< ထွက်မြောက်ရာ 2 >
1 ၁ ထို ကာလ၌ လေဝိ အမျိုးသား တယောက်သည်၊ လေဝိ အမျိုးသမီး နှင့် အိမ်ထောင် ဘက်ပြု၍၊
A man of the house of Levi went and took a daughter of Levi as his wife.
2 ၂ မိန်းမ သည် ပဋိသန္ဓေ ယူသဖြင့် သား ယောက်ျားကို ဘွားမြင် လေ၏။ ထိုသား သည် အဆင်းလှ ကြောင်း ကို အမိမြင် လျှင် ၊ သုံး လ ပတ်လုံးဖွက် ထားလေ၏။
The woman conceived, and bore a son. When she saw that he was a fine child, she hid him three months.
3 ၃ နောက်တဖန် ဖွက် ၍မ ထား နိုင်သောအခါ ၊ ဂမာကိုင်း ပင်ဖြင့် ရက်သောပုခက် ကိုယူ ၍ ရေညှိ နှင့် သစ်စေး ဖြင့် လူး ပြီးလျှင် ၊ ပုခက် ထဲတွင် သူငယ် ကိုထည့် ၍ မြစ် ကမ်း နား ကိုင်း တော၌ ထား လေ၏။
When she could no longer hide him, she took a papyrus box for him and coated it with bitumen and with pitch. And she put the child in it and put it among the rushes by the bank of the river.
4 ၄ သူငယ် အစ်မ လည်း အဘယ်သို့ ဖြစ် မည်ကို သိမြင် ခြင်းငှါ အဝေး ၌ ရပ် နေလေ၏။
And his sister stood at a distance, to see what would be done to him.
5 ၅ ဖာရော ဘုရင်၏သမီး တော်သည် ရေချိုး ခြင်းငှါ ဆင်း လာ၍ ၊ ကျွန်မ တို့နှင့် မြစ် ကမ်းနား ၌ လှည့်လည် စဉ်၊ ကိုင်း တော၌ ပုခက် ကိုမြင် ၍ ဆောင်ယူ စေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ် လေ၏။
Pharaoh's daughter came down to bathe at the river. Her maidens walked along by the riverside. She saw the box among the rushes, and sent her handmaid to get it.
6 ၆ ပုခက်ဖုံးကို ဖွင့် သောအခါ ၊ ငို လျက်နေသောသူငယ် ကိုမြင် ၍ ၊ သနား သောစိတ်ရှိလျှင် ၊ ဤ သူငယ်သည် ဟေဗြဲ အမျိုး ဖြစ်လိမ့်မည်ဟု ဆို ပြီး သော်၊
She opened it, and saw the child, and look, the baby cried. And she had compassion on him, and said, "This is one of the Hebrews' children."
7 ၇ သူငယ် ၏အစ်မ က၊ ကိုယ်တော် အတွက် သူငယ် ကို ထိန်း ရသောဟေဗြဲ အထိန်း ကို ကျွန်မသွား ၍ ခေါ် ရပါမည် လောဟု ဖာရော ဘုရင်၏ သမီး တော်အား မေးလျှောက် ၍၊
Then his sister said to Pharaoh's daughter, "Should I go and call a nurse for you from the Hebrew women, that she may nurse the child for you?"
8 ၈ မင်းသမီး ကသွား လော့ဟု အခွင့်ပေး လျှင် ၊ မိန်းမ ငယ်သွား၍ သူငယ် ၏အမိ ကိုခေါ် လေ၏။
Pharaoh's daughter said to her, "Go." The maiden went and called the child's mother.
9 ၉ ဖာရော ဘုရင်၏သမီး တော်က၊ ဤ သူငယ် ကို ယူသွား ၍ ငါ့ ဘို့ ထိန်း လော။ အခ ကို ငါ ပေး မည်ဟု မှာ ထားသည်အတိုင်း၊ ထိုမိန်းမ သည် သူငယ် ကို ယူသွား ၍ ထိန်း လေ၏။
Pharaoh's daughter said to her, "Take this child away, and nurse him for me, and I will give you your wages." The woman took the child, and nursed it.
10 ၁၀ သူငယ် ကြီးပွား သောအခါ ၊ ဖာရော ဘုရင်၏ သမီး တော်ထံသို့ ပို့ဆောင် ၍ မင်းသမီး သည် သား အရာ၌ ခန့်ထား လျက် ၊ မောရှေ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ရေ ထဲက ငါနှုတ်ယူ သည်ဟု ဆို သတည်း။
The child grew, and she brought him to Pharaoh's daughter, and he became her son. She named him Moses, and said, "Because I drew him out of the water."
11 ၁၁ မောရှေ သည် ကြီး သောအခါ ၊ မိမိ အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ သူ တို့အမှုထမ်း ရသောအခြင်း အရာတို့ကို ကြည့်ရှု လေ၏။ မိမိ အမျိုးသား ဟေဗြဲ လူ တယောက်ကို၊ အဲဂုတ္တု လူ ရိုက် သည်ကိုမြင် လျှင်၊
It happened in those days, when Moses had grown up, that he went out to his brothers, and looked at their burdens. He saw an Egyptian striking a Hebrew, one of his brothers.
12 ၁၂ ပတ်လည်ကြည့်ရှု ၍ အဘယ်သူ မျှမရှိ သည်ကို သိ သောအခါ၊ အဲဂုတ္တု လူကိုသတ် ၍ သဲ ထဲ ၌ မြှုပ် ထားလေ ၏။
He looked this way and that way, and when he saw that there was no one, he killed the Egyptian, and hid him in the sand.
13 ၁၃ နက်ဖြန် နေ့ ၌ ထွက် ပြန်သော် ၊ ဟေဗြဲ လူ နှစ် ယောက်တို့သည် အချင်းချင်းသတ် ကြသည်ကို မြင် လျှင် ၊ သင်သည် သင် ၏အပေါင်းအဘော် ကို အဘယ်ကြောင့် ရိုက် သနည်းဟု ညှဉ်းဆဲ သောသူအား မေး သည်ရှိသော်၊
He went out the second day, and look, two men of the Hebrews were fighting with each other. He said to him who did the wrong, "Why do you strike your fellow?"
14 ၁၄ ထိုသူက၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ် မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။ အဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကို သတ် လို သလောဟု ပြန်ဆို ၏။ ထိုအခါ မောရှေ သည် မိမိပြုသောအမှု ထင်ရှား ပြီဟု သိ ၍ ကြောက် လေ၏။
He said, "Who made you a prince and a judge over us? Do you plan to kill me, as you killed the Egyptian yesterday?" Moses was afraid, and said, "Surely this thing is known."
15 ၁၅ ထို သိတင်း ကို ဖါရော ဘုရင်ကြား သောအခါ ၊ မောရှေ ကို သတ် ခြင်းငှါ ရှာကြံ လေ၏။ မောရှေ သည် ဖါရော ဘုရင်ထံမှ ထွက်ပြေး ၍၊ မိဒျန် ပြည် သို့ ရောက် လျှင် ၊ ရေတွင်း နား မှာ ထိုင် ၍နားနေလေ၏။
Now when Pharaoh heard this thing, he sought to kill Moses. But Moses fled from the face of Pharaoh, and lived in the land of Midian, and he sat down by a well.
16 ၁၆ ထိုအခါ မိဒျန် ယဇ်ပုရောဟိတ် ၏ သမီး ညီအစ်မခုနစ် ယောက်တို့သည်၊ မိမိ တို့အဘ ၏ သိုး ဆိတ်များကို ရေတိုက် ခြင်းငှါ လာ ၍ ရေခပ် ပြီးလျှင် ၊ ရေသောက်ခွက်တို့၌ လောင်း ကြ၏။
Now the priest of Midian had seven daughters. They came and drew water, and filled the troughs to water their father's flock.
17 ၁၇ သိုးထိန်း အချို့တို့လည်း လာ ၍ သိုး ဆိတ်များကို မောင်း ကြ၏။ ထိုအခါ မောရှေ သည်ထ ၍ ထို မိန်းမတို့ဘက်၌နေလျက်၊ သိုး ဆိတ်များကို ရေတိုက် လေ၏။
The shepherds came and drove them away; but Moses stood up and helped them, and drew water for them, and watered their flock.
18 ၁၈ ထိုမိန်းမတို့သည် အဘ ရွေလ ထံသို့ ရောက် ကြသော် ၊ အဘက အဘယ်ကြောင့် ယနေ့ အလျင်အမြန် ရောက် လာရကြသနည်းဟုမေး လေ၏။
When they came to Reuel, their father, he said, "How is it that you have returned so early today?"
19 ၁၉ သူတို့ကလည်း၊ အဲဂုတ္တု လူ တယောက်သည် အကျွန်ုပ် တို့ကို သိုးထိန်း တို့လက် မှ ကယ်နှုတ် ၍ ၊ ရေ လိုသမျှကို ခပ် သဖြင့် ၊ သိုး ဆိတ်များကို ရေတိုက် ပါသည်ဟု ပြန်ပြော ၏။
They said, "An Egyptian delivered us out of the hand of the shepherds, and moreover he drew water for us, and watered the flock."
20 ၂၀ အဘကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိသနည်း။ အဘယ်ကြောင့် သူ့ ကိုပစ် ထားခဲ့သနည်း။ အစာ စား စေခြင်းငှါ သူ့ ကို ခေါ် ချေကြဟု ဆို လေ၏။
He said to his daughters, "Where is he? Why is it that you have left the man? Call him, that he may eat bread."
21 ၂၁ မောရှေ သည် ထိုသူထံမှာ နေ ၍ ပျော်မွေ့ သဖြင့် ၊ သမီး ဇိပေါရ ကို မောရှေ အား ထိမ်းမြားပေးစား လေ၏။
And Moses was content to dwell with the man. And he gave Moses Zipporah his daughter in marriage.
22 ၂၂ ထိုမိန်းမဘွား သောသား ကို ဂေရရှုံ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ငါသည်တကျွန်းတနိုင်ငံ ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟုဆို သတည်း။
She bore a son, and he named him Gershom, for he said, "I have lived as a foreigner in a foreign land."
23 ၂၃ ကာလ အင်တန်ကြာ ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် အနိစ္စရောက် လေ၏။ ဣသရေလ အမျိုးသား တို့လည်း အစေ ကျွန်ခံရသောကြောင့်ညည်းတွား ငိုကြွေးကြ၏။ ထိုသို့ အစေ ကျွန်ခံ၍ငိုကြွေး သော အသံသည် ဘုရား သခင် ထံတော်သို့ တက် ရောက်လေ၏။
It happened in the course of those many days, that the king of Egypt died, and the children of Israel sighed because of the bondage, and they cried, and their cry came up to God because of the bondage.
24 ၂၄ သူ တို့ ညည်းတွား မြည်တမ်းခြင်း အသံကို ဘုရား သခင်ကြား တော်မူလျှင် ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် နှင့် ပြုခဲ့ဘူးသောပဋိညာဉ် ကို အောက်မေ့ တော်မူ၏။
God heard their groaning, and God remembered his covenant with Abraham, with Isaac, and with Jacob.
25 ၂၅ ဘုရား သခင်သည်လည်း ၊ ဣသရေလ အမျိုးသား တို့ကို ကြည့်ရှု ၍ သူတို့အမှုကို ဆင်ခြင် တော်မူ၏။
God saw the children of Israel, and God took notice.