တက် သွား၏။
Basi Mose akaondoka na Yoshua mtumishi wake, naye Mose akapanda juu kwenye mlima wa Mungu.
14 ၁၄ အသက်ကြီး သူတို့အား လည်း ၊ ငါတို့မ လာ မှီတိုင်အောင်ဤ အရပ်၌ ငံ့ နေကြလော့။ အာရုန် နှင့် ဟုရ သည် သင် တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်း ရှိလျှင်၊ သူ တို့ထံသို့ သွား စေဟု မှာ ထားလေ၏။
Mose akawaambia wazee wa Israeli, “Tungojeni hapa mpaka tutakapowarudia. Aroni na Huri wako pamoja nanyi, na kila aliye na neno aweza kuwaendea wao.”
15 ၁၅ မောရှေ သည် တောင် တော်ပေါ် သို့တက် ၍ ၊ မိုဃ်းတိမ် သည် တောင် တော်ကို လွှမ်းမိုး ၏။
Mose alipopanda juu mlimani, wingu liliufunika huo mlima,
16 ၁၆ ထာဝရဘုရား ၏ ဘုန်း တော်သည် သိနာ တောင် ပေါ် မှာထိ ၍ ၊ မိုဃ်းတိမ် သည် ခြောက် ရက် ပတ်လုံးလွှမ်းမိုး ၏။ သတ္တမ နေ့ရက် ၌ မိုဃ်းတိမ် အထဲ က အသံတော်ထွက်၍၊ မောရှေ ကို ခေါ် တော်မူ၏။
nao utukufu wa Bwana ukatua juu ya Mlima Sinai. Kwa muda wa siku sita wingu lilifunika mlima, na siku ya saba Bwana akamwita Mose kutoka katikati ya lile wingu.
17 ၁၇ ထာဝရဘုရား ၏ ဘုန်း တော်သည် တောင် ထိပ် ပေါ် မှာလောင် သော မီး ကဲ့သို့ ထင် ၍ ၊ ဣသရေလ အမျိုးသား တို့သည် မြင် ရကြ၏။
Kwa Waisraeli utukufu wa Bwana ulionekana kama moto uteketezao juu ya mlima.
18 ၁၈ မောရှေ သည် မိုဃ်းတိမ် အထဲသို့ ဝင် သဖြင့် တောင် ပေါ် သို့ရောက် ၍ အရက် လေးဆယ် ပတ်လုံးတောင် ပေါ် မှာ နေ လေ၏။
Kisha Mose akaingia ndani ya lile wingu alivyokuwa akipanda mlimani. Naye akakaa huko mlimani kwa muda wa siku arobaini, usiku na mchana.

< ထွက်မြောက်ရာ 24 >