< ထွက်မြောက်ရာ 1 >
1 ၁ မိမိ တို့ အိမ်သူအိမ်သား ပါ လျက်၊ အဘယာကုပ် နှင့်အတူ အဲဂုတ္တု ပြည်သို့ ရောက် လာသောဣသရေလ သား တို့၏အမည် ဟူမူကား၊
Now these are the names of the sons of Israel, who came into Egypt (every man and his household came with Jacob):
2 ၂ ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ၊
Reuben, Simeon, Levi, and Judah,
3 ၃ ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန်၊
Issachar, Zebulun, and Benjamin,
4 ၄ ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။
Dan and Naphtali, Gad and Asher.
5 ၅ ယာကုပ် အမျိုးသား ပေါင်း ကား၊ ခုနစ်ဆယ် တည်း။ ယောသပ် သည် အဲဂုတ္တု ပြည်၌ ရှိ နှင့်သတည်း။
All the souls who came out of Jacob’s body were seventy souls, and Joseph was in Egypt already.
6 ၆ ယောသပ် နှင့် အစ်ကို များမှစ၍ ၊ ထို ကာလ အမျိုးသားအပေါင်း တို့သည် သေ ကြကုန်၏။
Joseph died, as did all his brothers, and all that generation.
7 ၇ ဣသရေလ အမျိုးသား တို့သည် သားကိုဘွား ၍ အလွန်တိုး ပွား များပြား သဖြင့် ၊ အလွန် အားကြီး၍ တပြည် လုံး၌ နှံ့ပြား ကြလေ၏။
The children of Israel were fruitful, and increased abundantly, and multiplied, and grew exceedingly mighty; and the land was filled with them.
8 ၈ ထိုနောက် မှအဲဂုတ္တု ပြည်၌ ယောသပ် ကို မ သိ သော ရှင်ဘုရင် သစ် ပေါ် လာ၏။
Now there arose a new king over Egypt, who didn’t know Joseph.
9 ၉ ထိုရှင်ဘုရင်ကလည်း၊ ဣသရေလ အမျိုးသား တို့သည် ငါ တို့ထက် သာ၍များ ကြ၏။ သာ၍အားကြီး ကြ၏။
He said to his people, “Behold, the people of the children of Israel are more and mightier than we.
10 ၁၀ လာ ကြ၊ သူ တို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြား ကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက် လျှင် ငါ တို့ရန်သူ ဘက်သို့ ဝင်စား ၍ ငါ တို့ကို တိုက် သဖြင့် ၊ ပြည် တော်ထဲက ထွက်သွား ကြလိမ့်မည်ဟု မိမိ လူ တို့အား ဆို လေ၏။
Come, let’s deal wisely with them, lest they multiply, and it happen that when any war breaks out, they also join themselves to our enemies and fight against us, and escape out of the land.”
11 ၁၁ ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။
Therefore they set taskmasters over them to afflict them with their burdens. They built storage cities for Pharaoh: Pithom and Raamses.
12 ၁၂ သို့သော်လည်း ၊ နှိပ်စက် ခြင်းကိုခံရသည်အတိုင်း ၊ တိုးပွား များပြား လျက် ရှိကြ၏။ သူ တို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ် ၍၊
But the more they afflicted them, the more they multiplied and the more they spread out. They started to dread the children of Israel.
13 ၁၃ အလွန် ကြမ်းတမ်းစွာညှဉ်းဆဲ ကြ၏။
The Egyptians ruthlessly made the children of Israel serve,
14 ၁၄ သရွတ် နှင့် အုတ် လုပ် သောအမှု၊ လယ် လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌ လည်း ခဲယဉ်း စွာ စေခိုင်းကြ၏။
and they made their lives bitter with hard service in mortar and in brick, and in all kinds of service in the field, all their service, in which they ruthlessly made them serve.
15 ၁၅ ရှိဖရ နှင့် ပုအာ အမည် ရှိသောဟေဗြဲ ဝမ်းဆွဲမတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် က၊
The king of Egypt spoke to the Hebrew midwives, of whom the name of the one was Shiphrah, and the name of the other Puah,
16 ၁၆ သင် တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲ လုပ်၍ မွေးရာ အရပ်၌ စောင့် နေသောအခါ ၊ ယောက်ျား ဖြစ်လျှင် သေ စေ၊ မိန်းမ ဖြစ်လျှင် အသက်ရှင် စေဟု အမိန့် တော် ရှိ၏။
and he said, “When you perform the duty of a midwife to the Hebrew women, and see them on the birth stool, if it is a son, then you shall kill him; but if it is a daughter, then she shall live.”
17 ၁၇ ဝမ်းဆွဲ မတို့သည် ဘုရားသခင် ကိုကြောက်ရွံ ၍ ၊ အဲဂုတ္တု ရှင်ဘုရင် မိန့် တော်မူသည်အတိုင်း မ ပြု ၊ ယောက်ျား တို့ကို အသက်ချမ်းသာ ပေးကြ၏။
But the midwives feared God, and didn’t do what the king of Egypt commanded them, but saved the baby boys alive.
18 ၁၈ အဲဂုတ္တု ရှင်ဘုရင် သည်လည်း ၊ ဝမ်းဆွဲမ တို့ကို ခေါ် ၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု သနည်း။ ယောက်ျား တို့ကိုအဘယ်ကြောင့်အသက် ချမ်းသာပေးသနည်းဟုမေး စစ်သော်၊
The king of Egypt called for the midwives, and said to them, “Why have you done this thing and saved the boys alive?”
19 ၁၉ ဝမ်းဆွဲမ တို့က၊ ဟေဗြဲ မိန်းမတို့သည်၊ အဲဂုတ္တု ၊ မိန်းမ ကဲ့သို့ မဟုတ် ၊ သန်စွမ်း သောကြောင့် ၊ ဝမ်းဆွဲမ မ ရောက် မှီ သား ကိုဘွားတတ်ကြ၏ဟု ပြန်လျှောက် လေ၏။
The midwives said to Pharaoh, “Because the Hebrew women aren’t like the Egyptian women; for they are vigorous and give birth before the midwife comes to them.”
20 ၂၀ ထိုကြောင့် ဘုရားသခင် သည် ဝမ်းဆွဲမ တို့ကို ကျေးဇူးပြု တော်မူ၏။ ထိုလူ အမျိုးသည်လည်း များပြား ၍ အလွန် အားကြီး ကြလေ၏။
God dealt well with the midwives, and the people multiplied, and grew very mighty.
21 ၂၁ ဝမ်းဆွဲမ တို့သည် ဘုရားသခင် ကို ကြောက်ရွံ့ သောကြောင့် ၊ သူ တို့အိမ်သူအိမ်သား များကို ပြုစု တော်မူ ၏။
Because the midwives feared God, he gave them families.
22 ၂၂ ဖာရော ဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင် သောသူငယ် ယောက်ျား အပေါင်းတို့ကို မြစ် ထဲသို့ ချပစ် စေ။ မိန်းမ ကိုမူကား အသက်ရှင် စေဟု မိမိ လူ အပေါင်း တို့ကို မှာ ထားတော်မူ၏။
Pharaoh commanded all his people, saying, “You shall cast every son who is born into the river, and every daughter you shall save alive.”