< ဧ​သ​တာ 10 >

1 ရှင်ဘုရင် အာရွှေရု သည်မြေကြီး ပေါ် ၌၎င်း၊ ပင်လယ် တွင်ရှိသောကျွန်း တို့ပေါ်၌၎င်း ၊ ငွေတော်ခွဲ ကြောင်း အစရှိသော၊
ရှင်ဘုရင် အာရွှေရုသည်မြေကြီးပေါ်၌၎င်း၊ ပင်လယ်တွင်ရှိသောကျွန်းတို့ပေါ်၌၎င်း၊ ငွေတော်ခွဲ ကြောင်း အစရှိသော၊
2 အာဏာ တန်ခိုးတော်နှင့် စီရင်သမျှ သောအမှု အရာများနှင့်တကွ ၊ ချီးမြှောက် တော်မူခြင်းကို ခံရသော မော်ဒကဲ ၏ ဘုန်း တန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ ၊ ပေရသိ ရာဇဝင် တို့၌ ရေး ထားလျက် ရှိ၏။
အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ၏ ဘုန်းတန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ၊ ပေရသိရာဇဝင်တို့၌ ရေးထားလျက် ရှိ၏။
3 ယုဒ အမျိုးသားမော်ဒကဲ သည် ရှင်ဘုရင် အာရွှေရု အောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒ လူတို့တွင် ဘုန်း ကြီး၏။ မိမိ အမျိုး ၏ အကျိုး စီးပွားကို ပြုစု လျက်၊ အမျိုးသား ချင်းအပေါင်း တို့အား မင်္ဂလာ စကားကိုသာ ပြော လျက်၊ မိမိ အမျိုးသား ချင်းအပေါင်း တို့တွင် မျက်နှာ ရသောသူဖြစ် သတည်း။
ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒလူ တို့တွင် ဘုန်းကြီး၏။ မိမိအမျိုး၏ အကျိုးစီးပွားကို ပြုစုလျက်၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကို သာပြောလျက်၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း။

< ဧ​သ​တာ 10 >