< ထွက်မြောက်ရာ 12 >

1 ထာဝရဘုရား သည် အဲဂုတ္တု ပြည် ၌ မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်ကား၊
耶和華在埃及地曉諭摩西、亞倫說:
2 ဤ လ သည် သင် တို့၌ လဦး တည်းဟူသောနှစ် စဉ်တွင် ပဌမ လ ဖြစ်ရမည်။
「你們要以本月為正月,為一年之首。
3 သင်တို့သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို မှာ ထားရသောစကားဟူမူကား၊ ဤ လ ဆယ် ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင် အသီးအသီး အတိုင်း တအိမ်ထောင် လျှင် သိုးသငယ် တကောင်စီ ယူ ရမည်။
你們吩咐以色列全會眾說:本月初十日,各人要按着父家取羊羔,一家一隻。
4 အိမ်ထောင် ငယ် ၍ သိုးသငယ်တကောင်နှင့် မတန်လျှင် ၊ နီးစပ် သော အိမ်နီးချင်း နှင့် စပ်ဘက် ၍ လူ မည်မျှရှိသည်ဟု ရေတွက် ပြီးလျှင်၊ တကောင်ကို စား လောက်သော သူများကိုထောက် ၍ သိုးသငယ် တကောင်ကို ယူရမည်။
若是一家的人太少,吃不了一隻羊羔,本人就要和他隔壁的鄰舍共取一隻。你們預備羊羔,要按着人數和飯量計算。
5 သိုး သငယ်ဖြစ်စေ ၊ ဆိတ် သငယ်ဖြစ်စေ၊ သင်တို့ယူ သော အကောင်သည် အပြစ် မပါ၊ အခါ မလည်သော အထီး ဖြစ် ရမည်။
要無殘疾、一歲的公羊羔,你們或從綿羊裏取,或從山羊裏取,都可以。
6 ထိုသိုးသငယ်တို့ကို၊ ထို လ ဆယ် လေး ရက် တိုင်အောင် စောင့် ထားပြီးမှ ၊ ညဦး အချိန်၌ ဣသရေလ အမျိုး အစည်းအဝေး ပရိသတ် အပေါင်း တို့သည် သတ် ရကြမည်။
要留到本月十四日,在黃昏的時候,以色列全會眾把羊羔宰了。
7 သိုးသငယ် ၏အသားကို စား ရသောအိမ် ၏ တံခါးထုပ် နှင့် တံခါးတိုင် နှစ် ဘက်၌ ၊ သိုးသငယ်၏အသွေး ကို ယူ ၍ ထိုး ရမည်။
各家要取點血,塗在吃羊羔的房屋左右的門框上和門楣上。
8 အသား ကို မီး နှင့်ကင် ပြီးမှ ၊ ထို ညဉ့် ခြင်းတွင် တဆေးမပါသောမုန့် ၊ ခါး သော ဟင်းသီးဟင်းရွက်နှင့် စား ရမည်။
當夜要吃羊羔的肉;用火烤了,與無酵餅和苦菜同吃。
9 အသားစိမ်း သည်ဖြစ်စေ ၊ ရေ နှင့် ပြုတ် သည်ဖြစ်စေမ စား ရ။ ခေါင်း ၊ ခြေထောက် ၊ အသည်း ၊ နှလုံး စသည်တို့နှင့်တကွ ၊ မီး ကင် ပြီးမှစားရမည်။
不可吃生的,斷不可吃水煮的,要帶着頭、腿、五臟,用火烤了吃。
10 ၁၀ နံနက် တိုင်အောင် ထိုအသား ကို မ ကြွင်း စေရ။ အနည်းငယ်ကြွင်း လျှင် မီး နှင့် ရှို့ ရမည်။
不可剩下一點留到早晨;若留到早晨,要用火燒了。
11 ၁၁ အဘယ်သို့စား ရမည်နည်းဟူမူကား၊ ခါးစည်း ကို စည်း လျက်၊ ခြေနင်း ကို စီး လျက် ၊ တောင်ဝေး ကို ကိုင် လျက် အလျင်အမြန် စား ရမည်။ ထာဝရဘုရား ၏ ပသခါ ဖြစ်သတည်း။
你們吃羊羔當腰間束帶,腳上穿鞋,手中拿杖,趕緊地吃;這是耶和華的逾越節。
12 ၁၂ အကြောင်းမူကား၊ ယနေ့ညဉ့် တွင် အဲဂုတ္တု ပြည် ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသောလူ တို့၏ သားဦး များနှင့် တိရစ္ဆာန် တို့၏ သားဦးများအပေါင်း တို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တု ပြည်၏ ဘုရား တို့ကို တရားစီရင် မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
因為那夜我要巡行埃及地,把埃及地一切頭生的,無論是人是牲畜,都擊殺了,又要敗壞埃及一切的神。我是耶和華。
13 ၁၃ သိုးသငယ်၏ အသွေး သည် သင် တို့နေရာ အိမ် ၌ သင် တို့၏ လက္ခဏာ သက်သေဖြစ် ၍ ၊ ထို အသွေး ကို ငါမြင် သောအခါ ၊ သင် တို့ကို ငါလွန် သွားမည်။ ထိုသို့ အဲဂုတ္တု ပြည် ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဖျက်ဆီး ခြင်း ဘေးဥပဒ် သည် သင် တို့ကို မ သင့် မရောက်ရ။
這血要在你們所住的房屋上作記號;我一見這血,就越過你們去。我擊殺埃及地頭生的時候,災殃必不臨到你們身上滅你們。」
14 ၁၄ ဤ နေ့ရက် သည်လည်း သင် တို့အောက်မေ့ စရာဘို့ ဖြစ် ၍ ၊ သင် တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရား အား ပွဲခံ ရကြမည်။ ပညတ် တော်ရှိသည်ဖြစ်၍ ၊ ထိုပွဲ ကို အစဉ် အမြဲခံရကြမည်။
「你們要記念這日,守為耶和華的節,作為你們世世代代永遠的定例。
15 ၁၅ ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ရမည်။ ပဌမ နေ့ရက် ၌ တဆေး ကို အိမ် များမှ ပယ် ရမည်။ ပဌမ နေ့ မှစ၍ ခုနစ် ရက် နေ့တိုင်အောင် ၊ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ ဣသရေလ အမျိုးမှ ပယ်ရှင်း ခြင်းကိုခံရမည်။
你們要吃無酵餅七日。頭一日要把酵從你們各家中除去;因為從頭一日起,到第七日為止,凡吃有酵之餅的,必從以色列中剪除。
16 ၁၆ ပဌမ နေ့ ၌ ၎င်း ၊ ခုနစ် ရက် နေ့၌ ၎င်း၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရမည်။ ထို နေ့ရက်၌ လူ တိုင်း စား ခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ် ကို မ လုပ် မဆောင်ရ။
頭一日你們當有聖會,第七日也當有聖會。這兩日之內,除了預備各人所要吃的以外,無論何工都不可做。
17 ၁၇ ထိုအဇုမ ပွဲကိုခံရ သောအကြောင်းဟူမူကား၊ထို နေ့ ရက်၌ သင် တို့ဗိုလ်ခြေ များကို၊ အဲဂုတ္တု ပြည် ထဲက ငါနှုတ်ဆောင် သည်ဖြစ်၍ ၊ ထိုအကြောင်းကြောင့် ပညတ် တော်ရှိသည်အတိုင်း၊ သင် တို့၏အမျိုး အစဉ် အဆက်မပြတ်ထို နေ့ရက် ကို အမြဲစောင့် ရကြမည်။
你們要守無酵節,因為我正當這日把你們的軍隊從埃及地領出來。所以,你們要守這日,作為世世代代永遠的定例。
18 ၁၈ ပဌမ လ ဆယ် လေး ရက် နေ့ညဦး မှစ၍နှစ်ဆယ် တ ရက်နေ့ ညဦး တိုင်အောင် ၊ သင်တို့သည် တဆေး မပါသောမုန့်ကို စား ရကြမည်။
從正月十四日晚上,直到二十一日晚上,你們要吃無酵餅。
19 ၁၉ ခုနစ် ရက် ပတ်လုံးသင် တို့အိမ် များ၌ တဆေး မ ရှိ ရ။ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ တကျွန်းတနိုင်ငံ သားဖြစ်စေ ၊ ပြည် သား ဖြစ်စေ၊ ဣသရေလ အမျိုး ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။
在你們各家中,七日之內不可有酵;因為凡吃有酵之物的,無論是寄居的,是本地的,必從以色列的會中剪除。
20 ၂၀ သင် တို့နေရာ အရပ်ရပ် တို့၌ တဆေး ပါသောမုန့်ကို မ စား ရ။ တဆေး မပါသောမုန့်ကိုသာ စား ရမည်ဟု မိန့် တော်မူ၏။
有酵的物,你們都不可吃;在你們一切住處要吃無酵餅。」
21 ၂၁ ထိုအခါ မောရှေ သည် ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ကိုခေါ် ၍ ၊ သင် တို့သည် အိမ်ထောင် များ အသီးအသီးကိုယ်စီကိုယ်စီသိုးသငယ် တို့ကို ယူ ၍ ပသခါ ပွဲဘို့ သတ် ကြလော့။
於是,摩西召了以色列的眾長老來,對他們說:「你們要按着家口取出羊羔,把這逾越節的羊羔宰了。
22 ၂၂ ဟုဿုပ် ပင်ညွန့်တစည်း ကို ယူ ၍ အင်တုံ ၌ ထည့်သော အသွေး ထဲမှာ နှစ် ပြီးလျှင် ၊ တံခါးထုပ် တံခါးတိုင် နှစ် ဘက်တို့ကို ထိုးသုတ် ကြလော့။ ထိုနောက်မှ နံနက် တိုင်အောင် အဘယ်သူမျှ မိမိ အိမ် တံခါး ပြင်သို့ မ ထွက် မသွားရ။
拿一把牛膝草,蘸盆裏的血,打在門楣上和左右的門框上。你們誰也不可出自己的房門,直到早晨。
23 ၂၃ အကြောင်းမူကား၊ ထာဝရဘုရား သည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ခြင်းငှာ ထုတ်ချင်းခတ်သွား တော်မူမည်။ တံခါးထုပ် နှင့် တံခါးတိုင် နှစ် ဘက်၌ ရှိသောအသွေး ကို မြင် သောအခါ ၊ ထာဝရဘုရား သည် တံခါး ကို လွန် သွားတော်မူမည်။ ဖျက်ဆီး သောသူသည် သင်တို့ကို ဒဏ်ခတ် ခြင်းငှာ ၊ အိမ် ထဲ သို့ဝင် ရသောအခွင့် ကိုပေး တော်မ မူ။
因為耶和華要巡行擊殺埃及人,他看見血在門楣上和左右的門框上,就必越過那門,不容滅命的進你們的房屋,擊殺你們。
24 ၂၄ သင် တို့နှင့် သင် တို့၏သား များ၌ ပညတ် တော်ရှိသည်ဖြစ်၍၊ ဤ အမှု ကို အစဉ်အမြဲ စောင့် ရကြမည်။
這例,你們要守着,作為你們和你們子孫永遠的定例。
25 ၂၅ ဂတိ တော်ရှိသည်အတိုင်း ၊ ထာဝရဘုရား ပေး တော်မူလတံ့သော ပြည် သို့ သင်တို့သည် ရောက် ကြသောအခါ ဤ ဝတ် ကို ပြု ရမည်။
日後,你們到了耶和華按着所應許賜給你們的那地,就要守這禮。
26 ၂၆ သင် တို့၏ သား မြေးတို့က၊ ဤ ဝတ် ကိုပြု၍ အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်း ကြလျှင် ၊
你們的兒女問你們說:『行這禮是甚麼意思?』
27 ၂၇ ထာဝရဘုရားသည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ၍ ၊ ငါ တို့အိမ် များကို ချမ်းသာ ပေးတော်မူသောအခါ ၊ အဲဂုတ္တု ပြည်၌ ဣသရေလ အမျိုးသား တို့၏အိမ် များကို လွန် သွားတော်မူသောထာဝရဘုရား ၏ ပသခါ ယဇ် ဖြစ်သတည်းဟု ပြန်ပြော ရကြမည်ဟု မောရှေဆို ပြီးလျှင် ၊ ထိုသူ တို့သည် ဦးညွတ်ချ ၍ ကိုးကွယ် ကြ၏။
你們就說:『這是獻給耶和華逾越節的祭。當以色列人在埃及的時候,他擊殺埃及人,越過以色列人的房屋,救了我們各家。』」於是百姓低頭下拜。
28 ၂၈ ထိုသို့ မောရှေ နှင့် အာရုန် တို့ကို ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ သည် ပြု ကြ၏။
耶和華怎樣吩咐摩西、亞倫,以色列人就怎樣行。
29 ၂၉ သန်းခေါင် အချိန်၌ ၊ ထာဝရဘုရား သည် နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ထောင် ထဲမှာ အချုပ် ခံရသောသူ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ သားဦး ရှိသမျှ ကို၎င်း ၊ တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ ကို ၎င်း ဒဏ်ခတ် တော်မူ၏။
到了半夜,耶和華把埃及地所有的長子,就是從坐寶座的法老,直到被擄囚在監裏之人的長子,以及一切頭生的牲畜,盡都殺了。
30 ၃၀ ထိုညဉ့် တွင်၊ ဖာရော ဘုရင်နှင့် သူ ၏ကျွန် များ၊ အဲဂုတ္တု လူများတို့သည် ထ ကြ၍၊ အသေကောင် ကင်း သောအိမ် တအိမ်မျှ မရှိ သောကြောင့် ၊ အဲဂုတ္တု ပြည်၌ ကြီးစွာ သော ငိုကြွေး ခြင်း ဖြစ် လေ၏။
法老和一切臣僕,並埃及眾人,夜間都起來了。在埃及有大哀號,無一家不死一個人的。
31 ၃၁ ထိုညဉ့် ခြင်းတွင် မောရှေ နှင့် အာရုန် ကို ခေါ် တော်မူလျှင် ၊ သင် တို့မှစ၍ ဣသရေလ အမျိုးသား တို့၊ ထ ၍ ငါ့ လူ စုထဲက ထွက်သွား ကြလော့။ သင် တို့တောင်း သည်အတိုင်း ထာဝရဘုရား အား သွား ၍ ဝတ်ပြု ကြလော့။
夜間,法老召了摩西、亞倫來,說:「起來!連你們帶以色列人,從我民中出去,依你們所說的,去事奉耶和華吧!
32 ၃၂ သင်တို့တောင်း သည်အတိုင်း သိုး နွား များကို ယူ ၍ သွား ကြလော့။ ငါ့ ကိုလည်း ကောင်းကြီး ပေးကြလော့ဟု မိန့် တော်မူ၏။
也依你們所說的,連羊群牛群帶着走吧!並要為我祝福。」
33 ၃၃ အဲဂုတ္တု လူတို့ကလည်း ၊ ငါ တို့ရှိသမျှ သည် အသေကောင် ဖြစ်ကြပြီဟုဆို လျက်၊ ဣသရေလလူ တို့ကို အဲဂုတ္တုပြည် ထဲက အလျင်အမြန် လွှတ် ခြင်းငှာ ကျပ်ကျပ်နှိုးဆော် ကြ၏။
埃及人催促百姓,打發他們快快出離那地,因為埃及人說:「我們都要死了。」
34 ၃၄ ထိုလူ တို့သည် တဆေး မ ရောသေးသော မုန့်စိမ်း ကိုယူ ၍ မုန့် နယ်သောခွက်တို့ကိုလည်း အဝတ် နှင့်တကွ ထုပ် ၍ ထမ်း ကြ၏။
百姓就拿着沒有酵的生麵,把摶麵盆包在衣服中,扛在肩頭上。
35 ၃၅ မောရှေ စီရင် သည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ငွေ တန်ဆာ ၊ ရွှေ တန်ဆာ ၊ အဝတ် တန်ဆာများကို အဲဂုတ္တု လူတို့၌ တောင်း ကြ၏။
以色列人照着摩西的話行,向埃及人要金器、銀器,和衣裳。
36 ၃၆ တောင်း သည်အတိုင်းလည်း၊ ပေးချင်သောစေတနာ စိတ်ကို အဲဂုတ္တု လူတို့အား ထာဝရဘုရား ပေး တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ ဥစ္စာများကို လုယူ ကြ၏။
耶和華叫百姓在埃及人眼前蒙恩,以致埃及人給他們所要的。他們就把埃及人的財物奪去了。
37 ၃၇ ဣသရေလ အမျိုးသား မိန်းမနှင့် သူငယ် ကို မ ဆိုဘဲ၊ ယောက်ျား အရေအတွက်အားဖြင့်ခြောက် သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက် မြို့မှ ထွက်၍ သုကုတ် အရပ်သို့ ခရီးသွား ကြ၏။
以色列人從蘭塞起行,往疏割去;除了婦人孩子,步行的男人約有六十萬。
38 ၃၈ အမျိုးမျိုးသော လူ အများ တို့သည်လည်း ၊ သိုး နွား အစရှိသော များစွာ သောတိရစ္ဆာန် တို့နှင့်တကွ လိုက် ကြ၏။
又有許多閒雜人,並有羊群牛群,和他們一同上去。
39 ၃၉ တဆေး မ ရောဘဲ အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သော မုန့်စိမ်း ကိုယူ၍၊ တဆေး မပါသောမုန့် ကို ဖုတ် ရကြ၏။ အကြောင်း မူကား၊ အဲဂုတ္တု ပြည်၌ မနွှဲမဖင့် အနှင် ခံရသောကြောင့် ၊ ကိုယ် စားစရာ ကို မ ပြင် ကြ။
他們用埃及帶出來的生麵烤成無酵餅。這生麵原沒有發起;因為他們被催逼離開埃及,不能耽延,也沒有為自己預備甚麼食物。
40 ၄၀ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်၌ ဧည့်သည်ဖြစ်၍၊ တည် နေကြသော ကာလ နှစ် ပေါင်း လေး ရာ သုံးဆယ် ဖြစ်သတည်း။
以色列人住在埃及共有四百三十年。
41 ၄၁ အနှစ် လေး ရာ သုံးဆယ် စေ့ သောနေ့ ခြင်းတွင် ၊ ထာဝရဘုရား ၏ ဗိုလ်ခြေ အပေါင်း တို့သည်၊ အဲဂုတ္တု ပြည် မှ ထွက် သွားကြ၏။
正滿了四百三十年的那一天,耶和華的軍隊都從埃及地出來了。
42 ၄၂ အဲဂုတ္တု ပြည် မှ နှုတ် ဆောင်တော်မူသောအတွက်ကြောင့်၊ ထို နေ့ညဉ့် ကို အထူးသဖြင့်ထာဝရဘုရား ၌ စောင့် စရာကောင်း၏။ ဣသရေလ အမျိုးသား တို့၏ အမျိုး အစဉ် အဆက်မပြတ်စောင့် ရသောထာဝရဘုရား ၏ ညဉ့်ကား၊ ဤ သည် ညဉ့် ပေတည်း။
這夜是耶和華的夜;因耶和華領他們出了埃及地,所以當向耶和華謹守,是以色列眾人世世代代該謹守的。
43 ၄၃ ပသခါ ပွဲတရား ဟူမူကား ၊ တပါး အမျိုးသားမ စား ရ။
耶和華對摩西、亞倫說:「逾越節的例是這樣:外邦人都不可吃這羊羔。
44 ၄၄ သို့ရာတွင် ငွေ နှင့် ဝယ် သော ကျွန် သည် အရေဖျား လှီးမင်္ဂလာကို ခံပြီးလျှင် စား ရ၏။
但各人用銀子買的奴僕,既受了割禮就可以吃。
45 ၄၅ တကျွန်း တနိုင်ငံသားဖြစ်စေ ၊ အခစား သောကျွန်ဖြစ်စေ၊ မ စား ရ။
寄居的和雇工人都不可吃。
46 ၄၆ တအိမ် တည်း၌ တကောင်ကိုစား ရ၏။ အသား ကို အိမ် ပြင် သို့ ယူ မ သွားရ။ အရိုး ကိုလည်း မ ချိုး ရ။
應當在一個房子裏吃;不可把一點肉從房子裏帶到外頭去。羊羔的骨頭一根也不可折斷。
47 ၄၇ ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် ထိုပွဲ ကို ခံရကြမည်။
以色列全會眾都要守這禮。
48 ၄၈ သင် တို့ထံမှာ တည်းခို သော တပါး အမျိုးသားသည် ထာဝရဘုရား အဘို့ ပသခါပွဲ ကို ခံခြင်းငှာအလို ရှိလျှင် ၊ သူ ၌ ရှိသောယောက်ျား အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည် သား ကဲ့သို့ ဖြစ် သောကြောင့်၊ ချဉ်း၍ ထိုပွဲ သို့ ဝင် စေ။ အရေဖျား လှီးမင်္ဂလာကို မခံသောသူမည်သည်ကား၊ ထိုပွဲ၌ ဝင်၍ မ စား ရ။
若有外人寄居在你們中間,願向耶和華守逾越節,他所有的男子務要受割禮,然後才容他前來遵守,他也就像本地人一樣;但未受割禮的,都不可吃這羊羔。
49 ၄၉ အမျိုးသား ချင်းဖြစ်သောသူ၊ သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည်၊ တပါး တည်းသောတရား နှင့် ဆိုင် ကြ၏ဟု ထာဝရဘုရား သည် မောရှေ နှင့် အာရုန် ၌ ပညတ် ထားတော်မူ၏။
本地人和寄居在你們中間的外人同歸一例。」
50 ၅၀ ထိုသို့ မောရှေ နှင့် အာရုန် ၌ ထာဝရဘုရား ပညတ် ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည် ပြု ကြ၏။
耶和華怎樣吩咐摩西、亞倫,以色列眾人就怎樣行了。
51 ၅၁ ထို နေ့ ခြင်းတွင် ထာဝရဘုရား သည်၊ ဣသရေလ အမျိုးသား ဗိုလ်ခြေ တို့ကို အဲဂုတ္တု ပြည် မှ ဆောင်သွား တော်မူပြီးလျှင်၊
正當那日,耶和華將以色列人按着他們的軍隊,從埃及地領出來。

< ထွက်မြောက်ရာ 12 >