< ထွက်မြောက်ရာ 10 >
1 ၁ တဖန် ထာဝရဘုရား က၊ သင်သည် ဖာရော ဘုရင်ထံ သို့ဝင် လော့။ ငါသည် ဤ နိမိတ် တို့ကို သူ ရှေ့ ၌ ပြ ခြင်းငှာ ၎င်း၊
2 ၂ အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တု လူတို့တွင် ငါပြ သောနိမိတ် တို့ကို၊ သင် ၏သား မြေးတို့အား ကြား ပြောသဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှာ ၎င်း၊ သူ ၏နှလုံး ၊ သူ ၏ကျွန် တို့နှလုံး ကို ငါ ခိုင်မာ စေပြီဟု မောရှေ အား မိန့် တော်မူ၏။
3 ၃ မောရှေ နှင့် အာရုန် တို့သည်၊ ဖာရော ဘုရင်ထံ သို့ဝင် ပြီးလျှင် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား က၊ သင်သည် ငါ့ ရှေ့မှာ ကိုယ်ကိုကိုယ်မ နှိမ့်ချ ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်း။ ငါ ၏လူ တို့ သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေး လော့။
4 ၄ သို့မဟုတ် ငါ ၏လူ တို့ကို မ လွှတ် ဘဲနေလျှင် ၊ ကြည့်ရှု လော့။ ကျိုင်းကောင် တို့ကို သင် ၏ပြည် သို့ နက်ဖြန် ငါ ဆောင် ခဲ့မည်။
5 ၅ မြေ မ ထင်ပေါ် နိုင် အောင် သူတို့သည် မြေ မျက်နှာ ကို ဖုံးလွှမ်း ကြလိမ့်မည်။ မိုဃ်းသီး မဖျက်၊ သင် တို့၌ ကျန် ကြွင်း သေးသမျှကို၎င်း၊ သင် တို့အဘို့ မြေ ၌ ပေါက် သမျှသော အပင် တို့ကို၎င်းစား ကြလိမ့်မည်။
6 ၆ သင် ၏ဘိုးဘေး တို့သည် မြေ ပေါ် မှာဖြစ် သည် ကာလ မှစ၍ ၊ ယနေ့ တိုင်အောင် မ မြင် ဘူးသကဲ့သို့၊ သင် ၏အိမ် များ၊ သင် ၏ကျွန် တို့အိမ် များ၊ အဲဂုတ္တု လူအပေါင်း တို့၏ အိမ် များတို့ကို ဖြည့် ကြလိမ့်မည်ဟု ဆို ပြီးလျှင် ၊ လှည့် ၍ ဖာရော ဘုရင်ထံမှ ထွက် သွားလေ၏။
7 ၇ ဖာရော ဘုရင်၏ ကျွန် တို့ကလည်း ၊ ဤ လူသည် ငါ တို့ကို အဘယ်မျှ ကာလ ပတ်လုံးနှောင့်ရှက် ပါလိမ့်မည်နည်း။ ထိုသူတို့သည် သူ တို့၏ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု မည်အကြောင်း အခွင့် ပေးတော်မူပါ။ အဲဂုတ္တု ပြည်ပျက် ကြောင်း ကို သိ တော်မ မူသေးသလောဟုလျှောက် ကြလျှင် ၊
8 ၈ မောရှေ နှင့် အာရုန် ကို တဖန် ဖာရော ဘုရင်ထံ သို့သွင်း ပြန်၍ ၊ သင် တို့၏ဘုရား သခင်ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင် သွား ရသောသူတို့သည် အဘယ်သူ နည်းဟုမေး လျှင်၊
9 ၉ မောရှေ က၊ အကျွန်ုပ်တို့သည် သူငယ် ၊ သူအို၊ သားသမီး ၊ သိုး ၊ နွား ပါလျက် သွား ပါမည်။ အကြောင်းမူကား ၊ ထာဝရဘုရား ရှေ့တော်၌ ပွဲ ခံရပါမည်ဟု ပြန်ဆို လေသော်၊
10 ၁၀ ဖာရောမင်းက၊ သင် တို့နှင့် သူငယ် များကို ငါလွှတ် သည်အတိုင်း ၊ ထာဝရဘုရား သည် သင် တို့၌ ရှိစေသော။ သတိပြု ၊ မကောင်း သောအကြံကို ကြံကြသည်တကား။
11 ၁၁ ထိုသို့ မ ဖြစ်ရာ။ အရင်တောင်း လျှောက်သည်အတိုင်း၊ ယောက်ျား ဖြစ်သောသူတို့သာသွား ၍ ထာဝရ ဘုရားအား ဝတ်ပြု ကြဟု မိန့် တော်မူသဖြင့်၊ သူ တို့ကို အထံ တော်မှ နှင် ကြလေ၏။
12 ၁၂ ထာဝရဘုရား ကလည်း ၊ ကျိုင်း တို့သည် အဲဂုတ္တု ပြည် သို့ ရောက် လာ၍ မိုဃ်းသီး မဖျက်၊ မြေ ပေါ်မှာ ကျန်ရစ် သောအပင် ရှိသမျှ တို့ကို စား စေခြင်းငှာ ၊ အဲဂုတ္တု ပြည် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
13 ၁၃ မောရှေ သည် မိမိ လှံတံ ကို အဲဂုတ္တု ပြည် အပေါ် မှာ ဆန့် သဖြင့် ၊ ထို နေ့ နှင့် ထိုညဉ့် ပတ်လုံး ၊ အရှေ့ လေ ကို မြေ ပေါ် မှာထာဝရဘုရား လာ စေတော်မူ၍၊ နံနက် ရောက် မှ အရှေ့ လေ သည် ကျိုင်း တို့ကို ဆောင် ခဲ့လေ၏။
14 ၁၄ ထိုကျိုင်း တို့သည် အဲဂုတ္တု ပြည် လုံး ကို လွှမ်းမိုး ၍ ၊ ပြည် နယ်နိမိတ် ရှိသမျှ အပေါ် မှာ နား သဖြင့် အလွန် များပြား ကြ၏။ ထိုသို့ သော ကျိုင်း တို့သည် ရှေး ကမ ဖြစ် စဖူး၊ နောက် ၌လည်း မ ဖြစ် ရလတံ့။
15 ၁၅ မြေ မည်း သည်တိုင်အောင်မြေ တပြင်လုံး ကို ဖုံးအုပ် ၍ တပြည် လုံးတွင် မြက်ပင် ရှိသမျှ မိုဃ်းသီး နှင့် လွတ် သောသစ်သီး ရှိသမျှ ကို စား ကြသဖြင့် ၊ အဲဂုတ္တု ပြည် တရှောက်လုံး တွင် သစ်ပင် မြက်ပင် တို့၌ စိမ်း သောအရာ တစုံတခုမျှ မ ကျန်ရစ်။
16 ၁၆ ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို အလျင်အမြန် ခေါ် ၍ ၊ သင် တို့၏ ဘုရား သခင် ထာဝရဘုရား ကို၎င်း ၊ သင် တို့ကို၎င်း ငါပြစ်မှား ပါပြီ။
17 ၁၇ သို့ဖြစ်၍ သည်တခါ ငါ့ အပြစ် ကို သည်းခံ ပါလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည်၊ ဤ သေဘေး တခုကိုသာ ငါ မှ ပယ်ရှား ပါမည်အကြောင်း တောင်းပန် ပါဟု ဆို သည်ရှိသော်၊
18 ၁၈ မောရှေသည် အထံ တော်မှ ထွက် ၍ ၊ ထာဝရဘုရား ကို တောင်းပန် လေ၏။
19 ၁၉ ထာဝရဘုရား သည် အားကြီး သော အနောက် လေ ကို လွှတ် တော်မူသဖြင့် ၊ ထိုလေသည် ကျိုင်း တို့ကို ဆောင်သွား ၍ ဧဒုံ ပင်လယ် ၌ ချ ပစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ကျိုင်း တကောင် မျှ မ ကျန်ရစ်။
20 ၂၀ သို့သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်လေ၏။
21 ၂၁ တဖန် ထာဝရဘုရား က၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ မှောင်မိုက် သာမညမဟုတ်၊ စမ်းသပ် ၍ တွေ့ရသောမှောင်မိုက် ဖြစ် စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
22 ၂၂ မောရှေ သည် မိမိ လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ထူထပ် သော မှောင်မိုက် သည် သုံး ရက် ပတ်လုံးဖြစ် လေ၏။
23 ၂၃ ထိုအခါ တယောက်ကိုတယောက်မ မြင် နိုင်ကြ။ သုံး ရက် ပတ်လုံးအဘယ်သူမျှ မိမိ နေရာ မှ မ ထ ရကြ။ သို့ရာတွင် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မိမိ တို့နေရာ ၌ အလင်း ကို ရ ကြ၏။
24 ၂၄ ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန်ကို ခေါ် ၍ ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင်သိုး နွား များကို ထား ခဲ့ကြစေ။ သူငယ် များကို ခေါ် ကြစေဟု မိန့် တော်မူ၏။
25 ၂၅ မောရှေ ကလည်း ၊ ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် စရာဘို့ ယဇ်ကောင် များ၊ မီးရှို့ ရာပူဇော်သက္ကာများကို ကိုယ်တော် ပေး ရမည်။
26 ၂၆ ကျွန်ုပ် တို့သည် တိရစ္ဆာန် များကို ဆောင်သွား ရမည်။ တကောင်မျှ မ ကျန်ရစ် ရ။ အကြောင်းမူကား ၊ သူ တို့အထဲက ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု စရာဘို့ ရွေး ယူရမည်။ ထာဝရ ဘုရားအား အဘယ် မည်သောအကောင်နှင့် ဝတ်ပြု ရမည်ကို ထို အရပ်သို့ မ ရောက် မှီ မ သိ ပါဟု ဆို လေသော်၊
27 ၂၇ ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသားတို့ကို မ လွှတ် ။
28 ၂၈ မောရှေ ကို လည်း ၊ ငါ့ ထံမှ ထွက် သွားလော့။ နောက် တဖန် ငါ့ မျက်နှာ ကို မ မြင် အောင် သတိပြု လော့။ ငါ့ မျက်နှာ ကို မြင် သောနေ့ ၌ သေ မည်ဟု မိန့် တော်မူ၏။
29 ၂၉ မောရှေ ကလည်း ၊ မိန့် တော်မူချက်သည် လျောက်ပတ် ပါ၏။ မျက်နှာ တော်ကို နောက် တဖန်မ မြင် ပါဟု လျှောက်ဆို ၏။