< ထွက်မြောက်ရာ 22 >
1 ၁ လူ သည် သိုး နွား ကိုခိုး ၍ သတ် သည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ၊ နွား တကောင်အတွက် နွား ငါး ကောင် ကို၎င်း၊ သိုး တကောင်အတွက် သိုး လေး ကောင်ကို၎င်းပြန်ပေး ရမည်။
၁``လူတစ်ဦးသည်နွား၊ သို့မဟုတ်သိုးတစ် ကောင်ကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည် ဖြစ်စေနွားတစ်ကောင်အတွက်နွားငါးကောင်၊ သိုးတစ်ကောင်အတွက်သိုးလေးကောင်ကို အစားလျော်ရမည်။-
2 ၂ သူခိုး သည် အိမ်ကိုထွင်း ဖောက်စဉ်၊ သူတပါးတွေ့ ၍ သေ အောင် သတ် သော်လည်း၊ သေစား မ သေ စေရ။
၂သူသည်ခိုးသည့်တိရစ္ဆာန်အတွက်လျော်ရ မည်။ သူ၌လျော်စရာမရှိလျှင်မိမိကိုယ်ကို ရောင်း၍လျော်ကြေးပေးရမည်။ ခိုးရာပါသိုး၊ နွား၊ မြည်းကိုသူ့ထံ၌အရှင်တွေ့ရလျှင်သူ သည်နှစ်ဆပြန်လျော်ရမည်။ ``အိမ်ကိုညအချိန်ဖောက်ထွင်းနေသောသူခိုး ကိုသတ်သောသူသည် လူသတ်မှုကိုကူးလွန် ရာမရောက်ချေ။ သို့ရာတွင်နေ့အချိန်၌ဖောက် ထွင်းမှုကြောင့်သူခိုးကိုသတ်လျှင် သတ်သော သူသည်လူသတ်မှုကိုကူးလွန်၏။
3 ၃ သို့သော်လည်းနေ ထွက် လျှင် သေ စားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။
၃
4 ၄ သူခိုးလက်၌ ခိုး သောနွား ၊ သိုး ကို အသက်ရှင် လျှက် အမှန်တွေ့ လျှင်၊ နှစ်ဆ ပြန်ပေး ရမည်။
၄
5 ၅ သူ့လယ် ၊ သူ့စပျစ် ဥယျာဉ်ကို စား စေသော်၎င်း၊ မိမိ တိရိစ္ဆာန် ကို သူ့ လယ် ၌ ထိန်း ကျောင်းသော်၎င်း ၊ မိမိ လယ် ၊ မိမိ စပျစ် ဥယျာဉ်ထဲကအကောင်း ဆုံးကို ထုတ်၍ ပြန်ပေး ရမည်။
၅``လူတစ်ဦးသည်မိမိ၏တိရစ္ဆာန်များကို လယ် သို့မဟုတ်စပျစ်ဥယျာဉ်ထဲတွင်ထိန်းကျောင်း နေစဉ် သူတစ်ပါး၏လယ်ထဲသို့ကူးကျော် ကျက်စားစေလျှင်၊ မိမိ၏လယ်သို့မဟုတ် စပျစ်ဥယျာဉ်မှထွက်သောအကောင်းဆုံး အသီးအနှံဖြင့်အစားလျော်စေရမည်။
6 ၆ မီးရှို့ သောအခါမြက်ပင် ကြောင့် အစဉ်အတိုင်းရှောက် ၍ လောင်လျက်၊ ကောက် လှိုင်း၊ စပါး ပင်၊ လယ် ၌ရှိသောအရာတို့ကို လောင် လျှင် ၊ မီးရှို့ သောသူသည် အမှန်လျော် ရမည်။
၆``လူတစ်ဦးမိမိ၏လယ်ကိုမီးရှို့သည့်အခါ ပေါင်းပင်များကိုမီးစွဲလောင်၍၊ သူတစ်ပါး လယ်ထဲရှိကောက်လှိုင်းပုံများနှင့်စပါးပင် တို့ကိုမီးကူးစက်လျှင် မီးရှို့သူသည်ပျက်စီး ဆုံးရှုံးသူအတွက်လျော်စေရမည်။-
7 ၇ လူ တဦးသည် အိမ်နီးချင်း တဦး၌ ရွှေငွေ အစရှိသော ဥစ္စာ တစုံတခုကို အပ်နှံ ၍ ၊ အပ်နှံခံသောသူ ၏အိမ် မှ သူခိုးခိုး သွားလျှင် ၊ သူခိုး ကို တွေ့ မိသောအခါ နှစ်ဆ လျော် စေ။
၇လူတစ်ဦးကအခြားလူတစ်ဦးထံ၌၊ ငွေ သို့မဟုတ်အဖိုးတန်ပစ္စည်းများကိုအပ်နှံ ထားသောအခါ၊ ထိုပစ္စည်းများခိုးယူခြင်း ခံရသော်ခိုးသူကိုမိလျှင် ခိုးသူကနှစ်ဆ ပြန်လျော်စေရမည်။-
8 ၈ သူခိုး ကို မ တွေ့ လျှင် ၊ အိမ် ရှင် သည် မိမိ အိမ်နီးချင်း ဥစ္စာ ကို ယူ သလောမ ယူလောဟု ဘုရား သခင့်ရှေ့တော်၌ အစစ် ခံရမည်။
၈ခိုးသူကိုမမိလျှင်မူကား၊ ပစ္စည်းအပ်နှံခြင်း ခံရသူသည် ကိုယ်တိုင်ပစ္စည်းကိုခိုးသည်၊ မခိုး သည်သိနိုင်ရန်သူ့ကိုထာဝရဘုရား၏ရှေ့ တော်သို့ခေါ်ဆောင်၍ကျိန်ဆိုစေရမည်။
9 ၉ သူ့ဥစ္စာကို ပြစ်မှားသည် အမှု မှာ ၊ နွား ၊ မြည်း ၊ သိုး ၊ အဝတ် အစ ရှိသောပျောက်သော ဥစ္စာ တစုံတခု ကို တွေ့၍၊ ဤ ဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆို လျှင်၊ အမှု သည် နှစ်ဦး တို့သည် ဘုရား သခင်ရှေ့ တော်၌အစစ်ခံရ၍၊ တရား ရှုံးသော သူသည် နှစ်ဆ လျော် ရမည်။
၉``သိုး၊ နွား၊ မြည်း၊ အဝတ်အစရှိသောပျောက် ဆုံးသည့်ပစ္စည်းကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူနှစ်ဦးအငြင်းပွားခဲ့သည်ရှိသော်၊ ထိုသူ နှစ်ဦးတို့အားထာဝရဘုရားရှေ့တော်၌ အစစ်ခံ၍၊ တရားရှုံးသူကနှစ်ဆလျော် ရမည်။
10 ၁၀ လူ သည် အိမ်နီးချင်းလယ်၌ မြည်း ၊ နွား ၊ သိုး အစရှိသော တိရစ္ဆာန် တစုံတခု ကို အပ်နှံ ၍ ၊ ထိုတိရစ္ဆာန် သေ သော်၎င်း ၊ ထိခိုက် ၍နာသော်၎င်း ၊ သက်သေ မရှိ ဘဲ သူတပါးမောင်း ၍သွားသော်၎င်း၊
၁၀``လူတစ်ဦးက သိုး၊ နွား၊ မြည်းအစရှိသော တိရစ္ဆာန်တစ်ကောင်ကိုတစ်စုံတစ်ယောက်သော သူထံ၌အပ်နှံထားသောအခါ၊ ထိုတိရစ္ဆာန် သေလျှင်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရလျှင်ဖြစ် စေ၊ လုယူသွားခြင်းခံရလျှင်ဖြစ်စေ သက်သေမရှိခဲ့သော်၊-
11 ၁၁ အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း ၏ဥစ္စာ ကို ငါမ ယူ ဟု နှစ်ဦး သဘောတူလျက်၊ ထာဝရဘုရား ရှေ့မှာ အကျိန် ခံရလျှင်၊ ဥစ္စာ ရှင် သည် ဝန်ခံ ရမည်။ အပ်နှံခံသူလည်း မ လျော် ရ။
၁၁အပ်နှံခြင်းခံရသူသည်မိမိမခိုးကြောင်း ဘုရားသခင်ရှေ့တော်တွင်ကျိန်ဆိုရမည်။ ကျိန်ဆိုသည့်အတိုင်းပိုင်ရှင်လက်ခံရမည်။ အပ်နှံခြင်းခံရသူသည်မခိုးခဲ့လျှင် ပြန်လျော်ရန်မလို။-
12 ၁၂ သို့ရာတွင် သူတပါးခိုး သွားလျှင် ၊ အပ်နှံခံသူသည် ဥစ္စာ ရှင် အား ပြန်ပေး ရမည်။
၁၂အကယ်၍ခိုးခဲ့သော်ပြန်လျော်ရမည်။
13 ၁၃ သားရဲကိုက် လျှင် သက်သေ ဘို့ အသေ ကောင်ကိုပြ စေ။ ပြနိုင်လျှင် အလျော် မ ခံရ။
၁၃သားရဲကိုက်သတ်ခံရသည်ဟုဆိုလျှင်အသေ ကောင်ကိုသက်သေအဖြစ်ပြနိုင်ရမည်။ သား ရဲကိုက်သတ်သည်မှန်လျှင်မလျော်စေရ။
14 ၁၄ လူ သည် အိမ်နီးချင်း ၌ တစုံတခုကို ငှါး ၍ ဥစ္စာရှင် မ ပါ ဘဲ သေ သော်၎င်း၊ ထိခိုက် ၍ နာသော်၎င်း၊ အမှန်လျော် ရမည်။
၁၄``လူတစ်ဦးသည်အခြားတစ်ဦးထံမှ တိရစ္ဆာန်တစ်ကောင်ကိုငှား၍၊ ပိုင်ရှင်၏မျက် ကွယ်တွင် ထိုတိရစ္ဆာန်သည်ထိခိုက်ဒဏ်ရာရ လျှင်ဖြစ်စေ၊ သေလျှင်ဖြစ်စေငှားသူက လျော်ရမည်။-
15 ၁၅ ဥစ္စာရှင် ပါ လျှင် ၊ ငှါးသောသူသည် မ လျော် ရ။ အခ နှင့် ငှါးလျှင် မူကား၊ ဥစ္စာရှင်သည် အခ ကိုသာ တောင်းရမည်။
၁၅သို့ရာတွင်ပိုင်ရှင်ရှေ့၌ဒဏ်ရာရသေဆုံးခဲ့ သော်ငှားသူကမလျော်ရ။ အကယ်၍တိရစ္ဆာန် ကိုအခနှင့်ငှားလျှင်၊ ဒဏ်ရာရသေဆုံးမှု အတွက်ပိုင်ရှင်အားလျော်ရန်မလို။ ငှားခ ကိုသာပေးစေရမည်။
16 ၁၆ မ ပေးစား လိုသော အပျို ကို၊ အကြင်ယောက်ျား သည် ချော့မော့ ၍ သင့်နေလျှင် ၊ ကန်တော့ ဥစ္စာကို ပေး ၍ ထိုမိန်းမကို မယား အရာ၌ မြှောက်ထားရမည်။
၁၆``လူတစ်ဦးသည်စေ့စပ်ကြောင်းလမ်း၍မထား သောမိန်းမပျိုတစ်ယောက်ကိုသွေးဆောင်ပေါင်း သင်းခဲ့လျှင်၊ သူသည်မင်္ဂလာလက်ဖွဲ့ကြေးပေး ၍ထိုမိန်းမကိုလက်ထပ်ယူရမည်။-
17 ၁၇ မိန်းမ ၏အဘ သဘော မတူမပေးစား လိုလျှင် ၊ ကန်တော့ ရသည်နှင့်အမျှ ငွေ ကို လျော် ရမည်။
၁၇အကယ်၍မိန်းမပျို၏ဖခင်ကထိုသူနှင့် သဘောမတူလျှင်၊ သူသည်မိန်းမပျိုတစ်ဦး အတွက်တင်တောင်းရသောမင်္ဂလာလက်ဖွဲ့ကြေး ကိုဖခင်အားပေးလျော်ရမည်။
18 ၁၈ စုန်းမ ကို အသက် ရှင်စေခြင်းငှါ အခွင့်မ ပေးရ။
၁၈``စုံးမအားသေဒဏ်စီရင်ရမည်။
19 ၁၉ တိရစ္ဆာန် နှင့် သင့် နေသောသူသည် အသေ သတ် ခြင်းကို အမှန်ခံရမည်။
၁၉``တိရစ္ဆာန်နှင့်ကာမစပ်ယှက်သူကိုသေဒဏ်စီ ရင်ရမည်။
20 ၂၀ ထာဝရဘုရား မှတပါး အခြားသော ဘုရား ရှေ့ မှာ ယဇ် ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီး ရမည်။
၂၀``ထာဝရဘုရားမှတစ်ပါးအခြားသော ဘုရားကိုယဇ်ပူဇော်သူအားသေဒဏ်စီရင် ရမည်။
21 ၂၁ တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ နှောင့်ရှက် မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။
၂၁``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နေထိုင်ခဲ့ဖူးကြောင်း သတိရလျက်အခြား အမျိုးသားများကိုမနှိပ်စက်မညှင်းဆဲရ။-
22 ၂၂ မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို သင်တို့သည် မ နှောင့်ရှက် ရ။
၂၂မုဆိုးမနှင့်မိဘမဲ့ကလေးကိုမနှိပ်စက် ရ။-
23 ၂၃ နှောင့်ရှက် ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့ အား အနည်းငယ်အော်ဟစ် လျှင် ၊ ငါသည် ထိုအသံ ကို အမှန်ကြား ၍၊
၂၃သင်တို့သည်ထိုသူတို့ကိုနှိပ်စက်သဖြင့်၊ သူတို့ကငါ့ထံအသနားခံလျှင်ငါ ထာဝရဘုရားသည်နားညောင်းမည်။
24 ၂၄ ငါ အမျက် ပြင်းစွာထွက် လျှက် သင် တို့ကို ထား ဘေးဖြင့် ကွပ်မျက် မည်။ သင် တို့မယား များသည်လည်း မုတ်ဆိုးမ ဖြစ်၍ ၊ သားသမီး များသည်လည်း မိဘ မရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
၂၄ငါသည်အမျက်ထွက်သဖြင့်သင်တို့ကိုစစ်ပွဲ တွင်ကျဆုံးစေမည်။ ထိုအခါသင်တို့၏မယား တို့သည်မုဆိုးမဖြစ်၍သင်တို့၏သားသမီး များသည်ဘသက်ဆိုးဖြစ်ကြလိမ့်မည်။
25 ၂၅ ငါ့ လူ ဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေ ကို ချေး လျှင် ၊ အတိုး စားသော သူကဲ့သို့ သူ ၌ မ ပြု ၊ အတိုး ကို မ တောင်း ရ။
၂၅``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
26 ၂၆ အိမ်နီးချင်း သည် မိမိစောင် ကို သင် ၌ ပေါင် ထားလျှင် ၊ မိုဃ်းမချုပ်မှီ ပြန် ပေးရမည်။
၂၆သင်သည်တစ်စုံတစ်ယောက်ထံမှခြုံထည် ကိုအပေါင်ပစ္စည်းအဖြစ်လက်ခံထားလျှင်၊ နေမဝင်မီသူ့အားပြန်ပေးရမည်။-
27 ၂၇ အကြောင်း မူကား၊ အခြားသောခြုံ စရာမရှိ။ ကိုယ် ခြုံ ဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ် နိုင်သနည်း။ ငါ့ အား အော်ဟစ် လျှင် ငါကြား မည်။ ငါ သည် သနား သော သဘောရှိ၏။
၂၇သူ၏ကိုယ်ကိုခြုံစရာဟူ၍ထိုခြုံထည်တစ်ခု တည်းသာရှိသည်ဖြစ်သောကြောင့်သူသည်ခြုံ စရာမရှိလျှင်အဘယ်သို့အိပ်နိုင်မည်နည်း။ ငါသည်သနားကြင်နာသောအရှင်ဖြစ်၍ သူသည်ငါ့အားလျှောက်ထားသောအခါ ငါနားညောင်းမည်။
28 ၂၈ ဘုရား သခင်ကို လွန်ကျူး ၍ မ ပြောရ။ သင် ၏အမျိုး ကို အုပ်စိုး သော မင်း ကို မ ကျိန်ဆဲ ရ။
၂၈``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။
29 ၂၉ အဦးမှည့် သောအသီး၊ အဦးညှစ် သောအရည်ကို မ ထိမ် မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦး ဘွားသော သား ယောက်ျားကိုလည်း ငါ့ အား ဆက်ကပ် ရမည်။
၂၉``သင်တို့၏အဦးဆုံးရိတ်သိမ်းသောအသီး အနှံ၊ အဦးဆုံးညှစ်သောစပျစ်ရည်ကိုငါ့ အားဆက်ကပ်ရမည်။ ``သင်တို့၏သားဦးများကိုငါ့အားဆက်ကပ် ရမည်။-
30 ၃၀ ထိုနည်းတူ သိုး နွား တို့ကို ပြု ရမည်။ ခုနစ် ရက် ပတ်လုံးသိုးနွားသငယ်ကို အမိ နှင့် အတူ နေ စေ၍၊ အဋ္ဌမ နေ့ ရောက်မှ ငါ့ အား ဆက်ကပ် ရမည်။
၃၀သင်တို့၏သိုး၊ နွားတို့မှသားဦးပေါက်များကို လည်းငါ့အားဆက်ကပ်ရမည်။ သိုးနွားသားဦး ပေါက်များသည်သူတို့၏မိခင်နှင့်အတူခုနစ် ရက်နေစေ၍ အဋ္ဌမနေ့တွင်ထိုသိုးနွားများ ကိုငါ့အားဆက်ကပ်ရမည်။
31 ၃၁ သင်တို့သည် ငါ့ ထံ ၌ သန့်ရှင်း သောသူ ဖြစ် ရကြမည်။ တော ၌ သားရဲ ကိုက်သော အမဲသား ကို မ စား ရ။ ခွေး တို့အား ပစ် ပေးရမည်။
၃၁``သင်တို့သည်ငါ၏လူမျိုးတော်ဖြစ်သောကြောင့် သားရဲများကိုက်သတ်သောတိရစ္ဆာန်၏အသား ကိုမစားရ။ ထိုအသားကိုခွေးတို့အားကျွေး လော့။