< ထွက်မြောက်ရာ 1 >

1 မိမိ တို့ အိမ်သူအိမ်သား ပါ လျက်၊ အဘယာကုပ် နှင့်အတူ အဲဂုတ္တု ပြည်သို့ ရောက် လာသောဣသရေလ သား တို့၏အမည် ဟူမူကား၊
Na ko nga ingoa enei o nga tama a Iharaira i haere ki Ihipa; i haere tahi mai ratou me Hakopa, me te whare o tenei, o tenei.
2 ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ၊
Ko Reupena, ko Himiona, ko Riwai, ko Hura,
3 ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန်၊
Ko Ihakara, ko Hepurona, ko Pineamine,
4 ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။
Ko Rana, ko Napatari, ko Kara, ko Ahera.
5 ယာကုပ် အမျိုးသား ပေါင်း ကား၊ ခုနစ်ဆယ် တည်း။ ယောသပ် သည် အဲဂုတ္တု ပြည်၌ ရှိ နှင့်သတည်း။
Na, ko nga wairua katoa i puta mai i te hope o Hakopa, e whitu tekau wairua: i Ihipa hoki a Hohepa.
6 ယောသပ် နှင့် အစ်ကို များမှစ၍ ၊ ထို ကာလ အမျိုးသားအပေါင်း တို့သည် သေ ကြကုန်၏။
Na kua mate a Hohepa, me ona tuakana katoa, me tera whakapaparanga katoa.
7 ဣသရေလ အမျိုးသား တို့သည် သားကိုဘွား ၍ အလွန်တိုး ပွား များပြား သဖြင့် ၊ အလွန် အားကြီး၍ တပြည် လုံး၌ နှံ့ပြား ကြလေ၏။
A ka tupu nga tama a Iharaira, ka tini haere, ka hira rawa, ka kaha noa atu; a kapi ana te whenua i a ratou.
8 ထိုနောက် မှအဲဂုတ္တု ပြည်၌ ယောသပ် ကို မ သိ သော ရှင်ဘုရင် သစ် ပေါ် လာ၏။
Na kua puta he kingi hou mo Ihipa, kihai i mohio ki a Hohepa.
9 ထိုရှင်ဘုရင်ကလည်း၊ ဣသရေလ အမျိုးသား တို့သည် ငါ တို့ထက် သာ၍များ ကြ၏။ သာ၍အားကြီး ကြ၏။
A ka ki ia ki tona iwi, Nana, hira ake, kaha ake i a tatou te iwi o nga tama a Iharaira.
10 ၁၀ လာ ကြ၊ သူ တို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြား ကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက် လျှင် ငါ တို့ရန်သူ ဘက်သို့ ဝင်စား ၍ ငါ တို့ကို တိုက် သဖြင့် ၊ ပြည် တော်ထဲက ထွက်သွား ကြလိမ့်မည်ဟု မိမိ လူ တို့အား ဆို လေ၏။
Tena, kia ata ngarahu tatou ki a ratou; kei tini haere, a tenei ake, ki te ara he pakanga, na, ka uru hoki ratou ki o tatou hoariri, ka whawhai ki a tatou, a ka maunu atu i te whenua.
11 ၁၁ ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။
Na ka whakaritea he rangatira akiaki mo ratou, hei whakawhui mo ratou ki a ratou kawenga. A hanga ana e ratou nga pa takotoranga taonga mo Parao, a Pitoma, a Raamahehe.
12 ၁၂ သို့သော်လည်း ၊ နှိပ်စက် ခြင်းကိုခံရသည်အတိုင်း ၊ တိုးပွား များပြား လျက် ရှိကြ၏။ သူ တို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ် ၍၊
Engari whakawhiu noa ratou i a ratou, e hua tonu mai ana, e tupu ana. A pawera ana ratou i nga tama a Iharaira.
13 ၁၃ အလွန် ကြမ်းတမ်းစွာညှဉ်းဆဲ ကြ၏။
A nanakia noa iho te whakamahinga a nga Ihipiana i nga tama a Iharaira:
14 ၁၄ သရွတ် နှင့် အုတ် လုပ် သောအမှု၊ လယ် လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌ လည်း ခဲယဉ်း စွာ စေခိုင်းကြ၏။
A meatia ana e ratou kia kawa ake ratou ki te ora, i te nui o te mahi, i te paru pokepoke, i te pereki, i nga mahi katoa o te mara, a ratou mahi katoa, i whakawhiua ai ratou ki te mahi.
15 ၁၅ ရှိဖရ နှင့် ပုအာ အမည် ရှိသောဟေဗြဲ ဝမ်းဆွဲမတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် က၊
Na ka mea te kingi o Ihipa ki nga wahine whakawhanau i nga wahine a nga Hiperu; ko te ingoa o tetahi ko hipera, ko te ingoa hoki o tetahi ko Pua:
16 ၁၆ သင် တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲ လုပ်၍ မွေးရာ အရပ်၌ စောင့် နေသောအခါ ၊ ယောက်ျား ဖြစ်လျှင် သေ စေ၊ မိန်းမ ဖြစ်လျှင် အသက်ရှင် စေဟု အမိန့် တော် ရှိ၏။
I ki ia, E whakawhanau korua i nga wahine a nga Hiperu, a ka kite i a ratou i runga i nga kumete, ki te mea he tamaiti tane, whakamatea; he kotiro ia, kia ora tena.
17 ၁၇ ဝမ်းဆွဲ မတို့သည် ဘုရားသခင် ကိုကြောက်ရွံ ၍ ၊ အဲဂုတ္တု ရှင်ဘုရင် မိန့် တော်မူသည်အတိုင်း မ ပြု ၊ ယောက်ျား တို့ကို အသက်ချမ်းသာ ပေးကြ၏။
Otira i wehi nga kaiwhakawhanau ki te Atua, kihai hoki i mea i ta te kingi o Ihipa i mea ai ki a raua, a whakaorangia ana e raua nga tamariki tane.
18 ၁၈ အဲဂုတ္တု ရှင်ဘုရင် သည်လည်း ၊ ဝမ်းဆွဲမ တို့ကို ခေါ် ၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု သနည်း။ ယောက်ျား တို့ကိုအဘယ်ကြောင့်အသက် ချမ်းသာပေးသနည်းဟုမေး စစ်သော်၊
Na ka karangatia nga kaiwhakawhanau e te kingi o Ihipa, a ka mea ki a raua, Na te aha tenei mahi a korua, i whakaora ai korua i nga tamariki tane?
19 ၁၉ ဝမ်းဆွဲမ တို့က၊ ဟေဗြဲ မိန်းမတို့သည်၊ အဲဂုတ္တု ၊ မိန်းမ ကဲ့သို့ မဟုတ် ၊ သန်စွမ်း သောကြောင့် ၊ ဝမ်းဆွဲမ မ ရောက် မှီ သား ကိုဘွားတတ်ကြ၏ဟု ပြန်လျှောက် လေ၏။
A ka mea nga kaiwhakawhanau ki a Parao, No te mea ra, ehara nga wahine a nga Hiperu i te pena me nga wahine a nga Ihipiana; e maia ana hoki ratou, kahore ano kia tae atu te kaiwhakawhanau ki a ratou kua whanau.
20 ၂၀ ထိုကြောင့် ဘုရားသခင် သည် ဝမ်းဆွဲမ တို့ကို ကျေးဇူးပြု တော်မူ၏။ ထိုလူ အမျိုးသည်လည်း များပြား ၍ အလွန် အားကြီး ကြလေ၏။
Na ka atawhai te Atua ki nga kaiwhakawhanau; a ka nui haere te iwi, a kaha rawa ana.
21 ၂၁ ဝမ်းဆွဲမ တို့သည် ဘုရားသခင် ကို ကြောက်ရွံ့ သောကြောင့် ၊ သူ တို့အိမ်သူအိမ်သား များကို ပြုစု တော်မူ ၏။
A, no te mea i wehi nga kaiwhakawhanau ki te Atua, ka hanga e ia he whare mo raua.
22 ၂၂ ဖာရော ဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင် သောသူငယ် ယောက်ျား အပေါင်းတို့ကို မြစ် ထဲသို့ ချပစ် စေ။ မိန်းမ ကိုမူကား အသက်ရှင် စေဟု မိမိ လူ အပေါင်း တို့ကို မှာ ထားတော်မူ၏။
Na ka ako a Parao ki tona iwi katoa, ka mea, Ko nga tamariki tane katoa e whanau mai, maka atu e koutou ki te awa, ko nga kotiro katoa ia, me whakaora.

< ထွက်မြောက်ရာ 1 >