< ဧသတာ 7 >
1 ၁ တဖန် ရှင်ဘုရင် နှင့် ဟာမန် သည်၊ မိဖုရား ဧသတာ နှင့်အတူ စပျစ်ရည်သောက် အံ့သောငှါ သွား ကြ၏။
The king and Haman went to Queen Esther's dinner.
2 ၂ ဒုတိယ နေ့ ရက်၌ စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလို ရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေး မည်။ အဘယ်ဆု ကို တောင်း ချင်သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊
At this second dinner, as they were drinking wine, the king asked Esther again, “What are you really asking for, Queen Esther? It will be given to you. What do you want? You shall have it, as much as half my empire!”
3 ၃ မိဖုရား ဧသတာ က၊ အရှင်မင်းကြီး ၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့ တော်မူလျှင် ၎င်း ၊ အလို တော်ရှိလျှင် ၎င်း၊ ကျွန်တော် မအလို အတိုင်း ကျွန်တော် မအသက် နှင့် ကျွန်တော် မတောင်းပန် သည်အတိုင်း ၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။
Queen Esther answered, “If the king looks on me favorably, and if it please Your Majesty to grant me my life, that is my request; and the lives of my people, that is what I ask.
4 ၄ ကျွန်တော် မနှင့် ကျွန်တော် မအမျိုးသား ချင်း တို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ခြင်းငှါ ရောင်း ပါပြီ။ ကျွန် ယောက်ျား ကျွန် မိန်းမဖြစ်စေခြင်းငှါ ရောင်း လျှင် ၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကိုပေး နိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။
For my people and I have been sold to be destroyed, killed, and annihilated. If we had only been sold as slaves, I would have kept quiet, because our suffering would not have justified disturbing the king.”
5 ၅ ရှင်ဘုရင် အာရွှေရု ကလည်း ၊ ထိုသို့ ပြု မည်ဟု ကြံဝံ့သောသူကား အဘယ် သူနည်း။ အဘယ်မှာရှိသနည်း ဟု မိဖုရား ဧသတာ အား မေး တော်မူလျှင်၊
The king asked Queen Esther, demanding to know, “Who is this? Where is the man who has dared to do this?”
6 ၆ ဧသတာ က၊ ရန် ဘက်ပြုသောရန်သူ သည် ဤ ဆိုးညစ် သော ဟာမန် ဖြစ်ပါ၏ဟု လျှောက် သော်၊ ဟာမန် သည် ရှင်ဘုရင် နှင့် မိဖုရား ရှေ့ မှာ ကြောက်ရွံ့ ခြင်း သို့ ရောက်လေ၏။
“The man, the opponent, the enemy, is this evil Haman!” Esther replied. Haman shook with terror in front of the king and the queen.
7 ၇ ထိုအခါ ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ စပျစ်ရည် သောက်ပွဲ မှ ထ ၍ ဥယျာဉ် တော်သို့ သွားတော်မူ ၏။ အပြစ် ပေးတော်မူမည်ဟု ဟာမန် သည်ရိပ်မိ ၍ အသက် ချမ်းသာရမည်အကြောင်းမိဖုရား ဧသတာ ရှေ့ မှာ တောင်းပန် ခြင်းငှါ ထ ၏။
The king was furious. He got up, leaving his wine, and went out into the palace garden. Haman stayed behind to beg for his life from Queen Esther, for he realized the king planned an evil end for him.
8 ၈ ရှင် ဘုရင်သည် ဥယျာဉ် တော်မှ စပျစ်ရည် သောက်ပွဲ ခံရာအရပ် သို့ ဝင်ပြန် သောအခါ ၊ ဧသတာ ထိုင် သော သာလွန် နား မှာ ဟာမန် သည် ပြပ်ဝပ် လျက်နေသည် ကို မြင်လျှင်၊ ဤသူသည် နန်းတော် ၌ ငါ့ ရှေ့မှာ မိဖုရား ကို အဓမ္မ ပြုရမည်လောဟု မိန့် တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာ ကိုဖုံး ကြ၏။
When the king came back in from the palace garden to the dining room, Haman had thrown himself on the couch where Queen Esther was. The king shouted out, “Is he even going to rape the queen here in the palace, right in front of me?” As soon as the king said this, the servants covered Haman's face.
9 ၉ မိန်းမစိုး ဟာဗောန ကလည်း ၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန် လုပ် ၍ အတောင် ငါးဆယ် မြင့် သော လည်ဆွဲ ချတိုင်သည်၊ ဟာမန် အိမ် ၌ စိုက် ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင် မိန့် တော်မူ၏။
Then Harbonah, one of the eunuchs attending the king, said: “Haman set up a pole beside his house for Mordecai, the one whose report saved the king's life. The pole is fifty cubits high.” “Impale him on it!” the king ordered.
10 ၁၀ ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။
So they impaled Haman on the pole that he had set up for Mordecai. Then the anger of the king died down.