< ဧ​သ​တာ 5 >

1 သုံး ရက်မြောက်သောနေ့ ၌ ၊ ဧသတာ သည် မိဖုရား အဝတ်တန်ဆာကို ဝတ်ဆင် ၍ ၊ နန်းတော်အဆောင်မှတဘက်တချက် ၊ နန်းတော် အတွင်း တန်တိုင်း ထဲ မှာ ရပ် နေ၏။ ရှင် ဘုရင်သည် နန်းတော် တံခါး တစ်ဘက်တချက် ၊ နန်းတော် ထဲ ၊ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၏။
Now it came to pass on the third day, that Esther put on her royal apparel, and stood in the inner court of the king's house, opposite the king's house. And the king sat upon his royal throne in the royal house, opposite the entrance of the house.
2 မိဖုရား ဧသတာ သည် တန်တိုင်း တော်ထဲ မှာ ရပ် နေသည်ကို ရှင်ဘုရင် မြင် လျှင် ၊ နူးညွတ် သောစိတ်ရှိ၍ လက် တော်၌ ပါသော ရွှေ ရာဇ လှံတံကို၊ ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ချဉ်းကပ် ၍ ရာဇ လှံတံတော်အထွဋ် ကိုတို့ လေ၏။
And it was so, when the king saw Esther the queen standing in the court, that she obtained favor in his sight, and the king held out to Esther the golden scepter that was in his hand. So Esther drew near, and touched the top of the scepter.
3 ရှင် ဘုရင်ကလည်း ၊ မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလိုရှိသနည်း။ အဘယ် ဆုကို တောင်း ချင် သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊
Then the king said to her, What will thou, queen Esther? And what is thy request? It shall be given thee even to the half of the kingdom.
4 ဧသတာ က၊ အရှင်မင်းကြီး အလို တော်ရှိလျှင် ၊ အရှင် မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ယနေ့ ကြွ တော်မူပါဟု လျှောက် သော်၊
And Esther said, If it seems good to the king, let the king and Haman come this day to the banquet that I have prepared for him.
5 ရှင် ဘုရင်က၊ ဧသတာ လျှောက် သည်အတိုင်း ပြု အံ့သောငှါ ၊ ဟာမန် သည် အလျင် အမြန်လာစေဟု မိန့် တော်မူသဖြင့် ၊ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ရှင်ဘုရင် ကြွ တော်မူ၏။
Then the king said, Cause Haman to make haste that it may be done as Esther has said. So the king and Haman came to the banquet that Esther had prepared.
6 တဖန် စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က၊ သင်သည် အဘယ်သို့အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ် ဆုကို တောင်း ချင်သနည်း။ တောင်း သမျှကိုနိုင်ငံ တော်တဝက် တိုင်အောင် ငါပေး မည် ဟု ဧသတာ အား မိန့် တော်မူလျှင်၊
And the king said to Esther at the banquet of wine, What is thy petition? And it shall be granted thee. And what is thy request? Even to the half of the kingdom it shall be performed.
7 ဧသတာ က၊ ကျွန်တော် မအလို ရှိ၍ ကျွန်တော် မ တောင်း ချင်သော ဆုဟူမူကား ၊
Then Esther answered, and said, My petition and my request is,
8 ကျွန်တော်မကို အရှင်မင်းကြီး ၏စိတ် နှင့် တွေ့ တော်မူလျှင် ၎င်း ၊ ကျွန်တော်မအလို ရှိ၍ ကျွန်တော် မတောင်း ချင်သောဆုကို ပေး သနားခြင်းငှါ အရှင်မင်းကြီးအလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ အရှင် မင်းကြီးသည် ဟာမန် နှင့်တကွ တဖန်ကြွ တော်မူပါ။ အမိန့် တော်ရှိသည်အတိုင်း နက်ဖြန် နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက် လေ၏။
if I have found favor in the sight of the king, and if it please the king to grant my petition, and to perform my request, let the king and Haman come to the banquet that I shall prepare for them, and I will do tomorrow as the king has said.
9 ထို နေ့ ၌ ဟာမန် သည် ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် ထွက် သွားသော်လည်း ၊ နန်းတော်တံခါးဝ မှာ မော်ဒကဲ သည် ရိုသေစွာမ ထ ၊ အလျှင်းမ လှုပ် ဘဲနေသည် ကို မြင် သောအခါ ၊ မော်ဒကဲ ကို အလွန်အမျက် ထွက် လေ၏။
Then Haman went forth that day joyful and glad of heart. But when Haman saw Mordecai in the king's gate, that he did not stand up nor move for him, he was filled with wrath against Mordecai.
10 ၁၀ သို့ရာတွင် မိမိစိတ်ကို ချုပ်တည်း လျက်သွား ၍ ၊ မိမိ အိမ် သို့ ရောက် သောအခါ ၊ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ် ပြီးလျှင်၊
Nevertheless Haman restrained himself, and went home, and he sent and fetched his friends and Zeresh his wife.
11 ၁၁ မိမိ ဘုန်း စည်းစိမ် ကြီးကြောင်း၊ သား သမီးများ ကြောင်း၊ ရှင်ဘုရင်အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
And Haman recounted to them the glory of his riches, and the multitude of his sons, and all the things in which the king had promoted him, and how he had advanced him above the rulers and servants of the king.
12 ၁၂ မိဖုရား ဧသတာ သည် မိမိပြင်ဆင် သော ပွဲ သို့ ငါ မှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင် နှင့်အတူ မ ဝင် စေ။ နက်ဖြန် နေ့၌ လည်း ရှင်ဘုရင် နှင့်အတူ ငါ့ ကို ဘိတ် ပြန်၏။
Haman said moreover, Yea, Esther the queen let no man come in with the king to the banquet that she had prepared but myself, and tomorrow also I am invited by her together with the king.
13 ၁၃ သို့ရာတွင် ၊ ယုဒ လူမော်ဒကဲ သည် နန်းတော်တံခါးဝ မှာ ထိုင် လျက်ရှိသည်ကို ငါ မြင် ရသည် ကာလ ပတ်လုံး ၊ ယခု ဘော်ပြသမျှ တို့သည် ငါ ၌ ကျေးဇူးမ ရှိဟု ဆို ၏။
Yet all this avails me nothing so long as I see Mordecai the Jew sitting at the king's gate.
14 ၁၄ ထိုအခါ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့က၊ အတောင် ငါးဆယ် မြင့် သော လည်ဆွဲချတိုင် ကိုစိုက် ပါစေ။ ထိုတိုင် ၌ မော်ဒကဲ ကိုလည်ဆွဲ ချစေမည် အကြောင်း နက်ဖြန် သံတော်ဦး တင်လော့။ ထိုနောက်မှစိတ်ရွှင်လန်း လျက် ရှင်ဘုရင် နှင့်အတူ ပွဲ သို့ ဝင် လော့ဟု ပြောဆိုသောစကား ကို ဟာမန်သည် နှစ်သက် ၍၊ လည်ဆွဲ ချတိုင်ကို လုပ် စေ၏။
Then Zeresh his wife and all his friends said to him, Let a gallows be made fifty cubits high, and in the morning speak thou to the king that Mordecai may be hanged on it. Then go thou in merrily with the king to the banquet. And the thing pleased Haman, and he caused the gallows to be made.

< ဧ​သ​တာ 5 >