< ဧသတာ 1 >
1 ၁ အိန္ဒိယ ပြည်မှစ၍ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့ကို အစိုးရ သောရှင်ဘုရင်အာရွှေရု သည်၊
2 ၂ ရှုရှန် နန်းတော် ရာဇ ပလ္လင်ပေါ် မှာ ထိုင် ၍ နန်းစံ သုံး နှစ် တွင်၊
3 ၃ ပေရသိ ဗိုလ် ၊ မေဒိ ဗိုလ်များ၊ အပြည် ပြည်သော မှူးမတ် ဝန်မင်းများတို့ကို ခေါ်၍၊ မှူး တော် မတ်တော် ကျွန် တော်အပေါင်း တို့အဘို့ ပွဲ လုပ် တော်မူ၏။
4 ၄ ထိုအခါ နိုင်ငံ တော်စည်းစိမ် ၊ ဘုန်း အာနုဘော်တော်ကို အရက် တရာ ရှစ် ဆယ်ပတ်လုံးပြ တော်မူ၏။
5 ၅ ထို ကာလ လွန် ပြီးမှ ၊ ရှင် ဘုရင်သည် ရှုရှန် နန်းတော် ၌ စည်းဝေးသောသူ အကြီး အငယ် အပေါင်း တို့ အဘို့ နန်းတော် အနားဥယျာဉ် တော်ဝင်းထဲမှာ ခုနစ် ရက် ပတ်လုံးပွဲ ခံတော်မူ၏။
6 ၆ ငွေ ကွင်း တပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ် ချောကြိုး ဖြင့် ဆွဲကာသော ပိတ် ချောကုလားကာ အဖြူ အစိမ်းအပြာ တို့နှင့်၎င်း၊ ခင်း သောကျောက်ပြားအနီ အပြာ အဖြူ အနက် တို့အပေါ် မှာထား သော ရွှေ ငွေ အနေ အထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
7 ၇ ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေ ဖလား တို့နှင့် များစွာ သော စပျစ်ရည် ကို သောက်ကြ ၏။
8 ၈ စပျစ်ရည်သောက် ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ် သူကိုမျှ အနိုင် မသောက်စေ၊ လူ အပေါင်းတို့သည် ကိုယ် အလို အလျောက်ပြု ကြမည် အကြောင်း ၊ နန်းတော် အရာရှိ အပေါင်း တို့ကို ရှင်ဘုရင် မိန့် တော်မူ၏။
9 ၉ မိဖုရား ဝါရှတိ သည်လည်း ၊ ရှင်ဘုရင် အာရွှေရု နန်းတော် သား မိန်းမ တို့အဘို့ ပွဲ လုပ်လေ၏။
10 ၁၀
11 ၁၁ မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊ခုနစ် ရက်မြောက်သောနေ့ ၌ ရှင်ဘုရင် သည် စပျစ်ရည် သောက်၍ ရွှင်လန်း သောစိတ် ရှိသောအခါ၊ မိဖုရား အဆင်း လှ ခြင်းအသရေ ကို မင်း များနှင့် လူ များတို့အားပြ လိုသောငှါ ၊ မိဖုရား ဝါရှတိ ကို ရာဇ သရဖူ ဆောင်းစေ၍၊ အထံတော်သို့ဆောင် ခဲ့ရမည် အကြောင်း၊ မဟုမန် ၊ ဗိဇသ ၊ ဟာဗောန ၊ ဗိဂသ ၊ အဗာဂသ ၊ ဇေသာ ၊ ကာကတ် တည်းဟူသော အမှု တော်ထမ်းမိန်းမစိုး ခုနစ် ယောက်တို့ကို မိန့် တော်မူ၏။
12 ၁၂ သို့ရာတွင် မိန်းမစိုး ဆင့်ဆိုသော အမိန့် တော်ကို ၊ မိဖုရား သည် ငြင်းဆန် ၍ မလာဘဲနေ၏။ ထိုကြောင့် ရှင် ဘုရင်သည် အမျက် ထွက်၍ ၊ ဒေါသမီးလောင် လျက် နေတော်မူ၏။
13 ၁၃
14 ၁၄ ထိုအခါ ကာရှေန ၊ ရှေသာ ၊ အာဒမာသ ၊ တာရှိရှ ၊ မေရက် ၊ မာသေန ၊ မမုကန် တည်းဟူသော ရှင်ဘုရင် ၏မျက်နှာ တော်ကို အစဉ်ဖူးမြင် ၍၊ နိုင်ငံ တော်တွင် အမြတ်ဆုံး သောပေရသိ ၊ မေဒိ အတွင်းဝန်မင်း ခုနစ် ပါးတို့သည် အနား တော်၌ ထိုင်လျက်ရှိ၍၊ တရားစီရင် ရာလမ်းကို လေ့ကျက် သောသူအပေါင်း တို့နှင့် ရှင်ဘုရင် တိုင်ပင်သောထုံးစံ ရှိသည်အတိုင်း ၊ အကျိုးအကြောင်း ကိုနားလည် သော ထိုပညာရှိ တို့ကိုခေါ်၍၊
15 ၁၅ မိန်းမစိုး ဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့် တော်ကို၊ မိဖုရား ဝါရှတိ သည် နား မ ထောင်သောကြောင့် ၊ ဓမ္မသတ် အတိုင်း သူ၌ အဘယ်သို့ စီရင် ရ မည်နည်းဟုမေး တော်မူလျှင်၊
16 ၁၆ မမုကန် က၊ မိဖုရား ဝါရှတိ သည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မ ဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသောတိုင်းပြည် အရပ်ရပ် ၌ ရှိသောမင်း များနှင့် ဆင်းရဲသား များ အပေါင်း တို့ကို ပြစ်မှား ပါပြီ။
17 ၁၇ ရှင်ဘုရင် အာရွှေရု သည် မိဖုရား ဝါရှတိ ကို ခေါ် ၍ ၊ မိဖုရားမ လာ ဟု အနှံ့အပြားပြော ကြသဖြင့် ၊ မိဖုရား ပြုသောဤအမှု ကိုခပ်သိမ်း သော မိန်းမ တို့သည် ကြား၍ မိမိ တို့ခင်ပွန်း ကို မထီမဲ့မြင် ပြုကြပါလိမ့်မည်။
18 ၁၈ မိဖုရား ပြုသောဤ အမှု ကို ပေရသိ ၊ မေဒိ မင်း ကတော်တို့သည် ကြား သိကြလျှင်၊ မှူး တော်မတ်တော် အပေါင်း တို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသ စိတ် တိုးပွား စရာအကြောင်းရှိပါ လိမ့်မည်။
19 ၁၉ ဝါရှတိ သည် အရှင်မင်းကြီး အာရွှေရု ထံ တော်သို့ နောက်တဖန် မ ဝင် စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေနှင့် ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါပေရသိ ၊ မေဒိ ဓမ္မသတ် ၌ သွင်း၍ ရေး စေတော်မူပါ။ ဝါရှတိ ထက် ကောင်း သော မိန်းမကိုလည်း မိဖုရား အရာ၌ ချီးမြှောက် တော်မူပါ။
20 ၂၀ သို့ပြုလျှင်ရှင်ဘုရင်ပေးတော်မူသောအမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံ တော်တရှောက်လုံး ကြော်ငြာ သောအခါ ၊ မိန်းမ အပေါင်း တို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေ ကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။
21 ၂၁ ထိုစကား ကို ရှင်ဘုရင် နှင့် မှူးမတ် တို့သည် နှစ်သက် ၍ မမုကန် လျှောက် သည်အတိုင်း ရှင်ဘုရင် ပြု လျက်၊
22 ၂၂ လူ တိုင်း မိမိ အိမ် ကို အုပ်စိုး ရမည်အကြောင်း၊ မိမိ လူမျိုး စကား ကို ပြော ရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံ တော်အရပ်ရပ် သို့ အမိန့်တော်စာ ကို ပေး လိုက် တော်မူ၏။