< ဧ​သ​တာ 3 >

1 ထို နောက်မှရှင်ဘုရင် အာရွှေရု သည်အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် ကို ချီးမြှောက် ၍၊ အထံတော်၌ ရှိသော မှူးမတ် အပေါင်း တို့ထက် သာ၍မြင့်မြတ် သော နေရာ ကို ပေး တော်မူ၏။
After these events King Ahasuerus promoted Haman the son of Hammedatha the Agagite, and advanced him to a place above all the officials who were with him.
2 နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် အပေါင်း တို့သည်၊ အမိန့် တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချ ရှိခိုးကြ၏။ မော်ဒကဲ မူကား ဦး မ ချ၊ ရှိ မ ခိုး။
All the king’s courtiers who were in the king’s gate used to bow down before Haman, for so the king had commanded, but Mordecai did not bow down nor prostrate himself.
3 နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် တို့က၊ သင် သည် ရှင်ဘုရင် အမိန့် တော်ကို အဘယ်ကြောင့် ငြင်းဆန် သနည်းဟု နေ့တိုင်း မော်ဒကဲ အား မေးမြန်း သတိပေးသော်လည်း၊
Then the king’s courtiers, who were in the king’s gate, said to Mordecai, “Why do you disobey the king’s command?”
4 မော်ဒကဲက၊ ငါသည် ယုဒ လူဖြစ် သည်ဟု ပြန်ပြော ၍၊ သူ တို့ စကားကို နား မ ထောင်သောကြောင့် ၊ သူတို့ သည် မော်ဒကဲ စကား တည်မည် မတည်မည်ကို သိ လို သောငှါ ၊ ဟာမန် အား ကြားပြော ကြ၏။
When they had spoken to him day after day without his listening to them, they informed Haman, to see whether Mordecai’s acts would be tolerated, for he had told them that he was a Jew.
5 ထိုသို့ မော်ဒကဲ သည် ဦး မ ချ၊ ရှိ မခိုးဘဲ နေ ကြောင်း ကို ဟာမန် သိမြင် သောအခါ ၊ အလွန်အမျက် ထွက် ၍ ၊
When Haman saw that Mordecai did not bow down nor prostrate himself before him, he was furious.
6 သူတို့သည် မော်ဒကဲ အမျိုး ကို ဘော်ပြ သောကြောင့် ၊ မော်ဒကဲ တယောက် တည်းကို ကွပ်မျက် လျှင် ၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲ အမျိုးသား ချင်းတည်းဟူသောအာရွှေရု နိုင်ငံ အရပ်ရပ် ၌ ရှိသော ယုဒ လူအပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ရှာကြံ လေ၏။
But it seemed to him beneath his dignity to lay hands on Mordecai alone, for they had told him who Mordecai’s people were. Instead Haman sought to destroy all the people of Mordecai, all the Jews throughout the kingdom of Ahasuerus.
7 ထိုကြောင့်အာရွှေရု နန်းစံဆယ် နှစ် နှစ် ၊ နိသန် အမည်ရှိသောပဌမ လ တွင် ၊ နေ့ ရက်အစဉ်၊ လ အစဉ် အတိုင်းလိုက်၍၊ အာဒါ အမည် ရှိသောဒွါဒသမ လ တိုင်အောင်၊ ဟာမန် ရှေ့ မှာ ပုရ စာရေးတံ ချကြ၏။
In the first month (the month of Nisan) in the twelfth year of the reign of King Ahasuerus, Haman had ‘pur’ (which means ‘lot’) cast before him to determine the best day and best month for his actions. The lot fell on the thirteenth day of the twelfth month – the month of Adar.
8 တဖန် ဟာမန် သည် ရှင်ဘုရင် အာရွှေရု ထံ တော် သို့ဝင်၍၊ အခြားတပါး သော လူမျိုး အပေါင်း တို့နှင့် ကျင့် ရာ ထုံးတမ်းမ တူ၊ အရှင်မင်းကြီး စီရင် တော်မူချက်တို့ကို နား မ ထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သားအမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသောလူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။
So Haman said to King Ahasuerus, “There is a certain people scattered among the peoples in all the provinces of your kingdom, whose laws differ from those of every other and who do not keep the king’s laws. Therefore it is not right for the king to tolerate them.
9 ကိုယ်တော် သဘော တူလျှင် ထို အမျိုးကို ဖျက်ဆီး စေဟု အမိန့် ရှိတော်မူပါ။ ထိုအမှု ကို ဆောင်ရွက် သောသူတို့ သည် ဘဏ္ဍာ တော်တိုက်ထဲ သို့ ငွေ အခွက် တသိန်း ကို သွင်း စေခြင်းငှါ ၊ ကျွန်တော်အပ် ပေးပါမည် ဟု လျှောက်လေ၏။
If it seems best to the king, let an order be given to destroy them, and I will pay ten thousand silver coins into the royal treasury.”
10 ၁၀ ရှင်ဘုရင် ကလည်း ၊ ထိုငွေကို သင့်အားငါပေး၏။
So the king took off his signet ring from his hand and gave it to Haman son of Hammedatha the Agagite, the enemy of the Jews.
11 ၁၁ ထိုလူမျိုး ကိုလည်း သင် သည် ပြု ချင်သမျှ ပြု ရသော အခွင့်ရှိစေခြင်းငှါ၊ သင် ၌ငါအပ် သည်ဟု လက်စွပ် တော်ကိုချွတ် ၍ ယုဒ အမျိုး၏ ရန်သူ ဖြစ်သော အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် အား ပေး တော်မူ၏။
“The money is yours,” the king said to Haman, “and the people also to do with them as you wish.”
12 ၁၂ ထိုအခါ ပဌမ လ တဆယ် သုံး ရက် နေ့တွင် ၊ စာရေး တော်ကြီးတို့ကို ခေါ် ၍ ကိုယ်စားတော်မင်း ၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန် မှာ ထားသမျှ အတိုင်း ၊ လူ အမျိုးမျိုးပြောသော စကား အသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု ၏ အမိန့် တော်ကို စာကိုရေး ၍ ၊ ရှင်ဘုရင် ၏ လက်စွပ် တော်နှင့် တံဆိပ် ခတ်လေ၏။
And so, on the thirteenth day of the first month, the king’s secretaries were summoned and as Haman instructed an edict was issued to the king’s satraps and provincial governors and the rulers of each of the peoples in their own script and their own language. The edict was written in the name of King Ahasuerus and sealed with his ring.
13 ၁၃ အာဒါ အမည်ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ ယုဒ လူအကြီး အငယ် မိန်းမ ကလေး ရှိ ရှိသမျှတို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍ ၊ သူ တို့ဥစ္စာ ကို လုယူ သိမ်းရုံးစေ ခြင်းငှါ၊ အမိန့်တော် စာ ကို စာပို့ လုလင်တို့ဖြင့် နိုင်ငံ တော်အပြည် ပြည်သို့ ပေး လိုက် လေ၏။
Dispatches were sent by couriers to all the king’s provinces, saying: Destroy, kill, put an end to all the Jews, young and old, little children and women, on the thirteenth day of the twelfth month, and plunder their possessions.
14 ၁၄ ဤရွေ့ကား၊ လူ အမျိုးမျိုး တို့သည် ထို နေ့ ရက်တွင် အသင့် ရှိစေခြင်းငှါ ၊ အတိုင်း တိုင်းအပြည်ပြည်၌ ကြော်ငြာ ရ သော အမိန့်တော် စာ ချက်ဖြစ်သတည်း။
A copy of the edict was to be published as a decree in every province – publicly displayed so that everyone might be ready for that day.
15 ၁၅ ရှုရှန် နန်းတော် ၌ ထိုအမိန့်တော်စာ ကို ကြော်ငြာ ပြီးမှ၊ ရှင်ဘုရင် စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။ ရှင်ဘုရင် နှင့် ဟာမန် သည် စပျစ်ရည်သောက် ပွဲ၌ ထိုင် ၍၊ ရှုရှန် မြို့ တော်သည် ဆင်းရဲ ခြင်းသို့ ရောက်သတည်း။
By command of the king the couriers raced off, and the edict was published in Susa itself. Then the king and Haman sat down to drink, but the city of Susa was in turmoil.

< ဧ​သ​တာ 3 >