< ထွက်မြောက်ရာ 19 >
1 ၁ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ တတိယ လ တရက်နေ့ ၌ သိနာ တော သို့ ရောက် ကြ၏။
En el tercer mes después que los hijos de Israel salieron de la tierra de Egipto, ese mismo día llegaron al desierto de Sinaí.
2 ၂ ရေဖိဒိမ် အရပ်က ထွက်သွား ပြီးမှ သိနာ တော သို့ ရောက် ၍ ၊ ထိုတော ၌ တောင် ရှေ့ မှာ တပ်ချ ကြ၏။
Cuando partieron de Refidim y llegaron al desierto de Sinaí, acamparon en el desierto, y allí acampó Israel ante el monte.
3 ၃ မောရှေ သည် ဘုရား သခင့်ထံ တော်သို့ တက် သွားလျှင် ၊ ထာဝရဘုရား သည် တောင် ပေါ်က ခေါ် တော်မူ၍၊ သင်သည် ယာကုပ် အမျိုး ၊ ဣသရေလ သား တို့အား ပြန်ပြော ရသော အမိန့် တော်ဟူမူကား ၊
Moisés subió a Dios, y Yahvé lo llamó desde el monte, diciendo: “Esto es lo que dirás a la casa de Jacob y a los hijos de Israel
4 ၄ ငါသည် အဲဂုတ္တု လူတို့၌ ပြု သော အကြောင်း၊ သင် တို့ကို ရွှေလင်းတ အတောင် ဖြင့် ထမ်း ၍ ကိုယ် ဘို့ သိမ်းယူ သောအကြောင်းကို သင် တို့သည် သိ မြင်ရကြပြီ။
‘Habéis visto lo que hice a los egipcios, y cómo os llevé en alas de águila y os traje a mí.
5 ၅ ထိုကြောင့် ယခု တွင် သင်တို့သည် ငါ့ စကား ကို အမှန်နားထောင် ၍ ငါ့ ပဋိညာဉ် ကို စောင့်ရှောက် လျှင် အခြားသောလူမျိုး တကာ တို့ထက် သင်တို့သည် ငါ ပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ် ရကြလိမ့်မည်။ မြေကြီး ရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ်၏။
Ahora, pues, si de verdad obedecéis mi voz y guardáis mi pacto, seréis mi posesión de entre todos los pueblos, porque toda la tierra es mía;
6 ၆ သင် တို့သည်လည်း မင်း စည်းစိမ်ရှိသောယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်း သောလူမျိုး ဖြစ် ရကြလိမ့်မည် ဟူသောအမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
y seréis para mí un reino de sacerdotes y una nación santa.’ Estas son las palabras que dirás a los hijos de Israel”.
7 ၇ မောရှေ သည် ပြန်လာ ၍ လူ တို့တွင် အသက်ကြီး သူတို့ကို ခေါ် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသော စကား အလုံးစုံ တို့ကို ပြန်ပြောလေ ၏။
Moisés vino y llamó a los ancianos del pueblo, y les expuso todas estas palabras que Yahvé le había ordenado.
8 ၈ လူ အပေါင်း တို့ကလည်း ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို အကျွန်ုပ်တို့သည် ပြု ပါမည်ဟု တညီ တညွတ်တည်း ပြန် ပြောကြ၏။ မောရှေ သည်လည်း သူ တို့၏စကား ကို ထာဝရဘုရား အား ပြန်လျှောက် လေ၏။
Todo el pueblo respondió en conjunto y dijo: “Haremos todo lo que Yahvé ha dicho”. Moisés informó a Yahvé de las palabras del pueblo.
9 ၉ ထာဝရဘုရား ကလည်း ကြည့်ရှု လော့။ သင် နှင့် ငါ ပြော သောအခါ လူ များတို့သည် ကြား ၍ အစဉ်အမြဲ သင့် ကို ယုံ မည်အကြောင်း ၊ မိုဃ်းတိမ် တိုက် ၌ သင့် ဆီ သို့ ငါ လာ မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ပြန်ပြော လေ၏။
Yahvé dijo a Moisés: “He aquí que vengo a ti en una nube espesa, para que el pueblo oiga cuando hablo contigo y te crea para siempre”. Moisés le contó a Yahvé las palabras del pueblo.
10 ၁၀ ထာဝရဘုရား ကလည်း လူ တို့ရှိရာသို့ သွား ၍ ၊ ယနေ့ နှင့် နက်ဖြန် ၌ သူ တို့ကို သန့်ရှင်း စေလော့။ သူ တို့အဝတ် ကို လျှော် စေ၍၊
Yahvé dijo a Moisés: “Ve al pueblo y santifícalo hoy y mañana, y que lave sus vestidos,
11 ၁၁ သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ နေစေလော့။ အကြောင်း မူကား၊ သုံး ရက်မြောက်သောနေ့ ၌ ထာဝရဘုရား သည် လူ အပေါင်း တို့ရှေ့ ၊ သိနာ တောင် ပေါ် သို့ ဆင်းသက် တော်မူမည်။
y esté preparado para el tercer día; porque al tercer día Yahvé bajará a la vista de todo el pueblo al monte Sinaí.
12 ၁၂ လူတို့မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍၊ သင်တို့သည် တောင် ပေါ်သို့ မတက် ၊ တောင် ခြေရင်း ကို မထိ ရအောင် သတိပြု ကြဟု ပြော လော့။ တောင် ကို ထိမိ သောသူ မည်သည်ကား၊ ဧကန်အမှန် အသေ ခံစေ။
Pondrás límites a todo el pueblo, diciendo: ‘Tengan cuidado de no subir al monte ni tocar su borde. El que toque el monte será condenado a muerte.
13 ၁၃ ထိုသူ ကို လက် နှင့်မ ထိ ရ။ အကယ်စင်စစ်ကျောက်ခဲနှင့်ပစ် ရမည်။ သို့မဟုတ် လှံနှင့်ထိုး ရမည်။ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ အသက် မ ရှင်ရ။ တံပိုး သည် ကြာကြာမြည် သောအခါ ၊ လူ များတို့သည် တောင် သို့ လာ ရ ကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
Ninguna mano lo tocará, sino que será apedreado o atravesado; sea animal u hombre, no vivirá.’ Cuando la trompeta suene largamente, subirán al monte”.
14 ၁၄ မောရှေ သည် တောင် ပေါ်မှ လူ တို့ရှိရာသို့ ဆင်းသက် ၍ ၊ သူ တို့ကို သန့်ရှင်း စေ၏။ သူတို့သည် မိမိ အဝတ် များကို လျှော် ကြ၏။
Moisés bajó del monte hacia el pueblo y lo santificó, y ellos lavaron sus ropas.
15 ၁၅ မောရှေကလည်း၊ သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ စေကြလော့။ မယား ကို မ ချဉ်း ကြနှင့်ဟု လူ တို့အား ဆို လေ၏။
Le dijo al pueblo: “Prepárense para el tercer día. No tengan relaciones sexuales con una mujer”.
16 ၁၆ သုံး ရက်မြောက်သောနေ့ ၊ နံနက် အချိန်၌ တောင် ပေါ် မှာ မိုဃ်းချုန်း ခြင်း၊ လျပ်ပြက် ခြင်းနှင့်တကွ မိုဃ်းတိမ် တိုက် လွှမ်းမိုး ၍ ကြီး သောအသံနှင့် တံပိုး မြည် သဖြင့် ၊ တပ် ၌ ရှိသော လူ အပေါင်း တို့သည် တုန်လှုပ် ကြ၏။
Al tercer día, al amanecer, hubo truenos y relámpagos, y una espesa nube sobre la montaña, y el sonido de una trompeta muy fuerte; y todo el pueblo que estaba en el campamento tembló.
17 ၁၇ မောရှေ သည်လည်း ဘုရား သခင်နှင့် တွေ့ စေခြင်းငှာ ၊ လူ များတို့ကို တပ် ထဲက ဆောင် ခဲ့သဖြင့် ၊ သူတို့သည် တောင် ခြေ ရင်းအောက်၌ ရပ် နေကြ၏။
Moisés sacó al pueblo del campamento para ir al encuentro de Dios, y se paró en la parte baja del monte.
18 ၁၈ ထာဝရဘုရား သည် မီး ဖြင့် လွှမ်းလျက်၊ သိနာ တောင်ပေါ် သို့ ဆင်းသက် တော်မူသောကြောင့် ၊ တတောင်လုံး မီးခိုး ထွက်လေ၏။ မီးခိုး သည်လည်း မီးဖို ၏မီးခိုး ကဲ့သို့ တက် ၍ တတောင် လုံး ပြင်းစွာ လှုပ် လေ၏။
Todo el monte Sinaí humeaba, porque Yahvé descendía sobre él en fuego; y su humo subía como el humo de un horno, y todo el monte temblaba en gran manera.
19 ၁၉ တံပိုး မြည် သံသည် ကြာကြာမြည် လျက် ၊ အသံတိုး ၍ ကြီး သောအခါ၊ မောရှေ သည် ခေါ် ၍ ၊ ဘုရား သခင်သည် စကား သံနှင့် ထူး တော်မူ၏။
Cuando el sonido de la trompeta se hizo más y más fuerte, Moisés habló, y Dios le respondió con una voz.
20 ၂၀ ထာဝရဘုရား သည်လည်း သိနာ တောင် ထိပ် ပေါ် သို့ ဆင်းသက် ၍ ၊ မောရှေ ကို တောင် ထိပ် ပေါ် သို့ ခေါ် တော်မူလျှင် ၊ မောရှေ သည် တက် လေ၏။
Yahvé bajó al monte Sinaí, a la cima de la montaña. Yahvé llamó a Moisés a la cima del monte, y Moisés subió.
21 ၂၁ ထာဝရဘုရား ကလည်း ၊ လူ တို့သည် ကြည့်ရှု ခြင်းငှာ ထာဝရဘုရား ထံ သို့ကျော် ဝင်၍ ၊ အများ တို့သည် သေ ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့်ဆင်း ၍ သတိပေး လော့။
Yahvé dijo a Moisés: “Baja y advierte al pueblo, no sea que se abran paso hacia Yahvé para mirar, y muchos de ellos perezcan.
22 ၂၂ ထာဝရဘုရား ထံသို့ ချဉ်းကပ် သော ယဇ် ပုရောဟိတ်တို့သည်လည်း ၊ ကိုယ်ကိုကိုယ်သန့်ရှင်း စေရမည်။ သို့မဟုတ် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူမည်ဟု မောရှေ အား မိန့် တော်မူ၏။
Que también los sacerdotes que se acercan a Yahvé se santifiquen, no sea que Yahvé irrumpa sobre ellos.”
23 ၂၃ မောရှေ ကလည်း ၊ လူ တို့သည် သိနာ တောင် သို့ မ တက် နိုင် ကြပါ။ အကြောင်း မူကား၊ မကျော်ရသောအဆီး အကာတို့ကို တောင် ပတ်လည်၌ စီရင်၍ ၊ သန့်ရှင်း စေလော့ဟု မှာ ထားတော်မူပြီဟု ထာဝရဘုရား အား ပြန်လျှောက် လေ၏။
Moisés dijo a Yahvé: “El pueblo no puede subir al monte Sinaí, porque tú nos advertiste diciendo: “Poned límites alrededor del monte y santificadlo””.
24 ၂၄ ထာဝရဘုရား ကလည်း ၊ ဆင်း သွားလော့။ သင် နှင့် အာရုန် သာလျှင် တက် ရမည်။ ယဇ် ပုရောဟိတ်များ၊ လူ များတို့သည် ထာဝရဘုရား ထံ သို့တက် ခြင်းငှာ မ ကျော် မဝင်စေနှင့်။ သို့မဟုတ်သူ တို့ကို ဒဏ်ခတ် တော်မူမည် ဟု မိန့် တော်မူ၏။
Yahvé le dijo: “¡Baja! Harás subir a Aarón contigo, pero no permitas que los sacerdotes y el pueblo se abran paso para subir a Yahvé, no sea que él se revele contra ellos.”
25 ၂၅ မောရှေ သည်လည်း လူ များတို့ရှိရာသို့ ဆင်း ၍ ကြားပြော လေ၏။
Entonces Moisés bajó al pueblo y les dijo.