< ထွက်မြောက်ရာ 14 >

1 ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် လည် ၍ ၊ ပိဟဟိရုတ် မြို့နား၊
Yahvé habló a Moisés, diciendo:
2 မိဂဒေါလ မြို့နှင့် ပင်လယ် စပ်ကြား ၊ ဗာလဇေဖုန် မြို့ရှေ့ မှာ တပ်ချ စေခြင်းငှာ မှာ လိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ် ကမ်းနားမှာ တပ်ချ ရကြမည်။
“Habla a los hijos de Israel para que regresen y acampen frente a Pihahirot, entre Migdol y el mar, frente a Baal Zefon. Acamparán frente a ella, junto al mar.
3 အကြောင်းမူကား၊ ဖာရော ဘုရင်က၊ ဣသရေလ အမျိုးသား တို့သည် ကျဉ်းကျုပ် ရာသို့ ရောက် ကြပြီ။ တော လမ်းပိတ် လျက်ရှိ၏ဟု ဆို လိမ့်မည်။
El Faraón dirá de los hijos de Israel: ‘Están enredados en la tierra. El desierto los ha encerrado’.
4 ငါသည်လည်း ၊ ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေ၍ ၊ သူသည် ဣသရေလ တို့ကို လိုက် လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ စေခြင်းငှာ၊ ထိုမင်း နှင့် သူ ၏စစ်သူရဲ အလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ထိုသူတို့သည် ပြု ကြ၏။
Endureceré el corazón del faraón y los seguirá, y obtendré honor sobre el faraón y sobre todos sus ejércitos, y los egipcios sabrán que yo soy Yahvé.” Así lo hicieron.
5 ထိုလူ တို့ထွက်ပြေး ကြောင်း ကို၊ အဲဂုတ္တု ရှင်ဘုရင် အား ကြား ရှောက်သဖြင့် ၊ သူ မှစ၍ ကျွန် များတို့သည် မနာလိုသောစိတ် ဖောက်ပြန် လျှင်၊ ငါတို့သည် ဤ သို့ပြု ၍ ဣသရေလ လူတို့ကို ငါ တို့စေခိုင်း ရာမှ အဘယ်ကြောင့် လွှတ် ရသနည်းဟု ပြောဆို ကြ၏။
El rey de Egipto recibió la noticia de que el pueblo había huido; y el corazón del faraón y de sus siervos se transformó hacia el pueblo, y dijeron: “¿Qué es lo que hemos hecho, que hemos dejado que Israel deje de servirnos?”
6 ထိုအခါ ဖာရောဘုရင်သည်၊ ရထား တော်ကို ပြင် ၍ ၊ မိမိ လူ အပေါင်းတို့ကို ခေါ် လေ၏။
Preparó su carro, y tomó su ejército con él;
7 ရွေး သော ရထား ခြောက် ရာ ၊ အဲဂုတ္တု မြင်းစီးသူရဲ အပေါင်း နှင့်တကွ ၊ ဗိုလ် မင်းအသီးအသီး တို့ကို ခေါ်ယူ လေ၏။
y tomó seiscientos carros escogidos, y todos los carros de Egipto, con capitanes sobre todos ellos.
8 ထာဝရဘုရား သည်၊ ဖာရော ဘုရင် ၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို လိုက် လေ၏။ သို့သော်လည်း၊ ဣသရေလ လူ တို့သည် ဝါကြွား သောအခြင်းအရာနှင့် ထွက်သွား ကြ၏။
El Señor endureció el corazón del faraón, rey de Egipto, y persiguió a los hijos de Israel; porque los hijos de Israel salieron con la mano en alto.
9 ထိုသို့ ဖာရော ဘုရင်၏ မြင်း တော်၊ ရထား တော်၊ မြင်းစီးသူရဲ ဗိုလ်ပါ ၊ အဲဂုတ္တု လူအပေါင်းတို့သည် လိုက် ၍ ပိဟဟိရုတ် မြို့နား ၊ ဗာလဇေဖုန် မြို့ရှေ့ ၌ ပင်လယ် ကမ်းနားမှာ တပ်ချ လျက်နေသောဣသရေလ လူတို့ကို မှီ ကြ၏။
Los egipcios los persiguieron. Todos los caballos y carros del Faraón, su caballería y su ejército los alcanzaron acampando junto al mar, junto a Pihahirot, ante Baal Zefon.
10 ၁၀ ဖာရော ဘုရင်သည် ချဉ်း လာသောအခါ ၊ ဣသရေလ အမျိုးသား တို့သည် မြော် ကြည့်၍ ၊ အဲဂုတ္တု လူတို့ စစ်ချီ လာကြောင်းကို မြင် လျှင် ၊ အလွန် ကြောက်လန့် ၍ ထာဝရဘုရား အား အော်ဟစ် ကြ၏။
Cuando el faraón se acercó, los hijos de Israel alzaron los ojos y vieron que los egipcios marchaban tras ellos, y tuvieron mucho miedo. Los hijos de Israel clamaron a Yahvé.
11 ၁၁ မောရှေ ကို လည်း ၊ အဲဂုတ္တု ပြည်၌ သင်္ချိုင်း မ ရှိသောကြောင့် ၊ ဤတော ၌ သေ စေခြင်းငှာ ငါ တို့ကို ဆောင် ခဲ့သလော။ ငါ တို့ကို ဤ သို့ပြု ၍၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။
Le dijeron a Moisés: “Porque no había tumbas en Egipto, ¿nos has llevado a morir al desierto? ¿Por qué nos has tratado así, para sacarnos de Egipto?
12 ၁၂ ငါ တို့သည် အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံနေလျက် ရှိ ကြပါစေဟု အဲဂုတ္တု ပြည်၌ ငါတို့ပြော ရာတွင်၊ ဤ အမှု ကို ရည်ဆောင်၍ ပြော သည်မဟုတ် လော။ ငါ တို့သည် ဤတော ၌ သေ ရသည်ထက် ၊ အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံလျှင် သာ၍ ကောင်းသည်ဟု ဆို ကြ၏။
¿No es ésta la palabra que te dijimos en Egipto: ‘Déjanos en paz, para que sirvamos a los egipcios’? Porque hubiera sido mejor para nosotros servir a los egipcios que morir en el desierto”.
13 ၁၃ မောရှေ ကလည်း မ စိုးရိမ် ကြနှင့်။ ငြိမ်ဝပ်စွာရပ် နေကြ။ ထာဝရဘုရား သည်၊ ယနေ့ ပြ တော်မူသော ကယ်တင် ခြင်းကို ကြည့်ရှု ကြလော့။ သင်တို့သည် ယနေ့ မြင် သော အဲဂုတ္တု လူတို့ကို၊ နောက်တဖန် အလျှင်းမ မြင် ရကြ။
Moisés dijo al pueblo: “No tengan miedo. Quédense quietos y vean la salvación de Yahvé, que él obrará hoy en favor de ustedes; porque nunca más verán a los egipcios que han visto hoy.
14 ၁၄ သင် တို့ဘက် ၌ ထာဝရဘုရား သည် စစ်တိုက် တော်မူလိမ့်မည်။ သင် တို့သည် ငြိမ်ဝပ် စွာနေရကြမည်ဟု လူ များတို့အား ဆို ၏။
Yahvé luchará por ustedes, y ustedes se quedarán quietos”.
15 ၁၅ ထာဝရဘုရား ကလည်း ၊ အဘယ်ကြောင့် ငါ့ ကို အော်ဟစ် သနည်း။ ဣသရေလ အမျိုးသား တို့သည် တက်သွား စေခြင်းငှာ မှာ လိုက်လော့။
El Señor dijo a Moisés: “¿Por qué clamas a mí? Habla a los hijos de Israel para que avancen.
16 ၁၆ သင် မူကား ၊ လှံတံ ကို ချီ ပြီးလျှင် ၊ ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ပင်လယ် ရေကို ခွဲ လော့။ ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ်၌ မြေ ပေါ် မှာ ရှောက်သွား ရကြမည်။
Levanta tu vara, extiende tu mano sobre el mar y divídelo. Entonces los hijos de Israel entrarán en medio del mar sobre tierra seca.
17 ၁၇ ငါ သည်လည်း အဲဂုတ္တု လူတို့၏ နှလုံး ကို ခိုင်မာ စေသဖြင့် ၊ သူတို့သည် လိုက် ကြလိမ့်မည်။ ဖာရော ဘုရင်နှင့် သူ ၏ဗိုလ်ခြေ ၊ ရထား ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်။
He aquí que yo mismo endureceré el corazón de los egipcios, y entrarán tras ellos. Yo mismo obtendré honor sobre el Faraón y sobre todos sus ejércitos, sobre sus carros y sobre su caballería.
18 ၁၈ ထိုသို့ ဖာရော ဘုရင်နှင့် သူ ၏ရထား များ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ ဘုန်းပွင့် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၊ အဲဂုတ္တု လူတို့သည် သိရ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
Los egipcios sabrán que yo soy Yahvé cuando me haya ganado el honor sobre el Faraón, sobre sus carros y sobre su caballería.”
19 ၁၉ ထိုအခါ ဣသရေလ တပ် ရှေ့မှာ သွား သော ဘုရား သခင်၏ ကောင်းကင်တမန် သည် နောက်၌ လိုက် သဖြင့်၊ မိုဃ်းတိမ် တိုင် သည် သူ တို့ရှေ့ က ရွှေ့ ၍ နောက်၌ ရပ် နေလေ၏။
El ángel de Dios, que iba delante del campamento de Israel, se movió y fue detrás de ellos; y la columna de nube se movió de delante de ellos y se puso detrás de ellos.
20 ၂၀ ထိုသို့ အဲဂုတ္တု တပ် နှင့် ဣသရေလ တပ် စပ်ကြား သို့ ရောက် လျှင် ၊ အဲဂုတ္တုလူတို့၌ မိုက် သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်း ကိုပေး လျက်နေသဖြင့် ၊ တညဉ့် လုံး တပ်တဦး နှင့်တဦးမ ချဉ်း နိုင်ရာ။
Se interpuso entre el campamento de Egipto y el campamento de Israel. Allí estaba la nube y las tinieblas, pero daba luz de noche. Uno no se acercó al otro en toda la noche.
21 ၂၁ မောရှေ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ၊ ထာဝရဘုရား သည် တညဉ့် လုံး ၌ အားကြီး သော အရှေ့ လေ အားဖြင့် ပင်လယ် ရေကို လှန် ပြန်၍ ၊ မြေ ကို ပေါ်စေတော်မူသည်နှင့် ၊ ရေ သည် ကွဲပြတ် လျက်ရှိ၏။
Moisés extendió su mano sobre el mar, y el Señor hizo retroceder el mar con un fuerte viento del este durante toda la noche, e hizo que el mar se secara, y las aguas se dividieron.
22 ၂၂ ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၍ ၊ ရေ သည် သူ တို့ လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
Los hijos de Israel entraron en medio del mar, en seco, y las aguas les sirvieron de muro a su derecha y a su izquierda.
23 ၂၃ အဲဂုတ္တု လူများ၊ ဖာရော ဘုရင်၌ပါသောမြင်း ၊ ရထား ၊ မြင်းစီးသူရဲ အပေါင်း တို့သည်၊ ပင်လယ် အလယ် သို့ လိုက် ဝင် ကြ၏။
Los egipcios los persiguieron y entraron tras ellos en medio del mar: todos los caballos del faraón, sus carros y su caballería.
24 ၂၄ နံနက် ယံ ၌ ထာဝရဘုရား သည် မီး မိုဃ်းတိမ် တိုင် အားဖြင့် အဲဂုတ္တု တပ် ကို ကြည့်ရှု ၍ နှောင့်ရှက် တော်မူ၏။
En la vigilia de la mañana, el Señor miró al ejército egipcio a través de la columna de fuego y de nube, y confundió al ejército egipcio.
25 ၂၅ သူ တို့ရထား အသွား ခက် စေခြင်းငှာ ရထားဘီး များကို ချို့တဲ့ စေတော်မူ၏။ အဲဂုတ္တု လူတို့ကလည်း ၊ ဣသရေလ လူတို့ထံမှ ပြေး ကြစို့။ ထာဝရဘုရား သည် သူ တို့ဘက်၊ အဲဂုတ္တု လူတို့တဘက်၌ စစ်တိုက် သည်ဟု ပြောဆို ကြ၏။
Les quitó las ruedas de los carros, y los hizo caer pesadamente, de modo que los egipcios dijeron: “¡Huyamos de la faz de Israel, porque Yahvé lucha por ellos contra los egipcios!”
26 ၂၆ ထာဝရဘုရား ကလည်း ၊ ပင်လယ်ရေ သည် အဲဂုတ္တု လူများ၊ ရထား များ၊ မြင်းစီးသူရဲ များတို့အပေါ် သို့ ပြန် စေခြင်းငှာ ၊ ပင်လယ် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
Yahvé dijo a Moisés: “Extiende tu mano sobre el mar, para que las aguas vuelvan a caer sobre los egipcios, sobre sus carros y sobre su caballería.”
27 ၂၇ မိုဃ်းလင်း သောအခါ ၊ မောရှေ သည် လက် ကို ပင်လယ် ပေါ် မှာ ဆန့် သဖြင့် ၊ ပင်လယ် ရေသည် အားကြီး၍ ပြန် လာသည်ကို၊ အဲဂုတ္တု လူတို့သည် ပြေး ကြသော်လည်း၊ ထာဝရဘုရား သည် သူ တို့ကို ပင်လယ် အလယ် ၌ လှဲ တော်မူ၏။
Moisés extendió su mano sobre el mar, y el mar volvió a su fuerza cuando apareció la mañana, y los egipcios huyeron contra él. El Señor derrotó a los egipcios en medio del mar.
28 ၂၈ ထိုသို့ ပင်လယ်ရေ သည် ပြန်လာ ၍ ၊ ပင်လယ် ထဲသို့ လိုက် ဝင်သော ဖာရော ဘုရင်၏ ရထား ၊ မြင်းစီးသူရဲ ၊ ဗိုလ်ခြေ အပေါင်း တို့ကို လွှမ်းမိုး သဖြင့်၊ တစုံတယောက် မျှ မ ကျန်ရစ် ရ၊
Las aguas volvieron a cubrir los carros y la gente de a caballo, así como todo el ejército del faraón que entró tras ellos en el mar. No quedó ni uno solo de ellos.
29 ၂၉ ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ်မှာ ရှောက်သွား ၍ ၊ ရေ သည် သူ တို့လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
Pero los hijos de Israel caminaban en seco en medio del mar, y las aguas eran un muro para ellos a su derecha y a su izquierda.
30 ၃၀ ထိုသို့ ထာဝရဘုရား သည် ထိုနေ့ ၌ ဣသရေလ လူတို့ကို ၊ အဲဂုတ္တု လူတို့လက် မှ ကယ်လွှတ် တော်မူသဖြင့် ၊ ပင်လယ် ကမ်းနား မှာ အဲဂုတ္တု လူ အသေ ကောင်တို့ကို မြင် ရကြ၏။
Así salvó Yahvé a Israel aquel día de la mano de los egipcios; e Israel vio a los egipcios muertos en la orilla del mar.
31 ၃၁ ထိုသို့ အဲဂုတ္တု လူတို့၌ ထာဝရဘုရား ပြု တော်မူသော အမှု ကြီး ကို၊ ဣသရေလ လူတို့သည် မြင် ၍ ၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြ၏။ ထာဝရဘုရား နှင့် ကိုယ်တော် ၏ ကျွန် မောရှေ ကို ယုံကြည် ကြ၏။
Israel vio la gran obra que Yahvé hizo a los egipcios, y el pueblo temió a Yahvé; y creyeron en Yahvé y en su siervo Moisés.

< ထွက်မြောက်ရာ 14 >