< ဧ​သ​တာ 4 >

1 ထို အမှုရှိသမျှ ကို မော်ဒကဲ သိ သောအခါ ၊ မိမိ အဝတ် ကိုဆုတ် ၍ ပြာ နှင့်လူးလျက် ၊ လျှော်တေ အဝတ်ကို ဝတ် လျက် ၊ မြို့ အလယ် သို့ သွား ၍ ကြီးကျယ် သောအသံ နှင့် ငိုကြွေး လေ၏။
Now when Mardochai had heard these things, he rent his garments, and put on sackcloth, strewing ashes on his head: and he cried with a loud voice in the street in the midst of the city, shewing the anguish of his mind.
2 လျှော်တေ အဝတ် ကိုဝတ်လျက် နန်းတော်တံခါး ထဲ သို့ အဘယ်သူ မျှမဝင် ရသောကြောင့် ၊ နန်းတော်တံခါး ရှေ့ မှာ ရပ် နေ၏။
And he came lamenting in this manner even to the gate of the palace: for no one clothed with sackcloth might enter the king’s court.
3 ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်တို့၌ ယုဒ လူတို့သည် အလွန် ညည်းတွား ခြင်း၊ အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းကိုပြု၍၊ လူများ တို့သည် ပြာ နှင့် လျှော်တေ အဝတ်၌ အိပ် ကြ၏။
And in all provinces, towns, and places, to which the king’s cruel edict was come, there was great mourning among the Jews, with fasting, wailing, and weeping, many using sackcloth and ashes for their bed.
4 မော်ဒကဲအမှုကို ဧသတာ ၏ ကျွန် မတို့နှင့် မိန်းမစိုး တို့သည် ကြားပြော သောအခါ ၊ မိဖုရား သည် အလွန် ဝမ်းနည်း လျက် ၊ မော်ဒကဲ ဝတ်သော လျှော်တေ ကို ပယ် ၍ အခြားသောအဝတ် ကို ဝတ် စေခြင်းငှါ ပေး လိုက် သော်လည်း ၊ မော်ဒကဲသည် မ ခံ မယူဘဲနေ၏။
Then Esther’s maids and her eunuchs went in, and told her. And when she heard it she was in a consternation: and she sent a garment, to clothe him, and to take away the sackcloth: but he would not receive it.
5 တဖန် ဧသတာ သည် ရှင်ဘုရင် အမိန့်တော်နှင့် ခစား သော မိန်းမစိုး ဟာတက် ကို ခေါ် ၍ ၊ အဘယ် အမှုရှိ သနည်း။ အဘယ်ကြောင့်ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေး စေခြင်းငှါ စေလွှတ် သည်အတိုင်း၊
And she called for Athach the eunuch, whom the king had appointed to attend upon her, and she commanded him to go to Mardochai, and learn of him why he did this.
6 ဟာတက် သည် မော်ဒကဲ ရှိ ရာ နန်းတော်တံခါး ရှေ့ ၊ မြို့ တော်လမ်း သို့ သွား ၍၊
And Athach going out went to Mardochai, who was standing in the street of the city, before the palace gate:
7 မော်ဒကဲ သည် မိမိ ၌ရောက် သော အမှုရှိသမျှ ကို ၎င်း၊ ဟာမန် သည် ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ငွေ မည်မျှကို ဘဏ္ဍာ တော်တိုက်ထဲ သို့ သွင်းပါမည်ဟု ဂတိ ထားကြောင်း ကို၎င်းကြားပြော လျက်၊
And Mardochai told him all that had happened, how Aman had promised to pay money into the king’s treasures, to have the Jews destroyed.
8 ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ရှုရှန် နန်းတော်၌ ထုတ် သော အမိန့် တော်စာလက်ခံ ကို ဧသတာ အား ပြ ဘို့ ပေး ၍ ၊ ဧသတာသည် မိမိ လူမျိုး အဘို့ တောင်း လျှောက် ခြင်းငှါ ၊ ရှင်ဘုရင် ထံ တော်သို့ဝင် ရမည်အကြောင်း မှာ လိုက် လေ၏။
He gave him also a copy of the edict which was hanging up in Susan, that he should shew it to the queen, and admonish her to go in to the king, and to entreat him for her people.
9 ဟာတက် သည်လည်းလာ ၍ မော်ဒကဲ စကား ကို ဧသတာ အား ပြန်ပြော ၏။
And Athach went back and told Esther all that Mardochai had said.
10 ၁၀ တဖန် ဧသတာ သည် ဟာတက် အားဖြင့် ၊ မော်ဒကဲ ကို မှာ လိုက်သည်ကား၊
She answered him, and bade him say to Mardochai:
11 ၁၁ ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ရှင်ဘုရင်ခေါ် တော်မ မူဘဲ အတွင်း တန်တိုင်း ၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မိသောသူ သည် အသက် ချမ်းသာရမည်အကြောင်း ၊ ရွှေ ရာဇ လှံတံကို ကမ်း တော်မမူလျှင်၊ အမှန်သေ ရမည် အကြောင်း အမိန့် တော်ရှိသည်ကို၊ ရှင်ဘုရင် ၏ ကျွန် တော်မျိုးများနှင့် နိုင်ငံ တော်ပြည်သူ ပြည်သားများအပေါင်း တို့ သည် သိ ကြ၏။ အကျွန်ုပ် ကိုကား အရက် သုံးဆယ် ပတ်လုံး၊ ရှင်ဘုရင် ထံ တော်သို့ ခေါ် တော်မ မူဟု၊
All the king’s servants, and all the provinces that are under his dominion, know, that whosoever, whether man or woman, cometh into the king’s inner court, who is not called for, is immediately to be put to death without any delay: except the king shall hold out the golden sceptre to him, in token of clemency, that so he may live. How then can I go in to the king, who for these thirty days now have not been called unto him?
12 ၁၂ ဧသတာ စကား ကို မော်ဒကဲ အား ပြန်ပြော သောအခါ ၊ မော်ဒကဲ က၊ အခြားသော ယုဒ လူ အသက်မလွတ် လျှင်၊
And when Mardochai had heard this,
13 ၁၃ နန်းတော် ၌နေသော်လည်းသင့်အသက်လွတ် မည်ဟု မ ထင် နှင့်။
He sent word to Esther again, saying: Think not that thou mayst save thy life only, because thou art in the king a house, more than all the Jews:
14 ၁၄ ယခု ကာလ သင်သည်တိတ်ဆိတ် စွာနေလျှင် ၊ သင် နှင့် သင် ၏ အဆွေ အမျိုးသည် ပျက်စီး ၍ ၊ ယုဒ လူတို့ အသက်ရှင်ခြင်း၊ ကယ်တင် ခြင်း အကြောင်းတစုံတခုပေါ် လိမ့်မည်။ ယခု အမှုကိုဆောင်ဘို့ရာသင်သည် မိဖုရား အရာကိုရ သည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာ အား ပြန် ပြောစေခြင်းငှါ မှာ လိုက်၏။
For if thou wilt now hold thy peace, the Jews shall be delivered by some other occasion: and thou, and thy father’s house shall perish. And who knoweth whether thou art not therefore come to the kingdom, that thou mightest be ready in such a time as this?
15 ၁၅ ဧသတာ ကလည်း ၊ ရှုရှန် မြို့၌ ရှိသောယုဒ လူအပေါင်း တို့ကို စုဝေး စေခြင်းငှါသွား ပါ။
And again Esther sent to Mardochai in these words:
16 ၁၆ နေ့ ညဉ့် မပြတ် သုံး ရက် ပတ်လုံးမ စား မ သောက် ဘဲနေ၍၊ အကျွန်ုပ် အဘို့ အစာရှောင် ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ် သည် လည်း ကျွန် မတို့နှင့်တကွ အစာရှောင် ခြင်းအကျင့်ကို ကျင့်ပါမည်။
Go, and gather together all the Jews whom thou shalt find in Susan, and pray ye for me. Neither eat nor drink for three days and three nights: and I with my handmaids will fast in like manner, and then I will go in to the king, against the law, not being called, and expose myself to death and to danger.
17 ၁၇ ထိုနောက်အာဏာ တော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မည်။ သေ လျှင် အသေခံ ပါမည်ဟု မော်ဒကဲ အား ပြန် ပြောစေခြင်းငှါ မှာ လိုက် သမျှ အတိုင်း ၊ မော်ဒကဲ သည် သွား ၍ ပြု လေ၏။
So Mardochai went, and did all that Esther had commanded him.

< ဧ​သ​တာ 4 >