< ထွက်မြောက်ရာ 18 >

1 ဘုရား သခင်သည် မောရှေ မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ ကို ၎င်း၊ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ် ပုရောဟိတ်ဖြစ်သောမောရှေ ၏ယောက္ခမ ယေသရော ကြား သည်ရှိသော်၊
וַיִּשְׁמַע יִתְרוֹ כֹהֵן מִדְיָן חֹתֵן מֹשֶׁה אֵת כׇּל־אֲשֶׁר עָשָׂה אֱלֹהִים לְמֹשֶׁה וּלְיִשְׂרָאֵל עַמּוֹ כִּֽי־הוֹצִיא יְהֹוָה אֶת־יִשְׂרָאֵל מִמִּצְרָֽיִם׃
2 မောရှေလွှတ်ခဲ့သောမယားနှင့်
וַיִּקַּח יִתְרוֹ חֹתֵן מֹשֶׁה אֶת־צִפֹּרָה אֵשֶׁת מֹשֶׁה אַחַר שִׁלּוּחֶֽיהָ׃
3 သူ ၏သား နှစ် ယောက်ကို ယူ၍ သွားလေ၏။ သားတယောက် ကား၊ ဂေရရှုံ အမည် ရှိ၏။ အကြောင်းမူကား ၊ ငါသည် တကျွန်း တနိုင်ငံ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟု အဘဆို သတည်း။
וְאֵת שְׁנֵי בָנֶיהָ אֲשֶׁר שֵׁם הָֽאֶחָד גֵּֽרְשֹׁם כִּי אָמַר גֵּר הָיִיתִי בְּאֶרֶץ נׇכְרִיָּֽה׃
4 သားတယောက်ကား၊ ဧလျေဇာ အမည် ရှိ၏။ အကြောင်း မူကား၊ ငါ့ ဘိုးဘေး တို့၏ ဘုရားသခင် သည် ငါ့ ကို မစ ၍ ဖာရော ဘုရင်၏ ထား မှ ကယ်လွှတ် တော်မူပြီဟု ဆိုသတည်း။
וְשֵׁם הָאֶחָד אֱלִיעֶזֶר כִּֽי־אֱלֹהֵי אָבִי בְּעֶזְרִי וַיַּצִּלֵנִי מֵחֶרֶב פַּרְעֹֽה׃
5 မောရှေ ၏ ယောက္ခမ ယေသရော သည် မောရှေ မယား နှင့် သား တို့ကို ယူ၍၊ တော ၌ ဘုရား သခင်၏ တောင် တော်နား၊ မောရှေ တပ်ချ ရာအရပ်သို့ ရောက် လာလျှင် ၊
וַיָּבֹא יִתְרוֹ חֹתֵן מֹשֶׁה וּבָנָיו וְאִשְׁתּוֹ אֶל־מֹשֶׁה אֶל־הַמִּדְבָּר אֲשֶׁר־הוּא חֹנֶה שָׁם הַר הָאֱלֹהִֽים׃
6 ကိုယ်တော် ၏ယောက္ခမ ယေသရော နှင့် ကိုယ်တော် ၏ မယား ၊ သား နှစ် ယောက်တို့သည် ကိုယ်တော် ထံ သို့ရောက် လာပါပြီဟု မောရှေ အား ကြား ပြောသော် ၊
וַיֹּאמֶר אֶל־מֹשֶׁה אֲנִי חֹתֶנְךָ יִתְרוֹ בָּא אֵלֶיךָ וְאִשְׁתְּךָ וּשְׁנֵי בָנֶיהָ עִמָּֽהּ׃
7 မောရှေ သည် ယောက္ခမ ကို ခရီးဦးကြိုပြု ခြင်းငှာ ထွက် ၍ ဦးချ နမ်း ရှုပ်လျက် ၊ ကျန်းမာ ကြောင်း ကို တ ယောက်နှင့်တယောက် မေးမြန်း လျက် တဲ သို့ ဝင် ကြ၏။
וַיֵּצֵא מֹשֶׁה לִקְרַאת חֹֽתְנוֹ וַיִּשְׁתַּחוּ וַיִּשַּׁק־לוֹ וַיִּשְׁאֲלוּ אִישׁ־לְרֵעֵהוּ לְשָׁלוֹם וַיָּבֹאוּ הָאֹֽהֱלָה׃
8 ထာဝရဘုရား သည် ဣသရေလ အမျိုးအတွက် ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့၌ ပြု တော်မူသမျှ ကို ၎င်း၊ လမ်းခရီး တွင် ခံ ရသောဆင်းရဲ ဒုက္ခအလုံးစုံ ကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ် တော်မူကြောင်းကို၎င်း၊ မောရှေ သည် ယောက္ခမ အား ကြားပြော လေ၏။
וַיְסַפֵּר מֹשֶׁה לְחֹתְנוֹ אֵת כׇּל־אֲשֶׁר עָשָׂה יְהֹוָה לְפַרְעֹה וּלְמִצְרַיִם עַל אוֹדֹת יִשְׂרָאֵל אֵת כׇּל־הַתְּלָאָה אֲשֶׁר מְצָאָתַם בַּדֶּרֶךְ וַיַּצִּלֵם יְהֹוָֽה׃
9 ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍၊ ပြု တော်မူသောကျေးဇူး ကြောင့် ယေသရော သည် ဝမ်းမြောက် လျက် ၊
וַיִּחַדְּ יִתְרוֹ עַל כׇּל־הַטּוֹבָה אֲשֶׁר־עָשָׂה יְהֹוָה לְיִשְׂרָאֵל אֲשֶׁר הִצִּילוֹ מִיַּד מִצְרָֽיִם׃
10 ၁၀ အဲဂုတ္တု လူတို့လက် မှ၎င်း ၊ ဖာရော ဘုရင်လက် မှ ၎င်း၊ သင့် ကို ကယ်နှုတ် တော်မူထသော ၊ လူ များတို့ကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
וַיֹּאמֶר יִתְרוֹ בָּרוּךְ יְהֹוָה אֲשֶׁר הִצִּיל אֶתְכֶם מִיַּד מִצְרַיִם וּמִיַּד פַּרְעֹה אֲשֶׁר הִצִּיל אֶת־הָעָם מִתַּחַת יַד־מִצְרָֽיִם׃
11 ၁၁ ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှ တို့ထက် သာ၍ကြီးမြတ် တော်မူကြောင်းကို ယခု ငါသိ ၏။ အကြောင်း မူကား၊ လူတို့သည် မာန ထောင်လွှားသော အမှု အရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ ၊
עַתָּה יָדַעְתִּי כִּֽי־גָדוֹל יְהֹוָה מִכׇּל־הָאֱלֹהִים כִּי בַדָּבָר אֲשֶׁר זָדוּ עֲלֵיהֶֽם׃
12 ၁၂ မောရှေ ၏ ယောက္ခမ ယေသရော သည်၊ မီးရှို့ စရာယဇ်နှင့် ဘုရား သခင်အဘို့ ယဇ် များကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့သည်၊ မောရှေ ၏ ယောက္ခမ နှင့် အတူဘုရား သခင့်ရှေ့ တော်၌ အစာ စား ခြင်းငှာ လာ ကြ၏။
וַיִּקַּח יִתְרוֹ חֹתֵן מֹשֶׁה עֹלָה וּזְבָחִים לֵֽאלֹהִים וַיָּבֹא אַהֲרֹן וְכֹל ׀ זִקְנֵי יִשְׂרָאֵל לֶאֱכׇל־לֶחֶם עִם־חֹתֵן מֹשֶׁה לִפְנֵי הָאֱלֹהִֽים׃
13 ၁၃ နက်ဖြန် နေ့၌ မောရှေ သည်၊ လူ များကို တရား စီရင်ခြင်းငှာ ထိုင် လေ၏။ နံနက် မှစ၍ ညဦး တိုင်အောင် ၊ လူ များတို့သည် မောရှေ ရှေ့ မှာ နေ ကြ၏။
וַיְהִי מִֽמׇּחֳרָת וַיֵּשֶׁב מֹשֶׁה לִשְׁפֹּט אֶת־הָעָם וַיַּעֲמֹד הָעָם עַל־מֹשֶׁה מִן־הַבֹּקֶר עַד־הָעָֽרֶב׃
14 ၁၄ မောရှေ သည် လူ များတို့အား ပြု သမျှ ကို ယောက္ခမ မြင် လျှင် ၊ ဤ လူ များတို့အား ပြု သောအမှု အဘယ် သို့နည်း။ သင် သည် တယောက်တည်းထိုင် လျက် ၊ လူ အပေါင်း တို့သည် နံနက် မှစ၍ ညဦး တိုင်အောင် သင့် ရှေ့ မှာ အဘယ် ကြောင့်နေ ရကြသနည်းဟု ဆို ၏။
וַיַּרְא חֹתֵן מֹשֶׁה אֵת כׇּל־אֲשֶׁר־הוּא עֹשֶׂה לָעָם וַיֹּאמֶר מָֽה־הַדָּבָר הַזֶּה אֲשֶׁר אַתָּה עֹשֶׂה לָעָם מַדּוּעַ אַתָּה יוֹשֵׁב לְבַדֶּךָ וְכׇל־הָעָם נִצָּב עָלֶיךָ מִן־בֹּקֶר עַד־עָֽרֶב׃
15 ၁၅ မောရှေ ကလည်း ၊ ဤသူတို့သည် ဘုရား သခင်၏ အယူ တော်ကိုခံ လို၍ ကျွန်ုပ် ထံ သို့လာ သောကြောင့် ဤသို့ဖြစ်၏။
וַיֹּאמֶר מֹשֶׁה לְחֹתְנוֹ כִּֽי־יָבֹא אֵלַי הָעָם לִדְרֹשׁ אֱלֹהִֽים׃
16 ၁၆ သူ တို့သည် အမှု ရှိ လျှင် အကျွန်ုပ် ထံ သို့လာ ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ် ရ၏။ ဘုရား သခင်၏ ပညတ် တရား များကို သင် ချရ၏ဟု ယောက္ခမ အား ပြော လျှင် ၊
כִּֽי־יִהְיֶה לָהֶם דָּבָר בָּא אֵלַי וְשָׁפַטְתִּי בֵּין אִישׁ וּבֵין רֵעֵהוּ וְהוֹדַעְתִּי אֶת־חֻקֵּי הָאֱלֹהִים וְאֶת־תּוֹרֹתָֽיו׃
17 ၁၇ ယောက္ခမ က၊ သင် ပြု သော အမှု သည် မ တော် မသင့်ဖြစ်၏။
וַיֹּאמֶר חֹתֵן מֹשֶׁה אֵלָיו לֹא־טוֹב הַדָּבָר אֲשֶׁר אַתָּה עֹשֶֽׂה׃
18 ၁၈ သင် မှစ၍ သင် ၌ ပါသော ဤ လူ များတို့သည် အမှန် အားလျော့ ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန် လေး၏။ တယောက်တည်း မ တတ် နိုင်သောအမှု ဖြစ်၏။
נָבֹל תִּבֹּל גַּם־אַתָּה גַּם־הָעָם הַזֶּה אֲשֶׁר עִמָּךְ כִּֽי־כָבֵד מִמְּךָ הַדָּבָר לֹא־תוּכַל עֲשֹׂהוּ לְבַדֶּֽךָ׃
19 ၁၉ ငါ့ စကား ကို နားထောင် လော့။ ငါအကြံ ပေးမည်။ ဘုရား သခင်သည်လည်း သင့် ဘက်၌ ရှိ တော်မူလိမ့်မည်။ သင် သည် ဘုရား သခင်နှင့်ဆိုင် သော အမှု ၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရား သခင်အထံ တော်သို့ ဝင်၍ လျှောက်ရမည်။
עַתָּה שְׁמַע בְּקֹלִי אִיעָצְךָ וִיהִי אֱלֹהִים עִמָּךְ הֱיֵה אַתָּה לָעָם מוּל הָֽאֱלֹהִים וְהֵבֵאתָ אַתָּה אֶת־הַדְּבָרִים אֶל־הָאֱלֹהִֽים׃
20 ၂၀ သူ တို့အားလည်း ပညတ် တရား တော်များကို သင် ချရမည်။ သူ တို့သွား ရာလမ်း ၊ ပြု ရသော အမှု ကိုလည်း ပြ ရမည်။
וְהִזְהַרְתָּה אֶתְהֶם אֶת־הַחֻקִּים וְאֶת־הַתּוֹרֹת וְהוֹדַעְתָּ לָהֶם אֶת־הַדֶּרֶךְ יֵלְכוּ בָהּ וְאֶת־הַֽמַּעֲשֶׂה אֲשֶׁר יַעֲשֽׂוּן׃
21 ၂၁ ထိုမှတပါး ဘုရား သခင်ကို ကြောက်ရွံ့ လျက်၊ သစ္စာ နှင့်ပြည့်စုံလျက်၊ လောဘ ကို ရွံရှာ လျက် ၊ တတ်စွမ်း နိုင်သောသူ တို့ကို လူ အပေါင်း တို့အထဲ က ရွေးကောက် ၍၊ တထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အရာ၌ ခန့် ထားရမည်။
וְאַתָּה תֶחֱזֶה מִכׇּל־הָעָם אַנְשֵׁי־חַיִל יִרְאֵי אֱלֹהִים אַנְשֵׁי אֱמֶת שֹׂנְאֵי בָצַע וְשַׂמְתָּ עֲלֵהֶם שָׂרֵי אֲלָפִים שָׂרֵי מֵאוֹת שָׂרֵי חֲמִשִּׁים וְשָׂרֵי עֲשָׂרֹֽת׃
22 ၂၂ ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ များတို့ကို တရား စီရင်ကြစေ။ ကြီး သောအမှု ၌ သင် ၏အယူ ကို ခံကြစေ။ ငယ် သောအမှု ကို အလိုလို စီရင် ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်း သဖြင့် သင် သည် သက်သာ လိမ့်မည်။
וְשָׁפְטוּ אֶת־הָעָם בְּכׇל־עֵת וְהָיָה כׇּל־הַדָּבָר הַגָּדֹל יָבִיאוּ אֵלֶיךָ וְכׇל־הַדָּבָר הַקָּטֹן יִשְׁפְּטוּ־הֵם וְהָקֵל מֵֽעָלֶיךָ וְנָשְׂאוּ אִתָּֽךְ׃
23 ၂၃ ထိုသို့ ဘုရား သခင်အခွင့် နှင့် ပြု လျှင် သင်သည် ခိုင်ခံ့ လိမ့်မည်။ ဤ လူ အပေါင်း တို့သည် မိမိ နေရာ ပြည် သို့ ငြိမ်ဝပ် စွာ သွား ကြလိမ့်မည်ဟု ပြော ဆို၏။
אִם אֶת־הַדָּבָר הַזֶּה תַּעֲשֶׂה וְצִוְּךָ אֱלֹהִים וְיָֽכׇלְתָּ עֲמֹד וְגַם כׇּל־הָעָם הַזֶּה עַל־מְקֹמוֹ יָבֹא בְשָׁלֽוֹם׃
24 ၂၄ မောရှေ သည်လည်း ယောက္ခမ ၏စကား ကို နားထောင် ၍ စကား ရှိသည်အတိုင်း ပြု လျက်၊
וַיִּשְׁמַע מֹשֶׁה לְקוֹל חֹתְנוֹ וַיַּעַשׂ כֹּל אֲשֶׁר אָמָֽר׃
25 ၂၅ တတ်စွမ်း နိုင်သောသူ တို့ကို ဣသရေလ အမျိုးထဲက ရွေးကောက် ၍ လူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အသီးအသီးခေါင်း အရာ၌ ခန့် ထားလေ၏။
וַיִּבְחַר מֹשֶׁה אַנְשֵׁי־חַיִל מִכׇּל־יִשְׂרָאֵל וַיִּתֵּן אֹתָם רָאשִׁים עַל־הָעָם שָׂרֵי אֲלָפִים שָׂרֵי מֵאוֹת שָׂרֵי חֲמִשִּׁים וְשָׂרֵי עֲשָׂרֹֽת׃
26 ၂၆ ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ တို့ကို တရား စီရင်ကြ၏။ ခက် သောအမှု ၌ မောရှေ ၏အယူ ကို ခံကြ၏။ လွယ် သောအမှု ကို အလိုလို စီရင် ကြ၏။
וְשָׁפְטוּ אֶת־הָעָם בְּכׇל־עֵת אֶת־הַדָּבָר הַקָּשֶׁה יְבִיאוּן אֶל־מֹשֶׁה וְכׇל־הַדָּבָר הַקָּטֹן יִשְׁפּוּטוּ הֵֽם׃
27 ၂၇ ထိုနောက် မောရှေ သည် ယောက္ခမ သွားရသောအခွင့် ကိုပေး ၍ ၊ သူသည် မိမိ နေရာ သို့ သွား လေ၏။
וַיְשַׁלַּח מֹשֶׁה אֶת־חֹתְנוֹ וַיֵּלֶךְ לוֹ אֶל־אַרְצֽוֹ׃

< ထွက်မြောက်ရာ 18 >