< ထွက်မြောက်ရာ 16 >
1 ၁ တဖန် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဧလိမ် အရပ်မှ ထွက်၍ ခရီးသွား ကြ၏။ အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ ဒုတိယ လ ဆယ် ငါး ရက် နေ့တွင် ၊ ဧလိမ် အရပ်နှင့် သိနာ တောင် စပ်ကြား မှာ သိန် တော သို့ ရောက် ကြ၏။
Ils partirent d'Elim, et toute l'assemblée des enfants d'Israël arriva au désert de Sin, qui est entre Elim et le Sinaï, le quinzième jour du second mois après leur sortie du pays d'Egypte.
2 ၂ ထိုတော ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊
Toute l'assemblée des enfants d'Israël murmura dans le désert contre Moïse et Aaron.
3 ၃ ငါတို့သည် အဲဂုတ္တု ပြည် ၌ အမဲသား ချက်သော အိုး ကင်းနား မှာ ထိုင် ၍ ဝ စွာစား ရသောအခါ ၊ ထာဝရဘုရား ၏ လက် တော်ဖြင့် သေ လျှင် သာ၍ကောင်း၏။ ယခု မူကား၊ ဤ စည်းဝေး လျက်ရှိသောလူအပေါင်း တို့ကို ငတ်မွတ် ခြင်းအားဖြင့် သတ် လိုသောငှာ ၊ ဤ တော အရပ်သို့ ဆောင် ခဲ့ပြီတကားဟု မောရှေ နှင့် အာရုန် ကို အပြစ်တင် ၍ မြည်တမ်းလျက်ဆို ကြ၏။
Les enfants d'Israël leur dirent: " Que ne sommes-nous morts par la main de Yahweh dans le pays d'Egypte, quand nous étions assis devant les pots de viande, que nous mangions du pain à satiété? Car vous nous avez amenés dans ce désert pour faire mourir de faim toute cette multitude. "
4 ၄ ထိုအခါ ထာဝရဘုရား က ကြည့်ရှု လော့။ ငါ သည် သင် တို့အဘို့ မိုဃ်းကောင်းကင် က မုန့် မိုဃ်း ကို ရွာစေမည်။ လူ တို့သည် နေ့တိုင်းထွက် ၍ တနေ့ စားလောက်အောင် သိမ်း ယူရကြမည်။ ငါ ၏တရား အတိုင်း ကျင့် မည်လော၊ မ ကျင့်လောဟု ထို သို့သောအားဖြင့် သူ တို့ကို ငါစုံစမ်း မည်။
Yahweh dit à Moïse: " Voici, je vais faire pleuvoir pour vous du pain du haut du ciel. Le peuple sortira et en ramassera jour par jour la provision nécessaire, afin que je le mette à l'épreuve, pour voir s'il marchera, ou non, dans ma loi.
5 ၅ နေ့ တိုင်းသိမ်းယူ သော အရာ ထက် ၊ ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ဆ ကို သိမ်းယူ ၍ ပြင် ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
Le sixième jour, ils prépareront ce qu'ils auront rapporté, et il y en aura le double de ce qu'ils en ramassent chaque jour. "
6 ၆ မောရှေ နှင့် အာရုန် တို့ကလည်း ၊ ထာဝရဘုရား သည် သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် တော်မူသည် ဟု ယနေ့ညဦး ယံ၌ သင်တို့သိ ကြလိမ့်မည်။
Moïse et Aaron dirent à tous les enfants d'Israël: " Ce soir, vous reconnaîtrez que c'est Yahweh qui vous a fait sortir du pays d'Egypte;
7 ၇ နံနက် ယံ၌ လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြလိမ့်မည်။ ထာဝရဘုရား ကို အပြစ်တင်လျက် မြည်တမ်း ကြသောအသံကိုကြား တော်မူပြီ။ ငါ တို့ကို အပြစ်တင်လျက် မြည်တမ်း စေခြင်းငှာ ၊ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်းဟု ဣသရေလ အမျိုးသား အပေါင်း တို့အား ဆို လေ၏။
et, au matin, vous verrez la gloire de Yahweh, car il a entendu vos murmures qui sont contre Yahweh; nous, que sommes-nous, pour que vous murmuriez contre nous? "
8 ၈ တဖန် လည်းမောရှေ က၊ ထာဝရဘုရား သည် ညဦး ယံ၌ သင် တို့စား စရာအမဲသား ကို၎င်း ၊ နံနက် ယံ၌ ဝ လောက်အောင် မုန့် ကို၎င်းပေး တော်မူသောအခါ ၊ ဤစကားပြည့်စုံလိမ့်မည်။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော အသံကို ထာဝရဘုရား ကြား တော်မူပြီ။ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်း။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော စကားသည်၊ ငါ တို့ကို မ ထိ မခိုက်၊ ထာဝရဘုရား ကို ထိခိုက် သည်ဟု ဆို လေ၏။
Moïse dit: " Ce sera quand Yahweh vous donnera ce soir de la viande à manger et, au matin, du pain à satiété; car Yahweh a entendu les murmures que vous avez proférés contre lui. Nous, que sommes-nous? Ce n'est pas contre nous que sont vos murmures, c'est contre Yahweh. "
9 ၉ တဖန် သင် တို့သည် အပြစ်တင်လျက်၊ မြည်တမ်း သောအသံကို ထာဝရဘုရား ကြား တော်မူသည် ဖြစ်၍ ၊ အထံ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို လော့ဟု အာရုန် ကို မှာ ထားသည်အတိုင်း ၊
Moïse dit à Aaron: " Dis à toute l'assemblée des enfants d'Israël: Approchez-vous devant Yahweh, car il a entendu vos murmures. "
10 ၁၀ အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို သောအခါ၊ သူတို့သည် တော သို့ မြော် ကြည့်၍ ၊ မိုဃ်းတိမ် ၌ ထင်ရှား သော ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြ၏။
Pendant qu'Aaron parlait à toute l'assemblée des enfants d'Israël, ils se tournèrent du côté du désert, et voici que la gloire de Yahweh apparut dans la nuée.
11 ၁၁ ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် အပြစ်တင်လျက် မြည်တမ်း သောအသံကို ငါကြား ရပြီ။
Yahweh parla à Moïse en ces termes:
12 ၁၂ ညဦး ယံ၌ သင်တို့သည် အမဲသား ကို စား ရကြလိမ့်မည်။ နံနက် ယံ၌ လည်း မုန့် နှင့် ဝ ရကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သိ ကြလိမ့်မည်ဟု သူ တို့ကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
" J'ai entendu les murmures des enfants d'Israël. Dis-leur: Entre les deux soirs vous mangerez de la viande, et au matin vous vous rassasierez de pain, et vous saurez que je suis Yahweh, votre Dieu. "
13 ၁၃ ညဦး ယံ၌ ငုံး ငှက်တို့သည် တပ် ကိုအနှံ့အပြားတက် လာကြ၏။ နံနက် ယံ၌ လည်း တပ် ပတ်လည် အရပ်ရပ်တွင် နှင်း ကျ လျက်ရှိ၏။
Le soir, on vit monter des cailles, qui couvrirent le camp, et le matin il y avait une couche de rosée autour du camp.
14 ၁၄ နှင်း တက် ပြီးသောအခါ ၊ နှင်းခဲ ကဲ့သို့ သေးသေး လုံးလုံး အရာသည် မြေ မျက်နှာပေါ် မှာ ရှိရစ်လေ၏။
Quand cette rosée fut dissipée, voici qu'il y avait à la surface du désert quelque chose de menu, de granuleux, de menu comme le givre sur le sol.
15 ၁၅ ထို အရာကို ဣသရေလ အမျိုးသား တို့သည် မြင် သောအခါ ၊ အဘယ် အရာနည်းဟု မ သိ သောကြောင့် ၊ တ ယောက်ကို တယောက်မေး ကြ၏။ မောရှေ ကလည်း ၊ ဤ အရာသည်သင် တို့စားစရာ ဘို့ ထာဝရဘုရား ပေး သနားတော်မူသော မုန့် ဖြစ်၏။
Les enfants d'Israël le virent, et ils se dirent les uns aux autres: " Qu'est-ce que cela? " car ils ne savaient pas ce que c'était. Moïse leur dit: " C'est le pain que Yahweh vous donne pour nourriture.
16 ၁၆ လူတိုင်း မိမိ တဲ ၌ ရှိသော သူ အရေအတွက် နှင့်အညီ၊ လူအသီးအသီး စား လောက်အောင် တယောက်တဩမဲ စီ သိမ်းယူ ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
Voici ce que Yahweh a ordonné: Que chacun de vous en ramasse ce qu'il faut pour sa nourriture, un gomor par tête, suivant le nombre des personnes; chacun en prendra pour ceux qui sont dans sa tente. "
17 ၁၇ ဣသရေလ အမျိုးသား တို့သည် ထိုသို့ ပြု ၍ ၊ အနည်း အများ အလိုက် သိမ်းယူ ကြ၏။
Les enfants d'Israël firent ainsi, et ils recueillirent les uns plus, les autres moins.
18 ၁၈ ဩမဲ တောင်းနှင့် ခြင် ကြသောအခါ ၊ များ များရသောသူမ ပို ၊ နည်းနည်း ရသောသူ မ လို ၊ အသီးအသီး တို့သည် စား လောက်အောင် သိမ်း ယူကြ၏။
On mesurait ensuite avec le gomor, et celui qui en avait ramassé beaucoup n'avait rien de trop, et celui qui en avait ramassé peu n'en manquait pas: chacun en recueillait selon sa consommation.
19 ၁၉ မောရှေ ကလည်း ၊ နံနက် တိုင်အောင် အဘယ်သူမျှ မ ကျန် စေနှင့်ဟု ဆို သော်လည်း ၊
Moïse leur dit: " Que personne n'en laisse jusqu'au lendemain matin ".
20 ၂၀ အချို့တို့သည် မောရှေ စကားကို နား မ ထောင်ဘဲ၊ နံနက် တိုင်အောင် ကျန် စေသဖြင့် ၊ ပိုး ဖြစ် ၍ နံ လေသော် ၊ မောရှေ သည် အမျက် ထွက်၏။
Ils n'écoutèrent pas Moïse, et des gens en gardèrent jusqu'au matin; mais il s'y mit des vers et tout devint infect. Moïse fut irrité contre eux.
21 ၂၁ ထိုသူ အသီးအသီးတို့သည် နေ့ တိုင်း မိမိ တို့စား လောက် သမျှကို သိမ်းယူ ကြ၏။ နေ ပူ သောအခါ အရေ ဖြစ်လေ၏။
Tous les matins, ils ramassaient de la manne, chacun selon sa consommation, et quand le soleil faisait sentir ses ardeurs, le reste se liquéfiait.
22 ၂၂ ခြောက် ရက်မြောက်သောနေ့ ၌ ၊ မုန့် နှစ်ဆ တည်းဟူသောတယောက်နှစ် ဩမဲ စီ သိမ်း ရကြ၏။ ထိုအကြောင်းကို ပရိသတ် အုပ် အပေါင်း တို့သည် မောရှေ အား ကြားပြော လေ၏။
Le sixième jour, ils ramassèrent une quantité double de nourriture, deux gomors pour chacun. Tous les principaux du peuple vinrent en informer Moïse,
23 ၂၃ သူကလည်း၊ နက်ဖြန် နေ့သည် ထာဝရဘုရား ရှေ့ ၌ သန့်ရှင်း သောဥပုသ် နေ့၊ ငြိမ်ဝပ် စွာနေရသောနေ့ဖြစ်၏။ မုန့်ကို ပေါင်း ချင်သည်အတိုင်း ပေါင်း ကြလော့။ ပြုတ် ချင်သည်အတိုင်း ပြုတ် ကြလော့။ ကျန် သောအရာ ကို နံနက် တိုင်အောင် စောင့် ၍ သို ထားကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
qui leur dit: " C'est ce que Yahweh a ordonné. Demain est un jour de repos, un sabbat consacré à Yahweh: faites cuire au four ce que vous avez à faire cuire, faites bouillir ce que vous avez à faire bouillir, et tout ce qui restera, mettez-le en réserve pour le lendemain matin. "
24 ၂၄ မောရှေ မှာ ထားသည်အတိုင်း ၊ နံနက် တိုင်အောင် သို ထားကြ၏။ နံ ခြင်းနှင့် ကင်းလွတ် ၏။ ပိုး လည်း မ ရှိ။
Ils mirent donc l'excédant en réserve jusqu'au matin, comme Moïse l'avait ordonné, et il ne devint point infect, et les vers ne s'y mirent point.
25 ၂၅ မောရှေ ကလည်း ၊ ကျန်သောအရာကို ယနေ့ စား ကြလော့။ ယနေ့ သည် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ယနေ့ တွင် ထိုအရာကို တော ၌ မ တွေ့ ရ။
Moïse dit: " Mangez-le aujourd'hui, car c'est le jour du sabbat en l'honneur de Yahweh; aujourd'hui vous n'en trouveriez point dans la campagne.
26 ၂၆ ခြောက် ရက် ပတ်လုံးသိမ်းယူ ရကြ၏။ ဥပုသ် နေ့တည်းဟူသောခုနစ် ရက်မြောက်သောနေ့ တွင် မ ရှိ မတွေ့ရဟု ဆို လေ၏။
Vous en recueillerez pendant six jours; mais le septième jour, qui est le sabbat, il n'y en aura point. "
27 ၂၇ ခုနစ် ရက်မြောက်သောနေ့ ၌ ၊ အချို့ တို့သည် သိမ်းယူ ခြင်းငှာ ထွက်သွား ရာတွင်၊ ရှာ၍ မ တွေ့ ရကြ။
Le septième jour, quelques-uns du peuple sortirent pour en ramasser, mais ils n'en trouvèrent pas.
28 ၂၈ ထာဝရဘုရား ကလည်း၊သင်တို့သည်ငါ့ ပညတ် တရား များတို့ကိုအဘယ် မျှကာလ ပတ်လုံးငြင်းပယ် ကြလိမ့်မည်နည်း။
Alors Yahweh dit à Moïse: " Jusques à quand refuserez-vous d'observer mes commandements, et mes lois?
29 ၂၉ ထာဝရဘုရား သည် ဥပုသ် နေ့ကို သင် တို့အား ပေး တော်မူပြီ။ ထိုကြောင့် ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ရက် အတွက်မုန့် ကိုပေး တော်မူ၏။ လူ တိုင်းမိမိ နေရာ ၌နေ စေ၊ ခုနစ် ရက်မြောက်သောနေ့ ၌ မိမိ နေရာ မှ အဘယ်သူမျှ မ သွား စေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။
Voyez: c'est parce que Yahweh vous a donné le sabbat qu'il vous donne, le sixième jour, du pain pour deux jours. Que chacun reste à sa place, et que nul ne sorte le septième jour du lieu où il est. "
30 ၃၀ ထိုကြောင့် လူ များတို့သည်ခုနစ် ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ် စွာနေကြ၏။
Et le peuple se reposa le septième jour.
31 ၃၁ ဣသရေလ အမျိုးသား တို့သည် ထို စားစရာကို မန္န ဟုခေါ်ဝေါ် ကြ၏။ နံနံ စေ့ ကဲ့သို့ ဖြစ်၍ ဖြူ သောအဆင်းရှိ၏။ ပျားရည် နှင့် ရောသောမုန့်ကြွပ် နှင့် အရသာ တူ ၏။
La maison d'Israël donna à cette nourriture le nom de manne. Elle ressemblait à de la graine de coriandre; elle était blanche et avait le goût d'un gâteau de miel.
32 ၃၂ မောရှေ ကလည်း ၊ သင် တို့ကိုအဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ ၊ တော ၌ သင် တို့အား ကျွေး သော မုန့် ကို၊ သင် တို့အမျိုး အစဉ်အဆက်တို့သည်မြင် စေခြင်းငှာ ၊ သူတို့အဘို့သို ထားရသောဩမဲ တဩမဲကိုဖြည့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
Moïse dit: " Voici ce que Yahweh a ordonné: Emplis-en un gomor, pour la conserver pour vos descendants, afin qu'ils voient le pain dont je vous ai nourris dans le désert, lorsque je vous ai fait sortir du pays d'Egypte. "
33 ၃၃ တဖန် အာရုန် ကို လည်း၊ အိုး တလုံး ကိုယူ ၍ မန္န တဩမဲ ကိုအပြည့် ထည့် ပြီးလျှင်၊ သင် တို့လူမျိုး အစဉ်အဆက်ဘို့ စောင့် စေခြင်းငှာ ၊ ထာဝရ ဘုရားရှေ့တော်၌ သို ထားလော့ဟုဆို ၍၊
Et Moïse dit à Aaron: " Prends un vase, mets-y de la manne plein un gomor, et dépose-le devant Yahweh, afin qu'il soit conservé pour vos descendants. "
34 ၃၄ မောရှေ ကို ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ထိုမန္နကိုအာရုန် စောင့် စေခြင်းငှာ ၊ သက်သေ တော်ရှေ့ မှာသို ထားလေ၏။
Comme Yahweh l'avait ordonné à Moïse, Aaron le déposa devant le Témoignage, afin qu'il fût conservé.
35 ၃၅ ဣသရေလ အမျိုးသား တို့သည်၊ လူနေ ရာပြည် သို့ မ ရောက် မှီတိုင်အောင်၊ အနှစ် လေးဆယ် ပတ်လုံးမန္န ကိုစား ကြ၏။ ခါနာန် ပြည် နယ်နိမိတ် သို့ မ ရောက် မှီတိုင်အောင် မန္န ကိုစား ကြ၏။
Les enfants d'Israël ont mangé la manne pendant quarante ans, jusqu'à leur arrivée dans un pays habité; ils ont mangé la manne jusqu'à leur arrivée aux frontières du pays de Chanaan.
36 ၃၆ ဩမဲ မူကား ၊ ဧဖာ ဆယ်စု တစုဖြစ်သတည်း။
Le gomor est la dixième partie de l'épha.