< ဧ​ဖက် 1 >

1 ဘုရားသခင် ၏အလို တော်အားဖြင့် ၊ ယေရှု ခရစ် ၏တမန်တော် ဖြစ်သော ငါပေါလု သည် ဧဖက် မြို့၌ နေ သော သန့်ရှင်း သူတည်းဟူသောယေရှု ခရစ် ကိုယုံကြည် သောသူတို့ကို ကြားလိုက်ပါ၏။
This letter comes from Paul, an apostle of Christ Jesus according to God's will, to the Christians in Ephesus and those who trust in Christ Jesus.
2 သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
Grace and peace to you from God our Father and the Lord Jesus Christ.
3 ငါ တို့သည်ဘုရားသခင့် ရှေ့ တော်၌ မေတ္တာ အားဖြင့် သန့်ရှင်း လျက်၊ အပြစ် ကင်းလွတ်လျက် ဖြစ် မည် အကြောင်း၊
Praise God the Father of our Lord Jesus Christ, who has blessed us in Christ with all that's spiritually good in the heavenly world,
4 ဤကမ္ဘာ မ တည် မရှိမှီငါ တို့ကိုခရစ်တော် ၌ ရွေးကောက် တော်မူသည်နှင့်အညီ ။ ကောင်းကင် ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်း သော ဓမ္မ မင်္ဂလာ တို့ကို ခရစ်တော် အားဖြင့် ငါ တို့အား ပေး သနားတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။
just as he chose us to be in him before the beginning of this world, so that in love we could be holy and without fault before him.
5 ထို ဘုရားသခင် သည် ချစ် တော်မူသောသားတော်ကြောင့် ၊ ငါ တို့အား ပေး တော်မူသောကျေးဇူး တော်၏ ဘုန်း အသရေကိုချီးမွမ်း စေခြင်းငှာ ၊
He decided in advance to adopt us as his children, working through Jesus Christ to bring us to himself. He was happy to do this because this is what he wanted.
6 ငါ တို့သည် ယေရှု ခရစ် အားဖြင့် သား အရာကို ရမည်အကြောင်း ၊ အလို တော်ရှိသောစေတနာ အတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။
So we praise him for his glorious grace that he so kindly gave us in his beloved Son.
7 ခပ်သိမ်း သော သတိ ပညာ တော်နှင့် လျော် စွာငါ တို့၌ အတိုင်းထက်အလွန်များ လှစွာသော ကျေးဇူး တော်သည် ကြွယ်ဝ ပြည့်စုံသည်နှင့်အညီ ၊
Through him we gain salvation through his blood, the forgiveness of our sins as a result of his priceless grace
8 ထိုသား တော်၏အသွေး အားဖြင့် အပြစ် လွှတ် တော်မူခြင်း တည်းဟူသောရွေးနှုတ် တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရ ကြ၏။
that he so generously provided for us, together with all wisdom and understanding.
9 ဘုရားသခင် သည် နှလုံး သွင်းတော်မူသော စေတနာ တော်နှင့် လျော်သောအလို တော်၏ နက်နဲ သော အရာကို ငါ တို့အား ပြ တော်မူ၏။
He revealed to us his previously-hidden will through which he was happy to pursue his plan
10 ၁၀ ထိုနက်နဲသောအရာဟူမူကား၊ ကာလ အချိန်စေ့ စုံခြင်း၏ သာသနာ တွင် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိရှိသမျှ တို့ကိုပေါင်း ၍ ခရစ်တော် ၌ ချုပ်ခြာစေတော်မူလိမ့်သတည်း။
at the appropriate time to bring everyone together in Christ—those in heaven and those on the earth.
11 ၁၁ မိမိ စေတနာ ၏အလို တော်သို့လိုက်၍ အလုံးစုံ တို့ကို စီရင်ပြုပြင် တော်မူတတ်သော သူ ၏ကြံစည် ခြင်းရှိသည်အတိုင်း ၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည်နှင့်အညီ ၊ ငါတို့သည် ထိုခရစ်တော် အားဖြင့် အမွေခံ ဖြစ်ကြ၏။
In him—we were chosen beforehand, according to the plan of the one who is working everything out according to his will,
12 ၁၂ အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။
for the purpose that we who were the first to hope in Christ could praise his glory.
13 ၁၃ သင် တို့သည်လည်း ကယ်တင် တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိ တရားတည်းဟူသောသမ္မာတရား ကိုကြားနာ ၍ ထိုခရစ်တော် ကို ယုံကြည် ပြီးမှ၊ ဂတိ တော်နှင့်ယှဉ်သော သန့်ရှင်း သော ဝိညာဉ် တော်၏ တံဆိပ် ခတ်ခြင်းကို ခံရကြပြီ။
In him—you too have heard the word of truth, the good news of your salvation. In him—because you trusted in him you were stamped with the seal of the Holy Spirit's promise,
14 ၁၄ ပိုင်ထိုက် တော်မူသောသူ တို့သည် ဘုန်း တော်ကို ချီးမွမ်း ခြင်းအကြောင်း နှင့် ရွေးနှုတ် တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံးထိုဝိညာဉ်တော်သည် ငါ တို့ အမွေ ၏ စားရန် ဖြစ် တော်မူ၏။
which is a down-payment on our inheritance when God redeems what he's kept safe for himself—us, who will praise and give him glory!
15 ၁၅ ထိုကြောင့် သင် တို့သည်သခင် ယေရှု ကို ယုံကြည် ခြင်းနှင့် သန့်ရှင်း သူအပေါင်း တို့ကို ချစ် ခြင်းအကြောင်း ကို ငါ သည်ကြား ပြီးလျှင်၊
That's the reason, because I've heard of your trust in the Lord Jesus and the love that you have for all Christians,
16 ၁၆ သင်တို့ကိုအကြောင်းပြု၍ ကျေးဇူး တော်ကို အစဉ် မ ပြတ်ချီးမွမ်းလျက်၊ သင် တို့အဘို့ အလိုငှာ ဆုတောင်း ပဌနာပြု လျက်နေ၏။
why I never stop thanking God for you and remember you in my prayers.
17 ၁၇ ဆုတောင်းသောအချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ၏ ဘုရားသခင် ဖြစ်တော်မူသောဘုန်းကြီး သော အဘ ခမည်းတော်သည် ကိုယ်တော် မြတ်ကို သိ ခြင်း အလိုငှာ ပညာ ကို၎င်း ၊ ထိုးထွင်း သောဉာဏ် ကို၎င်း၊ သင် တို့အား ပေး ပါမည်အကြောင်း ၊
I pray that the God of our Lord Jesus Christ, the glorious Father, may give you a spirit of wisdom to see and know him as he really is.
18 ၁၈ ခေါ် တော်မူသောကြောင့် မြော်လင့် ရသောအရာကား အဘယ် အရာဖြစ် သည်ကို၎င်း၊ သန့်ရှင်း သူတို့ သည် ခံရသောအမွေ တော်၏ ဘုန်း စည်းစိမ် ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊
May your minds be enlightened so you can understand the hope he's called you to— the glorious riches he promises as an inheritance to his holy people.
19 ၁၉ ယုံကြည် သောငါ တို့၌ ပြတော်မူသော အလွန် ကြီးလှ စွာသော တန်ခိုး တော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင် တို့သည်သိ စေခြင်းငှာ၊ သင် တို့၏ ဉာဏ် မျက်စိ ကို လင်း စေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
May you also understand God's amazing power
20 ၂၀ ထိုတန်ခိုးတော်ကား၊ ခရစ်တော် ကိုသေ ခြင်းမှ ထမြောက် စေတော်မူ၍ ခရစ်တော်၌ပြုပြင် သော မဟာ တန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
that he demonstrated in raising Christ from the dead. God seated Christ at his right hand in heaven,
21 ၂၁ ခပ်သိမ်း သော အထွဋ်အမြတ် ၊ အာဏာစက် ၊ တန်ခိုး ၊ အစိုးရ ခြင်းမှစ၍ယခု ဘဝ နောင် ဘဝ၌ ခေါ်ဝေါ် သမုတ်သောဘွဲ့နာမ အလုံးစုံ တို့အထက်၊ ကောင်းကင် အရပ်၌ မိမိ လက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေး တော်မူ၍ ၊ (aiōn g165)
far above any other ruler, authority, power, or lord, or any leader with all their titles—not only in this world, but also in the coming world too. (aiōn g165)
22 ၂၂ ခြေဘဝါး တော်အောက် သို့ အလုံးစုံ တို့ကို ချထား သဖြင့် ၊ အသင်းတော် ဘို့ အလိုငှာ၊ သူ့ ကိုအလုံးစုံ တို့၏ အချုပ်အခြာ ဦးခေါင်း ဖြစ် စေတော်မူ၏။
God has made everything subject to the authority of Christ, and has given him the responsibility as head over everything for the church,
23 ၂၃ ထိုအသင်းတော်ကား၊ အလုံးစုံ တို့ကို အလုံးစုံ တို့နှင့် ပြည့်စုံ တော်မူသောသူ ၏ပြည့်စုံ ခြင်းတည်းဟူသောခရစ်တော် ၏ကိုယ် ဖြစ် သတည်း။
which is his body, filled full and made complete by Christ, who fills and brings everything to completion.

< ဧ​ဖက် 1 >