< ဧသတာ 4 >
1 ၁ ထို အမှုရှိသမျှ ကို မော်ဒကဲ သိ သောအခါ ၊ မိမိ အဝတ် ကိုဆုတ် ၍ ပြာ နှင့်လူးလျက် ၊ လျှော်တေ အဝတ်ကို ဝတ် လျက် ၊ မြို့ အလယ် သို့ သွား ၍ ကြီးကျယ် သောအသံ နှင့် ငိုကြွေး လေ၏။
Now when Mordecai saw what was done, pulling off his robe, he put on haircloth, with dust on his head, and went out into the middle of the town, crying out with a loud and bitter cry.
2 ၂ လျှော်တေ အဝတ် ကိုဝတ်လျက် နန်းတော်တံခါး ထဲ သို့ အဘယ်သူ မျှမဝင် ရသောကြောင့် ၊ နန်းတော်တံခါး ရှေ့ မှာ ရပ် နေ၏။
And he came even before the king's doorway; for no one might come inside the king's door clothed in haircloth.
3 ၃ ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်တို့၌ ယုဒ လူတို့သည် အလွန် ညည်းတွား ခြင်း၊ အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းကိုပြု၍၊ လူများ တို့သည် ပြာ နှင့် လျှော်တေ အဝတ်၌ အိပ် ကြ၏။
And in every part of the kingdom, wherever the king's word and his order came, there was great sorrow among the Jews, and weeping and crying and going without food; and numbers of them were stretched on the earth covered with dust and haircloth.
4 ၄ မော်ဒကဲအမှုကို ဧသတာ ၏ ကျွန် မတို့နှင့် မိန်းမစိုး တို့သည် ကြားပြော သောအခါ ၊ မိဖုရား သည် အလွန် ဝမ်းနည်း လျက် ၊ မော်ဒကဲ ဝတ်သော လျှော်တေ ကို ပယ် ၍ အခြားသောအဝတ် ကို ဝတ် စေခြင်းငှါ ပေး လိုက် သော်လည်း ၊ မော်ဒကဲသည် မ ခံ မယူဘဲနေ၏။
And Esther's women and her servants came and gave her word of it. Then great was the grief of the queen: and she sent robes for Mordecai, so that his clothing of haircloth might be taken off; but he would not have them.
5 ၅ တဖန် ဧသတာ သည် ရှင်ဘုရင် အမိန့်တော်နှင့် ခစား သော မိန်းမစိုး ဟာတက် ကို ခေါ် ၍ ၊ အဘယ် အမှုရှိ သနည်း။ အဘယ်ကြောင့်ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေး စေခြင်းငှါ စေလွှတ် သည်အတိုင်း၊
Then Esther sent for Hathach, one of the king's unsexed servants whom he had given her for waiting on her, and she gave him orders to go to Mordecai and see what this was and why it was.
6 ၆ ဟာတက် သည် မော်ဒကဲ ရှိ ရာ နန်းတော်တံခါး ရှေ့ ၊ မြို့ တော်လမ်း သို့ သွား ၍၊
So Hathach went out and saw Mordecai in the open square of the town before the king's doorway.
7 ၇ မော်ဒကဲ သည် မိမိ ၌ရောက် သော အမှုရှိသမျှ ကို ၎င်း၊ ဟာမန် သည် ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ငွေ မည်မျှကို ဘဏ္ဍာ တော်တိုက်ထဲ သို့ သွင်းပါမည်ဟု ဂတိ ထားကြောင်း ကို၎င်းကြားပြော လျက်၊
And Mordecai gave him an account of what had taken place, and of the amount of money which Haman had said he would put into the king's store for the destruction of the Jews.
8 ၈ ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ရှုရှန် နန်းတော်၌ ထုတ် သော အမိန့် တော်စာလက်ခံ ကို ဧသတာ အား ပြ ဘို့ ပေး ၍ ၊ ဧသတာသည် မိမိ လူမျိုး အဘို့ တောင်း လျှောက် ခြင်းငှါ ၊ ရှင်ဘုရင် ထံ တော်သို့ဝင် ရမည်အကြောင်း မှာ လိုက် လေ၏။
And he gave him the copy of the order which had been given out in Shushan for their destruction, ordering him to let Esther see it, and to make it clear to her; and to say to her that she was to go in to the king, requesting his mercy, and making prayer for her people.
9 ၉ ဟာတက် သည်လည်းလာ ၍ မော်ဒကဲ စကား ကို ဧသတာ အား ပြန်ပြော ၏။
And Hathach came back and gave Esther an account of what Mordecai had said.
10 ၁၀ တဖန် ဧသတာ သည် ဟာတက် အားဖြင့် ၊ မော်ဒကဲ ကို မှာ လိုက်သည်ကား၊
Then Esther sent Hathach to say to Mordecai:
11 ၁၁ ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ရှင်ဘုရင်ခေါ် တော်မ မူဘဲ အတွင်း တန်တိုင်း ၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မိသောသူ သည် အသက် ချမ်းသာရမည်အကြောင်း ၊ ရွှေ ရာဇ လှံတံကို ကမ်း တော်မမူလျှင်၊ အမှန်သေ ရမည် အကြောင်း အမိန့် တော်ရှိသည်ကို၊ ရှင်ဘုရင် ၏ ကျွန် တော်မျိုးများနှင့် နိုင်ငံ တော်ပြည်သူ ပြည်သားများအပေါင်း တို့ သည် သိ ကြ၏။ အကျွန်ုပ် ကိုကား အရက် သုံးဆယ် ပတ်လုံး၊ ရှင်ဘုရင် ထံ တော်သို့ ခေါ် တော်မ မူဟု၊
It is common knowledge among all the king's servants and the people of every part of the kingdom, that if anyone, man or woman, comes to the king in his inner room without being sent for, there is only one law for him, that he is to be put to death; only those to whom the king's rod of gold is stretched out may keep their lives: but I have not been sent for to come before the king these thirty days.
12 ၁၂ ဧသတာ စကား ကို မော်ဒကဲ အား ပြန်ပြော သောအခါ ၊ မော်ဒကဲ က၊ အခြားသော ယုဒ လူ အသက်မလွတ် လျှင်၊
And they said these words to Mordecai.
13 ၁၃ နန်းတော် ၌နေသော်လည်းသင့်အသက်လွတ် မည်ဟု မ ထင် နှင့်။
Then Mordecai sent this answer back to Esther: Do not have the idea that you in the king's house will be safe from the fate of all the Jews.
14 ၁၄ ယခု ကာလ သင်သည်တိတ်ဆိတ် စွာနေလျှင် ၊ သင် နှင့် သင် ၏ အဆွေ အမျိုးသည် ပျက်စီး ၍ ၊ ယုဒ လူတို့ အသက်ရှင်ခြင်း၊ ကယ်တင် ခြင်း အကြောင်းတစုံတခုပေါ် လိမ့်မည်။ ယခု အမှုကိုဆောင်ဘို့ရာသင်သည် မိဖုရား အရာကိုရ သည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာ အား ပြန် ပြောစေခြင်းငှါ မှာ လိုက်၏။
If at this time you say nothing, then help and salvation will come to the Jews from some other place, but you and your father's family will come to destruction: and who is to say that you have not come to the kingdom even for such a time as this?
15 ၁၅ ဧသတာ ကလည်း ၊ ရှုရှန် မြို့၌ ရှိသောယုဒ လူအပေါင်း တို့ကို စုဝေး စေခြင်းငှါသွား ပါ။
Then Esther sent them back to Mordecai with this answer:
16 ၁၆ နေ့ ညဉ့် မပြတ် သုံး ရက် ပတ်လုံးမ စား မ သောက် ဘဲနေ၍၊ အကျွန်ုပ် အဘို့ အစာရှောင် ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ် သည် လည်း ကျွန် မတို့နှင့်တကွ အစာရှောင် ခြင်းအကျင့်ကို ကျင့်ပါမည်။
Go, get together all the Jews who are present in Shushan, and go without food for me, taking no food or drink night or day for three days: and I and my women will do the same; and so I will go in to the king, which is against the law: and if death is to be my fate, then let it come.
17 ၁၇ ထိုနောက်အာဏာ တော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မည်။ သေ လျှင် အသေခံ ပါမည်ဟု မော်ဒကဲ အား ပြန် ပြောစေခြင်းငှါ မှာ လိုက် သမျှ အတိုင်း ၊ မော်ဒကဲ သည် သွား ၍ ပြု လေ၏။
So Mordecai went away and did everything as Esther had said.