< ထွက်မြောက်ရာ 17 >

1 ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ သိန် တော ထဲက ထွက်၍ ခရီး သွား သဖြင့် ၊ ရေဖိဒိမ် အရပ်၌ စားခန်းချ ကြ၏။ ထိုအရပ်၌ လူ များသောက် ဘို့ ရာရေ မ ရှိ။
And all the congregation of the sons of Israel journeyed from the wilderness of Sin, by their journeys, according to the commandment of Jehovah, and encamped in Rephidim. And there was no water for the people to drink.
2 ထိုကြောင့် လူ များတို့က၊ သောက် ဘို့ရေ ပေး ပါဟု ဆို ၍ မောရှေ ကို ရန်တွေ့ ကြ၏။ မောရှေ ကလည်း ၊ ငါ့ ကို အဘယ်ကြောင့် ရန်တွေ့ ကြသနည်း။ ထာဝရဘုရား ကို အဘယ်ကြောင့် စုံစမ်း ကြသနည်းဟု ဆို လေ၏။
Therefore the people contended with Moses, and said, Give us water that we may drink. And Moses said to them, Why do ye contend with me? Why do ye challenge Jehovah?
3 လူ များတို့သည် ရေ ငတ် ၍ မောရှေ ကို အပြစ်တင်မြည်တမ်း လျက်၊ ငါ တို့မှစ၍ သားသမီး တိရစ္ဆာန် တို့ကို အငတ် ထား၍ သတ် ခြင်းအလိုငှာ ၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်းဟု ဆို ကြ၏။
And the people thirsted there for water. And the people murmured against Moses, and said, Why have thou brought us up out of Egypt, to kill us and our sons and our cattle with thirst?
4 ထိုအခါ မောရှေ သည်ထာဝရဘုရား အား အော်ဟစ် ၍၊ ဤ လူ တို့အား အကျွန်ုပ်သည်အဘယ်သို့ ပြု ရပါမည်နည်း။ အကျွန်ုပ် ကိုခဲနှင့်ပစ် လု ကြပါပြီဟု လျှောက် လေ၏။
And Moses cried to Jehovah, saying, What shall I do to this people? They are almost ready to stone me.
5 ထာဝရဘုရား ကလည်း ၊ လူ များရှေ့ သို့သွား ၍ ဣသရေလ အမျိုးအသက် ကြီးသူတို့ကိုခေါ် လော့။ မြစ် ကိုရိုက် သော သင် ၏လှံတံ ကိုကိုင် လျက် ၊ ဟောရပ်အရပ်သို့သွား လော့။
And Jehovah said to Moses, Pass on before the people, and take with thee from the elders of Israel, and thy rod, with which thou smote the river, take in thy hand, and go.
6 ထို အရပ်၌ ရှိသောကျောက် ပေါ် တွင် သင့် ရှေ့ မှာငါ ရပ် နေမည်။ သင်သည် ထိုကျောက် ကိုရိုက် ရမည်။ လူများသောက် ဘို့ ထို ကျောက်ထဲက ရေ ထွက် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ဣသရေလ အမျိုးအသက်ကြီး သူတို့ရှေ့ မှာ ထို သို့ပြု လေ၏။
Behold, I will stand before thee there upon the rock in Horeb, and thou shall smite the rock, and there shall come water out of it, that the people may drink. And Moses did so in the sight of the elders of Israel.
7 ဣသရေလ အမျိုးသား တို့က၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိ သလော မရှိ လောဟု ထာဝရဘုရား ကို စုံစမ်း ၍ ရန်တွေ့ သောအကြောင်းကြောင့် ၊ ထိုအရပ် ကို မဿာ နှင့် မေရိဘ ဟု သမုတ် သတည်း။
And he called the name of the place Massah and Meribah, because of the contending of the sons of Israel, and because they challenged Jehovah, saying, Is Jehovah among us, or not?
8 ထိုအခါ အာမလက် လူတို့သည် လာ ၍ ၊ ရေဖိဒိမ် အရပ်၌ ဣသရေလ လူတို့ကို စစ်တိုက် ကြ၏။
Then Amalek came, and fought with Israel in Rephidim.
9 မောရှေ ကလည်း ၊ လူ တို့ကိုရွေး ၍ အာမလက် လူတို့ကို စစ် တိုက်ခြင်းငှာ ထွက် လော့။ နက်ဖြန် နေ့၌ ဘုရား သခင်၏လှံတံ ကိုကိုင် လျက်၊ တောင် ထိပ် ပေါ် မှာ ငါ ရပ် နေမည်ဟု ယောရှု အား ဆို ၏။
And Moses said to Joshua, Choose us out men, and go out, fight with Amalek. Tomorrow I will stand on the top of the hill with the rod of God in my hand.
10 ၁၀ မောရှေ မှာ လိုက်သည်အတိုင်း ယောရှု ပြု ၍ ၊ အာမလက် လူတို့ကို စစ် တိုက်လေ၏။ မောရှေ ၊ အာရုန် ၊ ဟုရ တို့သည် တောင် ထိပ် ပေါ်သို့တက် ကြ၏။
So Joshua did as Moses had said to him, and fought with Amalek. And Moses, Aaron, and Hur went up to the top of the hill.
11 ၁၁ မောရှေ သည် လက် ကိုချီ သောအခါ ၊ ဣသရေလ လူတို့သည် နိုင် ကြ၏။ လက် ကိုချ သောအခါ ၊ အာမလက် လူတို့သည် နိုင် ကြ၏။
And it came to pass, when Moses held up his hand, that Israel prevailed, and when he let down his hand, Amalek prevailed.
12 ၁၂ သို့ရာတွင် မောရှေ ၏လက် သည်ညောင်း သောကြောင့် ၊ သူတို့သည် ကျောက် ကိုယူ ၍ မောရှေကိုထိုင် စေပြီးလျှင် ၊ အာရုန် နှင့် ဟုရ တို့သည် တယောက် တဘက်နေ၍ သူ ၏လက် ကိုမ ကြ၏။ သို့ဖြစ်၍ နေ ဝင် သည်တိုင်အောင် သူ ၏လက် တို့သည် အမြဲနေ လေ၏။
But Moses' hands were heavy. And they took a stone, and put it under him, and he sat on it. and Aaron and Hur held up his hands, the one on the one side, and the other on the other side. And his hands were steady until the going down of the sun.
13 ၁၃ ယောရှု သည်လည်း အာမလက် မင်းနှင့် လူ များတို့ကို ထား လက်နက် ဖြင့် လုပ်ကြံ လေ၏။
And Joshua weakened Amalek and his people with the edge of the sword.
14 ၁၄ ထာဝရဘုရား ကလည်း ၊ ဤ အမှုကိုအောက်မေ့ စရာဘို့စာရေး ထား၍ ယောရှု အား ဘတ်ရွတ် လော့။ အကြောင်း မူကား၊ ကောင်းကင် အောက် ၌ အာမလက် ၏အမှတ် ရှိသမျှကို ငါပယ်ရှင်း မည်ဟု မောရှေ အား မိန့် တော်မူ၏။
And Jehovah said to Moses, Write this for a memorial in a book, and rehearse it in the ears of Joshua: that I will utterly blot out the remembrance of Amalek from under heaven.
15 ၁၅ မောရှေ သည်လည်း ယဇ် ပလ္လင်ကို တည် ၍ ၊ ယေဟောဝါ နိဿိ ဟု သမုတ် လေ၏။
And Moses built an altar, and called the name of it Jehovah-nissi.
16 ၁၆ အကြောင်းမူကား၊ အာမလက်လူမျိုး၏လက် သည် ထာဝရ ဘုရား၏ရာဇပလ္လင် တော်၏ရန်ဘက်ဖြစ်သောကြောင့် ၊ ထာဝရဘုရား သည် ကာလအစဉ်အဆက် အာမလက် အမျိုး ကို စစ် တိုက်တော်မူလိမ့်မည်ဟု ဆို သတည်း။
And he said, Jehovah has sworn, Jehovah will have war with Amalek from generation to generation.

< ထွက်မြောက်ရာ 17 >