< ဧသတာ 5 >
1 ၁ သုံး ရက်မြောက်သောနေ့ ၌ ၊ ဧသတာ သည် မိဖုရား အဝတ်တန်ဆာကို ဝတ်ဆင် ၍ ၊ နန်းတော်အဆောင်မှတဘက်တချက် ၊ နန်းတော် အတွင်း တန်တိုင်း ထဲ မှာ ရပ် နေ၏။ ရှင် ဘုရင်သည် နန်းတော် တံခါး တစ်ဘက်တချက် ၊ နန်းတော် ထဲ ၊ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၏။
၁ဧသတာသည်မိမိအစာရှောင်၍ သုံးရက်မြောက် သောနေ့၌မိဖုရား၏အဝတ်တန်ဆာကိုဝတ် ဆင်ကာ ရာဇပလ္လင်တည်ရာခန်းမဆောင်၏ရှေ့ ၌ရှိသောနန်းတော်အတွင်းတံတိုင်းသို့သွား ၍ရပ်နေလေသည်။ မင်းကြီးသည်အဝင်ဝ ဘက်သို့လှည့်၍ထိုင်လျက်နေ၏။-
2 ၂ မိဖုရား ဧသတာ သည် တန်တိုင်း တော်ထဲ မှာ ရပ် နေသည်ကို ရှင်ဘုရင် မြင် လျှင် ၊ နူးညွတ် သောစိတ်ရှိ၍ လက် တော်၌ ပါသော ရွှေ ရာဇ လှံတံကို၊ ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ချဉ်းကပ် ၍ ရာဇ လှံတံတော်အထွဋ် ကိုတို့ လေ၏။
၂သူသည်မိဖုရားဧသတာကိုမြင်သောအခါ နူးညွတ်သောစိတ်ရှိသဖြင့် ရာဇလှံတံကိုကမ်း ၍ပေးတော်မူ၏။ ဧသတာသည်ချဉ်းကပ်လာ ပြီးလျှင်ရာဇလှံတံကိုတို့ထိလိုက်လေ သည်။-
3 ၃ ရှင် ဘုရင်ကလည်း ၊ မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလိုရှိသနည်း။ အဘယ် ဆုကို တောင်း ချင် သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊
၃မင်းကြီးက``မိဖုရားဧသတာ၊ အကြောင်း အဘယ်သို့ရှိသနည်း။ သင်တောင်းလိုသော ဆုကိုငါ့အားပြောကြားလော့။ ငါ၏အင်ပါ ယာနိုင်ငံတစ်ဝက်ကိုပင်တောင်းလျှင်ငါပေး မည်'' ဟုဆို၏။
4 ၄ ဧသတာ က၊ အရှင်မင်းကြီး အလို တော်ရှိလျှင် ၊ အရှင် မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ယနေ့ ကြွ တော်မူပါဟု လျှောက် သော်၊
၄ဧသတာက``အရှင်မင်းကြီးသဘောတူတော် မူပါလျှင် ယနေ့ညကျွန်တော်မပြင်ဆင်ထား သည့်ညစာစားပွဲသို့ဟာမန်နှင့်အတူကြွ ရောက်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။
5 ၅ ရှင် ဘုရင်က၊ ဧသတာ လျှောက် သည်အတိုင်း ပြု အံ့သောငှါ ၊ ဟာမန် သည် အလျင် အမြန်လာစေဟု မိန့် တော်မူသဖြင့် ၊ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ရှင်ဘုရင် ကြွ တော်မူ၏။
၅ထိုနောက်မင်းကြီးသည်ဧသတာ၏အလို ပြည့်စေရန် ဟာမန်အားအလျင်အမြန်ခေါ် ယူတော်မူပြီးလျှင် သူနှင့်အတူဧသတာ ၏ညစာစားပွဲသို့ကြွတော်မူ၏။-
6 ၆ တဖန် စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က၊ သင်သည် အဘယ်သို့အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ် ဆုကို တောင်း ချင်သနည်း။ တောင်း သမျှကိုနိုင်ငံ တော်တဝက် တိုင်အောင် ငါပေး မည် ဟု ဧသတာ အား မိန့် တော်မူလျှင်၊
၆မင်းကြီးသည်စပျစ်ရည်သောက်လျက်နေစဉ် ဧသတာအား``သင်တောင်းလိုသောဆုကိုငါ့ အားပြောကြားလော့။ သင့်အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော်တစ်ဝက်ကိုပင် တောင်းခံလျှင်ငါပေးမည်'' ဟုမိန့်တော်မူ၏။
7 ၇ ဧသတာ က၊ ကျွန်တော် မအလို ရှိ၍ ကျွန်တော် မ တောင်း ချင်သော ဆုဟူမူကား ၊
၇ဧသတာကအကယ်၍အရှင်မင်းကြီး သည် ကျွန်တော်မတောင်းခံသည့်ဆုကိုပေး တော်မူမည်ဆိုပါက နက်ဖြန်ခါအရှင်၏ အတွက်ကျွန်တော်မပြင်ဆင်ကျွေးမွေးမည့် ညစာစားပွဲသို့လည်း ဟာမန်နှင့်အတူကြွ တော်မူပါ။ ထိုအခါကျွန်တော်မတောင်းလို သောဆုကိုပြောကြားပါမည်'' ဟုလျှောက် လေ၏။
8 ၈ ကျွန်တော်မကို အရှင်မင်းကြီး ၏စိတ် နှင့် တွေ့ တော်မူလျှင် ၎င်း ၊ ကျွန်တော်မအလို ရှိ၍ ကျွန်တော် မတောင်း ချင်သောဆုကို ပေး သနားခြင်းငှါ အရှင်မင်းကြီးအလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ အရှင် မင်းကြီးသည် ဟာမန် နှင့်တကွ တဖန်ကြွ တော်မူပါ။ အမိန့် တော်ရှိသည်အတိုင်း နက်ဖြန် နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက် လေ၏။
၈
9 ၉ ထို နေ့ ၌ ဟာမန် သည် ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် ထွက် သွားသော်လည်း ၊ နန်းတော်တံခါးဝ မှာ မော်ဒကဲ သည် ရိုသေစွာမ ထ ၊ အလျှင်းမ လှုပ် ဘဲနေသည် ကို မြင် သောအခါ ၊ မော်ဒကဲ ကို အလွန်အမျက် ထွက် လေ၏။
၉ညစာစားပွဲမှထွက်ခွာလာသောအခါ ဟာမန် သည်ဝမ်းမြောက်ပျော်ရွှင်လျက်နေ၏။ သို့ရာ တွင်သူသည်မော်ဒကဲကိုနန်းတော်အဝင်ဝ တွင်တွေ့ရှိရ၍ မော်ဒကဲကသူ့အားအရို အသေမပြုသောအခါ၌မူပြင်းစွာ အမျက်ထွက်လေသည်။-
10 ၁၀ သို့ရာတွင် မိမိစိတ်ကို ချုပ်တည်း လျက်သွား ၍ ၊ မိမိ အိမ် သို့ ရောက် သောအခါ ၊ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ် ပြီးလျှင်၊
၁၀သို့သော်လည်းသူသည်မိမိစိတ်ကိုချုပ်တည်း လျက်အိမ်သို့ပြန်ပြီးလျှင် မိတ်ဆွေများကို မိမိအိမ်သို့ခေါ်ဖိတ်ကာမိမိဇနီးဇေရတ် ကိုလည်းသူတို့နှင့်အတူထိုင်စေ၏။-
11 ၁၁ မိမိ ဘုန်း စည်းစိမ် ကြီးကြောင်း၊ သား သမီးများ ကြောင်း၊ ရှင်ဘုရင်အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
၁၁ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
12 ၁၂ မိဖုရား ဧသတာ သည် မိမိပြင်ဆင် သော ပွဲ သို့ ငါ မှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင် နှင့်အတူ မ ဝင် စေ။ နက်ဖြန် နေ့၌ လည်း ရှင်ဘုရင် နှင့်အတူ ငါ့ ကို ဘိတ် ပြန်၏။
၁၂သူသည်ဆက်လက်၍``ဤအမှုအရာများ အပြင်မိဖုရားဧသတာကလည်းမင်းကြီး နှင့်ငါသာလျှင် ညစာစားပွဲနှင့်ဧည့်ခံခဲ့ ပါ၏။ နက်ဖြန်ခါလည်းငါတို့အားညစာ စားပွဲသို့ဖိတ်ကြားထားပါသေးသည်။-
13 ၁၃ သို့ရာတွင် ၊ ယုဒ လူမော်ဒကဲ သည် နန်းတော်တံခါးဝ မှာ ထိုင် လျက်ရှိသည်ကို ငါ မြင် ရသည် ကာလ ပတ်လုံး ၊ ယခု ဘော်ပြသမျှ တို့သည် ငါ ၌ ကျေးဇူးမ ရှိဟု ဆို ၏။
၁၃သို့ရာတွင်နန်းတော်တံခါးဝတွင်ယုဒအမျိုး သားမော်ဒကဲထိုင်လျက်နေသည်ကို ငါတွေ့မြင် နေရသမျှကာလပတ်လုံး ယခုဖော်ပြသမျှ တို့သည်ငါ့အတွက်အဘယ်ကျေးဇူးရှိသနည်း'' ဟုဆို၏။
14 ၁၄ ထိုအခါ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့က၊ အတောင် ငါးဆယ် မြင့် သော လည်ဆွဲချတိုင် ကိုစိုက် ပါစေ။ ထိုတိုင် ၌ မော်ဒကဲ ကိုလည်ဆွဲ ချစေမည် အကြောင်း နက်ဖြန် သံတော်ဦး တင်လော့။ ထိုနောက်မှစိတ်ရွှင်လန်း လျက် ရှင်ဘုရင် နှင့်အတူ ပွဲ သို့ ဝင် လော့ဟု ပြောဆိုသောစကား ကို ဟာမန်သည် နှစ်သက် ၍၊ လည်ဆွဲ ချတိုင်ကို လုပ် စေ၏။
၁၄ထို့အခါသူ၏ဇနီးနှင့်မိတ်ဆွေအပေါင်း တို့ကသူ့အား``ခုနစ်ဆယ့်ငါးပေမြင့်သည့် လည်ဆွဲတိုင်ကိုစိုက်ထူစေပါလော့။ မော်ဒကဲ အားထိုလည်ဆွဲတိုင်တွင်တင်၍သတ်ရန် နက် ဖြန်နံနက်၌မင်းကြီးအားလျှောက်ထားပါ လော့။ ထိုနောက်ပျော်ရွှင်စွာညစာစားပွဲသို့ သွားနိုင်ပါလိမ့်မည်'' ဟုအကြံပေးကြ၏။ ဟာမန်သည်ထိုအကြံကိုနှစ်သက်သဖြင့် လည်ဆွဲတိုင်ကိုစိုက်ထူစေ၏။