< ဧ​သ​တာ 1 >

1 အိန္ဒိယ ပြည်မှစ၍ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့ကို အစိုးရ သောရှင်ဘုရင်အာရွှေရု သည်၊
ဇေ​ရဇ်​မင်း​သည်​ပေ​ရ​သိ​ပြည်​ရှု​ရှန်​မြို့​တော် ရာ​ဇ​ပလ္လင်​ထက်​နန်း​စံ​၍​အိန္ဒိ​ယ​ပြည်​မှ​သည် ဆူ​ဒန်​ပြည်​တိုင်​အောင် တစ်​ရာ​နှစ်​ဆယ့်​ခု​နစ် ပြည်​နယ်​တို့​ကို​အုပ်​စိုး​တော်​မူ​၏။
2 ရှုရှန် နန်းတော် ရာဇ ပလ္လင်ပေါ် မှာ ထိုင် ၍ နန်းစံ သုံး နှစ် တွင်၊
3 ပေရသိ ဗိုလ် ၊ မေဒိ ဗိုလ်များ၊ အပြည် ပြည်သော မှူးမတ် ဝန်မင်းများတို့ကို ခေါ်၍၊ မှူး တော် မတ်တော် ကျွန် တော်အပေါင်း တို့အဘို့ ပွဲ လုပ် တော်မူ၏။
သူ​သည်​နန်း​စံ​တ​တိ​ယ​နှစ်​၌​မိ​မိ​၏​မှူး​မတ် များ​နှင့် မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​အား စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​တော် မူ​၏။ ထို​ပွဲ​သို့​ပေ​ရ​သိ​နှင့်​မေ​ဒိ​တပ်​မ တော်​များ၊ ပြည်​နယ်​ဘု​ရင်​ခံ​များ​နှင့်​မှူး မတ်​များ​လည်း​တက်​ရောက်​ကြ​လေ​သည်။-
4 ထိုအခါ နိုင်ငံ တော်စည်းစိမ် ၊ ဘုန်း အာနုဘော်တော်ကို အရက် တရာ ရှစ် ဆယ်ပတ်လုံးပြ တော်မူ၏။
သူ​သည်​မိ​မိ​နန်း​တော်​၏​စည်း​စိမ်​နှင့်​ဘုန်း အ​သ​ရေ​ကို ခြောက်​လ​တိုင်​တိုင်​ခင်း​ကျင်း ပြ​သ​ထား​တော်​မူ​၏။
5 ထို ကာလ လွန် ပြီးမှ ၊ ရှင် ဘုရင်သည် ရှုရှန် နန်းတော် ၌ စည်းဝေးသောသူ အကြီး အငယ် အပေါင်း တို့ အဘို့ နန်းတော် အနားဥယျာဉ် တော်ဝင်းထဲမှာ ခုနစ် ရက် ပတ်လုံးပွဲ ခံတော်မူ၏။
ထို​နောက်​မင်း​ကြီး​သည်​ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ ရှု​ရှန်​မြို့​တော်​သူ​မြို့​တော်​သား​အ​ပေါင်း​တို့ အား စား​သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး တော်​မူ​၏။ ထို​စား​သောက်​ပွဲ​ကြီး​ကို​ဘု​ရင့် နန်း​တော်​ဥ​ယျာဉ်​အ​တွင်း​၌ ခု​နစ်​ရက်​ပတ် လုံး​ကျင်း​ပ​တော်​မူ​၏။-
6 ငွေ ကွင်း တပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ် ချောကြိုး ဖြင့် ဆွဲကာသော ပိတ် ချောကုလားကာ အဖြူ အစိမ်းအပြာ တို့နှင့်၎င်း၊ ခင်း သောကျောက်ပြားအနီ အပြာ အဖြူ အနက် တို့အပေါ် မှာထား သော ရွှေ ငွေ အနေ အထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
ဥ​ယျာဉ်​တော်​ဝင်း​တွင်​ငွေ​ကွင်း​တပ်​ထား သည့်​ကျောက်​ဖြူ​တိုင်​များ​၌ ပိတ်​ချော​အ​ဖြူ အ​ပြာ​ကန့်​လန့်​ကာ​များ​ကို​မ​ရမ်း​စေ့​ရောင် ပိတ်​ကြိုး​များ​ဖြင့်​ချည်​၍​တန်​ဆာ​ဆင်​ထား ၏။ ကျောက်​ဖြူ၊ ကျောက်​သ​လင်း၊ က​နု​က​မာ၊ စိမ်း​ပြာ​ကျောက်​များ​နှင့်​အ​ကွက်​ဖော်​၍​ခင်း ထား​သည့်​ဥ​ယျာဉ်​တော်​ဝင်း​အ​တွင်း​၌ ရွှေ နှင့်​ငွေ​တို့​ဖြင့်​ပြီး​သော​ညောင်​စောင်း​များ ကို​လည်း​ထား​ရှိ​လေ​သည်။-
7 ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေ ဖလား တို့နှင့် များစွာ သော စပျစ်ရည် ကို သောက်ကြ ၏။
မင်း​ကြီး​သည်​စ​ပျစ်​ရည်​ကို​ရွှေ​ဖ​လား​များ နှင့်​ထည့်​၍​တိုက်​စေ​တော်​မူ​၏။ ထို​ဖ​လား​တို့ သည်​တစ်​ခု​နှင့်​တစ်​ခု​ဆင်​သည်​ဟူ​၍​မ​ရှိ ပေ။ စ​ပျစ်​ရည်​ကို​ရက်​ရော​စွာ​တိုက်​စေ​တော် မူ​၏။-
8 စပျစ်ရည်သောက် ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ် သူကိုမျှ အနိုင် မသောက်စေ၊ လူ အပေါင်းတို့သည် ကိုယ် အလို အလျောက်ပြု ကြမည် အကြောင်း ၊ နန်းတော် အရာရှိ အပေါင်း တို့ကို ရှင်ဘုရင် မိန့် တော်မူ၏။
အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ လူ​တိုင်း​အ​လို​ရှိ သ​လောက်​သောက်​သုံး​နိုင်​စေ​ရန် နန်း​တော် အ​စေ​ခံ​တို့​အား​မိန့်​မှာ​ထား​တော်​မူ​၏။
9 မိဖုရား ဝါရှတိ သည်လည်း ၊ ရှင်ဘုရင် အာရွှေရု နန်းတော် သား မိန်းမ တို့အဘို့ ပွဲ လုပ်လေ၏။
ထို​အ​တော​အ​တွင်း​၌​ဝါ​ရှ​တိ​မိ​ဖု​ရား​သည် လည်း​နန်း​တွင်း​၌ အ​မျိုး​သ​မီး​များ​အား​စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​လျက် နေ​ပေ​သည်။
10 ၁၀
၁၀ပွဲ​တော်​သတ္တ​မ​နေ့​ရက်​ရောက်​သော​အ​ခါ မင်း ကြီး​သည်​စ​ပျစ်​ရည်​သောက်​၍​ရွှင်​လန်း​သော အ​ခါ အ​ပါး​တော်​မြဲ​မိန်း​မ​စိုး​ခု​နစ်​ယောက် ဖြစ်​ကြ​သော​မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တို့ ကို​ခေါ်​ယူ​ကာ၊-
11 ၁၁ မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊ခုနစ် ရက်မြောက်သောနေ့ ၌ ရှင်ဘုရင် သည် စပျစ်ရည် သောက်၍ ရွှင်လန်း သောစိတ် ရှိသောအခါ၊ မိဖုရား အဆင်း လှ ခြင်းအသရေ ကို မင်း များနှင့် လူ များတို့အားပြ လိုသောငှါ ၊ မိဖုရား ဝါရှတိ ကို ရာဇ သရဖူ ဆောင်းစေ၍၊ အထံတော်သို့ဆောင် ခဲ့ရမည် အကြောင်း၊ မဟုမန် ၊ ဗိဇသ ၊ ဟာဗောန ၊ ဗိဂသ ၊ အဗာဂသ ၊ ဇေသာ ၊ ကာကတ် တည်းဟူသော အမှု တော်ထမ်းမိန်းမစိုး ခုနစ် ယောက်တို့ကို မိန့် တော်မူ၏။
၁၁မိ​ဖု​ရား​ဝါ​ရှ​တိ​အား​ရာ​ဇ​သ​ရ​ဖူ​ဆောင်း စေ​၍ ရှေ့​တော်​သို့​သွင်း​ရန်​အ​မိန့်​ပေး​တော် မူ​၏။ မိ​ဖု​ရား​သည်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​သူ​၏​အ​ဆင်း ကို​မှူး​မတ်​များ​နှင့်​ဧည့်​သည်​တော်​အ​ပေါင်း တို့​အား​ပြ​စား​လို​ပေ​သည်။-
12 ၁၂ သို့ရာတွင် မိန်းမစိုး ဆင့်ဆိုသော အမိန့် တော်ကို ၊ မိဖုရား သည် ငြင်းဆန် ၍ မလာဘဲနေ၏။ ထိုကြောင့် ရှင် ဘုရင်သည် အမျက် ထွက်၍ ၊ ဒေါသမီးလောင် လျက် နေတော်မူ၏။
၁၂သို့​ရာ​တွင်​ဝါ​ရှ​တိ​သည်​ဘု​ရင့်​အ​မိန့်​တော် ကို​ဖီ​ဆန်​၍ ရှေ့​တော်​သို့​မ​ဝင်​ဘဲ​နေ​သ​ဖြင့် မင်း​ကြီး​သည်​အ​မျက်​ဒေါ​သ​ခြောင်း​ခြောင်း ထွက်​တော်​မူ​လေ​သည်။
13 ၁၃
၁၃ဘု​ရင်​တို့​မည်​သည် ငြိမ်​ဝပ်​ပိ​ပြား​ရေး​ဆိုင် ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ်​သက်​၍ တ​ရား ဥ​ပ​ဒေ​သ​ကျွမ်း​ကျင်​သူ​တို့​၏​အ​ကြံ ဉာဏ်​ကို​တောင်း​ခံ​ကြ​စ​မြဲ​ဖြစ်​သည်​နှင့် အ​ညီ မင်း​ကြီး​သည်​ဤ​အ​မှု​ကိစ္စ​တွင် အ​ဘယ်​သို့​ဆောင်​ရွက်​သင့်​သည်​ကို​မေး မြန်း​ရန်​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​ကို ခေါ်​ယူ​တော်​မူ​၏။-
14 ၁၄ ထိုအခါ ကာရှေန ၊ ရှေသာ ၊ အာဒမာသ ၊ တာရှိရှ ၊ မေရက် ၊ မာသေန ၊ မမုကန် တည်းဟူသော ရှင်ဘုရင် ၏မျက်နှာ တော်ကို အစဉ်ဖူးမြင် ၍၊ နိုင်ငံ တော်တွင် အမြတ်ဆုံး သောပေရသိ ၊ မေဒိ အတွင်းဝန်မင်း ခုနစ် ပါးတို့သည် အနား တော်၌ ထိုင်လျက်ရှိ၍၊ တရားစီရင် ရာလမ်းကို လေ့ကျက် သောသူအပေါင်း တို့နှင့် ရှင်ဘုရင် တိုင်ပင်သောထုံးစံ ရှိသည်အတိုင်း ၊ အကျိုးအကြောင်း ကိုနားလည် သော ထိုပညာရှိ တို့ကိုခေါ်၍၊
၁၄မင်း​ကြီး​အ​များ​ဆုံး​တိုင်​ပင်​လေ့​ရှိ​သော သူ​များ​မှာ ပေ​ရ​သိ​နှင့်​မေ​ဒိ​အ​မတ်​များ ဖြစ်​ကြ​သော​ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ မာ​သ၊ တာ​ရှိ​ရှ၊ မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန် တို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ကား​နိုင်​ငံ​တော် တွင်​အ​မြင့်​ဆုံး​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့် ခြင်း​ခံ​ရ​သူ​များ​ဖြစ်​သ​တည်း။-
15 ၁၅ မိန်းမစိုး ဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့် တော်ကို၊ မိဖုရား ဝါရှတိ သည် နား မ ထောင်သောကြောင့် ၊ ဓမ္မသတ် အတိုင်း သူ၌ အဘယ်သို့ စီရင် ရ မည်နည်းဟုမေး တော်မူလျှင်၊
၁၅မင်း​ကြီး​က​သူ​တို့​အား``ငါ​ဇေ​ရဇ်​မင်း သည်​ငါ​၏​အ​စေ​ခံ​တို့​ကို​ဝါ​ရှ​တိ​မိ ဖု​ရား​ထံ​သို့​စေ​လွှတ်​၍ ငါ​၏​အ​မိန့်​ကို ဆင့်​ဆို​စေ​ရာ​သူ​သည်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ပါ။ သို့​ဖြစ်​၍​ငါ​သည်​သူ့​အား တရား​ဥ​ပ​ဒေ​အ​ရ​အ​ဘယ်​သို့​ပြု​သင့် ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
16 ၁၆ မမုကန် က၊ မိဖုရား ဝါရှတိ သည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မ ဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသောတိုင်းပြည် အရပ်ရပ် ၌ ရှိသောမင်း များနှင့် ဆင်းရဲသား များ အပေါင်း တို့ကို ပြစ်မှား ပါပြီ။
၁၆ထို​အ​ခါ​မ​မု​ကန်​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​အား``ဝါ​ရှ​တိ​မိ​ဖု​ရား​သည်​ဘု​ရင် မင်း​မြတ်​ကို​သာ​လျှင်​စော်​ကား​သည်​မ​ဟုတ် ပါ။ ဘု​ရင့်​မှူး​ကြီး​မတ်​ရာ​တို့​ကို​လည်း​စော် ကား​ပေ​သည်။ အ​ကယ်​စင်​စစ်​သူ​သည်​အင် ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စော်​ကား​ပါ​၏။-
17 ၁၇ ရှင်ဘုရင် အာရွှေရု သည် မိဖုရား ဝါရှတိ ကို ခေါ် ၍ ၊ မိဖုရားမ လာ ဟု အနှံ့အပြားပြော ကြသဖြင့် ၊ မိဖုရား ပြုသောဤအမှု ကိုခပ်သိမ်း သော မိန်းမ တို့သည် ကြား၍ မိမိ တို့ခင်ပွန်း ကို မထီမဲ့မြင် ပြုကြပါလိမ့်မည်။
၁၇အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး သ​မီး​အ​ပေါင်း​သည် မိ​ဖု​ရား​ပြု​သည့်​အ​မှု ကို​ကြား​သိ​လျှင် မိ​မိ​တို့​ခင်​ပွန်း​များ​အား အ​ထင်​သေး​ကြ​ပါ​လိမ့်​မည်။ သူ​တို့​က``ဇေ​ရဇ် မင်း​သည်​ဝါ​ရှ​တိ​မိ​ဖု​ရား​အား​အ​မိန့်​ပေး ၍​ခေါ်​ယူ​ပါ​သော်​လည်း မိ​ဖု​ရား​က​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​ဟု​ပြော​ဆို​ကြ​ပါ လိမ့်​မည်။-
18 ၁၈ မိဖုရား ပြုသောဤ အမှု ကို ပေရသိ ၊ မေဒိ မင်း ကတော်တို့သည် ကြား သိကြလျှင်၊ မှူး တော်မတ်တော် အပေါင်း တို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသ စိတ် တိုးပွား စရာအကြောင်းရှိပါ လိမ့်မည်။
၁၈မိ​ဖု​ရား​၏​အ​ပြု​အ​မူ​ကို​ကြား​သိ​ရ သည့်​ပေ​ရ​သိ​နှင့် မေ​ဒိ​မှူး​မတ်​က​တော်​တို့ သည်​နေ​မ​ဝင်​မီ​မှူး​မတ်​တို့​အား ထို​အ​ကြောင်း ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ အ​မျိုး​သ​မီး များ​သည်​မိ​မိ​တို့​ခင်​ပွန်း​တို့​အား​မ​ထီ မဲ့​မြင်​ပြု​၍ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ဇ​နီး​တို့​အား​ဒေါ​သ​အ​မျက်​ထွက်​ကြ လိမ့်​မည်။-
19 ၁၉ ဝါရှတိ သည် အရှင်မင်းကြီး အာရွှေရု ထံ တော်သို့ နောက်တဖန် မ ဝင် စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေနှင့် ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါပေရသိ ၊ မေဒိ ဓမ္မသတ် ၌ သွင်း၍ ရေး စေတော်မူပါ။ ဝါရှတိ ထက် ကောင်း သော မိန်းမကိုလည်း မိဖုရား အရာ၌ ချီးမြှောက် တော်မူပါ။
၁၉အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် ဝါ​ရှ​တိ​မိ​ဖု​ရား​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ ရှေ့​တော်​သို့​ဝင်​ခွင့်​မ​ပြု​ကြောင်း​ရာ​ဇ အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန်​တော်​မူ ပါ။ ထို​အ​မိန့်​တော်​ကို​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​မ​ပြောင်း​မ​လဲ​နိုင်​စိမ့်​သော​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဋ္ဌမ္မ​သတ်​များ​တွင်​ထည့်​သွင်း​ရေး​မှတ် ၍​ထား​တော်​မူ​ပါ။ ထို​နောက်​မိ​ဖု​ရား​၏ ရာ​ထူး​ကို သူ့​ထက်​သာ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​အား​ချီး​မြှင့်​တော်​မူ​ပါ။-
20 ၂၀ သို့ပြုလျှင်ရှင်ဘုရင်ပေးတော်မူသောအမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံ တော်တရှောက်လုံး ကြော်ငြာ သောအခါ ၊ မိန်းမ အပေါင်း တို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေ ကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။
၂၀အ​ရှင်​၏​အ​မိန့်​တော်​ကို ဤ​ကျယ်​ဝန်း​သည့် အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး​တွင် ကြေ​ညာ​လိုက်​သော​အ​ခါ အ​မျိုး​သ​မီး အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ခင်​ပွန်း​များ အား​ဆင်း​ရဲ​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည် ဖြစ်​စေ​ရို​သေ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ၏။
21 ၂၁ ထိုစကား ကို ရှင်ဘုရင် နှင့် မှူးမတ် တို့သည် နှစ်သက် ၍ မမုကန် လျှောက် သည်အတိုင်း ရှင်ဘုရင် ပြု လျက်၊
၂၁မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည် ဤ​စ​ကား​ကို နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​မ​မု​ကန်​အ​ကြံ​ပေး​သည့် အ​တိုင်း​ပြု​တော်​မူ​၏။-
22 ၂၂ လူ တိုင်း မိမိ အိမ် ကို အုပ်စိုး ရမည်အကြောင်း၊ မိမိ လူမျိုး စကား ကို ပြော ရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံ တော်အရပ်ရပ် သို့ အမိန့်တော်စာ ကို ပေး လိုက် တော်မူ၏။
၂၂သူ​သည်​မိ​မိ​၏​နယ်​ပယ်​ရှိ​သ​မျှ​တို့​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​၍ ဒေ​သ​ဆိုင်​ရာ​ဘာ သာ​စ​ကား​ဖြင့်``ခင်​ပွန်း​ဖြစ်​သူ​သည် မိ​မိ​အိမ် ထောင်​တွင်​ဦး​စီး​ခေါင်း​ဆောင်​ဖြစ်​စေ​ရ​မည်။ သူ​၏​စ​ကား​ကို​မ​လွန်​ဆန်​ရ'' ဟူ​၍​အ​မိန့် ထုတ်​ပြန်​တော်​မူ​၏။

< ဧ​သ​တာ 1 >