< ထွက်မြောက်ရာ 14 >

1 ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် လည် ၍ ၊ ပိဟဟိရုတ် မြို့နား၊
Sa’an nan Ubangiji ya ce wa Musa,
2 မိဂဒေါလ မြို့နှင့် ပင်လယ် စပ်ကြား ၊ ဗာလဇေဖုန် မြို့ရှေ့ မှာ တပ်ချ စေခြင်းငှာ မှာ လိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ် ကမ်းနားမှာ တပ်ချ ရကြမည်။
“Ka faɗa wa Isra’ilawa, su juya su kafa sansani a Fi Hahirot, a tsakanin Migdol da teku. Za su kafa sansanin kai tsaye kusa da teku, wanda ya fuskanci Ba’al-Zafon.
3 အကြောင်းမူကား၊ ဖာရော ဘုရင်က၊ ဣသရေလ အမျိုးသား တို့သည် ကျဉ်းကျုပ် ရာသို့ ရောက် ကြပြီ။ တော လမ်းပိတ် လျက်ရှိ၏ဟု ဆို လိမ့်မည်။
Fir’auna zai yi tsammani, ‘Aha, Isra’ilawa sun rikice cikin ƙasar, hamada kuwa ta yimƙe su.’
4 ငါသည်လည်း ၊ ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေ၍ ၊ သူသည် ဣသရေလ တို့ကို လိုက် လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ စေခြင်းငှာ၊ ထိုမင်း နှင့် သူ ၏စစ်သူရဲ အလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ထိုသူတို့သည် ပြု ကြ၏။
Zan kuma taurare zuciyar Fir’auna, zai kuwa bi su. Na shirya wannan domin in nuna ɗaukakata a bisa Fir’auna da ƙungiyar sojansa. Bayan wannan, mutanen Masar za su sani ni ne Ubangiji.” Sai Isra’ilawa suka yi haka.
5 ထိုလူ တို့ထွက်ပြေး ကြောင်း ကို၊ အဲဂုတ္တု ရှင်ဘုရင် အား ကြား ရှောက်သဖြင့် ၊ သူ မှစ၍ ကျွန် များတို့သည် မနာလိုသောစိတ် ဖောက်ပြန် လျှင်၊ ငါတို့သည် ဤ သို့ပြု ၍ ဣသရေလ လူတို့ကို ငါ တို့စေခိုင်း ရာမှ အဘယ်ကြောင့် လွှတ် ရသနည်းဟု ပြောဆို ကြ၏။
Sa’ad da aka faɗa wa Fir’auna cewa Isra’ilawa sun gudu, sai Fir’auna da bayinsa suka canja ra’ayinsu game da su, suka ce, “Me muka yi? Mun bar Isra’ilawa suka tafi, mun kuwa rasa hidimarsu!”
6 ထိုအခါ ဖာရောဘုရင်သည်၊ ရထား တော်ကို ပြင် ၍ ၊ မိမိ လူ အပေါင်းတို့ကို ခေါ် လေ၏။
Sai shi da keken yaƙinsa suka shirya, ya kuma ɗauki sojojinsa tare da shi.
7 ရွေး သော ရထား ခြောက် ရာ ၊ အဲဂုတ္တု မြင်းစီးသူရဲ အပေါင်း နှင့်တကွ ၊ ဗိုလ် မင်းအသီးအသီး တို့ကို ခေါ်ယူ လေ၏။
Ya ɗauki kekunan yaƙi ɗari shida mafi kyau duka, tare da duk sauran keken yaƙin Masar, da shugabanni kuma a kan dukansu.
8 ထာဝရဘုရား သည်၊ ဖာရော ဘုရင် ၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို လိုက် လေ၏။ သို့သော်လည်း၊ ဣသရေလ လူ တို့သည် ဝါကြွား သောအခြင်းအရာနှင့် ထွက်သွား ကြ၏။
Ubangiji ya taurare zuciyar Fir’auna sarkin Masar, domin yă bi Isra’ilawa waɗanda suke tafiya ba tsoro.
9 ထိုသို့ ဖာရော ဘုရင်၏ မြင်း တော်၊ ရထား တော်၊ မြင်းစီးသူရဲ ဗိုလ်ပါ ၊ အဲဂုတ္တု လူအပေါင်းတို့သည် လိုက် ၍ ပိဟဟိရုတ် မြို့နား ၊ ဗာလဇေဖုန် မြို့ရှေ့ ၌ ပင်လယ် ကမ်းနားမှာ တပ်ချ လျက်နေသောဣသရေလ လူတို့ကို မှီ ကြ၏။
Masarawa, dukan dawakan Fir’auna da kekunan yaƙi da mahaya da sojoji, suka bi Isra’ilawa suka cin musu yayinda suke a sansani kusa da teku kurkusa da Fi Hahirot, wanda ya fuskanci Ba’al-Zafon.
10 ၁၀ ဖာရော ဘုရင်သည် ချဉ်း လာသောအခါ ၊ ဣသရေလ အမျိုးသား တို့သည် မြော် ကြည့်၍ ၊ အဲဂုတ္တု လူတို့ စစ်ချီ လာကြောင်းကို မြင် လျှင် ၊ အလွန် ကြောက်လန့် ၍ ထာဝရဘုရား အား အော်ဟစ် ကြ၏။
Da Fir’auna ya yi kusa, Isra’ilawa suka ɗaga idanu sai suka hange Masarawa daga nesa suna tā da ƙura suna zuwa. Sai suka tsorata ƙwarai, suka kuwa yi kuka ga Ubangiji.
11 ၁၁ မောရှေ ကို လည်း ၊ အဲဂုတ္တု ပြည်၌ သင်္ချိုင်း မ ရှိသောကြောင့် ၊ ဤတော ၌ သေ စေခြင်းငှာ ငါ တို့ကို ဆောင် ခဲ့သလော။ ငါ တို့ကို ဤ သို့ပြု ၍၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။
Suka ce wa Musa, “Don babu makabarta a Masar ne, ka kawo mu a hamada mu mutu? Me ka yi mana ke nan da ka fitar da mu daga Masar?
12 ၁၂ ငါ တို့သည် အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံနေလျက် ရှိ ကြပါစေဟု အဲဂုတ္တု ပြည်၌ ငါတို့ပြော ရာတွင်၊ ဤ အမှု ကို ရည်ဆောင်၍ ပြော သည်မဟုတ် လော။ ငါ တို့သည် ဤတော ၌ သေ ရသည်ထက် ၊ အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံလျှင် သာ၍ ကောင်းသည်ဟု ဆို ကြ၏။
Ba mu faɗa maka a Masar ba, cewa ‘Ka bar mu mu bauta wa Masarawa’? Ai, da ya fi mana mu bauta wa Masarawa, da a ce mu mutu a hamada!”
13 ၁၃ မောရှေ ကလည်း မ စိုးရိမ် ကြနှင့်။ ငြိမ်ဝပ်စွာရပ် နေကြ။ ထာဝရဘုရား သည်၊ ယနေ့ ပြ တော်မူသော ကယ်တင် ခြင်းကို ကြည့်ရှု ကြလော့။ သင်တို့သည် ယနေ့ မြင် သော အဲဂုတ္တု လူတို့ကို၊ နောက်တဖန် အလျှင်းမ မြင် ရကြ။
Musa ya amsa wa mutane ya ce, “Kada ku ji tsoro. Ku tsaya dai ku ga ceton da Ubangiji zai kawo muku yau. Masarawan da kuke gani yau, ba za ku ƙara ganinsu ba.
14 ၁၄ သင် တို့ဘက် ၌ ထာဝရဘုရား သည် စစ်တိုက် တော်မူလိမ့်မည်။ သင် တို့သည် ငြိမ်ဝပ် စွာနေရကြမည်ဟု လူ များတို့အား ဆို ၏။
Ubangiji zai yi yaƙi dominku, ku dai tsaya kurum.”
15 ၁၅ ထာဝရဘုရား ကလည်း ၊ အဘယ်ကြောင့် ငါ့ ကို အော်ဟစ် သနည်း။ ဣသရေလ အမျိုးသား တို့သည် တက်သွား စေခြင်းငှာ မှာ လိုက်လော့။
Sa’an nan Ubangiji ya ce wa Musa, “Don me kake mini kuka? Ka faɗa wa Isra’ilawa su ci gaba da tafiya.
16 ၁၆ သင် မူကား ၊ လှံတံ ကို ချီ ပြီးလျှင် ၊ ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ပင်လယ် ရေကို ခွဲ လော့။ ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ်၌ မြေ ပေါ် မှာ ရှောက်သွား ရကြမည်။
Ka ɗaga sandanka, ka miƙa shi bisa teku don ruwa yă rabu domin Isra’ilawa su wuce cikin teku a kan busasshiyar ƙasa.
17 ၁၇ ငါ သည်လည်း အဲဂုတ္တု လူတို့၏ နှလုံး ကို ခိုင်မာ စေသဖြင့် ၊ သူတို့သည် လိုက် ကြလိမ့်မည်။ ဖာရော ဘုရင်နှင့် သူ ၏ဗိုလ်ခြေ ၊ ရထား ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်။
Zan taurare zukatan Masarawa su shiga don su bi su. Ta haka zan ci nasara bisa Fir’auna da rundunansa, da keken yaƙinsa, da mahayan dawakansa.
18 ၁၈ ထိုသို့ ဖာရော ဘုရင်နှင့် သူ ၏ရထား များ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ ဘုန်းပွင့် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၊ အဲဂုတ္တု လူတို့သည် သိရ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
Masarawa za su sani ni ne Ubangiji sa’ad da na sami nasara bisa kan Fir’auna, da keken yaƙinsa, da mahayan dawakansa.”
19 ၁၉ ထိုအခါ ဣသရေလ တပ် ရှေ့မှာ သွား သော ဘုရား သခင်၏ ကောင်းကင်တမန် သည် နောက်၌ လိုက် သဖြင့်၊ မိုဃ်းတိမ် တိုင် သည် သူ တို့ရှေ့ က ရွှေ့ ၍ နောက်၌ ရပ် နေလေ၏။
Sai mala’ikan Allah wanda yake tafiya a gaban sojojin Isra’ila, ya janye, ya koma bayansu. Al’amudin girgije shi ma ya koma, ya tsaya a bayansu,
20 ၂၀ ထိုသို့ အဲဂုတ္တု တပ် နှင့် ဣသရေလ တပ် စပ်ကြား သို့ ရောက် လျှင် ၊ အဲဂုတ္တုလူတို့၌ မိုက် သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်း ကိုပေး လျက်နေသဖြင့် ၊ တညဉ့် လုံး တပ်တဦး နှင့်တဦးမ ချဉ်း နိုင်ရာ။
ya dawo tsakanin sojojin Masar da na Isra’ila. Duk dare, girgijen ya jawo duhu ga gefe ɗaya, haske kuma ga ɗaya gefen; saboda haka ba wanda ya kusaci wani duk dare.
21 ၂၁ မောရှေ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ၊ ထာဝရဘုရား သည် တညဉ့် လုံး ၌ အားကြီး သော အရှေ့ လေ အားဖြင့် ပင်လယ် ရေကို လှန် ပြန်၍ ၊ မြေ ကို ပေါ်စေတော်မူသည်နှင့် ၊ ရေ သည် ကွဲပြတ် လျက်ရှိ၏။
Da Musa ya miƙa hannunsa a bisa teku, sai Ubangiji ya tura teku baya da iskar gabas mai ƙarfi duk dare, ya maishe shi busasshiyar ƙasa. Ruwa ya rabu,
22 ၂၂ ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၍ ၊ ရေ သည် သူ တို့ လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
sai Isra’ilawa suka wuce cikin teku a kan busasshiyar ƙasa, ruwan ya zama musu katanga dama da hagu.
23 ၂၃ အဲဂုတ္တု လူများ၊ ဖာရော ဘုရင်၌ပါသောမြင်း ၊ ရထား ၊ မြင်းစီးသူရဲ အပေါင်း တို့သည်၊ ပင်လယ် အလယ် သို့ လိုက် ဝင် ကြ၏။
Masarawa suka bi su da dukan dawakan Fir’auna, da kekunan yaƙi, da mahayan, suka bi su cikin teku.
24 ၂၄ နံနက် ယံ ၌ ထာဝရဘုရား သည် မီး မိုဃ်းတိမ် တိုင် အားဖြင့် အဲဂုတ္တု တပ် ကို ကြည့်ရှု ၍ နှောင့်ရှက် တော်မူ၏။
Da asubahin fāri, sai Ubangiji ya dubi ƙasa a kan sojojin Masarawa daga al’amudin wuta da kuma girgije, sai ya sa suka ruɗe.
25 ၂၅ သူ တို့ရထား အသွား ခက် စေခြင်းငှာ ရထားဘီး များကို ချို့တဲ့ စေတော်မူ၏။ အဲဂုတ္တု လူတို့ကလည်း ၊ ဣသရေလ လူတို့ထံမှ ပြေး ကြစို့။ ထာဝရဘုရား သည် သူ တို့ဘက်၊ အဲဂုတ္တု လူတို့တဘက်၌ စစ်တိုက် သည်ဟု ပြောဆို ကြ၏။
Ya sa ƙafafun keken yaƙinsu suka fita don su kāsa tuƙi. Sai Masarawa suka ce, “Bari mu gudu daga Isra’ilawa gama Ubangiji yana yaƙi dominsu gāba da Masar.”
26 ၂၆ ထာဝရဘုရား ကလည်း ၊ ပင်လယ်ရေ သည် အဲဂုတ္တု လူများ၊ ရထား များ၊ မြင်းစီးသူရဲ များတို့အပေါ် သို့ ပြန် စေခြင်းငှာ ၊ ပင်လယ် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
Sa’an nan Ubangiji ya ce wa Musa, “Miƙa hannunka bisa teku don ruwa yă koma kan Masarawa, da keken yaƙinsu, da kuma mahayansu.”
27 ၂၇ မိုဃ်းလင်း သောအခါ ၊ မောရှေ သည် လက် ကို ပင်လယ် ပေါ် မှာ ဆန့် သဖြင့် ၊ ပင်လယ် ရေသည် အားကြီး၍ ပြန် လာသည်ကို၊ အဲဂုတ္တု လူတို့သည် ပြေး ကြသော်လည်း၊ ထာဝရဘုရား သည် သူ တို့ကို ပင်လယ် အလယ် ၌ လှဲ တော်မူ၏။
Musa ya miƙa hannunsa a bisa tekun, da wayewar gari kuwa teku ya koma wurinsa na dā. Masarawa suka yi ƙoƙari su gudu, sai Ubangiji ya tura su cikin teku.
28 ၂၈ ထိုသို့ ပင်လယ်ရေ သည် ပြန်လာ ၍ ၊ ပင်လယ် ထဲသို့ လိုက် ဝင်သော ဖာရော ဘုရင်၏ ရထား ၊ မြင်းစီးသူရဲ ၊ ဗိုလ်ခြေ အပေါင်း တို့ကို လွှမ်းမိုး သဖြင့်၊ တစုံတယောက် မျှ မ ကျန်ရစ် ရ၊
Ruwan ya komo ya rufe keken yaƙin da mahayan, dukan sojojin Fir’aunan da suka bi bayan Isra’ilawa cikin teku, ba ko ɗaya da ya tsira.
29 ၂၉ ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ်မှာ ရှောက်သွား ၍ ၊ ရေ သည် သူ တို့လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
Amma Isra’ilawa suka wuce cikin teku a busasshiyar ƙasa, ruwa kuwa ya yi musu katanga dama da hagu.
30 ၃၀ ထိုသို့ ထာဝရဘုရား သည် ထိုနေ့ ၌ ဣသရေလ လူတို့ကို ၊ အဲဂုတ္တု လူတို့လက် မှ ကယ်လွှတ် တော်မူသဖြင့် ၊ ပင်လယ် ကမ်းနား မှာ အဲဂုတ္တု လူ အသေ ကောင်တို့ကို မြင် ရကြ၏။
A rana nan Ubangiji ya cece Isra’ila daga hannuwan Masarawa, Isra’ilawa kuwa suka ga gawawwakin Masarawa a bakin teku.
31 ၃၁ ထိုသို့ အဲဂုတ္တု လူတို့၌ ထာဝရဘုရား ပြု တော်မူသော အမှု ကြီး ကို၊ ဣသရေလ လူတို့သည် မြင် ၍ ၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြ၏။ ထာဝရဘုရား နှင့် ကိုယ်တော် ၏ ကျွန် မောရှေ ကို ယုံကြည် ကြ၏။
Sa’ad da Isra’ilawa suka ga iko mai girma da Ubangiji ya yi gāba da Masarawa, sai mutanen suka ji tsoron Ubangiji, suka amince da shi, da kuma bawansa Musa.

< ထွက်မြောက်ရာ 14 >