< ထွက်မြောက်ရာ 16 >

1 တဖန် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဧလိမ် အရပ်မှ ထွက်၍ ခရီးသွား ကြ၏။ အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ ဒုတိယ လ ဆယ် ငါး ရက် နေ့တွင် ၊ ဧလိမ် အရပ်နှင့် သိနာ တောင် စပ်ကြား မှာ သိန် တော သို့ ရောက် ကြ၏။
ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဧ​လိမ်​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​သည်။ အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​လ​တစ် ဆယ်​ငါး​ရက်​နေ့​တွင် ဧ​လိမ်​အ​ရပ်​နှင့်​သိ​နာ တောင်​စပ်​ကြား​ရှိ​သိန်​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ရောက်​ရှိ​ကြ​၏။-
2 ထိုတော ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊
ထို​တော​ကန္တာ​ရ​၌​ထို​သူ​တို့​က​မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-
3 ငါတို့သည် အဲဂုတ္တု ပြည် ၌ အမဲသား ချက်သော အိုး ကင်းနား မှာ ထိုင် ၍ ဝ စွာစား ရသောအခါ ၊ ထာဝရဘုရား ၏ လက် တော်ဖြင့် သေ လျှင် သာ၍ကောင်း၏။ ယခု မူကား၊ ဤ စည်းဝေး လျက်ရှိသောလူအပေါင်း တို့ကို ငတ်မွတ် ခြင်းအားဖြင့် သတ် လိုသောငှာ ၊ ဤ တော အရပ်သို့ ဆောင် ခဲ့ပြီတကားဟု မောရှေ နှင့် အာရုန် ကို အပြစ်တင် ၍ မြည်တမ်းလျက်ဆို ကြ၏။
``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို အီ​ဂျစ်​ပြည်​၌ သေ​စေ​ခဲ့​လျှင်​သာ​၍​ကောင်း မည်။ ထို​ပြည်​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​မဲ ဟင်း​နှင့်​မုန့်​ကို​ဝ​အောင်​စား​ရ​ကြ​၏။ ယ​ခု မှာ​မူ​အ​ကျွန်ုပ်​တို့​အား​လုံး​အ​စာ​ငတ်​၍ သေ​စေ​ခြင်း​ငှာ၊ ဤ​တော​ကန္တာ​ရ​သို့​ပို့​ဆောင် ခဲ့​ပါ​သည်​တ​ကား'' ဟု​ညည်း​ညူ​အ​ပြစ် တင်​ကြ​၏။
4 ထိုအခါ ထာဝရဘုရား က ကြည့်ရှု လော့။ ငါ သည် သင် တို့အဘို့ မိုဃ်းကောင်းကင် က မုန့် မိုဃ်း ကို ရွာစေမည်။ လူ တို့သည် နေ့တိုင်းထွက် ၍ တနေ့ စားလောက်အောင် သိမ်း ယူရကြမည်။ ငါ ၏တရား အတိုင်း ကျင့် မည်လော၊ မ ကျင့်လောဟု ထို သို့သောအားဖြင့် သူ တို့ကို ငါစုံစမ်း မည်။
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား``ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​မိုး ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​မည်။ သူ​တို့​သည် နေ့​စဉ်​ထွက်​၍​တစ်​နေ့​စာ​အ​တွက်​မုန့်​ကို​စု သိမ်း​ရ​ကြ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့ သည် ငါ​၏​မိန့်​မှာ​ချက်​အ​တိုင်း​လိုက်​နာ သည်၊ မ​လိုက်​နာ​သည်​ကို​ငါ​သိ​ရ​မည်။-
5 နေ့ တိုင်းသိမ်းယူ သော အရာ ထက် ၊ ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ဆ ကို သိမ်းယူ ၍ ပြင် ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​ခါ​တိုင်း​နေ့ ထက်​မုန့်​နှစ်​ဆ​ကို​စု​သိမ်း​ထား​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
6 မောရှေ နှင့် အာရုန် တို့ကလည်း ၊ ထာဝရဘုရား သည် သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် တော်မူသည် ဟု ယနေ့ညဦး ယံ၌ သင်တို့သိ ကြလိမ့်မည်။
ထို​ကြောင့်​မော​ရှေ​နှင့်​အာ​ရုန်​တို့​က ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား``သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ရှင်​သည် ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သင်​တို့​ယ​နေ့ ည​နေ​တွင်​သိ​ရ​လိမ့်​မည်။-
7 နံနက် ယံ၌ လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြလိမ့်မည်။ ထာဝရဘုရား ကို အပြစ်တင်လျက် မြည်တမ်း ကြသောအသံကိုကြား တော်မူပြီ။ ငါ တို့ကို အပြစ်တင်လျက် မြည်တမ်း စေခြင်းငှာ ၊ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်းဟု ဣသရေလ အမျိုးသား အပေါင်း တို့အား ဆို လေ၏။
နံ​နက်​အ​ချိန်​သို့​ရောက်​လျှင် သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​တော် ကို​မြင်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​သင် တို့​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပြီ။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ရ​သူ​များ ဖြစ်​သ​ဖြင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သာ​အ​ပြစ်​တင်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ဆို လေ​၏။-
8 တဖန် လည်းမောရှေ က၊ ထာဝရဘုရား သည် ညဦး ယံ၌ သင် တို့စား စရာအမဲသား ကို၎င်း ၊ နံနက် ယံ၌ ဝ လောက်အောင် မုန့် ကို၎င်းပေး တော်မူသောအခါ ၊ ဤစကားပြည့်စုံလိမ့်မည်။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော အသံကို ထာဝရဘုရား ကြား တော်မူပြီ။ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်း။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော စကားသည်၊ ငါ တို့ကို မ ထိ မခိုက်၊ ထာဝရဘုရား ကို ထိခိုက် သည်ဟု ဆို လေ၏။
တစ်​ဖန်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကြား​တော် မူ​သ​ဖြင့် သင်​တို့​စား​ရန်​ည​နေ​တွင်​အ​သား ကို​လည်း​ကောင်း၊ နံ​နက်​တွင်​လို​သ​မျှ​မုန့်​ကို လည်း​ကောင်း​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငါ​တို့​အား​အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း သည်​စင်​စစ်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း​ပင်​ဖြစ်​၏'' ဟု​ဆို​လေ​၏။
9 တဖန် သင် တို့သည် အပြစ်တင်လျက်၊ မြည်တမ်း သောအသံကို ထာဝရဘုရား ကြား တော်မူသည် ဖြစ်၍ ၊ အထံ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို လော့ဟု အာရုန် ကို မှာ ထားသည်အတိုင်း ၊
မော​ရှေ​က​အာ​ရုန်​အား``ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​သို့ လာ​ရောက်​ကြ​ရန်​ဆင့်​ဆို​လော့။ ကိုယ်​တော် သည်​သူ​တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ ကို​ကြား​ရ​ပြီ'' ဟု​ဆို​လေ​၏။-
10 ၁၀ အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို သောအခါ၊ သူတို့သည် တော သို့ မြော် ကြည့်၍ ၊ မိုဃ်းတိမ် ၌ ထင်ရှား သော ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြ၏။
၁၀အာ​ရုန်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း​ဆင့်​ဆို နေ​စဉ် သူ​တို့​သည်​တော​ကန္တာ​ရ​ဘက်​သို့​မျှော် ကြည့်​လိုက်​သော​အ​ခါ မိုး​တိမ်​၌​ထာ​ဝ​ရ ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​ရုတ်​တ​ရက်​ပေါ်​လာ​သည်​ကို​ဖူး​မြင် ရ​ကြ​လေ​၏။-
11 ၁၁ ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် အပြစ်တင်လျက် မြည်တမ်း သောအသံကို ငါကြား ရပြီ။
၁၁ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
12 ၁၂ ညဦး ယံ၌ သင်တို့သည် အမဲသား ကို စား ရကြလိမ့်မည်။ နံနက် ယံ၌ လည်း မုန့် နှင့် ဝ ရကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သိ ကြလိမ့်မည်ဟု သူ တို့ကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
၁၂``ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​အ​ပြစ်​တင်​သံ​ကို​ကြား​ရ​ပြီ။ သူ တို့​သည်​ည​ဦး​ယံ​၌​အ​သား​ကို​စား​ရ​ကြ မည်။ နံ​နက်​တွင်​မုန့်​ကို​လို​သ​မျှ​ရ​ကြ​မည်။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​သည်​ကို သူ​တို့​သိ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​သူ​တို့​အား​ဆင့် ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
13 ၁၃ ညဦး ယံ၌ ငုံး ငှက်တို့သည် တပ် ကိုအနှံ့အပြားတက် လာကြ၏။ နံနက် ယံ၌ လည်း တပ် ပတ်လည် အရပ်ရပ်တွင် နှင်း ကျ လျက်ရှိ၏။
၁၃ထို​နေ့​ည​နေ​တွင်​စ​ခန်း​တစ်​ခု​လုံး​နေ​ရာ အ​နှံ့​အ​ပြား​၌ ငုံး​ငှက်​များ​ဆင်း​သက်​လာ ၏။ နံ​နက်​တွင်​စ​ခန်း​ပတ်​လည်​၌​နှင်း​ကျ လေ​၏။-
14 ၁၄ နှင်း တက် ပြီးသောအခါ ၊ နှင်းခဲ ကဲ့သို့ သေးသေး လုံးလုံး အရာသည် မြေ မျက်နှာပေါ် မှာ ရှိရစ်လေ၏။
၁၄နှင်း​ကွဲ​သော​အ​ခါ​တော​ကန္တာ​ရ​၏​မြေ​ပေါ် တွင် ပါး​လွှာ​သော​အ​ချပ်​က​လေး​များ​ကျန် ရစ်​ခဲ့​၏။ ထို​အ​ချပ်​က​လေး​များ​သည်​ဆီး နှင်း​ပေါက်​ကဲ့​သို့​နူး​ညံ့​၏။-
15 ၁၅ ထို အရာကို ဣသရေလ အမျိုးသား တို့သည် မြင် သောအခါ ၊ အဘယ် အရာနည်းဟု မ သိ သောကြောင့် ၊ တ ယောက်ကို တယောက်မေး ကြ၏။ မောရှေ ကလည်း ၊ ဤ အရာသည်သင် တို့စားစရာ ဘို့ ထာဝရဘုရား ပေး သနားတော်မူသော မုန့် ဖြစ်၏။
၁၅ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ချပ် က​လေး​များ​ကို​မြင်​လျှင် မည်​သည့်​အ​ရာ ဖြစ်​ကြောင်း​မ​သိ​သ​ဖြင့်``ဤ​အ​ရာ​ဘာ လဲ'' ဟူ​၍​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။ မော​ရှေ​က​သူ​တို့​အား``ဤ​အ​ရာ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​စား​ရန်​ပေး​သော မုန့်​ဖြစ်​၏။-
16 ၁၆ လူတိုင်း မိမိ တဲ ၌ ရှိသော သူ အရေအတွက် နှင့်အညီ၊ လူအသီးအသီး စား လောက်အောင် တယောက်တဩမဲ စီ သိမ်းယူ ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
၁၆လူ​တိုင်း​မိ​မိ​လို​သ​မျှ​ကို​စု​သိမ်း​ရ​မည်။ လူ တစ်​ဦး​စီ​က မိ​မိ​အိမ်​၌​ရှိ​သ​မျှ​သော​သူ အား​လုံး​တို့​အ​တွက် တစ်​ယောက်​လျှင်​တစ်​ပြည် ကျ​စု​သိမ်း​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။
17 ၁၇ ဣသရေလ အမျိုးသား တို့သည် ထိုသို့ ပြု ၍ ၊ အနည်း အများ အလိုက် သိမ်းယူ ကြ၏။
၁၇ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​မိန့် တော်​အ​တိုင်း​စု​သိမ်း​ကြ​ရာ​၌​အ​ချို့​တို့ က​ပို​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လျော့ ၍​လည်း​ကောင်း​စု​သိမ်း​ကြ​၏။-
18 ၁၈ ဩမဲ တောင်းနှင့် ခြင် ကြသောအခါ ၊ များ များရသောသူမ ပို ၊ နည်းနည်း ရသောသူ မ လို ၊ အသီးအသီး တို့သည် စား လောက်အောင် သိမ်း ယူကြ၏။
၁၈သို့​ရာ​တွင်​တောင်း​နှင့်​ခြင်​ကြည့်​သော​အ​ခါ ပို ၍​စု​သိမ်း​သူ​က​များ​များ​မ​ပို၊ လျော့​၍​စု သိမ်း​သူ​လည်း​များ​များ​မ​လျော့​ဘဲ​ရ​ရှိ ကြ​၏။ အ​သီး​သီး​မိ​မိ​လို​သ​မျှ​စု​သိမ်း ရ​ရှိ​လေ​၏။-
19 ၁၉ မောရှေ ကလည်း ၊ နံနက် တိုင်အောင် အဘယ်သူမျှ မ ကျန် စေနှင့်ဟု ဆို သော်လည်း ၊
၁၉မော​ရှေ​က​သူ​တို့​အား``မည်​သူ​မျှ​နက်​ဖြန် နေ့​အ​တွက်​ချန်​မ​ထား​ရ'' ဟု​မှာ​ကြား​၏။-
20 ၂၀ အချို့တို့သည် မောရှေ စကားကို နား မ ထောင်ဘဲ၊ နံနက် တိုင်အောင် ကျန် စေသဖြင့် ၊ ပိုး ဖြစ် ၍ နံ လေသော် ၊ မောရှေ သည် အမျက် ထွက်၏။
၂၀သို့​သော်​လည်း​အ​ချို့​သော​သူ​တို့​သည်​မော​ရှေ ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ မုန့်​အ​ချို့​ကို နောက်​တစ်​နေ့​အ​ထိ​ချန်​ထား​ကြ​၏။ နောက် တစ်​နေ့​နံ​နက်​တွင်​ထို​မုန့်​၌​ပိုး​ကျ​၍​ပုပ် သိုး​သွား​၏။ သို့​ဖြစ်​၍​မော​ရှေ​သည်​ထို​သူ တို့​အား​အ​မျက်​ထွက်​၏။-
21 ၂၁ ထိုသူ အသီးအသီးတို့သည် နေ့ တိုင်း မိမိ တို့စား လောက် သမျှကို သိမ်းယူ ကြ၏။ နေ ပူ သောအခါ အရေ ဖြစ်လေ၏။
၂၁နံ​နက်​တိုင်း​သူ​တို့​သည်​မိ​မိ​တို့​တစ်​ဦး​စီ​လို သ​မျှ​မုန့်​ကို​စု​သိမ်း​ကြ​၏။ နေ​ပူ​လာ​သော အ​ခါ​မြေ​ပြင်​ပေါ်​တွင်​ကျန်​ရှိ​သော​မုန့်​တို့ သည်​အ​ရည်​ပျော်​ကုန်​၏။
22 ၂၂ ခြောက် ရက်မြောက်သောနေ့ ၌ ၊ မုန့် နှစ်ဆ တည်းဟူသောတယောက်နှစ် ဩမဲ စီ သိမ်း ရကြ၏။ ထိုအကြောင်းကို ပရိသတ် အုပ် အပေါင်း တို့သည် မောရှေ အား ကြားပြော လေ၏။
၂၂ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​တစ်​ဦး​လျှင် နှစ် ပြည်​ကျ​ဖြင့်​ရိက္ခာ​နှစ်​ဆ​စု​သိမ်း​ရ​ကြ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် အား​လုံး​တို့​က ထို​အ​ကြောင်း​ကို​မော​ရှေ အား​ပြော​ပြ​ကြ​သော​အ​ခါ၊-
23 ၂၃ သူကလည်း၊ နက်ဖြန် နေ့သည် ထာဝရဘုရား ရှေ့ ၌ သန့်ရှင်း သောဥပုသ် နေ့၊ ငြိမ်ဝပ် စွာနေရသောနေ့ဖြစ်၏။ မုန့်ကို ပေါင်း ချင်သည်အတိုင်း ပေါင်း ကြလော့။ ပြုတ် ချင်သည်အတိုင်း ပြုတ် ကြလော့။ ကျန် သောအရာ ကို နံနက် တိုင်အောင် စောင့် ၍ သို ထားကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
၂၃မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-
24 ၂၄ မောရှေ မှာ ထားသည်အတိုင်း ၊ နံနက် တိုင်အောင် သို ထားကြ၏။ နံ ခြင်းနှင့် ကင်းလွတ် ၏။ ပိုး လည်း မ ရှိ။
၂၄သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း စား​စ​ရာ​ကို နက်​ဖြန်​နေ့​အ​ထိ​ချန်​ထား ရာ​ပိုး​မ​ကျ၊ မ​ပုပ်​သိုး​ဘဲ​ရှိ​လေ​၏။-
25 ၂၅ မောရှေ ကလည်း ၊ ကျန်သောအရာကို ယနေ့ စား ကြလော့။ ယနေ့ သည် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ယနေ့ တွင် ထိုအရာကို တော ၌ မ တွေ့ ရ။
၂၅မော​ရှေ​က``ယ​နေ့​သည်​သင်​တို့​အ​လုပ်​မှ​ရပ် နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ် သော​ဥ​ပုသ်​နေ့​ဖြစ်​သ​ဖြင့် ယ​မန်​နေ့​က​ချန် ထား​သော​စား​စ​ရာ​ကို​စား​ကြ​လော့။ စ​ခန်း အ​ပြင်​ဘက်​၌​စား​စ​ရာ​ရှာ​တွေ့​နိုင်​မည် မ​ဟုတ်။-
26 ၂၆ ခြောက် ရက် ပတ်လုံးသိမ်းယူ ရကြ၏။ ဥပုသ် နေ့တည်းဟူသောခုနစ် ရက်မြောက်သောနေ့ တွင် မ ရှိ မတွေ့ရဟု ဆို လေ၏။
၂၆ထို့​ကြောင့်​သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး မုန့်​ကို​စု​သိမ်း​ရ​မည်။ နား​ရက်​ဖြစ်​သော​သတ္တမ နေ့​တွင်​စား​စ​ရာ​ရ​ရှိ​နိုင်​မည်​မ​ဟုတ်'' ဟု ဆို​လေ​၏။
27 ၂၇ ခုနစ် ရက်မြောက်သောနေ့ ၌ ၊ အချို့ တို့သည် သိမ်းယူ ခြင်းငှာ ထွက်သွား ရာတွင်၊ ရှာ၍ မ တွေ့ ရကြ။
၂၇သတ္တ​မ​နေ့​တွင်​အ​ချို့​သော​သူ​တို့​သည် မုန့် ထွက်​ရှာ​ကြ​သော်​လည်း​မ​တွေ့​ရ​ချေ။-
28 ၂၈ ထာဝရဘုရား ကလည်း၊သင်တို့သည်ငါ့ ပညတ် တရား များတို့ကိုအဘယ် မျှကာလ ပတ်လုံးငြင်းပယ် ကြလိမ့်မည်နည်း။
၂၈ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​သည် ငါ​၏​ပ​ညတ်​များ​ကို​မည်​မျှ​လောက် ကြာ​အောင်​မ​လိုက်​နာ​ဘဲ​နေ​ကြ​မည်​နည်း။-
29 ၂၉ ထာဝရဘုရား သည် ဥပုသ် နေ့ကို သင် တို့အား ပေး တော်မူပြီ။ ထိုကြောင့် ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ရက် အတွက်မုန့် ကိုပေး တော်မူ၏။ လူ တိုင်းမိမိ နေရာ ၌နေ စေ၊ ခုနစ် ရက်မြောက်သောနေ့ ၌ မိမိ နေရာ မှ အဘယ်သူမျှ မ သွား စေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။
၂၉ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နား​ရက် ကို​ပေး​ပြီ။ သို့​ဖြစ်​၍​ဆ​ဋ္ဌ​မ​နေ့​တွင်​နှစ်​ရက် စာ​မုန့်​ကို​သင်​တို့​အား​ငါ​ပေး​မည်။ သတ္တမ​နေ့ တွင်​လူ​တိုင်း​မိ​မိ​ရှိ​ရာ​အ​ရပ်​၌​နေ​ရ​မည်။ မည်​သူ​မျှ​အိမ်​မှ​မ​ထွက်​ခွာ​ရ'' ဟု​မိန့်​တော် မူ​၏။-
30 ၃၀ ထိုကြောင့် လူ များတို့သည်ခုနစ် ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ် စွာနေကြ၏။
၃၀ထို​ကြောင့်​လူ​တို့​သည်​သတ္တမ​နေ့​တွင်​အ​လုပ်​မှ ရပ်​နား​ကြ​၏။
31 ၃၁ ဣသရေလ အမျိုးသား တို့သည် ထို စားစရာကို မန္န ဟုခေါ်ဝေါ် ကြ၏။ နံနံ စေ့ ကဲ့သို့ ဖြစ်၍ ဖြူ သောအဆင်းရှိ၏။ ပျားရည် နှင့် ရောသောမုန့်ကြွပ် နှင့် အရသာ တူ ၏။
၃၁ဣသ​ရေ​လ​အ​မျိုး​သား​တို့​က ထို​စား​စ​ရာ ကို​မန္န​မုန့်​ဟူ​၍​နာ​မည်​မှည့်​ခေါ်​ကြ​၏။ ထို မုန့်​သည်​နံ​နံ​စေ့​နှင့်​တူ​၏။ အ​ရောင်​ဖြူ​၍ ပျား​ရည်​နှင့်​လုပ်​သော​မုန့်​ချပ်​ကဲ့​သို့​အ​ရ သာ​ရှိ​၏။-
32 ၃၂ မောရှေ ကလည်း ၊ သင် တို့ကိုအဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ ၊ တော ၌ သင် တို့အား ကျွေး သော မုန့် ကို၊ သင် တို့အမျိုး အစဉ်အဆက်တို့သည်မြင် စေခြင်းငှာ ၊ သူတို့အဘို့သို ထားရသောဩမဲ တဩမဲကိုဖြည့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
၃၂မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရာ​၌ တော​ကန္တာ​ရ တွင်​ငါ​တို့​အား​ကျွေး​မွေး​တော်​မူ​သော​မန္န မုန့်​ကို ငါ​တို့​၏​နောင်​လာ​နောက်​သား​များ တွေ့​မြင်​နိုင်​စေ​ရန် မန္န​မုန့်​အ​နည်း​ငယ်​ကို သိမ်း​ဆည်း​ထား​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်'' ဟု​ဆို​လေ​၏။-
33 ၃၃ တဖန် အာရုန် ကို လည်း၊ အိုး တလုံး ကိုယူ ၍ မန္န တဩမဲ ကိုအပြည့် ထည့် ပြီးလျှင်၊ သင် တို့လူမျိုး အစဉ်အဆက်ဘို့ စောင့် စေခြင်းငှာ ၊ ထာဝရ ဘုရားရှေ့တော်၌ သို ထားလော့ဟုဆို ၍၊
၃၃ထို​နောက်​မော​ရှေ​က​အာရုန်​ကို``မန္န​မုန့်​တစ် ပြည်​ကို​အိုး​တစ်​လုံး​တွင်​ထည့်​၍ ငါ​တို့ ၏​နောင်​လာ​နောက်​သား​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ထား​လော့'' ဟု​ဆို​၏။-
34 ၃၄ မောရှေ ကို ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ထိုမန္နကိုအာရုန် စောင့် စေခြင်းငှာ ၊ သက်သေ တော်ရှေ့ မှာသို ထားလေ၏။
၃၄ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​ကို မိန့်​ကြား​သည့် အ​တိုင်း အာ​ရုန်​သည်​ထို​အိုး​ကို​သိမ်း​ဆည်း ထား​ရန်​အ​တွက်​ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင် ချ​ထား​လေ​၏။-
35 ၃၅ ဣသရေလ အမျိုးသား တို့သည်၊ လူနေ ရာပြည် သို့ မ ရောက် မှီတိုင်အောင်၊ အနှစ် လေးဆယ် ပတ်လုံးမန္န ကိုစား ကြ၏။ ခါနာန် ပြည် နယ်နိမိတ် သို့ မ ရောက် မှီတိုင်အောင် မန္န ကိုစား ကြ၏။
၃၅ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ နေ​ထိုင်​မည့်​ပြည်​သို့​ရောက်​သည့်​တိုင်​အောင် မန္န​မုန့်​ကို​နှစ်​ပေါင်း​လေး​ဆယ်​စား​သုံး​ရ ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်​နယ်​စပ် သို့​ရောက်​သည်​အ​ထိ​မန္န​မုန့်​ကို​စား​ရ ကြ​၏။-
36 ၃၆ ဩမဲ မူကား ၊ ဧဖာ ဆယ်စု တစုဖြစ်သတည်း။
၃၆(ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ချင်​ခွက် ဖြစ်​သော​တစ်​သြ​မဲ​မှာ​ပြည်​ဝက်​ခန့် ဖြစ်​၏။)

< ထွက်မြောက်ရာ 16 >