< ထွက်မြောက်ရာ 19 >
1 ၁ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ တတိယ လ တရက်နေ့ ၌ သိနာ တော သို့ ရောက် ကြ၏။
Ní oṣù kẹta tí àwọn Israẹli jáde kúrò ni ilẹ̀ Ejibiti, ni ọjọ́ náà gan an ni wọ́n dé aginjù Sinai.
2 ၂ ရေဖိဒိမ် အရပ်က ထွက်သွား ပြီးမှ သိနာ တော သို့ ရောက် ၍ ၊ ထိုတော ၌ တောင် ရှေ့ မှာ တပ်ချ ကြ၏။
Lẹ́yìn ìgbà tí wọ́n gbéra kúrò ní Refidimu, wọ́n wọ ijù Sinai, wọ́n sì tẹ̀dó síbẹ̀, níbẹ̀ ni Israẹli sì dó sí ní iwájú òkè ńlá.
3 ၃ မောရှေ သည် ဘုရား သခင့်ထံ တော်သို့ တက် သွားလျှင် ၊ ထာဝရဘုရား သည် တောင် ပေါ်က ခေါ် တော်မူ၍၊ သင်သည် ယာကုပ် အမျိုး ၊ ဣသရေလ သား တို့အား ပြန်ပြော ရသော အမိန့် တော်ဟူမူကား ၊
Mose sì gòkè tọ Ọlọ́run lọ. Olúwa sì ké pè é láti orí òkè náà wá pé, “Èyí ni ìwọ yóò sọ fún ilé Jakọbu àti ohun tí ìwọ yóò sọ fún àwọn ọmọ Israẹli:
4 ၄ ငါသည် အဲဂုတ္တု လူတို့၌ ပြု သော အကြောင်း၊ သင် တို့ကို ရွှေလင်းတ အတောင် ဖြင့် ထမ်း ၍ ကိုယ် ဘို့ သိမ်းယူ သောအကြောင်းကို သင် တို့သည် သိ မြင်ရကြပြီ။
‘Ẹ̀yin ti rí ohun tí mo ti ṣe sí àwọn ará Ejibiti, àti bí mo ti gbé e yín ní apá ìyẹ́ idì.
5 ၅ ထိုကြောင့် ယခု တွင် သင်တို့သည် ငါ့ စကား ကို အမှန်နားထောင် ၍ ငါ့ ပဋိညာဉ် ကို စောင့်ရှောက် လျှင် အခြားသောလူမျိုး တကာ တို့ထက် သင်တို့သည် ငါ ပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ် ရကြလိမ့်မည်။ မြေကြီး ရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ်၏။
Nísinsin yìí, bí ẹ̀yin bá ṣe ìgbọ́ràn sí mi dé ojú àmì, tí ẹ sì pa májẹ̀mú mi mọ́, nígbà náà ni ẹ̀yin ó jẹ́ ìṣúra fún mi ju gbogbo orílẹ̀-èdè yòókù lọ. Bí ó tilẹ̀ jẹ́ pé gbogbo ayé ni tèmi.
6 ၆ သင် တို့သည်လည်း မင်း စည်းစိမ်ရှိသောယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်း သောလူမျိုး ဖြစ် ရကြလိမ့်မည် ဟူသောအမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
Ẹ̀yin yóò sì máa jẹ́ ilẹ̀ ọba àwọn àlùfáà fún mi, orílẹ̀-èdè mímọ́.’ Ìwọ̀nyí ni ọ̀rọ̀ ti ìwọ yóò sọ fún àwọn ọmọ Israẹli.”
7 ၇ မောရှေ သည် ပြန်လာ ၍ လူ တို့တွင် အသက်ကြီး သူတို့ကို ခေါ် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသော စကား အလုံးစုံ တို့ကို ပြန်ပြောလေ ၏။
Mose sì tọ àwọn ènìyàn wá, ó sí pe àwọn àgbàgbà láàrín àwọn ènìyàn jọ. Ó sì gbé gbogbo ọ̀rọ̀ ti Olúwa pàṣẹ fún un láti sọ ní iwájú wọn.
8 ၈ လူ အပေါင်း တို့ကလည်း ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို အကျွန်ုပ်တို့သည် ပြု ပါမည်ဟု တညီ တညွတ်တည်း ပြန် ပြောကြ၏။ မောရှေ သည်လည်း သူ တို့၏စကား ကို ထာဝရဘုရား အား ပြန်လျှောက် လေ၏။
Gbogbo àwọn ènìyàn náà sì pa ohùn wọn pọ̀ wọ́n sì dáhùn wí pé, “Àwa yóò ṣe ohun gbogbo ti Olúwa wí.” Mose sì mú ìdáhùn wọn padà tọ Olúwa lọ.
9 ၉ ထာဝရဘုရား ကလည်း ကြည့်ရှု လော့။ သင် နှင့် ငါ ပြော သောအခါ လူ များတို့သည် ကြား ၍ အစဉ်အမြဲ သင့် ကို ယုံ မည်အကြောင်း ၊ မိုဃ်းတိမ် တိုက် ၌ သင့် ဆီ သို့ ငါ လာ မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ပြန်ပြော လေ၏။
Olúwa sọ fún Mose pé, “Èmi yóò tọ̀ ọ́ wá nínú ìkùùkuu ṣíṣú dudu, kí àwọn ènìyàn lè gbọ́ ohùn mi nígbà ti mo bá ń bá ọ sọ̀rọ̀, kí wọn kí ó lè máa gbà ọ́ gbọ́.” Nígbà náà ni Mose sọ ohun tí àwọn ènìyàn wí fún Olúwa.
10 ၁၀ ထာဝရဘုရား ကလည်း လူ တို့ရှိရာသို့ သွား ၍ ၊ ယနေ့ နှင့် နက်ဖြန် ၌ သူ တို့ကို သန့်ရှင်း စေလော့။ သူ တို့အဝတ် ကို လျှော် စေ၍၊
Olúwa sì wí fún Mose pé, “Tọ àwọn ènìyàn lọ kí o sì yà wọ́n sí mímọ́ ni òní àti ni ọ̀la. Jẹ́ kí wọn kí ó fọ aṣọ wọn.
11 ၁၁ သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ နေစေလော့။ အကြောင်း မူကား၊ သုံး ရက်မြောက်သောနေ့ ၌ ထာဝရဘုရား သည် လူ အပေါင်း တို့ရှေ့ ၊ သိနာ တောင် ပေါ် သို့ ဆင်းသက် တော်မူမည်။
Kí wọn kí ó sì múra di ọjọ́ kẹta, nítorí ni ọjọ́ náà ni Olúwa yóò sọ̀kalẹ̀ sí orí òkè Sinai ni ojú gbogbo àwọn ènìyàn.
12 ၁၂ လူတို့မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍၊ သင်တို့သည် တောင် ပေါ်သို့ မတက် ၊ တောင် ခြေရင်း ကို မထိ ရအောင် သတိပြု ကြဟု ပြော လော့။ တောင် ကို ထိမိ သောသူ မည်သည်ကား၊ ဧကန်အမှန် အသေ ခံစေ။
Kí ìwọ kí ó ṣe ààlà fún àwọn ènìyàn, kí ìwọ kí ó sì wí fún wọn pé, ‘Ẹ kíyèsí ara yín, kí ẹ má ṣe gun orí òkè lọ, kí ẹ má tilẹ̀ fi ọwọ́ ba etí rẹ̀; ẹnikẹ́ni tí ó bá fi ọwọ́ kan òkè náà, ó dájú, pípa ni a ó pa á.
13 ၁၃ ထိုသူ ကို လက် နှင့်မ ထိ ရ။ အကယ်စင်စစ်ကျောက်ခဲနှင့်ပစ် ရမည်။ သို့မဟုတ် လှံနှင့်ထိုး ရမည်။ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ အသက် မ ရှင်ရ။ တံပိုး သည် ကြာကြာမြည် သောအခါ ၊ လူ များတို့သည် တောင် သို့ လာ ရ ကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
A ó sọ ọ́ ní òkúta tàbí kí a ta á ní ọfà, ọwọ́kọ́wọ́ kò gbọdọ̀ kàn án. Ìbá à ṣe ènìyàn tàbí ẹranko, òun kì yóò wà láààyè.’ Nígbà ti ìpè bá dún nìkan ni kí wọn ó gun òkè wá.”
14 ၁၄ မောရှေ သည် တောင် ပေါ်မှ လူ တို့ရှိရာသို့ ဆင်းသက် ၍ ၊ သူ တို့ကို သန့်ရှင်း စေ၏။ သူတို့သည် မိမိ အဝတ် များကို လျှော် ကြ၏။
Mose sì sọ̀kalẹ̀ láti orí òkè náà wá sí ọ̀dọ̀ àwọn ènìyàn, ó yà wọ́n sí mímọ́, wọ́n sì fọ aṣọ wọn.
15 ၁၅ မောရှေကလည်း၊ သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ စေကြလော့။ မယား ကို မ ချဉ်း ကြနှင့်ဟု လူ တို့အား ဆို လေ၏။
Ó sì sọ fún àwọn ènìyàn pé, “Ẹ múra sílẹ̀ di ọjọ́ kẹta; ẹ má ṣe bá aya yín lòpọ̀.”
16 ၁၆ သုံး ရက်မြောက်သောနေ့ ၊ နံနက် အချိန်၌ တောင် ပေါ် မှာ မိုဃ်းချုန်း ခြင်း၊ လျပ်ပြက် ခြင်းနှင့်တကွ မိုဃ်းတိမ် တိုက် လွှမ်းမိုး ၍ ကြီး သောအသံနှင့် တံပိုး မြည် သဖြင့် ၊ တပ် ၌ ရှိသော လူ အပေါင်း တို့သည် တုန်လှုပ် ကြ၏။
Ní òwúrọ̀ ọjọ́ kẹta, àrá àti mọ̀nàmọ́ná sì wà pẹ̀lú ìkùùkuu tí ó ṣú dudu ní orí òkè, ìpè ńlá sì dún kíkankíkan tó bẹ́ẹ̀ tí gbogbo àwọn tí ó wà ni ibùdó wárìrì.
17 ၁၇ မောရှေ သည်လည်း ဘုရား သခင်နှင့် တွေ့ စေခြင်းငှာ ၊ လူ များတို့ကို တပ် ထဲက ဆောင် ခဲ့သဖြင့် ၊ သူတို့သည် တောင် ခြေ ရင်းအောက်၌ ရပ် နေကြ၏။
Mose sì kó àwọn ènìyàn tí ó jáde láti ibùdó wá pàdé Ọlọ́run, wọ́n dúró nítòsí òkè.
18 ၁၈ ထာဝရဘုရား သည် မီး ဖြင့် လွှမ်းလျက်၊ သိနာ တောင်ပေါ် သို့ ဆင်းသက် တော်မူသောကြောင့် ၊ တတောင်လုံး မီးခိုး ထွက်လေ၏။ မီးခိုး သည်လည်း မီးဖို ၏မီးခိုး ကဲ့သို့ တက် ၍ တတောင် လုံး ပြင်းစွာ လှုပ် လေ၏။
Èéfín sì bo òkè Sinai nítorí Olúwa sọ̀kalẹ̀ sí orí rẹ̀ nínú iná. Èéfín náà sì ń ru sókè bí èéfín iná ìléru, gbogbo òkè náà sì mì tìtì.
19 ၁၉ တံပိုး မြည် သံသည် ကြာကြာမြည် လျက် ၊ အသံတိုး ၍ ကြီး သောအခါ၊ မောရှေ သည် ခေါ် ၍ ၊ ဘုရား သခင်သည် စကား သံနှင့် ထူး တော်မူ၏။
Ohùn ìpè sì ń rinlẹ̀ dòdò. Mose sọ̀rọ̀, Ọlọ́run sì fi àrá dá a lóhùn.
20 ၂၀ ထာဝရဘုရား သည်လည်း သိနာ တောင် ထိပ် ပေါ် သို့ ဆင်းသက် ၍ ၊ မောရှေ ကို တောင် ထိပ် ပေါ် သို့ ခေါ် တော်မူလျှင် ၊ မောရှေ သည် တက် လေ၏။
Olúwa sọ̀kalẹ̀ sí orí òkè Sinai, o sì pe Mose wá sí orí òkè náà. Mose sì gun orí òkè.
21 ၂၁ ထာဝရဘုရား ကလည်း ၊ လူ တို့သည် ကြည့်ရှု ခြင်းငှာ ထာဝရဘုရား ထံ သို့ကျော် ဝင်၍ ၊ အများ တို့သည် သေ ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့်ဆင်း ၍ သတိပေး လော့။
Olúwa sọ fún Mose pé, “Sọ̀kalẹ̀, kí ó sì kìlọ̀ fún àwọn ènìyàn, kí wọn má ṣe fi tipátipá wá ọ̀nà láti wo Olúwa, bí wọn bá ṣe bẹ́ẹ̀, ọ̀pọ̀ wọn yóò ṣègbé.
22 ၂၂ ထာဝရဘုရား ထံသို့ ချဉ်းကပ် သော ယဇ် ပုရောဟိတ်တို့သည်လည်း ၊ ကိုယ်ကိုကိုယ်သန့်ရှင်း စေရမည်။ သို့မဟုတ် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူမည်ဟု မောရှေ အား မိန့် တော်မူ၏။
Kódà àwọn àlùfáà tí ó ń wá síwájú Olúwa gbọdọ̀ ya ara wọn sí mímọ́ bí bẹ́ẹ̀ kọ́. Olúwa yóò kọlù wọ́n.”
23 ၂၃ မောရှေ ကလည်း ၊ လူ တို့သည် သိနာ တောင် သို့ မ တက် နိုင် ကြပါ။ အကြောင်း မူကား၊ မကျော်ရသောအဆီး အကာတို့ကို တောင် ပတ်လည်၌ စီရင်၍ ၊ သန့်ရှင်း စေလော့ဟု မှာ ထားတော်မူပြီဟု ထာဝရဘုရား အား ပြန်လျှောက် လေ၏။
Mose wí fún Olúwa pé, “Àwọn ènìyàn kì yóò lè wá sí orí òkè Sinai, nítorí ìwọ fúnra rẹ̀ ti kìlọ̀ fún wa pé, ‘Ṣe ààlà yí òkè ká, kí o sì yà á sí mímọ́.’”
24 ၂၄ ထာဝရဘုရား ကလည်း ၊ ဆင်း သွားလော့။ သင် နှင့် အာရုန် သာလျှင် တက် ရမည်။ ယဇ် ပုရောဟိတ်များ၊ လူ များတို့သည် ထာဝရဘုရား ထံ သို့တက် ခြင်းငှာ မ ကျော် မဝင်စေနှင့်။ သို့မဟုတ်သူ တို့ကို ဒဏ်ခတ် တော်မူမည် ဟု မိန့် တော်မူ၏။
Olúwa sì wí fún Mose pé, “Sọ̀kalẹ̀ lọ, mú Aaroni gòkè wá pẹ̀lú rẹ. Ṣùgbọ́n kí àwọn àlùfáà àti àwọn ènìyàn má ṣe fi tipátipá gòkè tọ Olúwa. Bí bẹ́ẹ̀ kọ́ yóò kọlù wọ́n.”
25 ၂၅ မောရှေ သည်လည်း လူ များတို့ရှိရာသို့ ဆင်း ၍ ကြားပြော လေ၏။
Mose sọ̀kalẹ̀ tọ àwọn ènìyàn lọ. Ó sì sọ ohun tí Olúwa wí fún wọn.