< ထွက်မြောက်ရာ 24 >
1 ၁ တဖန် ထာဝရဘုရားက၊ သင်သည် အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် နှင့်တကွ၊ ထာဝရဘုရား ထံ တော်သို့ တက် ၍ ၊ သူတို့သည် ဝေးဝေး ကိုးကွယ် ကြစေ။
၁ထာဝရဘုရားကမောရှေအား``သင်သည် အာရုန်၊ နာဒပ်၊ အဘိဟုနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်ခုနစ်ဆယ်တို့ကို ခေါ်ဆောင်၍ ထာဝရဘုရားထံတော်၊ တောင် ပေါ်သို့တက်လာလော့။ သင်တို့သည်ခပ်လှမ်း လှမ်းနေရာမှငါ့အားပျပ်ဝပ်ကိုးကွယ် ကြလော့။-
2 ၂ သင်တ ယောက်တည်းသာ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ရမည်။ အခြားသောသူ မချဉ်း မ ကပ်ရ။ လူ များတို့သည် သင် နှင့်အတူ မ တက် ရကြဟု မောရှေ အား မိန့် တော်မူ၏။
၂သင်တစ်ယောက်တည်းသာငါ့အနီးသို့ချဉ်းကပ် ရမည်။ အခြားသောသူတို့သည်ငါ့အနီးသို့ မချဉ်းကပ်စေရ။ လူထုမူကားတောင်ပေါ်သို့ မတက်ရ'' ဟုမိန့်တော်မူ၏။
3 ၃ မောရှေ သည်လည်း လူ များတို့ရှိရာသို့ လာ ၍ ၊ ထာဝရဘုရား ၏ စကား တော်အလုံးစုံ ကို၎င်း၊ စီရင် တော်မူချက်အလုံးစုံ ကို၎င်း ပြန်ကြား ၍၊ လူ များအပေါင်း ကလည်း ၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ ပြု ပါမည်ဟု တ သံ တည်းပြန် ပြောကြ၏။
၃မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။-
4 ၄ မောရှေ သည်ထာဝရဘုရား ၏ စကား တော်အလုံးစုံ တို့ကို ရေးထား ပြီးမှ ၊ နံနက် စောစောထ ၍ ၊ တောင် ခြေရင်း ၌ ယဇ် ပလ္လင်ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးနှင့်အမျှ ကျောက် တိုင်တဆယ် နှစ် တိုင်ကို၎င်း တည် လေ၏။
၄မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။-
5 ၅ ဣသရေလ အမျိုးသား လူပျို တို့ကို စေခိုင်း သည်အတိုင်း ၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့ မှာ မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် ကို ပူဇော် ကြ၏။
၅ထိုနောက်သူသည်ဣသရေလအမျိုးသားလူ ငယ်တို့ကိုခိုင်းစေသဖြင့်၊ သူတို့သည်နွားများ ကိုသတ်၍ထာဝရဘုရားအားမီးရှို့သော ယဇ်၊ မိတ်သဟာယယဇ်ကိုပူဇော်လေ၏။-
6 ၆ မောရှေ သည်လည်း ၊ အသွေး တဝက် ကို အင်တုံ ၌ ထည့် ၍ ၊ တဝက် ကို ယဇ်ပလ္လင် ပေါ် မှာ ဖြန်း လေ၏။
၆မောရှေသည်တိရစ္ဆာန်တို့၏သွေးတစ်ဝက်ကို အင်တုံများတွင်ထည့်၍၊ အခြားတစ်ဝက် ကိုယဇ်ပလ္လင်ပေါ်၌ပက်ဖျန်းလေ၏။-
7 ၇ ပဋိညာဉ် စာ ကိုလည်း ယူ ၍ ၊ ပရိသတ် များရှေ့ မှာ ဘတ် ပြီးလျှင် ၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ပြု ပါမည်၊ နားထောင် ပါမည်ဟု ပြောဆို ကြ၏။
၇ထိုနောက်သူသည်ထာဝရဘုရား၏ပညတ် များရေးထားသောပဋိညာဉ်စာအုပ်ကိုယူ၍ လူအပေါင်းတို့ကြားနိုင်အောင်ဖတ်ပြလေသည်။ သူတို့ကလည်း``အကျွန်ုပ်တို့သည်ထာဝရ ဘုရားမိန့်တော်မူသမျှကိုလိုက်နာပါမည်'' ဟုဆိုလေ၏။
8 ၈ မောရှေ သည်လည်း ၊ အသွေး ကို ယူ ၍ လူ များအပေါ် မှာ ဖြန်း လျက် ၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင် တို့၌ ထာဝရဘုရား ဝန်ခံ တော်မူသော ပဋိညာဉ် ၏အသွေး ဖြစ်သည်ဟု ပြောဆို ၏။
၈ထိုနောက်မောရှေသည်အင်တုံများထဲမှသွေး ကိုယူ၍ လူတို့အပေါ်သို့ပက်ဖျန်းလေ၏။ သူ က``ထာဝရဘုရားသည်သင်တို့အားဤပညတ် များကိုပေးလျက် သင်တို့နှင့်ပြုတော်မူသော ပဋိညာဉ်ကိုဤသွေးဖြင့်အတည်ဖြစ်စေ ပြီ'' ဟုဆိုလေ၏။
9 ၉ ထိုအခါ မောရှေ ၊ အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် တို့ သည် တက် ၍ ၊
၉မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်တို့သည် တောင်ပေါ်သို့တက်၍၊-
10 ၁၀ ဣသရေလ အမျိုး၏ ဘုရား သခင်ကို မြင် ကြ၏။ ခြေ တော်အောက် ၌ နီလာ ကျောက် ဖြင့်ပြီးသောကျောက် ခင်းကဲ့သို့ ၎င်း၊ ကြည်လင် သော ကောင်းကင် မျက်နှာကဲ့သို့ ၎င်း ထင်လေ၏။
၁၀ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဖူးမြင်ရကြ၏။ ကိုယ်တော်၏ခြေတော်အောက်တွင် မိုးကောင်းကင်သဖွယ်ပြာလက်နေသောနီလာ ကျောက်ခင်းထားသည်ဟုထင်ရ၏။-
11 ၁၁ ဣသရေလ အမျိုးသား မှူးမတ် တို့ကို အပြစ် ပေးတော်မ မူ။ သူတို့သည် ဘုရား သခင်ကို မြင် ရသော်လည်း ၊ စား သောက် လျက် နေကြ၏။
၁၁ဘုရားသခင်သည်ဣသရေလအမျိုးသားခေါင်း ဆောင်တို့အားဘေးဥပဒ်ရောက်စေတော်မမူ။ သူတို့သည် ဘုရားသခင်အားဖူးမြင်ပြီး နောက်အတူတကွစားသောက်ကြ၏။
12 ၁၂ ထာဝရဘုရား ကလည်း ၊ ငါ ရှိရာတောင် ပေါ် သို့ တက် ၍ နေ လော့။ လူ များတို့အား သွန်သင် ဘို့ရာ ကျောက် ပြား ပေါ်မှာ ငါရေး ထားသော ပညတ် တရား များကို သင် ၌ ငါအပ် ပေးမည်ဟု မောရှေ အား မိန့် တော်မူလျှင်၊
၁၂ထာဝရဘုရားကမောရှေအား``ငါရှိရာ တောင်ပေါ်သို့တက်လာလော့။ လူတို့ကိုသွန် သင်ရန်အတွက် ငါရေးထားသောပညတ်အား လုံးပါရှိသည့်ကျောက်ပြားနှစ်ပြားကိုသင့် အားငါအပ်ပေးမည်'' ဟုမိန့်တော်မူ၏။-
13 ၁၃ မောရှေ သည် မိမိ လက်ထောက် ယောရှု နှင့်အတူ ထ ၍ ဘုရား သခင်၏ တောင် တော်ပေါ် သို့ တက် သွား၏။
၁၃ထို့ကြောင့်မောရှေသည်မိမိ၏လက်ထောက် ယောရှုနှင့်အတူ အသင့်ပြင်၍တောင်တော် ပေါ်သို့တက်သွားလေသည်။-
14 ၁၄ အသက်ကြီး သူတို့အား လည်း ၊ ငါတို့မ လာ မှီတိုင်အောင်ဤ အရပ်၌ ငံ့ နေကြလော့။ အာရုန် နှင့် ဟုရ သည် သင် တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်း ရှိလျှင်၊ သူ တို့ထံသို့ သွား စေဟု မှာ ထားလေ၏။
၁၄မောရှေကဣသရေလအမျိုးသားခေါင်းဆောင် တို့အား``ငါတို့ပြန်ရောက်သည့်တိုင်အောင်ဤ အရပ်တွင်စောင့်ဆိုင်းနေကြလော့။ သင်တို့တွင် အငြင်းအခုံတစ်ခုခုပေါ်ပေါက်လျှင် အာရုန် နှင့်ဟုရတို့ထံသွား၍အဆုံးအဖြတ်ခံယူ ကြလော့'' ဟုမှာကြားခဲ့လေသည်။
15 ၁၅ မောရှေ သည် တောင် တော်ပေါ် သို့တက် ၍ ၊ မိုဃ်းတိမ် သည် တောင် တော်ကို လွှမ်းမိုး ၏။
၁၅မောရှေသည်တောင်ပေါ်သို့တက်သွားသောအခါ မိုးတိမ်သည်တောင်ကိုဖုံးလွှမ်းလေ၏။-
16 ၁၆ ထာဝရဘုရား ၏ ဘုန်း တော်သည် သိနာ တောင် ပေါ် မှာထိ ၍ ၊ မိုဃ်းတိမ် သည် ခြောက် ရက် ပတ်လုံးလွှမ်းမိုး ၏။ သတ္တမ နေ့ရက် ၌ မိုဃ်းတိမ် အထဲ က အသံတော်ထွက်၍၊ မောရှေ ကို ခေါ် တော်မူ၏။
၁၆ထာဝရဘုရား၏တောက်ပသောဘုန်းအသရေ တော်သည်တောင်ပေါ်သို့သက်ဆင်းလေ၏။ ဣသ ရေလအမျိုးသားတို့သည်ထိုတောက်ပသော ဘုန်းအသရေကို တောင်ထိပ်တွင်တောက်နေသော မီးသဖွယ်မြင်ရကြ၏။ မိုးတိမ်သည်တောင်ကို ခြောက်ရက်ပတ်လုံးဖုံးအုပ်ပြီးနောက် သတ္တမနေ့ တွင်ထာဝရဘုရားသည်မိုးတိမ်ထဲမှမောရှေ ကိုခေါ်တော်မူသည်။-
17 ၁၇ ထာဝရဘုရား ၏ ဘုန်း တော်သည် တောင် ထိပ် ပေါ် မှာလောင် သော မီး ကဲ့သို့ ထင် ၍ ၊ ဣသရေလ အမျိုးသား တို့သည် မြင် ရကြ၏။
၁၇
18 ၁၈ မောရှေ သည် မိုဃ်းတိမ် အထဲသို့ ဝင် သဖြင့် တောင် ပေါ် သို့ရောက် ၍ အရက် လေးဆယ် ပတ်လုံးတောင် ပေါ် မှာ နေ လေ၏။
၁၈ထိုအခါမောရှေသည်မိုးတိမ်ဖုံးအုပ်နေသော တောင်ထိပ်ပေါ်သို့တက်သွားလေသည်။ သူသည် တောင်ထိပ်ပေါ်တွင်အရက်လေးဆယ်ပတ်လုံး ရှိနေ၏။