< ထွက်မြောက်ရာ 19 >

1 ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ တတိယ လ တရက်နေ့ ၌ သိနာ တော သို့ ရောက် ကြ၏။
Al tercero mes de la salida de los hijos de Israel de la tierra de Egipto, en aquel día vinieron al desierto de Sinaí.
2 ရေဖိဒိမ် အရပ်က ထွက်သွား ပြီးမှ သိနာ တော သို့ ရောက် ၍ ၊ ထိုတော ၌ တောင် ရှေ့ မှာ တပ်ချ ကြ၏။
Y partieron de Rafidim, y vinieron al desierto de Sinaí, y asentaron en el desierto, y asentó allí Israel delante del monte.
3 မောရှေ သည် ဘုရား သခင့်ထံ တော်သို့ တက် သွားလျှင် ၊ ထာဝရဘုရား သည် တောင် ပေါ်က ခေါ် တော်မူ၍၊ သင်သည် ယာကုပ် အမျိုး ၊ ဣသရေလ သား တို့အား ပြန်ပြော ရသော အမိန့် တော်ဟူမူကား ၊
Y Moisés subió a Dios: y Jehová le llamó desde el monte, diciendo: Así dirás a la casa de Jacob, y denunciarás a los hijos de Israel:
4 ငါသည် အဲဂုတ္တု လူတို့၌ ပြု သော အကြောင်း၊ သင် တို့ကို ရွှေလင်းတ အတောင် ဖြင့် ထမ်း ၍ ကိုယ် ဘို့ သိမ်းယူ သောအကြောင်းကို သင် တို့သည် သိ မြင်ရကြပြီ။
Vosotros visteis lo que hice a los Egipcios, y como os tomé sobre alas de águilas, y os he traído a mí.
5 ထိုကြောင့် ယခု တွင် သင်တို့သည် ငါ့ စကား ကို အမှန်နားထောင် ၍ ငါ့ ပဋိညာဉ် ကို စောင့်ရှောက် လျှင် အခြားသောလူမျိုး တကာ တို့ထက် သင်တို့သည် ငါ ပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ် ရကြလိမ့်မည်။ မြေကြီး ရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ်၏။
Ahora pues si oyendo oyereis mi voz, y guardareis mi concierto, vosotros seréis mi tesoro sobre todos los pueblos; porque mía es toda la tierra.
6 သင် တို့သည်လည်း မင်း စည်းစိမ်ရှိသောယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်း သောလူမျိုး ဖြစ် ရကြလိမ့်မည် ဟူသောအမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
Y vosotros seréis mi reino de sacerdotes y gente santa. Estas son las palabras que dirás a los hijos de Israel.
7 မောရှေ သည် ပြန်လာ ၍ လူ တို့တွင် အသက်ကြီး သူတို့ကို ခေါ် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသော စကား အလုံးစုံ တို့ကို ပြန်ပြောလေ ၏။
Entonces vino Moisés, y llamó a los ancianos del pueblo, y propuso en presencia de ellos todas estas palabras, que Jehová le había mandado.
8 လူ အပေါင်း တို့ကလည်း ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို အကျွန်ုပ်တို့သည် ပြု ပါမည်ဟု တညီ တညွတ်တည်း ပြန် ပြောကြ၏။ မောရှေ သည်လည်း သူ တို့၏စကား ကို ထာဝရဘုရား အား ပြန်လျှောက် လေ၏။
Y todo el pueblo respondió a una, y dijeron: Todo lo que Jehová ha dicho, haremos. Y Moisés relató las palabras del pueblo a Jehová.
9 ထာဝရဘုရား ကလည်း ကြည့်ရှု လော့။ သင် နှင့် ငါ ပြော သောအခါ လူ များတို့သည် ကြား ၍ အစဉ်အမြဲ သင့် ကို ယုံ မည်အကြောင်း ၊ မိုဃ်းတိမ် တိုက် ၌ သင့် ဆီ သို့ ငါ လာ မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ပြန်ပြော လေ၏။
Y Jehová dijo a Moisés: He aquí, yo vengo a ti en una nube espesa, para que el pueblo oiga mientras yo hablo contigo, y también para que te crean para siempre. Y Moisés denunció las palabras del pueblo a Jehová.
10 ၁၀ ထာဝရဘုရား ကလည်း လူ တို့ရှိရာသို့ သွား ၍ ၊ ယနေ့ နှင့် နက်ဖြန် ၌ သူ တို့ကို သန့်ရှင်း စေလော့။ သူ တို့အဝတ် ကို လျှော် စေ၍၊
Y Jehová dijo a Moisés: Vé al pueblo, y santifícalos hoy y mañana, y laven sus vestidos:
11 ၁၁ သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ နေစေလော့။ အကြောင်း မူကား၊ သုံး ရက်မြောက်သောနေ့ ၌ ထာဝရဘုရား သည် လူ အပေါင်း တို့ရှေ့ ၊ သိနာ တောင် ပေါ် သို့ ဆင်းသက် တော်မူမည်။
Y estén apercebidos para el tercero día; porque al tercero día Jehová descenderá a ojos de todo el pueblo sobre el monte de Sinaí.
12 ၁၂ လူတို့မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍၊ သင်တို့သည် တောင် ပေါ်သို့ မတက် ၊ တောင် ခြေရင်း ကို မထိ ရအောင် သတိပြု ကြဟု ပြော လော့။ တောင် ကို ထိမိ သောသူ မည်သည်ကား၊ ဧကန်အမှန် အသေ ခံစေ။
Y señalarás término al pueblo al rededor, diciendo: Guardáos, no subáis al monte, ni toquéis a su término: cualquiera que tocare el monte, que muera de muerte.
13 ၁၃ ထိုသူ ကို လက် နှင့်မ ထိ ရ။ အကယ်စင်စစ်ကျောက်ခဲနှင့်ပစ် ရမည်။ သို့မဟုတ် လှံနှင့်ထိုး ရမည်။ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ အသက် မ ရှင်ရ။ တံပိုး သည် ကြာကြာမြည် သောအခါ ၊ လူ များတို့သည် တောင် သို့ လာ ရ ကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
No le tocará mano, mas será apedreado, o asaeteado: sea animal, o sea hombre, no vivirá. En habiendo sonado luengamente el cuerno, subirán al monte.
14 ၁၄ မောရှေ သည် တောင် ပေါ်မှ လူ တို့ရှိရာသို့ ဆင်းသက် ၍ ၊ သူ တို့ကို သန့်ရှင်း စေ၏။ သူတို့သည် မိမိ အဝတ် များကို လျှော် ကြ၏။
Y descendió Moisés del monte al pueblo, y santificó al pueblo, y lavaron sus vestidos.
15 ၁၅ မောရှေကလည်း၊ သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ စေကြလော့။ မယား ကို မ ချဉ်း ကြနှင့်ဟု လူ တို့အား ဆို လေ၏။
Y dijo al pueblo: Estád apercebidos para el tercero día: no lleguéis a mujer.
16 ၁၆ သုံး ရက်မြောက်သောနေ့ ၊ နံနက် အချိန်၌ တောင် ပေါ် မှာ မိုဃ်းချုန်း ခြင်း၊ လျပ်ပြက် ခြင်းနှင့်တကွ မိုဃ်းတိမ် တိုက် လွှမ်းမိုး ၍ ကြီး သောအသံနှင့် တံပိုး မြည် သဖြင့် ၊ တပ် ၌ ရှိသော လူ အပေါင်း တို့သည် တုန်လှုပ် ကြ၏။
Y aconteció al tercero día cuando vino la mañana, que vinieron truenos y relámpagos, y grave nube sobre el monte; y un sonido de bocina muy fuerte: y estremecióse todo el pueblo que estaba en el real.
17 ၁၇ မောရှေ သည်လည်း ဘုရား သခင်နှင့် တွေ့ စေခြင်းငှာ ၊ လူ များတို့ကို တပ် ထဲက ဆောင် ခဲ့သဖြင့် ၊ သူတို့သည် တောင် ခြေ ရင်းအောက်၌ ရပ် နေကြ၏။
Y Moisés sacó del real al pueblo a recibir a Dios, y pusiéronse a lo bajo del monte.
18 ၁၈ ထာဝရဘုရား သည် မီး ဖြင့် လွှမ်းလျက်၊ သိနာ တောင်ပေါ် သို့ ဆင်းသက် တော်မူသောကြောင့် ၊ တတောင်လုံး မီးခိုး ထွက်လေ၏။ မီးခိုး သည်လည်း မီးဖို ၏မီးခိုး ကဲ့သို့ တက် ၍ တတောင် လုံး ပြင်းစွာ လှုပ် လေ၏။
Y todo el monte de Sinaí humeaba, porque Jehová había descendido sobre él en fuego: y el humo de él subía, como el humo de un horno, y todo el monte se estremeció en gran manera.
19 ၁၉ တံပိုး မြည် သံသည် ကြာကြာမြည် လျက် ၊ အသံတိုး ၍ ကြီး သောအခါ၊ မောရှေ သည် ခေါ် ၍ ၊ ဘုရား သခင်သည် စကား သံနှင့် ထူး တော်မူ၏။
Y el sonido de la bocina iba esforzándose en gran manera: Moisés hablaba, y Dios le respondía en voz.
20 ၂၀ ထာဝရဘုရား သည်လည်း သိနာ တောင် ထိပ် ပေါ် သို့ ဆင်းသက် ၍ ၊ မောရှေ ကို တောင် ထိပ် ပေါ် သို့ ခေါ် တော်မူလျှင် ၊ မောရှေ သည် တက် လေ၏။
Y descendió Jehová sobre el monte de Sinaí, sobre la cumbre del monte, y llamó Jehová a Moisés a la cumbre del monte: Y Moisés subió.
21 ၂၁ ထာဝရဘုရား ကလည်း ၊ လူ တို့သည် ကြည့်ရှု ခြင်းငှာ ထာဝရဘုရား ထံ သို့ကျော် ဝင်၍ ၊ အများ တို့သည် သေ ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့်ဆင်း ၍ သတိပေး လော့။
Y Jehová dijo a Moisés: Desciende, requiere al pueblo, que no derriben el término por ver a Jehová; que caerá multitud de él.
22 ၂၂ ထာဝရဘုရား ထံသို့ ချဉ်းကပ် သော ယဇ် ပုရောဟိတ်တို့သည်လည်း ၊ ကိုယ်ကိုကိုယ်သန့်ရှင်း စေရမည်။ သို့မဟုတ် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူမည်ဟု မောရှေ အား မိန့် တော်မူ၏။
Y también los sacerdotes que se llegan a Jehová, se santifiquen, porque Jehová no haga en ellos portillo.
23 ၂၃ မောရှေ ကလည်း ၊ လူ တို့သည် သိနာ တောင် သို့ မ တက် နိုင် ကြပါ။ အကြောင်း မူကား၊ မကျော်ရသောအဆီး အကာတို့ကို တောင် ပတ်လည်၌ စီရင်၍ ၊ သန့်ရှင်း စေလော့ဟု မှာ ထားတော်မူပြီဟု ထာဝရဘုရား အား ပြန်လျှောက် လေ၏။
Y Moisés dijo a Jehová: El pueblo no podrá subir al monte de Sinaí; porque tú nos has requerido, diciendo: Señala términos al monte, y santifícalo.
24 ၂၄ ထာဝရဘုရား ကလည်း ၊ ဆင်း သွားလော့။ သင် နှင့် အာရုန် သာလျှင် တက် ရမည်။ ယဇ် ပုရောဟိတ်များ၊ လူ များတို့သည် ထာဝရဘုရား ထံ သို့တက် ခြင်းငှာ မ ကျော် မဝင်စေနှင့်။ သို့မဟုတ်သူ တို့ကို ဒဏ်ခတ် တော်မူမည် ဟု မိန့် တော်မူ၏။
Y Jehová le dijo: Vé, desciende, y subirás tú y Aarón contigo: mas los sacerdotes y el pueblo no derriben el término por subir a Jehová, porque no haga en ellos portillo.
25 ၂၅ မောရှေ သည်လည်း လူ များတို့ရှိရာသို့ ဆင်း ၍ ကြားပြော လေ၏။
Entonces Moisés descendió al pueblo, y habló con ellos.

< ထွက်မြောက်ရာ 19 >