< ဧ​သ​တာ 9 >

1 ရှင်ဘုရင် အမိန့် တော်အတိုင်း စီရင် ရသောအချိန်နီး ၍ ၊ ယုဒ အမျိုး၏ ရန်သူ တို့က၊ ငါတို့နိုင် မည်ဟု မြော်လင့် သော နေ့ ၊ အမှုပြောင်းလဲ ၍ ယုဒ လူတို့သည် မနာလို သောသူတို့ ကို နိုင် သော နေ့ရက်တည်းဟူသောအာဒါ မည်သော ဒွါဒသမ လ တဆယ် သုံး ရက် နေ့တွင်၊
ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသော အချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မြော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသော သူတို့ကိုနိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလတဆယ်သုံးရက်နေ့တွင်၊
2 ရှင်ဘုရင် အာရွှေရု ၏ နိုင်ငံ တော် အပြည်ပြည် အမြို့မြို့၌ နေသောယုဒ လူတို့သည်၊ ညှဉ်းဆဲ လိုသောသူတို့ ကို ဆီးတား ခြင်းငှါ စုဝေး ကြ၏။ ပြည်သူ ပြည်သားအပေါင်း တို့သည် ကြောက်ရွံ့ သောကြောင့် ၊ အဘယ်သူမျှရန်မပြုဝံ့ဘဲနေကြ၏။
ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ၏။
3 အပြည် ပြည်ကို အုပ်စိုးသောမင်း ၊ ကိုယ်စား တော် မင်း၊ မြို့ဝန် မင်း၊ အမှု တော်စောင့် အရာရှိအပေါင်း တို့ သည် မော်ဒကဲ ကို ကြောက်ရွံ့ သောကြောင့် ၊ ယုဒ လူတို့ကို မစ ကြ၏။
အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော် မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့ သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။
4 အကြောင်း မူကား၊ မော်ဒကဲ သည် နန်းတော် တွင် ဘုန်း ကြီးလျက် ၊ အတိုင်း တိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား ၍၊ တနေ့ထက် တနေ့ကြီး မြင့်ရာသို့ ရောက် သတည်း။
အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော် တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား၍၊ တနေ့ထက် တနေ့ကြီးမြင့်ရာသို့ ရောက် သတည်း။
5 ထိုနေ့တွင် ယုဒ လူတို့သည် ရန်သူ အပေါင်း တို့ကို ထား နှင့်လုပ်ကြံ သတ်ဖြတ် ဖျက်ဆီး ၍ ၊ မနာလို သောသူတို့ ၌ ပြုချင်သမျှပြု ကြ၏။
ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ထားနှင့်လုပ်ကြံသတ်ဖြတ်ဖျက်ဆီး၍၊ မနာလိုသော သူတို့၌ ပြုချင်သမျှပြုကြ၏။
6 ရှုရှန် မြို့ တော်၌ လူ ငါး ရာ တို့ကို လုပ်ကြံသတ်ဖြတ် ကြ၏။
ရှုရှန်မြို့တော်၌လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြ၏။
7 ယုဒ အမျိုး၏ ရန်သူ ဟမ္မေဒါသ သား ဖြစ်သော ဟာမန် ၏သား တကျိပ် တည်းဟူသော ပါရှန္ဒါသ ၊ ဒါလဖုန် ၊ အာသပါသ၊
ယုဒအမျိုး၏ ရန်သူဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။
8 ပေါရသ ၊ အာဒလိ ၊ အာရိဒါသ ၊ ပါမရှာတ ၊
9 အရိသဲ ၊ အရိဒဲ ၊ ဝါဇေဇာသ တို့ကိုလည်း သတ် ကြ၏။
10 ၁၀ သို့ရာတွင် သူ တို့ဥစ္စာ ကို မ သိမ်း မယူဘဲနေကြ၏။
၁၀
11 ၁၁ ထိုနေ့ ၌ ရှုရှန် မြို့ တော်တွင် သေ သောသူစာရင်း ကို ရှင်ဘုရင် ရှေ့ တော်မှာ ပြကြ၏။
၁၁ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်း ကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။
12 ၁၂ ရှင် ဘုရင်သည် မိဖုရား ဧသတာ ကို ခေါ် ၍ ၊ ယုဒ လူတို့သည် ရှုရှန် မြို့ တော်၌ ဟာမန် သား တကျိပ် နှင့်တကွ လူ ငါး ရာ တို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံ တော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြု ကြပြီနည်း။ သင် သည် အဘယ် အလို ရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ် ဆုကို တောင်း ချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊
၁၂ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒ လူတို့သည် ရှုရှန် မြို့တော်၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလိုရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ်ဆိုကို တောင်းချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊
13 ၁၃ ဧသတာ က၊ အရှင်မင်းကြီး အလို တော်ရှိလျှင် ၊ ရှုရှန် မြို့၌ ရှိသော ယုဒ လူတို့သည် ယနေ့ အမိန့် တော် အတိုင်း နက်ဖြန် နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန် သား တကျိပ် ကိုလည်း လည်ဆွဲ ချတိုင်၌ ဆွဲ ထားရမည် အကြောင်းအမိန့်ရှိတော်မူပါဟု လျှောက် သည်အတိုင်း၊
၁၃ဧသတာက၊ အရှင်မင်းကြီးအလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော် အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊
14 ၁၄ ရှင်ဘုရင် မိန့် တော်မူ၍ ရှုရှန် နန်းတော်၌ အမိန့် တော်ကို ထုတ် ပြီးမှ ၊ ဟာမန် သား တကျိပ် ကို ဆွဲ ထား ကြ၏။
၁၄ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့် တော်ကို ထုတ်ပြီးမှ၊ ဟာမန်သား တကျိပ်ကို ဆွဲထား ကြ၏။
15 ၁၅ ရှုရှန် မြို့၌ ရှိသော ယုဒ လူတို့သည်လည်း ၊ အာဒါ လ တဆယ် လေး ရက် နေ့တွင် စုဝေး ၍ ၊ ရှုရှန် မြို့သား သုံး ရာ တို့ကိုသတ် ကြ၏။ သို့ရာတွင် သူ တို့ဥစ္စာ ကို မ သိမ်း မယူဘဲနေကြ၏။
၁၅ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။
16 ၁၆ နိုင်ငံ တော်အတိုင်းတိုင်း အပြည်ပြည်၌ ရှိသော ယုဒ လူအခြား တို့သည် အာဒါ လ တဆယ် သုံး ရက် နေ့တွင် ၊ မိမိ တို့အသက် ကို စောင့် လျက် ၊ ရန်သူ လက်သို့မရောက်ဘဲ ချမ်းသာ ရမည်အကြောင်း ၊ စုဝေး ၍ ရန်သူ ခုနစ် သောင်း ငါးထောင်တို့ကိုသတ် ကြ၏။ သို့ရာတွင် သူ တို့ဥစ္စာ ကို မ သိမ်း မယူဘဲ နေကြ၏။
၁၆နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလတဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူခုနစ်သောင်း ငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။
17 ၁၇ ထိုလ တဆယ် လေး ရက်နေ့တွင် ငြိမ်ဝပ် စွာနေ ၍ ပွဲ ခံရာနေ့ ၊ ပျော်မွေ့ ရာနေ့ဖြစ် စေခြင်းငှါ စောင့်ရှောက်ကြ၏။
၁၇ထိုလ တဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက် ကြ၏။
18 ၁၈ ရှုရှန် မြို့၌ ရှိသော ယုဒ လူများမူကား ၊ တဆယ် သုံး ရက်နေ့နှင့် တဆယ်လေး ရက်နေ့တွင် စုဝေး ကြ၏။ တဆယ် ငါး ရက်မြောက်သောအခါ ငြိမ်ဝပ် စွာနေ၍ ပွဲ ခံရာ နေ့ ၊ ပျော်မွေ့ ရာနေ့ဖြစ် စေခြင်းငှါ စောင့်ရှောက်ကြ၏။
၁၈ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တဆယ် သုံးရက်နေ့နှင့် တဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တဆယ်ငါးရက်မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာ နေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ၏။
19 ၁၉ မြို့ရိုး မရှိသောရွာ တို့၌ နေ သောယုဒ လူတို့သည် လည်း၊ အာဒါ လ တဆယ် လေး ရက် နေ့ကို ပျော်မွေ့ စွာ ပွဲ ခံရာနေ့၊ မင်္ဂလာ နေ့ ၊ တယောက် ကိုတယောက်လက်ဆောင် ပေး လိုက်ရာနေ့ဖြစ်စေကြ၏။
၁၉မြို့ရိုးမရှိသောရွာတို့၌ နေသော ယုဒလူတို့သည် လည်း၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ၏။
20 ၂၀ တဖန် မော်ဒကဲ သည် ဤ အမှု အရာတို့ကို ရေး ထား၏။
၂၀တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။
21 ၂၁ ယုဒ လူတို့သည် ရန်သူ လက်မှ လွတ်၍ ချမ်းသာ ရသောနေ့ ၊ သူတို့ဝမ်းနည်းခြင်း နှင့်မြည်တမ်းခြင်း ပျောက်၍ ဝမ်းမြောက်ခြင်း နှင့်ပျော်မွေ့ခြင်း သို့ရောက် သောလ တည်းဟူသော အာဒါ လ တဆယ်လေး ရက် နှင့် တဆယ်ငါး ရက် နေ့တို့ကို နှစ် တိုင်းစောင့်၍ ပွဲခံရာ နေ့ ၊ ပျော်မွေ့ရာ နေ့၊ တယောက် ကိုတယောက်လက်ဆောင် ပေးလိုက် ၍၊
၂၁ယုဒလူတို့သည် ရန်သူလက်မှ လွတ်၍ ချမ်းသာ ရသောနေ့၊
22 ၂၂ ဆင်းရဲသောသူ တို့အား စွန့်ကြဲရာနေ့ဖြစ်စေသောထုံးစံကိုစီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည် ၌ အနီး အဝေး ရှိသောယုဒ လူအပေါင်း တို့နေရာသို့ မှာစာ ကိုပေး လိုက်လေ၏။
၂၂သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။
23 ၂၃ လူတို့ကလည်း ၊ ပြု စ ရှိ၍ မော်ဒကဲ မှာ လိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံ ကြ၏။
၂၃ယုဒလူတို့ကလည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။
24 ၂၄ ယုဒ လူအပေါင်း တို့၏ ရန်သူ ဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် သည် ယုဒ အမျိုးကို ဖျက်ဆီး မည်အကြံ ရှိ၍ ၊ ဖျက်ဆီး ပယ်ရှင်း ခြင်းငှါ ပုရ စာရေးတံ ချ သောကြောင့် ၎င်း၊
၂၄ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့်၎င်း၊
25 ၂၅ ဧသတာသည် ရှင်ဘုရင် ထံ တော်သို့ ဝင် ၍ ယုဒ လူတို့တဘက် ၌ ဟာမန် ကြံစည် သော အဓမ္မ အကြံ ကို သူ ၏ခေါင်း ပေါ် သို့ ပြန် ရောက်စေမည်အကြောင်း၊ သူ နှင့် သူ ၏သား တို့ကိုလည်း လည်ဆွဲ ချတိုင်၌ ဆွဲ ထားစေမည် အကြောင်း၊ အမိန့်တော်စာ ကို ပေးတော်မူသည်ဖြစ်၍၎င်း၊
၂၅ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒ လူတို့တဘက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့် သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍၎င်း၊
26 ၂၆ ပုရ ဟူသောစကားကို အစွဲ ပြုသဖြင့်၊ ထို နေ့ ကို ပုရ နေ့ဟူ၍ခေါ်ဝေါ် ကြ၏။ ထိုအမိန့် တော်စာ ချက်နှင့် ကိုယ်တိုင်တွေ့မြင် သော အမှု ကို ထောက် လျက်၊
၂၆ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက်၊
27 ၂၇ ယုဒ လူတို့သည် ကိုယ်တိုင်မှစ၍သား မြေး၊ ဘာသာဝင် သူ အပေါင်း တို့နှင့်တကွ ၊ မော်ဒကဲမှာစာ၌ စီရင် ထုံးဖွဲ့သည်အတိုင်း ၊ ထို နေ့ နှစ် ရက်ကိုနှစ် တိုင်း အစဉ် မပြတ်စောင့် မည်အကြောင်း၊
၂၇ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း၊
28 ၂၈ ထို ပုရနေ့ တို့သည် ယုဒ အမျိုး၌ မပျောက်၊ သားစဉ် မြေးဆက်တို့သည် မ မေ့မလျော့၊ အပြည် ပြည် အမြို့မြို့၌ နေသောအဆွေ အမျိုးအသီးအသီးအစဉ် အဆက်တို့သည်အောက်မေ့စောင့်ရှောက်မည်အကြောင်းဝန်ခံကြ၏။
၂၈ထိုပုရနေ့တို့သည် ယုဒအမျိုး၌မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌ နေသောအဆွေအမျိုးအသီးအသီး အစဉ် အဆက်တို့သည်အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။
29 ၂၉ ထိုအခါ အဘိဟဲလ သမီး မိဖုရား ဧသတာ နှင့် ယုဒ အမျိုး မော်ဒကဲ တို့သည်၊ ပုရ နေ့တို့ကို မြဲမြံစွာ တည် စေခြင်းငှါ ကျပ်တည်းစွာ အာဏာ ထား၍ မှာစာ ကို တဖန် ရေး ထားကြ၏။
၂၉ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တဖန်ရေးထားကြ၏။
30 ၃၀ ယုဒ အမျိုးသားမော်ဒကဲ နှင့် မိဖုရား ဧသတာ မှာထား၍၊ ယုဒလူတို့သည် ကိုယ်အဘို့ နှင့် သားစဉ်မြေးဆက် အဘို့ စီရင် သည်အတိုင်း၊
၃၀ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား၍၊
31 ၃၁ ချိန်းချက် သောအချိန်၌ အစာရှောင်ခြင်း ၊ ဆုတောင်းခြင်း နှင့်တကွ ပုရ နေ့ တို့ကိုအမြဲစောင့်စေခြင်းငှါ၊ အာရွှေရု နိုင်ငံ တော်တွင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်၌ ရှိသောယုဒ လူအပေါင်း တို့နေရာသို့ ငြိမ်သက် စေသောသစ္စာ စကား နှင့် ထိုမှာစာ ကိုမော်ဒကဲပေး လိုက်လေ၏။
၃၁ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။
32 ၃၂ ဧသတာ စီရင် သောအားဖြင့် ၊ ပုရ နေ့တို့ကို စောင့်ရာ ထုံးစံ သည် အမြဲတည် ၍ ဤ စာ ၌ ရေး ထားလျက်ရှိသတည်း။
၃၂ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။

< ဧ​သ​တာ 9 >