< ဧသတာ 2 >
1 ၁ တဖန် ရှင်ဘုရင် အာရွှေရု သည် စိတ် တော်ပြေ သောအခါ ၊ ဝါရှိတိ ကို၎င်း ၊ သူပြု သောအမှုနှင့် သူ့ တစ်ဘက် ၌စီရင်သော အမှု ကို၎င်း အောက်မေ့ တော်မူ၏။
Después de estas cosas, cuando los sentimientos del rey estaban más tranquilos, el pensamiento de Vasti y lo que ella había hecho y la orden que él había hecho contra ella volvieron a su mente.
2 ၂ အထံတော်၌ ခစား သော ကျွန် တော်တို့ကလည်း ၊ အဆင်း လှ သော သမီးကညာ တို့ကို အရှင်မင်းကြီး အဘို့ ရှာ ရပါမည်အကြောင်းအခွင့်ပေးတော်မူပါ။
Entonces los siervos que le ministraban al rey le dijeron: Buscaremos algunas vírgenes jóvenes y hermosas para el rey.
3 ၃ အဆင်း လှ သော သမီးကညာ အပေါင်း တို့ကို ရှုရှန် နန်းတော် တွင် အပျို တော်နေရာသို့ စုဝေး စေ၍ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ်ဟေဂဲ ၌ အပ်စေခြင်းငှါ၊ နိုင်ငံ တော်အတိုင်း တိုင်း အပြည်ပြည် မင်း အရာရှိ တို့ကို ခန့် ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။
De el rey autoridad a ciertos hombres en todas las divisiones de su reino, para reunir a todas las jóvenes vírgenes y enviarlas a Susa, la ciudad del rey, a la casa de las mujeres, bajo el cuidado de Hegai, el siervo del rey, el guardián de las mujeres, y que las cosas necesarias para limpiarlas le sean dadas;
4 ၄ နှစ်သက် တော်မူသောသမီးကညာ ကို မိဖုရား ဝါရှတိ အရာ ၌ ခန့် ထားတော်မူပါဟု လျှောက်သော စကား ကို ရှင်ဘုရင် နှစ်သက် ၍ ထိုသို့ စီရင် တော်မူ၏။
Y la muchacha que agrada al rey sea reina en lugar de Vasti. Y el rey estaba satisfecho con esta sugerencia; y así lo hizo.
5 ၅ ထိုကာလတွင် ရှုရှန် မြို့တော်၌ ၊ ဗင်္ယာမိန် အမျိုး ကိရှ ၊ ရှိမိ ၊ ယာဣရ တို့မှ ဆင်းသက်သော မော်ဒကဲ အမည် ရှိသောယုဒ လူ တယောက်ရှိ ၏။
En Susa había un cierto judío llamado Mardoqueo, hijo de Jair, hijo de Simei, hijo de Cis, benjamita;
6 ၆ ထိုသူသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်း သွားသော ယုဒ ရှင်ဘုရင် ယေခေါနိ မှစ၍ ၊ ဘမ်းဆီး သိမ်း သွားခြင်းကို ခံရသောလူစု၌ ပါသတည်း။
Quien fue sacado de Jerusalén entre los que habían sido hechos prisioneros con Jeconías, rey de Judá, cuando Nabucodonosor, rey de Babilonia, se lo había llevado.
7 ၇ ထိုသူသည် အထွေးသမီး ဟဒဿ တည်းဟူသော ဧသတာ ကို မွေးမြူ ၏။ ထိုသတို့သမီးသည် မိဘ မ ရှိ၊ ပုံပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ ၏။ မိဘ သေ သောအခါ ၊ မော်ဒကဲ သည် ယူ ၍ ကိုယ် သမီး ကဲ့သို့ မှတ်သတည်း။
Y él había sido un padre para Hadasa, es decir, Ester, la hija del hermano de su padre; porque no tenía padre ni madre, y ella era muy hermosa; y cuando su padre y su madre murieron, Mardoqueo la tomó por su hija.
8 ၈ ရှင်ဘုရင် အမိန့် တော်ကိုထုတ်၍ ကျော်သောအခါ ၊ အပျို များတို့ကို ရှုရှန် နန်းတော် သို့ စုဝေး စေ၍ ၊ မိန်းမစိုးဟေဂဲ ၌ အပ်ရာတွင်၊ ဧသတာ ကိုလည်း နန်းတော် သို့ ခေါ် ဆောင်၍ ဟေဂဲ ၌ အပ်ကြ၏။
Entonces, cuando se dio a conocer públicamente la orden del rey y se puso a varias jóvenes al cuidado de Hegai en la casa del rey en Susa, se llevó a Ester a la casa del rey y se la puso al cuidado de Hegai, guardián de las mujeres.
9 ၉ ဧသတာသည် ဟေဂဲ စိတ် နှင့်တွေ့၍ မျက်နှာ ရသဖြင့် ၊ ဟေဂဲသည် စင်ကြယ် စေသော ဆေးမျိုးနှင့် ပေး ရသောအဝတ် အစားကို အလျင် အမြန်ပေး၏။ နန်းတော် ၌ ရွေး ကောက်သော ကျွန် မခုနစ် ယောက် တို့ကိုလည်းပေး ၍ ၊ ဧသတာ နှင့် သူ ၏ကျွန် မတို့ကို အပျိုတော်နန်း တွင် အမြတ် ဆုံးသောနေရာ၌ ချီးမြှောက်လေ၏။
Y él estaba contento con la muchacha y era amable con ella; y él rápidamente le dio a ella lo que se necesitaba para limpiarla, y las cosas que eran suyas por derecho, y siete criadas que serían suyas en la casa del rey. Y él hizo que ella y sus criadas fueran trasladadas al mejor lugar de la casa de las mujeres.
10 ၁၀ ဧသတာ သည် မိမိ အမျိုး နှင့် မိမိ ဆွေညာ တကာကို မ ဘော် မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မ ဘော် မပြဘဲ နေ၏။
Ester no había dicho de qué familia o gente venía, ya que Mardoqueo le había ordenado que no lo hiciera.
11 ၁၁ ဧသတာ သည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ ၌ အဘယ်သို့ ပြု ကြလိမ့်မည်ကို၎င်း၊ မော်ဒကဲ သည် သိ ခြင်းငှါ အပျိုတော်နန်း ဝင်း ရှေ့ မှာ နေ့ တိုင်းသွား လာ၏။
Y todos los días, Mardoqueo se paseaba por la plaza de la casa de las mujeres para ver cómo estaba Ester y como la trataban.
12 ၁၂ ထိုအပျိုတော်တို့ ထုံးစံ အတိုင်း ၊ တနှစ် စေ့ သောအခါ တယောက်နောက်တယောက် အလှည့် သင့်သည် အတိုင်း ၊ ရှင်ဘုရင် အာရွှေရု ထံ သို့ ဝင် ရ၏။ ခြောက် လ ပတ်လုံးမုရန် ဆီ ၊ ခြောက် လ ပတ်လုံးနံ့သာ မျိုးအစရှိ သော စင်ကြယ် စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ် ခြင်းအမှုသည် ပြီး သည် တိုင်အောင် ထိုမျှကာလ ကိုလွန် စေရ၏။
Ahora, cuando llegaba su turno, todas las chicas tenían que ir al rey Asuero, después de pasar por un período de doce meses, lo que la ley ordenaba para las mujeres porque este era el tiempo necesario para embellecerlas; purificación, es decir, seis meses con aceite de mirra y seis meses con perfumes dulces y las cosas que se necesitan para embellecer a las mujeres.
13 ၁၃ ထိုနောက်မှအပျို တော်သည် ရှင်ဘုရင် ထံ သို့ဝင် ချိန်ရောက်သောအခါ ၊ အလို ရှိသမျှ တို့ကို တောင်း၍၊ အပျိုတော်နန်း မှ ရှင်ဘုရင် နန်းတော် သို့ ယူ သွားရ၏။
Y así entró la muchacha al rey; todo lo que ella deseaba se le daba para que la llevara de la casa de las mujeres a la casa del rey.
14 ၁၄ ည ဦးအချိန်၌ ဝင် ၍ နံနက် အချိန်၌ နန်းတော်မိန်းမစိုး ၊ မောင်းမမိဿံ အုပ် ၊ ရှာရှဂါဇ စောင့် ဒုတိယ မိန်းမနန်း သို့ ပြန် ရ၏။ ရှင်ဘုရင် ချစ် ၍ နာမည် အားဖြင့် ခေါ် တော်မမူလျှင် နောက် တဖန် အထံတော်သို့ မ ဝင် ရ။
Por la tarde ella iba al palacio, y al día siguiente regresó a la segunda casa de las mujeres, a la custodia de Saasgaz, uno de los sirvientes del rey que cuidaba a las concubinas del rey: solo si El rey se deleitó en ella y la llamaba por su nombre.
15 ၁၅ မိမိ သမီး ကဲ့သို့ မော်ဒကဲ မွေးမြူ သော ဘထွေး အဘိဟဲလ သမီး ဧသတာ သည် အလှည့် သင့်၍၊ ရှင်ဘုရင် ထံ သို့ဝင် ရသောအခါ ၊ နန်းတော်မိန်းမစိုး ၊ အပျို တော်အုပ် ဟေဂဲ စီရင် သော အရာမှတပါး အဘယ် အရာကိုမျှ မ တောင်း ၊ ဧသတာ ကို တွေ့မြင် သမျှ သောသူတို့ သည် ချစ် တတ်ကြ၏။
Llegó el momento de que Ester, la hija de Abihail, el hermano de su padre, a quien Mardoqueo había tomado como su hija, para ingresar al rey, no pidió nada fuera de lo sugerido por Hegai, el sirviente y guardián del rey de las mujeres. Y a Ester la miraron con amabilidad todos los que la trataban.
16 ၁၆ ထိုသို့ ရှင်ဘုရင် အာရွှေရု သည် နန်းစံ ခုနစ် နှစ် ၊ တေဗက် အမည်ရှိသောဒသမ လ တွင် ၊ ဧသတာ ကို နန်းတော် ၌ သိမ်း တော်မူပြီးလျှင်၊
Entonces Ester fue llevada al rey Asuero en su casa en el décimo mes, que es el mes Tebet, en el séptimo año de su gobierno.
17 ၁၇ အခြားသော သမီး ကညာအပေါင်း တို့ထက် ဧသတာ သည် စိတ်တော်ကိုနူးညွတ် စေ၍ ၊ အထံ တော်၌ မျက်နှာ ရသဖြင့် ၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာ တို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ ခေါင်း ပေါ် မှာ ရာဇ သရဖူ ကိုတင် ၍ မိဖုရား ဝါရှတိ အရာ ၌ ချီးမြှောက် တော်မူ၏။
Ester era más agradable y él rey la amo más que a todas las mujeres, y para sus ojos era más bella y más llena de gracia que todas las demás vírgenes. Así que él le puso la corona en la cabeza y puso a su reina en lugar de Vasti.
18 ၁၈ ထိုအခါ ရှင် ဘုရင်သည် ဧသတာ ပွဲ ဟူ၍ကြီး သောပွဲ ကို မှူး တော်မတ်တော်ကျွန် တော်တို့အဘို့ လုပ် သဖြင့် ၊ နိုင်ငံ တော်တိုင်းပြည်တို့ကို မင်းမှုလွှတ် ၍ ၊ စည်းစိမ်တော်နှင့် လျော်စွာ ဆု ချတော်မူ၏။
Entonces el rey dio una gran fiesta para todos sus capitanes y sus siervos, en honor a Ester; y dio órdenes a través de todas las provincias de su reino para un día de descanso en el trabajo, y dio riqueza de su tesoro.
19 ၁၉ သမီး ကညာတို့သည် ဒုတိယ အချိန်၌ စုဝေး သောအခါ ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် ၏။
Y cuando las vírgenes se juntaron en la segunda casa de las mujeres, Mardoqueo se sentó en la puerta de la casa del rey.
20 ၂၀ ဧသတာ သည် မော်ဒကဲထံမွေးမြူ ခြင်းကိုခံ ၍ နေစဉ် အခါ၊ သူ ၏စကား ကို နားထောင်သည်နည်းတူ နားထောင် သေးသည်ဖြစ်၍၊ မော်ဒကဲ သတိ ပေးသည်အတိုင်း ၊ မိမိ အမျိုး ၊ မိမိ ဆွေညာ တကာတို့ကို မ ဘော် မပြဘဲနေ သတည်း။
Ester todavía no había dicho nada de su familia o de su gente, como Mardoqueo le había dado órdenes; porque Ester hizo lo que dijo Mardoqueo, como cuando vivía con él.
21 ၂၁ ထို ကာလ တွင် ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် စဉ် ၊ ဗိဂသန် နှင့် တေရက် တည်းဟူသောနန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု အားထုတ် ကြ၏။
En aquellos días, mientras Mardoqueo estaba sentado en la puerta del rey, dos de los eunucos del rey, Bigtan y Teres, los guardianes de la puerta, enojados, buscaban una oportunidad para atacar al Rey Asuero.
22 ၂၂ ထိုအမှုကို မော်ဒကဲ သိ ၍ မိဖုရား ဧသတာ အား ဘော်ပြ ၏။ ထိုသို့ မော်ဒကဲ ဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင် အား လျှောက် လေ၏။
Y Mardoqueo, conociendo su propósito, envió un mensaje al respecto a la reina Ester; y Ester le dio la noticia al rey en nombre de Mardoqueo.
23 ၂၃ ထိုအမှု ကို စစ်ကြော ၍ အမှန် သိသောအခါ ၊ ထိုသူ နှစ် ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲ ချပြီးမှ ၊ ရှင်ဘုရင် ရှေ့ ၊ နန်းတော်မှတ် စာ၌ ရေး မှတ်သတည်း။
Y cuando se examinó la cosa, se vio que era verdad, y los dos eunucos fueron colgados de una horca. Todo fue anotado en los registros ante el rey.